ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမြို့ရှိ နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သော စံအိမ်ကြီးကို ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းတော့မည်
ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်က လော့စ်အိန်ဂျလိမြို့ရှိ နှစ်ပေါင်း ၃၀ နေထိုင်ခဲ့သော စံအိမ်ကြီးကို ဒေါ်လာ သန်း ၇၀ ဖြင့် ရောင်းတော့မည် - Property News in Myanmar from iMyanmarHouse.com
19 Jun 2023 12:50 pm တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ်နေထိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့ ၊ မာလီဘူးအရပ်မှ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက် ဝင်ခဲ့အပြီး ရက်ပိုင်းမျှအကြာတွင် ရော့ဒ်စတီးဝပ် လက်ရှိနေထိုင်လျက်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ သန်း ၇၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
(မှတ်ချက်။ ရော့ဒ်စတီးဝပ်၏ မာလီဘူးမှ စံအိမ်ကြီး အရောင်းဈေးကွက်တင်ခဲ့သည့် သတင်းကို ယခုလအတွင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
စံအိမ်ကို ဥရောပဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ဂိတ်ဝန်းခတ် North Beverly Park အရပ်တွင် တည်ရှိသည်။
စံအိမ်အကျယ် စတုရန်းပေ ၃၃၀၀၀ ခန့်ရှိပြီး ရေကူးကန်တစ်ခုနှင့် ဘောလုံးကွင်းတစ်ကွင်း ပါဝင်သည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သော ရော့ဒ်စတီးဝပ်သည် ဘောလုံးပရိသတ်တစ်ဦးဖြစ်ရာ သူ၏ ခြံအတွင်း ဘောလုံးကွင်းရှိနေခြင်းမှာ အံ့အားသင့်ဖွယ် မရှိချေ။
ယခင်က ရော့ဒ်စတီးဝပ်သည် စကော့တလန်လက်ရွေးစင် ဘောလုံးအသင်းကို ဖိတ်ခေါ်ကာ မာလီဘူးကမ်းခြေတွင် ဘောလုံးကစားခဲ့ဖူးသည်။
မှတ်တမ်းများအရ ရော့ဒ်စတီးဝပ်သည် ယခုစံအိမ်ကို ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ ဒသမ ၀၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
(စံအိမ်ရှေ့မြင်ကွင်း။ ဓာတ်ပုံ- Ryan Lahiff)
(ညစာစားခန်း။ ဓာတ်ပုံ- Ryan Lahiff)
(ဥရောပဟန်ပန်ဖြင့် မွမ်းမံပြင်ဆင်ထားပြီး ကင်းခြေချုပ် ကြမ်းခင်းကိုလည်း တွေ့ရသည်။ ဓာတ်ပုံ- Ryan Lahiff)
(ကျောက်စိမ်းရောင် နံရံများ။ ဓာတ်ပုံ- Ryan Lahiff)
(ရော့ဒ်စတီးဝပ်၏ ဖိနပ်စင်ကြီး။ ဓာတ်ပုံ- Ryan Lahiff)
စံအိမ်အတွင်း ရှေးမူလက်ရာဟန် မွမ်းမံမှုများ တွေ့ရရာ မျက်နှာကြက်ဖောင်းကြွများ ၊ ပန်းခက်ပန်းဆွဲများ ၊ ကင်းခြေချုပ်ကြမ်းခင်းများ အစရှိသည်တို့ အပါအဝင်ဖြစ်သည်။
ပင်မစံအိမ်တွင် အိပ်ခန်း ၉ ခန်းပါဝင်ပြီး ယင်းတို့အနက် အိပ်ခန်းတစ်ခန်းတွင် နားနေခန်းတစ်ခုနှင့် ရေကန်ကိုစီးမိုးတွေ့မြင်နေရသော လသာဆောင်တို့ ပါဝင်သည်။
ပင်မအိပ်ခန်းရှိ အဝတ်အစားထားသိုခန်းမှာ ကြီးမာလှရာ ရော့ဒ်စတီးဝပ်၏ များပြားလှသော ဖိနပ်များ ထားရှိရန် လုံလောက်သည့် အကျယ်အဝန်းရှိသည်။
ထို့အပြင် ၃ ထပ် ဧည့်ဂေဟာအိမ်တစ်လုံးနှင့် အားကစားလေ့ကျင့်ခန်းမ ၂ ခုလည်း ပါဝင်သည်။
အရောင်းဈေးကွက် တင်ပေးသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Michelle Oliver ဖြစ်သည်။
(ရော့ဒ်စတီးဝပ် ဘာလဲ)
ရော့ဒ်စတီးဝပ်သည် ကလေးဘဝက လန်ဒန်တွင် အချိန်ပိုင်း သုဘရာဇာလုပ်ခဲ့ဖူးသူဖြစ်၏။ သုဘရာဇာဘဝမှ ကမ္ဘာကိုသိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်၏ ဂီတသံစဉ်များစွာသည်လည်း မြန်မာနိုင်ငံ၏ မြို့တိုင်းတွင် ပျံ့လွင့်ခဲ့ဖူး၏။ သူ၏ သီချင်းများစွာကို မြန်မာအဆိုတော်တို့ ပြန်လည်သီဆိုအောင်မြင်ခဲ့ကြသည် မဟုတ်လော။
သူ၏ ဘဝဇာတ်ကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် လွန်ခဲ့သော ၆ နှစ်ခန့်က ရေးသားတင်ပြခဲ့ဖူးပါသည်။
သူ၏ဘဝအကြောင်းသိရှိလိုပါက
https://www.imyanmarhouse.com/news/read/497407 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
ရော့ဒ်စတီးဝပ်၏ တေးသီချင်းများစွာကို မြန်မာနိုင်ငံတွင် စတီရီယိုဂီတခေတ်ဦးပိုင်းကတည်းက ပြန်လည်သီဆိုခဲ့မှုများရှိသည်။
မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုခဲ့မှုများအနက် အချို့ကို ဖော်ပြရလျှင်….
ရော့ဒ်စတီးဝပ်၏ The First Cuts is The Deepest ကို ပလေးဘွိုင်းသန်းနိုင်နှင့် ဇော်ဝင်းထွဋ်တို့က ပြန်လည်သီဆိုခဲ့ကြပြီး နှစ်ဦးလုံးက စီးကရက်မီးခိုးများဟူသောအမည်ဖြင့် သီဆိုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ သီချင်းကိုပင် ကျော်ဟိန်းက ခဏလောက်ဝေးဝေးနေမယ်ဟူသော အမည်ဖြင့် မျက်ရည်ငှက်များနားစေသတည်း စီးရီးတွင် သီဆိုခဲ့သည်။
(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)
Camoflage ကောင်းပါ့မလား
Passion ချစ်ရမ္မက်
Trouble ပြည်တော်ပြန် ပလေးဘွိုင်း
Infactuation ငါမှန်တယ်အချစ်ရေ
Do you think I'm sexy ဟေ့ကောင်မလေးဘယ်လိုလဲ (အဆိုပါသီချင်းကို တင့်တငိ့ထွန်းက ဖက်ရှင်ဟုလည်းကောင်း၊ နွဲ့ယဉ်ဝင်းက ချစ်ရင်ချစ်တယ်ပြောလိုက်ဟုလည်းကောင်း သီဆိုထားကြသေးသည်။)
When we were the new boys (ရင်ဂို) အရူးအမူး This (ခရစ္စတိုဖာ ) ဇာတ်သိမ်းခန်းရဲ့နောက်ခံသီချင်း (ကျော်ဟိန်း၏ ပြန်လည်သီဆိုမှုများ)
Ball trap မီးထဲကလူသား
You got a nerve ဆုံးဖြတ်ချက်သုညနံပါတ်( ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း ဇော်ဝင်းထွဋ်)
Pretty flamingo အပြစ်ရှိသူကကျွန်တော်ပါ (အဆိုပါသီချင်းကို တော်မီကျော်နိုင်နှင့် မာရဇ္ဇတို့လည်း သီဆိုခဲ့ကြပြီး ၂ ဦးလုံးက ကိုရုပ်ဆိုးဟူသောအမည်ဖြင့် သီဆိုခဲ့ကြသည်)
Sailing ပုလင်းပေါ်ကမြန်မာအက္ခရာ (ဇော်ဝင်းထွဋ်-ရွက်လွှင့်ခြင်း၊ စိုးပိုင်-ဘယ်မှာလဲချစ်သူ)
(ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများ)
Human လူ
Sailing ရွက်လွှင့်ခြင်း
You got a nerve- ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း
The First Cuts is The Deepest စီးကရက်မီးခိုးများ
People get ready အသစ်တဖန်
Ruby Tuesday လျှို့ဝှက်လွန်းတယ်
Tonight I am yours ညကဗျာ
Sweet surrender အချစ်ရဲ့အချိုရည်အားများ
Young turks ရန်များကို ကိုယ်ရှင်းမယ်
Is the thank I got အချစ်တဲ့လား
Forever young ရှင်သန်ရဲ
ထို့အပြင် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီး တစ်ခွေလုံးမှာ ရော့ဒ်စတီးဝပ်၏ သီချင်းများကို ပြန်လည်သီဆိုထားခြင်း ဖြစ်ရာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၀၁) ငါ့ကို အတောင်ပံတွေပေး - Give Me Wings
(၀၂) အားလုံးမှားယွင်း - So Soon We Changed
(၀၃) ချစ်ရမ္မက် - Passion
(၀၄) နွံနစ်ခြင်း - Hot Legs
(၀၅) ဂျစ်ပစီမိုးတိမ် - I Was Only Joking
(၀၆) မင်းအခန်းမင်းပြန်ဦး - Oh God, I Wish I Was Home Tonight
(၀၇) အသည်းနှလုံးငြိမ်းချမ်းရေး - You're In My Heart
(၀၈) နေခဲ့ဦးလေ - Say It Ain't True
(၀၉) လိပ်ပြာ - Go Out Dancing
(၁၀) I Don't Wanna Talk About It
(၁၁) အသက်ရှင်ခြင်းရဲ့ အဘိဓမ္မာ - Gasoline Alley
(ရင်ဂို၏ ပြန်လည်သီဆိုမှုများ)
Blonde have more fun ရင်ဂို လူမိုက်အကြောင်း
Lost in you မင်းလောက်မချစ်ဘူး
Downtown train ဘဝရထား
Every beat of my heart (နော်မန်) အချစ်ဆိုသည်မှာ သစ္စာဖောက်ခြင်းမျှသာ
Baby jane အတိတ်တစ္ဆေ နော်လီဇာ(မင်းသား -နွဲ့ယဉ်ဝင်း) To be with you (r ဇာနည်) မဝေးဘူး
ရော့ဒ်စတီးဝပ်၏ She Won`t Dance With Me အမည်ရှိ သီချင်းကို Rock n`Roll သင်္ကြန်တေးစီးရီးတွင် ကဲနေပြီ ဟူသောအမည်ဖြင့် သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုရှိသည်။
ကမ္ဘာကျော် အဆိုတော် ၃ ဦးဖြစ်သော ရော့ဒ်စတီးဝပ် (Rod stewart)၊ စတင်း (Sting) နှင့် ဘရိုင်ယန် အဒမ် ( Bryan Adams) တို့ ၃ ဉီးပေါင်းကာ The Three Musketeers ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ် all for love အမည်ဖြင့် သီဆိုထားသော သီချင်းကို ဇော်ဝင်းထွဋ်၊ ဟယ်ရီလင်းနှင့် ရင်ဂိုတို့က အားလုံးအတွက်ဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rod Stewart lists $70M LA mansion fit for a buyer seeking ‘a return to maximalism’ (nypost)
[Zawgyi]
(စံအိမ်ရှေ့မြင်ကွင်း။ ဓာတ်ပုံ- Ryan Lahiff)
(ညစာစားခန်း။ ဓာတ်ပုံ- Ryan Lahiff)
(ရော့ဒ်စတီးဝပ် ဘာလဲ)
Passion ချစ်ရမ္မက်
Ball trap မီးထဲကလူသား
Human လူ
(၀၃) ချစ်ရမ္မက် - Passion
Downtown train ဘဝရထား
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service