အိမ်ခြံမြေဥပဒေကဏ္ဍမှာ အရေးပါတဲ့အရာ စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ....

အိမ်ခြံမြေဥပဒေကဏ္ဍမှာ အရေးပါတဲ့အရာ စာချုပ်စာတမ်းချုပ်ဆိုတဲ့အခါ.... - Property Knowledge in Myanmar from iMyanmarHouse.com
18 Jun 2023 10:33 am တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပေဒအကြောင်းသိကောင်းစရာကဏ္ဍလေးမှာ ဒီတစ်ပတ်အတွက် အလှည့်ကျတာတော့ အိမ်ခြံမြေနဲ့ပတ်သတ်တဲ့ စာချုပ်စာတန်းချုပ်ဆိုတဲ့အခါ သိမှတ်ထားသင့်တဲ့အကြောင်းအရာလေးများကို တင်ဆက်ပေးတော့သွားမှာပဲဖြစ်ပါတယ်။

မေးခွန်း (၁) - ကိုယ်စားလှယ်လွှဲစာရသူနှင့် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လျှင် ကျမ်းကျိန်ဖို့ လိုအပ်ပါသလား။

 

ကိုယ်စားလှယ်သုံးမျိုးရှိပြီး ကိုယ်စားလှယ်၊အထူးအာမခံသည့်ကိုယ်စားလှယ်၊ပူးတွဲကိုယ်စားလှယ်ဟူ၍ဖြစ်ပါသည်။

ကိုယ်စားလှယ်များအားပဋိဉာဉ်ချုပ်ဆိုရန်၊တရားစွဲဆိုရန်(သို့)ခုခံချေပရန်၊မရွှေ့မပြောင်းနိုင်သောပစည်းနှင့်ရွှေ့ပြောင်းနိုင်သောပစည်းများကို လွှဲပြောင်းရန်၊အခြားကိစရပ်ဆောင်ရွက်ရန် ကိုယ်စားလှယ်လွှဲစာ(General Power) လွှဲအပ် ပေးနိုင်သည်။

မှတ်ပုံတင်ဥပဒေပုဒ်မ-၃၂နှင့်၃၃အရ စာချုပ်စာတမ်းမှတ်ပုံတင်လျှင် ကိုယ်စားလှယ်လွှဲစာရှိရန် လိုအပ်သည်။တရားမကျင့်ထုံးဥပဒေအမိန့်-၃၊နည်း-၂အရ အမှုသည်တစ်ဦးဦး၏ ကိုယ်စားလှယ်သည် ၎င်းအားခန့်ထားသည့် ကိုယ်စားလှယ်လွှဲစာအားတင်ပြရမည်။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ-ရ၊ပုဒ်မ-၈တွင် စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည်_

(က)စာချုပ်စာတမ်းများကို စစ်ဆေးရာ၌ လိုအပ်ပါက တရားရုံး၏ ကျမ်းကျိန်လွှာကို တင်ပြစေ နိုင်သည် ဟုဖော်ပြထားပါသည်။

(ခ)ထို့ပြင် လိုအပ်လျှင်စစ်မေးခြင်းခံရသူများ၏ ထွက်ချက်များမှတ်တမ်းတင်နိုင်သည်။

(ဂ)ထွက်ဆိုချက်များအား ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုးရမည်။

(ဃ)ထိုထွက်ဆိုထားသော အကြောင်းအရာများမှာ ထင်ရှားပြီးသော အချက်အလက်များဖြစ်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစည်း များ အား အမည်ပြောင်းဆောင်ရွက်ရာတွင် ရောင်းချသူမှ အထူး ကိုယ်စားလှယ်စာ(Special Power)လွှဲအပ်ရပြီး ၎င်းမှာမိမိပိုင်ဆိုင်ခွင့်ထဲမှ တစ်စုံတစ်ခုအတွက် မိမိ ကိုယ်စားဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်လွှဲအပ်ခြင်းပင်ဖြစ်ပါသည်။လွှဲအပ်သူ(အမည်ပေါက် ကိုယ် တိုင်) နှင့်လွှဲအပ်ခံရသူ နှစ်ဦးစလုံး စာချုပ် စာတမ်းမှတ်ပုံတင်ရုံး တွင် သွားရောက်၍ လက်မှတ်ရေးထိုး ကာ(Special Power)ပေးရမည်။ဂရန်မြေများ၊ ဘိုးဘွားပိုင် မြေပိုင်မြေ၊ လန/၃၉၊၃(ခ)မြေ၊လယ်ယာမြေ အား (Special Power) လွှဲပြောင်း ပေးအပ်လို့ရပါတယ်။

ထို ကိုယ်စားလှယ်လွှဲစာမှာ လွှဲအပ်ခံရသူက လက်မခံလျှင်၊လွှဲအပ်ခံရသူမှ ရုတ်သိမ်းလျှင်၊ လွှဲအပ် သူ နှင့်လွှဲအပ်ခံရသူတို့ တစ်ဦးဦးသေဆုံးလျှင်၊ ရူးသွပ်လျှင်၊လူမွဲခံယူလျှင်၊ အကျဉ်းထောင်ကျ လျှင်၊လွှဲအပ်သည့်လုပ်ငန်းကိစပြီးဆုံးလျှင် ပေးအပ်ထားသော SP ပျက်ပြယ်ပါတယ်။

 

မေးခွန်း (၂) - ကန်ထရိုက်တိုက်ဆောက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုရာမှာ ဘယ်အချက်တွေကို မဖြစ်မနေ ထည့်သွင်းသင့်သလဲ။

ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်း လုပ်ငန်းအပ်နှံခြင်းစာချုပ်မချုပ်ဆိုခင် လုပ်ငန်း အပ်နှံသူ မြေရှင် နှင့် လုပ်ငန်းလက်ခံသူကန်ထရိုက်တာတို့ အဆောက်အဦးအတွက် အချိန်ကာလသတ်မှတ်ချက်၊ ငွေပေးချေမှုပုံစံ၊စံချိန်စံညွှန်းများနှင့်တည်ဆောက်အသုံးပြုမည့်ပစည်းအရည် အသွေး ၊ အမျိုးအစားများ အားအသေးစိတ် ညီနှိုင်းမှုဖြင့် ဆွေးနွေးကြရန်လိုအပ်ပါသည်။

ထို့ပြင်ဆောက်လုပ်ဆဲကာလတွင် မမျှော်မှန်းသောသဘာ၀ဘေးအနရာယ်ကိစများ၊ အကြောင်း တစ်စုံများပေါ်ပေါက်ပါကမည်သို့ညီနှိုင်းကာဆက်လက်ဆောင်ရွက်ကြမလဲ စသဖြင့် ကြိုတင်တိုင်ပင်ကာ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရပါမည်။

စာချုပ်တွင် ငွေပေးချေမှုအား ပူးတွဲပြင်ဆင်ကာ ပေးချေသည့်ရမည့်အရစ်ကျ သတ်မှတ်ရက်ကို တိကျစွာဖော်ပြရပြီး ငွေပေးမှုပြုလုပ်တိုင်း ငွေပေးသူ ငွေလက်ခံသူတို့ လက်မှတ်ရေးထိုးရပါမည်။ ထို့ပြင် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း စာချုပ်အား တဖက်ဖက်မှ ဖောက်ဖျက်ပါက နစ်နာသူအား ပေးလျော်ရန်ငွေကြေး(%)အား ညီနှိုင်းသတ်မှတ်ကာ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရပါမည်။

အဆောက်အဦးအတွင်း ပါဝင်ဆောက်လုပ်မည့် ပစည်းအမျိုးအစားများအား ခြုံငုံသုံးသပ်ကာ စာချုပ်တွင် ထည့်သွင်းချုပ်ဆိုပြီး ကန်ထရိုက်တာမှ ဆောက်လုပ်ခြင်းအတွက် ဝန်ခံကတိပြုရမည်။

ဆောက်လုပ်ပြီးစီးသည်အခါ စာချုပ်ပါ အတိုင်းစနစ်တကျလုပ်ငန်းအပ်နှံသူမှ အဆောက်အဦး အားစစ်ဆေးလွှဲပြောင်းရယူရပြီး လိုအပ်ချက်များရှိပါက ပြန်လည်ပြင်ဆင်ပေးရမည်ဆိုသည့်အကြောင်း စာချုပ်တွင် လုပ်ငန်းလက်ခံသူနှင့် သဘောတူညီချက် ရယူထားရပါမည်။

 

မေးခွန်း (၃) - မှတ်ပုံတင်အရောင်းအဝယ်စာချုပ်တွင် အဓိကပါဝင်ရမည့်အချက်များကို ဖော်ပြပေးစေလိုပါ သည်။

အိမ်၊ခြံ၊မြေအား နှစ်ဦးသဘောတူ အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းတွင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါ သည်။သတ်မှတ်ရက်ကျော်ပါကဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစည်းများအား မှတ်ပုံတင်ပါက အမျိုးအစား၊ ပုံစံ၊အရွယ်အစား နှင့်တည် နေရာ တို့ကို ရှင်းလင်းစွာဖော်ပြရပြီး သက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းက တရားဝင်ထုတ်ပေးထား သည့်သက်သေခံမြေပုံနှင့်မြေရာဇဝင်ပါရှိရပါမည်။

ပိုင်ဆိုင်မှုစာရွက်စာတမ်း အထောက်အထားများလဲ တင်ပြရမည်။မရွှေ့မပြောင်းနိုင်သောပစည်းများကို၎င်းပစည်းတည်ရှိရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။ ရောင်းဝယ်ခြင်း၊စွန့်လွှတ်ခြင်း၊ပေးကမ်းခြင်း၊လဲလှယ်ခြင်း၊အမွေဆက်ခံခြင်းစာချုပ်များအား ကိုယ်စား လှယ်လွှဲစာ၊ မြွတ်ဟကြေငြာချက်များ၊တရားရုံးအမိန့်ဒီဂရီများ၊ကျမ်းကျိန်ဆိုခြင်းများလိုအပ်ပါသည်။

မှတ်ပုံတင်သူ(သို့)မှတ်ပုံတင်သူ၏ကိုယ်စားလှယ်မှ မှတ်ပုံတင်စာချုပ်စာတမ်းကို ချုပ်ဆိုကြောင်း ဝန်ခံကတိပြုချက်ရှိရမည်။ တံဆိပ်ခေါင်းအက်ဥပဒေ နှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်တို့အရ အခွန်တံဆိပ် ခေါင်းကို လုံလောက်စွာထမ်းဆောင်ရမည်။စာချုပ်တွင်ပြင်ဆင်ချက်၊ဖြည့်စွက်ရေးသားချက်များ၊ ကွက် လပ်များ၊ဖျက်ရာများရှိလျှင် ပြင်ဆင်ချက်များဘေးတွင် လက်မှတ်ရေးထိုးစေရမည်။မှတ်ပုံတင်အရာရှိ နားမလည်သော ဘာသာစကားဖြစ်ပါက ဘာသာပြန်ဆိုချက်ပူးတွဲပါရှိရမည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 



 










 







 






 



 




 



 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service