ငွေအကုန်ကျသက်သာစွာဖြင့် ကမ္ဘာပတ်ခရီးသွားရန်အကောင်းဆုံး (၁၀) နေရာ

ငွေအကုန်ကျသက်သာစွာဖြင့် ကမ္ဘာပတ်ခရီးသွားရန်အကောင်းဆုံး (၁၀) နေရာ - Property News in Myanmar from iMyanmarHouse.com
13 Jun 2023 11:24 am တွင် တင်ခဲ့သည်
462 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာပေါ်မှာ ဈေးသက်သက်သာသာနဲ့ Vacation ထွက်နိုင်တဲ့အကောင်းဆုံးနေရာတွေနဲ့ပြည့်နှက်နေပါတယ်။ ဒီခေတ်ကြီးထဲ ဘတ်ဂျက်နဲ့ သွားရောက်လည်ပတ်နိုင်တဲ့ မရေမတွက်နိုင်တဲ့ နေရာတွေရှိတာကြောင့် ခက်ခက်ခဲခဲရှာဖို့လဲမလိုပါဘူး။

ကမ္ဘာကိုဘတ်ဂျက်ခရီးစဉ်နဲ့ စွန့်စားခန်းတွေ စီစဉ်ရာမှာကူညီပေးဖို့ ဈေးသက်သာစွာဖြင့် ခရီးသွားနိုင်သော ဘတ်ဂျက်အဆင်ပြေသော နိုင်ငံများကိုဖော်ပြလိုက်ပါတယ်။

 

1. Thailand

 

ထိုင်းက မယုံနိုင်လောက်အောင်ပါပဲ အလွန်ဈေးသက်သာတယ်။ တစ်ခါလာပြီးရင် မပြန်ချင်လောက်အောင် ပျော်စရာကောင်းတဲ့အရာတွေနဲ့ ပြည့်နှက်နေတယ်။ ဆယ်စုနှစ်များအတွင်း ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ခရီးသွားများရဲ့ Backpacking ခရီးစဉ်ရဲ့ နှလုံးသားတစ်ခုဖြစ်လာပါတယ်။

လမ်းဘေးအစားအစာများသည် ဒေါ်လာ 1 USD လောက်သာဖြင့် ရှာဖွေနိုင်သောကြောင့် တစ်ရက်လျှင် $25 မှ 35 USD ကြားသာကုန်ကျနိုင်ပါတယ်။ နိုင်ငံအတွင်းမှာ ဘတ်စ်ကားများ၊ အခမဲ့အသုံးပြုနိုင်မဲ့ Tourist attraction နေရာများစွာနဲ့ ဆွဲဆောင်မှုများစွာရှိသည်။

ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတွေပေါ်မှာ အချိန်ဖြုန်းချင်တယ်ဆိုရင်တော့ တစ်ရက်ကို အမေရိကန်ဒေါ်လာ 60 နီးပါးပေးချေရမယ်လို့ ခန့်မှန်းမိပါတယ်။ သို့သော်လည်း ဒီဈေးနှုန်းအရပင် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံးသောနေရာများထဲမှတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး ကျော်မသွားသင့်ပါဘူး။

 

2. Central America

 

ရှေးဟောင်းအမွေအနှစ်တွေကိုစူးစမ်းလေ့လာချင်လား, တောထဲလမ်းလျှောက်, ရေလှိုင်းစီးပြီး ခရီးသွားဧည့်သည်အနည်းငယ်နဲ့ အရသာရှိတဲ့ အစားအစာတွေကို စားချင်ပါသလား။

Central American မှာရှိတဲ့ နိုင်ငံတွေကိုသွားဖို့ပြောချင်ပါတယ်။ El Salvador, Honduras, Nicaragua, and Guatemala ဒီနိုင်ငံတွေမှာ တစ်ညလျှင် $15-30 USD ဝန်းကျင်ရှိသော ဘတ်ဂျတ်ဟိုတယ်အများစု၊ $5 USD အောက် အစားအစာများ၊ တူညီသောဈေးနှုန်းဖြင့် ဘတ်စ်ကားခရီးအများစုနှင့် ဘီယာတစ်ဒေါ်လာလောက်သာ ကျသင့်မည်ဖြစ်သည်။

Belize, Panama, Costa Rica ၎င်းတို့သည် ဒေသဆိုင်ရာစံနှုန်းအရ ဈေးကြီးသောနေရာများဖြစ်ပေမဲ့ အတော်လေးဈေးသက်သာပါသေးတယ်။ Central America မှာရှိတဲ့နိုင်ငံတွေကို Backpacking trip နဲ့ သွားရောက်လည်ပတ်မယ်ဆိုရင် တစ်ရက်လျှင် $40-50 USD ဖြင့် ရနိုင်ပါတယ်။ သို့မဟုတ် တစ်ရက်လျှင် $100 နှင့် ကောင်းကောင်းမွန်မွန်နေထိုင်လို့ရပါတယ်။ မင်းရဲ့ပိုက်ဆံတွေအများကြီးကုန်စရာမလိုပဲ လည်ပတ်ဖို့လွယ်ကူပါတယ်။

3. Cambodia

 

ဘတ်ဂျက်ခရီးစဉ်မှာ Asia နိုင်ငံများစွာထည့်လို့ရပေမဲ့ Cambodia နိုင်ငံသည် အကောင်းဆုံးဒေသဖြစ်ပြီး အလှပဆုံးနှင့် ဒေသခံတို့ကလဲ မယုံနိုင်လောက်အောင် ဧည့်ဝတ်ကျေကြပါတယ်။ Private အခန်းကောင်းကောင်းကိုမှ ဒေါ်လာ ၂၅၊ လမ်းဘေးအစားအစာ $2-5 USD နှင့် နိုင်ငံတစ်ဝှမ်း သွားလာရေးစရိတ် $20-25 USD ဖြင့် ရနိုင်သည်။ တစ်ရက်ကို ဒေါ်လာ 50 USD နီးပါး ကုန်ကျနေတယ်ဆိုရင်တော့ သင်ဟာ တော်တော်ကောင်းကောင်းမွန်မွန်နေထိုင်နေလို့ဖြစ်ပါတယ်။

ကမ္ဘောဒီးယားသည် လူကြိုက်များသောထိုင်းနိုင်ငံထက်ဈေးသက်သာပြီး ကမ္ဘာပေါ်တွင်အလှပဆုံးသော အရာတွေ၊ အကောင်းဆုံးလူတွေနဲ့ပြည့်နှက်နေပါတယ်။ Angkor Wat Temples ကိုလဲသွားရောက်လည်ပတ်စေချင်ပါတယ် ဈေးကြီးပေမဲ့လည်းသွားရောက်လည်ပတ်ဖို့ထိုက်တန်ပါတယ်။

 

4. The Balkans

 

ဥရောပအရှေ့တောင်ပိုင်းတွင်တည်ရှိပြီး ဘော်လကန်ဒေသသည် ဥရောပတွင် ဈေးအပေါဆုံးဒေသဖြစ်သည်။ ခရီးသွားဧည့်သည်လက်တစ်ဆုပ်စာလောက်သာတွေ့နိုင်ပါတယ်။ မယုံနိုင်လောက်စရာကောင်းတဲ့အရာတွေကို ဈေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ Dubrovnik လိုနေရာမျိုးတွင် ခရီးသွားဧည့်သည်များသည် ထိုနေရာတွင် ဆိုက်ကပ်သည့် အပျော်စီးသင်္ဘောများကြောင့် လာရောက်လည်ပတ်ကြတာများပါသည်။ ဈေးပေါသောဝိုင်၊ တောင်တက်ခြင်းနှင့် မယုံနိုင်စရာသဘာဝရှုခင်း၊ ရင်သပ်ရှုမောဖွယ်ကမ်းခြေများ၊ နှစ်သက်ဖွယ်ကောင်းသော အစားအစာများနှင့် တောရိုင်းတိရစ္ဆာန် များရှိသည်။ ဒါဟာ ဥရောပရဲ့ အကောင်းဆုံး လျှို့ဝှက်ချက်ပါ။

တစ်ရက်လျှင် $30 USD ဖြင့် အနောက်ဥရောပတွင် သင်ပေးချေရမည့်စရိတ်၏ တစ်ဝက်ခန့်သာကုန်ကျနိုင်ပါသည်။ တစ်ပတ်စာ၏ ကုန်စုံပစ္စည်းများတန်ဖိုးမှာ ၂၅ ဒေါ်လာခန့်သာ ကုန်ကျနိုင်ပြီး ဘီယာသည်ဒေါ်လာ ၂ ဒေါ်လာဝန်းကျင်ခန့်ရှိပါတယ်။ ထိုဒေသသည် တစ်ချိန်က ခရီးသွားနည်းသည်ဟုဆိုသော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အလွန်တိုးတက်ခဲ့သည်။ ဤနေရာတွင် Backpacking traveller များပြားလာပြီး ခရီးသွားလာမှုလည်း မြင့်တက်လာသည်။ သို့သော် ခရီးသွားများပြားလာသည်နှင့်အမျှ ဈေးနှုန်းများ တဟုန်ထိုးတက်သွားခဲ့သည်။

5. China

 

 

Marco Polo သည် 1275 ခုနှစ်တွင်ပိုးထည်ကုန်သွယ်ခြင်းကိုပြုလုပ်ပြီးတည်းက တရုတ်နိုင်ငံသည် ခရီးသွားများကိုဆွဲဆောင်လာနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည်အလွန်ကိုဈေးပေါတဲ့အရာတွေ ပျောက်ကွယ်သွားပေမဲ့လည်း အာရှတွင် ဈေးအသက်သာဆုံးနိုင်ငံတစ်ခုအဖြစ် တည်ရှိနေသေးသည်။ မြို့ကြီးပြကြီးတွေမှာ ဈေးဆစ်ဖို့တော့လိုအပ်ပါတယ်။ Hostel တွေကအမေရိကန်ဒေါ်လာ 20 ထက်နည်းပြီး၊ အစားအသောက်သည် တစ်နပ်လျှင် $2-5 USD ရှိပြီး မြို့ကြီးများတွင် သွားလာရေးသည် တစ်ဒေါ်လာအောက်သာ ရှိသည်။ တရုတ်နိုင်ငံသည် တတိယအကြီးဆုံးနိုင်ငံအဖြစ်နဲ့ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးနေရာများထဲမှ တစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး သွားလာလည်ပတ် လုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။

6. India

 

 

အမြဲတမ်း ဈေးပေါတဲ့နိုင်ငံဖြစ်ပေမဲ့ အိန္ဒိယရူပီးက အမေရိကန်တစ်ဒေါ်လာကို ၃၉ ရူပီး မြင့်ပါတယ်။ အခုဆို တစ်ဒေါ်လာလျှင် 78 ရူပီထိရှိပါသည်။

ကြယ်ငါးပွင့် အပန်းဖြေစခန်းများကိုဘွတ်ကင်လုပ်ပြီး အနောက်တိုင်းအစားအစာများကိုသာ မစားပါက တစ်ရက်လျှင် ဒေါ်လာ ၅၀ သုံးစွဲရန်ပင် ခက်ခဲနေမည်ဖြစ်သည်။ ဈေးပေါသော တည်းခိုခန်းများတွင် တည်းခိုခြင်း၊ ဒုတိယတန်းစား ရထားစီးခြင်းနှင့် အနောက်တိုင်းအစားအစာများကို ရှောင်ခြင်းဖြင့် အမေရိကန်ဒေါ်လာ 30 သာကုန်ကျပါလိမ့်မယ်။ တစ်ရက်ကို $60 USD လောက်နဲ့ ကောင်းကောင်းမွန်မွန် နေနိုင်တယ်။

အိန္ဒိယသည် ကြွယ်ဝသော ယဉ်ကျေးမှုသမိုင်း၊ ခံတွင်းတွေ့စေသော အစားအစာ၊ အကူအညီပေးပြီး တာဝန်ကျေကြတဲ့ ဒေသခံများ၊ မယုံနိုင်စရာ ဒေသဆိုင်ရာ ကွဲပြားမှု၊ လက်ဖက်ရည်ကောင်းနှင့် လုပ်စရာများစွာပါရှိသော ဈေးသက်သက်သာသာနဲ့ Backpacking ခရီးအတွက်နေရာတစ်ခုဖြစ်သည်။ ဘတ်ဂျက်ခရီးစဉ်ဆိုရင် အိန္ဒိယကို လက်လွတ်မခံပါနဲ့။

 

7. Georgia

 

 

Georgia မှာလိုအပ်သမျှအားလုံးရှိတယ် ဈေးပေါတဲ့အရာတွေ၊ အရသာရှိသော အစားအစာနှင့် ဝိုင်၊ မယုံနိုင်စရာ တောင်တက်ခရီးများနှင့် တောင်ရှုခင်းများကို ပေးစွမ်းပြီး ခရီးသွားအရမ်းမများပါဘူး။

Caucasus ကော့ကေးဆပ်တွင် နစ်မြုပ်နေသော ဂျော်ဂျီယာသည် ရိုးရာယဉ်ကျေးမှုတွင် ရာစုနှစ်များကြာအောင် တည်ရှိနေသော်လည်း ဖြစ်သင့်သလောက် မကျော်ကြားပါ။ ဘတ်ဂျတ်ခရီးသွားများသည် တစ်ရက်လျှင် $25 USD လောက်သာ ကုန်ကျရုံနဲ့ လည်ပတ်နိုင်သည်။ ဘီယာသည် $2 USD ဝန်းကျင်ရှိပြီး တစ်ပတ်စာကုန်စုံတန်ဖိုးမှာ $25-30 USD ဝန်းကျင်ရှိပြီး ပြတိုက်နှင့် သမိုင်းဝင်နေရာအများစုသည် $2-3 USD သာကျသင့်သည်။

မင်းတစ်ခုခု ကိုပျောက်ဆုံးနေသလို ခံစားရရင် ဂျော်ဂျီယာဟာ နောက်ထပ် Backpacking Traveller တွေအတွက် နှလုံးခုန်သံမြန်ဆန်စေမဲ့ အချက်အချာကျတဲ့ နေရာတွေထဲက တစ်ခုပါ။

8. Portugal

 

 

ယူရိုနိုင်ငံအားလုံးကို တန်းတူညီတူ ဖန်တီးထားခြင်းမဟုတ်ပါ၊ ပေါ်တူဂီသည် ဒေသတွင်းတွင် ဈေးသက်သာသောနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီးလှပသောကမ်းခြေများ၊ ဝိုင်ပေါများသောနိုင်ငံ၊ ရင်သပ်ရှုမောဖွယ်ပင်လယ်ကမ်းစပ်ကမ်းပါးများ၊ အရသာရှိသောအစားအစာများ၊ ပျော်ရွှင်စရာကောင်းသောဒေသခံများနှင့် သမိုင်းဝင်မြို့ကြီးများအားလုံးကို ဈေးနှုန်းချိုသာစွာဖြင့် မရနိုင်စရာအကြောင်းမရှိပါဘူး။

ပေါ်တူဂီသည် မကြာသေးမီနှစ်များအတွင်းပိုမိုကျော်ကြားလာပြီး လူစည်ကားလာသည်။

လစ္စဘွန်းမြို့ကိုလူများရွှေ့ပြောင်းလာပြီးနောက် ဈေးကြီးလာပေမဲ့ လစ္စဘွန်းမြို့ကိုရောက်သောအခါ ဈေးနှုန်းများသည် အနောက်ဥရောပနှင့် နှိုင်းယှဉ်ပါက အတော်လေးဈေးသက်သာနေသေးသည်

Budget Backpacker သမားဖြစ်ပါက တစ်ရက်လျှင် $45-60 USD ဖြင့်ကုန်ကျနိုင်ပါတယ်။

နွေရာသီမှာလှပနေပြီး ဆောင်းရာသီ ဥရောပမှာ ဈေးပေါတဲ့နေရာတစ်ခုကိုရှာနေတယ်ဆိုရင် ပေါ်တူဂီဟာ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတွေထဲက တစ်ခုပါ။

9. Mexico

 

 

Mexico မြို့သည် Foodie တွေအတွက် paradise ကြီးပါပဲ Oaxaca တွင် ဆွဲဆောင်မှုပမာဏများစွာ ရှိပြီး Yucatan သည် မက်ဆီကိုမြို့ရဲ့ နှလုံးသားလို့ပြောနိုင်ပြီး cenote exploring အတွက်ပြီးပြည့်စုံပါတယ်။ US နဲ့ အရမ်းနီးစပ်တဲ့အတွက် အရမ်းကြီး ဈေးသက်သာတာမဟုတ်ပါဘူး ဘီယာက $1-2 USD ပဲရှိပါတယ်၊ အစားအသောက်တွေက တစ်ပတ်ကို $25 USD ဝန်းကျင်ရှိပြီး တစ်ရက်ကို $50 USD အောက်နဲ့ ဒီမှာရနိုင်ပါတယ်။ ဒါပေမယ့် ဈေးသက်သာနေတုန်းပါပဲ။ စူးစမ်းလေ့လာဖို့အတွက်မလုံခြုံတဲ့ ဒေသအချို့ရှိပေမဲ့လည်း နေရာအများစုကိုတော့လည်ပတ်လို့ရပါတယ်။

 

10. Morocco

 

 

အရောင်အသွေးစုံလင်လှပပြီး ခရီးသွားတွေကြားထဲ ရေပန်းအစားဆုံးစာရင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။

ရွှေရောင်သဲသောင်ပြင်တွေ၊ Morocco ရဲ့ Winding market နဲ့ medinas နှင့် မြင့်မားသောတောင်တန်းများဖြင့် မော်ရိုကိုသည် ဓာတ်ပုံဆရာတစ်ဦး၏ အိပ်မက်ပါပဲ။

တစ်ခါတစ်ရံတွင် ခရီးသွားများနဲ့ ရှုပ်ထွေးနေတတ်သော်လည်း သဲကန္တာရ၏ ရင်သပ်ရှုမောဖွယ် တိတ်ဆိတ်ငြိမ်သက်မှုနှင့် အကောင်းဆုံးသော postcard-perfect views တွေပေးစွမ်းပါတယ်။

Budget backpackers တွေအတွက် တစ်ရက်လျှင်ဒေါ်လာ 30-40 USD နဲ့ ရနိုင်ပြီး အလယ်အလတ်တန်းစား ခရီးသွားများအတွက် ထိုထက်ဝက်အောက်ပမာဏနဲ့ သက်တောင့်သက်သာ ခရီးစဉ်ကို ရရှိနိုင်ပါသေးတယ်။ Morocco ဟာမင်းအတွက်ခရီးသွားခြင်းကိုပိုပြီးတန်ဖိုးရှိစေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: grafillo

 

 

 

 

[Zawgyi]

ေငြအကုန္က်သက္သာစြာျဖင့္ ကမ႓ာပတ္ခရီးသြားရန္အေကာင္းဆုံး (၁၀) ေနရာ

 

ကမ႓ာေပၚမွာ ေစ်းသက္သက္သာသာနဲ႔ Vacation ထြက္ႏိုင္တဲ့အေကာင္းဆုံးေနရာေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ ဒီေခတ္ႀကီးထဲ ဘတ္ဂ်က္နဲ႔ သြားေရာက္လည္ပတ္ႏိုင္တဲ့ မေရမတြက္ႏိုင္တဲ့ ေနရာေတြ႐ွိတာေၾကာင့္ ခက္ခက္ခဲခဲ႐ွာဖို႔လဲမလိုပါဘူး။

ကမ႓ာကိုဘတ္ဂ်က္ခရီးစဥ္နဲ႔ စြန္႔စားခန္းေတြ စီစဥ္ရာမွာကူညီေပးဖို႔ ေစ်းသက္သာစြာျဖင့္ ခရီးသြားႏိုင္ေသာ ဘတ္ဂ်က္အဆင္ေျပေသာ ႏိုင္ငံမ်ားကိုေဖာ္ျပလိုက္ပါတယ္။

 

1. Thailand

ထိုင္းက မယုံႏိုင္ေလာက္ေအာင္ပါပဲ အလြန္ေစ်းသက္သာတယ္။ တစ္ခါလာၿပီးရင္ မျပန္ခ်င္ေလာက္ေအာင္ ေပ်ာ္စရာေကာင္းတဲ့အရာေတြနဲ႔ ျပည့္ႏွက္ေနတယ္။ ဆယ္စုႏွစ္မ်ားအတြင္း ထိုင္းႏိုင္ငံသည္ အေ႐ွ႕ေတာင္အာ႐ွတြင္ ခရီးသြားမ်ားရဲ႕ Backpacking ခရီးစဥ္ရဲ႕ ႏွလုံးသားတစ္ခုျဖစ္လာပါတယ္။

လမ္းေဘးအစားအစာမ်ားသည္ ေဒၚလာ 1 USD ေလာက္သာျဖင့္ ႐ွာေဖြႏိုင္ေသာေၾကာင့္ တစ္ရက္လွ်င္ $25 မွ 35 USD ၾကားသာကုန္က်ႏိုင္ပါတယ္။ ႏိုင္ငံအတြင္းမွာ ဘတ္စ္ကားမ်ား၊ အခမဲ့အသုံးျပဳႏိုင္မဲ့ Tourist attraction ေနရာမ်ားစြာနဲ႔ ဆြဲေဆာင္မႈမ်ားစြာ႐ွိသည္။

ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီးကြၽန္းေတြေပၚမွာ အခ်ိန္ျဖဳန္းခ်င္တယ္ဆိုရင္ေတာ့ တစ္ရက္ကို အေမရိကန္ေဒၚလာ 60 နီးပါးေပးေခ်ရမယ္လို႔ ခန္႔မွန္းမိပါတယ္။ သို႔ေသာ္လည္း ဒီေစ်းႏႈန္းအရပင္ ထိုင္းႏိုင္ငံသည္ ကမ႓ာေပၚတြင္ ေဈးအသက္သာဆုံးေသာေနရာမ်ားထဲမွတစ္ခုအျဖစ္႐ွိေနဆဲျဖစ္ၿပီး ေက်ာ္မသြားသင့္ပါဘူး။

 

2. Central America

ေ႐ွးေဟာင္းအေမြအႏွစ္ေတြကိုစူးစမ္းေလ့လာခ်င္လား, ေတာထဲလမ္းေလွ်ာက္, ေရလိႈင္းစီးၿပီး ခရီးသြားဧည့္သည္အနည္းငယ္နဲ႔ အရသာ႐ွိတဲ့ အစားအစာေတြကို စားခ်င္ပါသလား။

Central American မွာ႐ွိတဲ့ ႏိုင္ငံေတြကိုသြားဖို႔ေျပာခ်င္ပါတယ္။ El Salvador, Honduras, Nicaragua, and Guatemala ဒီႏိုင္ငံေတြမွာ တစ္ညလွ်င္ $15-30 USD ဝန္းက်င္႐ွိေသာ ဘတ္ဂ်တ္ဟိုတယ္အမ်ားစု၊ $5 USD ေအာက္ အစားအစာမ်ား၊ တူညီေသာေစ်းႏႈန္းျဖင့္ ဘတ္စ္ကားခရီးအမ်ားစုႏွင့္ ဘီယာတစ္ေဒၚလာေလာက္သာ က်သင့္မည္ျဖစ္သည္။

Belize, Panama, Costa Rica ၎တို႔သည္ ေဒသဆိုင္ရာစံႏႈန္းအရ ေဈးႀကီးေသာေနရာမ်ားျဖစ္ေပမဲ့ အေတာ္ေလးေစ်းသက္သာပါေသးတယ္။ Central America မွာ႐ွိတဲ့ႏိုင္ငံေတြကို Backpacking trip နဲ႔ သြားေရာက္လည္ပတ္မယ္ဆိုရင္ တစ္ရက္လွ်င္ $40-50 USD ျဖင့္ ရႏိုင္ပါတယ္။ သို႔မဟုတ္ တစ္ရက္လွ်င္ $100 ႏွင့္ ေကာင္းေကာင္းမြန္မြန္ေနထိုင္လို႔ရပါတယ္။ မင္းရဲ႕ပိုက္ဆံေတြအမ်ားႀကီးကုန္စရာမလိုပဲ လည္ပတ္ဖို႔လြယ္ကူပါတယ္။

3. Cambodia

 

ဘတ္ဂ်က္ခရီးစဥ္မွာ Asia ႏိုင္ငံမ်ားစြာထည့္လို႔ရေပမဲ့ Cambodia ႏိုင္ငံသည္ အေကာင္းဆုံးေဒသျဖစ္ၿပီး အလွပဆုံးႏွင့္ ေဒသခံတို႔ကလဲ မယုံႏိုင္ေလာက္ေအာင္ ဧည့္ဝတ္ေက်ၾကပါတယ္။ Private အခန္းေကာင္းေကာင္းကိုမွ ေဒၚလာ ၂၅၊ လမ္းေဘးအစားအစာ $2-5 USD ႏွင့္ ႏိုင္ငံတစ္ဝွမ္း သြားလာေရးစရိတ္ $20-25 USD ျဖင့္ ရႏိုင္သည္။ တစ္ရက္ကို ေဒၚလာ 50 USD နီးပါး ကုန္က်ေနတယ္ဆိုရင္ေတာ့ သင္ဟာ ေတာ္ေတာ္ေကာင္းေကာင္းမြန္မြန္ေနထိုင္ေနလို႔ျဖစ္ပါတယ္။

ကေမ႓ာဒီးယားသည္ လူႀကိဳက္မ်ားေသာထိုင္းႏိုင္ငံထက္ေစ်းသက္သာၿပီး ကမ႓ာေပၚတြင္အလွပဆုံးေသာ အရာေတြ၊ အေကာင္းဆုံးလူေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ Angkor Wat Temples ကိုလဲသြားေရာက္လည္ပတ္ေစခ်င္ပါတယ္ ေစ်းႀကီးေပမဲ့လည္းသြားေရာက္လည္ပတ္ဖို႔ထိုက္တန္ပါတယ္။

 

4. The Balkans

 

ဥေရာပအေ႐ွ႕ေတာင္ပိုင္းတြင္တည္႐ွိၿပီး ေဘာ္လကန္ေဒသသည္ ဥေရာပတြင္ ေဈးအေပါဆုံးေဒသျဖစ္သည္။ ခရီးသြားဧည့္သည္လက္တစ္ဆုပ္စာေလာက္သာေတြ႕ႏိုင္ပါတယ္။ မယုံႏိုင္ေလာက္စရာေကာင္းတဲ့အရာေတြကို ေစ်းသက္သက္သာသာနဲ႔ရႏိုင္ပါတယ္။ Dubrovnik လိုေနရာမ်ိဳးတြင္ ခရီးသြားဧည့္သည္မ်ားသည္ ထိုေနရာတြင္ ဆိုက္ကပ္သည့္ အေပ်ာ္စီးသေဘၤာမ်ားေၾကာင့္ လာေရာက္လည္ပတ္ၾကတာမ်ားပါသည္။ ေစ်းေပါေသာဝိုင္၊ ေတာင္တက္ျခင္းႏွင့္ မယုံႏိုင္စရာသဘာဝ႐ႈခင္း၊ ရင္သပ္႐ႈေမာဖြယ္ကမ္းေျခမ်ား၊ ႏွစ္သက္ဖြယ္ေကာင္းေသာ အစားအစာမ်ားႏွင့္ ေတာ႐ိုင္းတိရစၧာန္ မ်ား႐ွိသည္။ ဒါဟာ ဥေရာပရဲ႕ အေကာင္းဆုံး လွ်ိဳ႕ဝွက္ခ်က္ပါ။

တစ္ရက္လွ်င္ $30 USD ျဖင့္ အေနာက္ဥေရာပတြင္ သင္ေပးေခ်ရမည့္စရိတ္၏ တစ္ဝက္ခန္႔သာကုန္က်ႏိုင္ပါသည္။ တစ္ပတ္စာ၏ ကုန္စုံပစၥည္းမ်ားတန္ဖိုးမွာ ၂၅ ေဒၚလာခန္႔သာ ကုန္က်ႏိုင္ၿပီး ဘီယာသည္ေဒၚလာ ၂ ေဒၚလာဝန္းက်င္ခန္႔႐ွိပါတယ္။ ထိုေဒသသည္ တစ္ခ်ိန္က ခရီးသြားနည္းသည္ဟုဆိုေသာ္လည္း လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း အလြန္တိုးတက္ခဲ့သည္။ ဤေနရာတြင္ Backpacking traveller မ်ားျပားလာၿပီး ခရီးသြားလာမႈလည္း ျမင့္တက္လာသည္။ သို႔ေသာ္ ခရီးသြားမ်ားျပားလာသည္ႏွင့္အမွ် ေစ်းႏႈန္းမ်ား တဟုန္ထိုးတက္သြားခဲ့သည္။

5. China

 

Marco Polo သည္ 1275 ခုႏွစ္တြင္ပိုးထည္ကုန္သြယ္ျခင္းကိုျပဳလုပ္ၿပီးတည္းက တ႐ုတ္ႏိုင္ငံသည္ ခရီးသြားမ်ားကိုဆြဲေဆာင္လာႏိုင္ခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္အလြန္ကိုေစ်းေပါတဲ့အရာေတြ ေပ်ာက္ကြယ္သြားေပမဲ့လည္း အာ႐ွတြင္ ေစ်းအသက္သာဆုံးႏိုင္ငံတစ္ခုအျဖစ္ တည္႐ွိေနေသးသည္။ ၿမိဳ႕ႀကီးျပႀကီးေတြမွာ ေစ်းဆစ္ဖို႔ေတာ့လိုအပ္ပါတယ္။ Hostel ေတြကအေမရိကန္ေဒၚလာ 20 ထက္နည္းၿပီး၊ အစားအေသာက္သည္ တစ္နပ္လွ်င္ $2-5 USD ႐ွိၿပီး ၿမိဳ႕ႀကီးမ်ားတြင္ သြားလာေရးသည္ တစ္ေဒၚလာေအာက္သာ ႐ွိသည္။ တ႐ုတ္ႏိုင္ငံသည္ တတိယအႀကီးဆုံးႏိုင္ငံအျဖစ္နဲ႔ ကမ႓ာေပၚတြင္ တန္ဖိုးအ႐ွိဆုံးေနရာမ်ားထဲမွ တစ္ခုအျဖစ္ဆက္လက္တည္႐ွိေနဆဲျဖစ္ၿပီး သြားလာလည္ပတ္ လုပ္ေဆာင္စရာေတြ အမ်ားႀကီး႐ွိပါတယ္။

6. India

 

အၿမဲတမ္း ေစ်းေပါတဲ့ႏိုင္ငံျဖစ္ေပမဲ့ အိႏၵိယ႐ူပီးက အေမရိကန္တစ္ေဒၚလာကို ၃၉ ႐ူပီး ျမင့္ပါတယ္။ အခုဆို တစ္ေဒၚလာလွ်င္ 78 ႐ူပီထိ႐ွိပါသည္။

ၾကယ္ငါးပြင့္ အပန္းေျဖစခန္းမ်ားကိုဘြတ္ကင္လုပ္ၿပီး အေနာက္တိုင္းအစားအစာမ်ားကိုသာ မစားပါက တစ္ရက္လွ်င္ ေဒၚလာ ၅၀ သုံးစြဲရန္ပင္ ခက္ခဲေနမည္ျဖစ္သည္။ ေစ်းေပါေသာ တည္းခိုခန္းမ်ားတြင္ တည္းခိုျခင္း၊ ဒုတိယတန္းစား ရထားစီးျခင္းႏွင့္ အေနာက္တိုင္းအစားအစာမ်ားကို ေ႐ွာင္ျခင္းျဖင့္ အေမရိကန္ေဒၚလာ 30 သာကုန္က်ပါလိမ့္မယ္။ တစ္ရက္ကို $60 USD ေလာက္နဲ႔ ေကာင္းေကာင္းမြန္မြန္ ေနႏိုင္တယ္။

အိႏၵိယသည္ ႂကြယ္ဝေသာ ယဥ္ေက်းမႈသမိုင္း၊ ခံတြင္းေတြ႕ေစေသာ အစားအစာ၊ အကူအညီေပးၿပီး တာဝန္ေက်ၾကတဲ့ ေဒသခံမ်ား၊ မယုံႏိုင္စရာ ေဒသဆိုင္ရာ ကြဲျပားမႈ၊ လက္ဖက္ရည္ေကာင္းႏွင့္ လုပ္စရာမ်ားစြာပါ႐ွိေသာ ေစ်းသက္သက္သာသာနဲ႔ Backpacking ခရီးအတြက္ေနရာတစ္ခုျဖစ္သည္။ ဘတ္ဂ်က္ခရီးစဥ္ဆိုရင္ အိႏၵိယကို လက္လြတ္မခံပါနဲ႔။

7. Georgia

 

Georgia မွာလိုအပ္သမွ်အားလုံး႐ွိတယ္ ေစ်းေပါတဲ့အရာေတြ၊ အရသာ႐ွိေသာ အစားအစာႏွင့္ ဝိုင္၊ မယုံႏိုင္စရာ ေတာင္တက္ခရီးမ်ားႏွင့္ ေတာင္႐ႈခင္းမ်ားကို ေပးစြမ္းၿပီး ခရီးသြားအရမ္းမမ်ားပါဘူး။

Caucasus ေကာ့ေကးဆပ္တြင္ နစ္ျမဳပ္ေနေသာ ေဂ်ာ္ဂ်ီယာသည္ ႐ိုးရာယဥ္ေက်းမႈတြင္ ရာစုႏွစ္မ်ားၾကာေအာင္ တည္႐ွိေနေသာ္လည္း ျဖစ္သင့္သေလာက္ မေက်ာ္ၾကားပါ။ ဘတ္ဂ်တ္ခရီးသြားမ်ားသည္ တစ္ရက္လွ်င္ $25 USD ေလာက္သာ ကုန္က်႐ုံနဲ႔ လည္ပတ္ႏိုင္သည္။ ဘီယာသည္ $2 USD ဝန္းက်င္႐ွိၿပီး တစ္ပတ္စာကုန္စုံတန္ဖိုးမွာ $25-30 USD ဝန္းက်င္႐ွိၿပီး ျပတိုက္ႏွင့္ သမိုင္းဝင္ေနရာအမ်ားစုသည္ $2-3 USD သာက်သင့္သည္။

မင္းတစ္ခုခု ကိုေပ်ာက္ဆုံးေနသလို ခံစားရရင္ ေဂ်ာ္ဂ်ီယာဟာ ေနာက္ထပ္ Backpacking Traveller ေတြအတြက္ ႏွလုံးခုန္သံျမန္ဆန္ေစမဲ့ အခ်က္အခ်ာက်တဲ့ ေနရာေတြထဲက တစ္ခုပါ။

8. Portugal

 

ယူ႐ိုႏိုင္ငံအားလုံးကို တန္းတူညီတူ ဖန္တီးထားျခင္းမဟုတ္ပါ၊ ေပၚတူဂီသည္ ေဒသတြင္းတြင္ ေဈးသက္သာေသာႏိုင္ငံမ်ားထဲမွ တစ္ခုျဖစ္ၿပီးလွပေသာကမ္းေျခမ်ား၊ ဝိုင္ေပါမ်ားေသာႏိုင္ငံ၊ ရင္သပ္႐ႈေမာဖြယ္ပင္လယ္ကမ္းစပ္ကမ္းပါးမ်ား၊ အရသာ႐ွိေသာအစားအစာမ်ား၊ ေပ်ာ္႐ႊင္စရာေကာင္းေသာေဒသခံမ်ားႏွင့္ သမိုင္းဝင္ၿမိဳ႕ႀကီးမ်ားအားလုံးကို ေစ်းႏႈန္းခ်ိဳသာစြာျဖင့္ မရႏိုင္စရာအေၾကာင္းမ႐ွိပါဘူး။

ေပၚတူဂီသည္ မၾကာေသးမီႏွစ္မ်ားအတြင္းပိုမိုေက်ာ္ၾကားလာၿပီး လူစည္ကားလာသည္။

လစၥဘြန္းၿမိဳ႕ကိုလူမ်ားေ႐ႊ႕ေျပာင္းလာၿပီးေနာက္ ေဈးႀကီးလာေပမဲ့ လစၥဘြန္းၿမိဳ႕ကိုေရာက္ေသာအခါ ေစ်းႏႈန္းမ်ားသည္ အေနာက္ဥေရာပႏွင့္ ႏိႈင္းယွဥ္ပါက အေတာ္ေလးေစ်းသက္သာေနေသးသည္

Budget Backpacker သမားျဖစ္ပါက တစ္ရက္လွ်င္ $45-60 USD ျဖင့္ကုန္က်ႏိုင္ပါတယ္။

ေႏြရာသီမွာလွပေနၿပီး ေဆာင္းရာသီ ဥေရာပမွာ ေစ်းေပါတဲ့ေနရာတစ္ခုကို႐ွာေနတယ္ဆိုရင္ ေပၚတူဂီဟာ သင့္အတြက္ အေကာင္းဆုံး ေ႐ြးခ်ယ္မႈေတြထဲက တစ္ခုပါ။

9. Mexico

 

Mexico ၿမိဳ႕သည္ Foodie ေတြအတြက္ paradise ႀကီးပါပဲ Oaxaca တြင္ ဆြဲေဆာင္မႈပမာဏမ်ားစြာ ႐ွိၿပီး Yucatan သည္ မက္ဆီကိုၿမိဳ႕ရဲ႕ ႏွလုံးသားလို႔ေျပာႏိုင္ၿပီး cenote exploring အတြက္ၿပီးျပည့္စုံပါတယ္။ US နဲ႔ အရမ္းနီးစပ္တဲ့အတြက္ အရမ္းႀကီး ေစ်းသက္သာတာမဟုတ္ပါဘူး ဘီယာက $1-2 USD ပဲ႐ွိပါတယ္၊ အစားအေသာက္ေတြက တစ္ပတ္ကို $25 USD ဝန္းက်င္႐ွိၿပီး တစ္ရက္ကို $50 USD ေအာက္နဲ႔ ဒီမွာရႏိုင္ပါတယ္။ ဒါေပမယ့္ ေစ်းသက္သာေနတုန္းပါပဲ။ စူးစမ္းေလ့လာဖို႔အတြက္မလုံျခဳံတဲ့ ေဒသအခ်ိဳ႕႐ွိေပမဲ့လည္း ေနရာအမ်ားစုကိုေတာ့လည္ပတ္လို႔ရပါတယ္။

 

10. Morocco

 

အေရာင္အေသြးစုံလင္လွပၿပီး ခရီးသြားေတြၾကားထဲ ေရပန္းအစားဆုံးစာရင္းဝင္ေနရာတစ္ခုျဖစ္ပါတယ္။ ေ႐ႊေရာင္သဲေသာင္ျပင္ေတြ၊ Morocco ရဲ႕ Winding market နဲ႔ medinas ႏွင့္ ျမင့္မားေသာေတာင္တန္းမ်ားျဖင့္ ေမာ္႐ိုကိုသည္ ဓာတ္ပုံဆရာတစ္ဦး၏ အိပ္မက္ပါပဲ။

တစ္ခါတစ္ရံတြင္ ခရီးသြားမ်ားနဲ႔ ႐ႈပ္ေထြးေနတတ္ေသာ္လည္း သဲကႏၲာရ၏ ရင္သပ္႐ႈေမာဖြယ္ တိတ္ဆိတ္ၿငိမ္သက္မႈႏွင့္ အေကာင္းဆုံးေသာ postcard-perfect views ေတြေပးစြမ္းပါတယ္။

Budget backpackersေတြအတြက္ တစ္ရက္လွ်င္ေဒၚလာ 30-40 USD နဲ႔ ရႏိုင္ၿပီး အလယ္အလတ္တန္းစား ခရီးသြားမ်ားအတြက္ ထိုထက္ဝက္ေအာက္ပမာဏနဲ႔ သက္ေတာင့္သက္သာ ခရီးစဥ္ကို ရ႐ွိႏိုင္ပါေသးတယ္။ Morocco ဟာမင္းအတြက္ခရီးသြားျခင္းကိုပိုၿပီးတန္ဖိုး႐ွိေစပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: grafillo

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service