ခြောက်ပစ်ကင်း သဲလဲစင်

ခြောက်ပစ်ကင်း သဲလဲစင် - Property Knowledge in Myanmar from iMyanmarHouse.com
8 Jun 2023 1:49 pm တွင် တင်ခဲ့သည်
1334 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

“ဘဝမှာ လူတချို့ကို စောစောတွေ့ ခဲ့ရမှာ"

"လူတချို့ကို နောက်ကျမှတွေ့ခဲ့ရမှာ"

"လူတချို့ကိုကျတော့ လုံးဝကို မတွေ့ခဲ့သင့်တာ”

ဘယ်သူ့စကား၊ဘယ်သူ့စာလည်းတော့ မသိပါဘူး။သူငယ်ချင်းတစ်ယောက်က သူ့ရဲ့လူမှုကွန်ရက်မှာ ခရက်ဒစ်ပေးပြီး တင်ထားလို့ ဖတ်မိလိုက်ရပါတယ်။ကျွန်တော်လည်း အတွေးတွေဖြစ်ခဲ့တာပေါ့။

ဒီစကားတွေက သူ့အချိန်နဲ့သူ ရှင်သန်ရွေ့လျားခြင်းတွေကြောင့် ကြုံဆုံခြင်းတွေဖြစ်လာရာက ထွက်လာတဲ့ စကားတွေပါ။

ဘယ်လိုလူမျိုးတွေကို စောစောတွေ့ချင်တာလဲ။မိတ်ကောင်း ဆွေကောင်းတွေ၊ လူကောင်းသူကောင်းတွေ ကိုယ့်ကို အကူအညီပေးတတ်သူတွေကိုသာ စောစောတွေ့ချင်တာလား။

နောက်ကျမှတွေ့ချင်တဲ့သူဆိုတာကရော ဘယ်လို လူစားတွေလဲ။လုံးဝကို မတွေ့ခဲ့သင့်ဘူးဆိုတဲ့ သူတွေကိုတော့ တွက်ဆကြည့်လို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အစောဆုံးတွေ့ချင်တဲ့သူတွေကို တောင့်တရာမှာ မိတ်ကောင်းဆွေကောင်း၊လူကောင်းသူကောင်း တွေပဲဖြစ်မှာပေါ့။

လူတွေဟာ ကိုယ်ကသာ တင်းပြည့်ကျပ်ပြည့် ကောင်းမကောင်း မသိတာ ကိုယ်ပေါင်းတဲ့သူတွေကိုတော့ အပြည့်အဝကောင်းစေချင်တတ်ကြတယ်။ လူကောင်းတွေကိုသာ လူတိုင်းပေါင်းလိုကြပါတယ်။လူကောင်းတွေနဲ့ အစောဆုံး ဆုံတွေ့ခဲ့ချင်ကြမှာပါပဲ။

ဒါပေမဲ့ လူ့သဘောတွေဟာ ခုတစ်မျိုးတော်ကြာ တစ်မျိုး အမျိုးမျိုပြောင်းနေကြတာပဲ။သူရဲ့ စိတ်သဘောထားက တစ်သက်မတ်တည်းရှိနေဦးတော့ ကိုယ်ရဲ့ စိတ်သဘောထားကရော လူကောင်းနဲ့တွေ့ဆုံနေရပါလျက် တစ်သက်မတ်တည်း ရှိနိုင်ရဲ့လားဆိုတာ စဉ်းစားဖို့ကောင်းပါတယ်။

အများပြောလို့သာ လူကောင်းတွေ၊မိတ်ကောင်းတွေနဲ့ အစောဆုံး၊တစ်လျှောက်လုံးတွေ့ဆုံချင်တယ်တာ ပြောနေတာ။ မှားယွင်းတဲ့လုပ်ရပ်မျိုးတွေကို ကိုယ်ကအမှန်ထင်ပြီး လုပ်မိလို့ အစောဆုံးတွေ့ခွင်ရတဲ့ မိတ်ကောင်းဆွေကောင်း၊လူကောင်းဖြစ်တဲ့သူက လမ်းညွှန်တည့်မတ်ပေးရင်ရော ကိုယ်ဘက်က ပြုပြင်စိတ်လေး၊နာခံလွယ်တဲ့စိတ်လေး ရှိလားဆိုတာလည်း စဉ်းစားရမယ့် အချက်တွေလည်းရှိပါတယ်။

အဲဒီနေရာမှာ ကိုယ်မှန်တာလုပ်နေတာကို ဒီလိုပြောရပါ့မလားဆိုတဲ့ ကိုယ့်ရဲ့ အတ္တစိတ်လေးနဲ့တင်းခံနေရင် ခုနက အစောဆုံးတွေ့ခွင့်ရတဲ့ လူကောင်းသူကောင်းတွေရဲ့ အပေါ်မှာတောင် ငြိုငြင်စိတ်တွေ ဖြစ်လာ တတ်ပါသေးတယ်။

အစောဆုံးတွေ့ခွင့်ရတဲ့ ကိုယ်ရွေးချယ်ခွင့်မရှိတဲ့ ကိုယ့်ရဲ့ မိခင်ဖခင်တွေတောင်မှ လူကောင်းသူကောင်း မိတ်ကောင်းဆွေကောင်း ဖြစ်ချင်မှ ဖြစ်ကြတာပါ။

ဉာဏ်တော်အနန္တ၊တန်ခိုးတော်အနန္တဖြစ်တဲ့ မြတ်စွာဘုရားရှင်တောင်မှ ကောင်းသူရော၊မကောင်းသူရောနဲ့ တွေ့ဆုံခဲ့ကြရတာပါ။ငြင်းပယ်လို့ ရှောင်လွှဲလို့ မရခဲ့ပါဘူး။လူပုဂ္ဂိုလ်တွေအပြင် မြတ်စွာဘုရားရှင်ရဲ့ သံဃာ့ အဖွဲ့အစည်းထဲကတောင်မှ မြတ်စွာဘုရားရှင်ကို မကောင်းကြံတဲ့သူတွေရှိကြတယ်မို့လား။

ဒါကို မြတ်စွာဘုရားရှင်က အဲဒီလူတွေကို နောက်မှတွေ့မယ်၊လုံးဝမတွေ့ချင်ဘူးဆိုတာတွေ မလုပ်ခဲ့ပါဘူး။အဲဒီလို အတိုက်အခိုက် အသရေဖျက်မှုတွေကို ခံရတဲ့အခါ အဲဒီဖြစ်စဉ်တွေကနေ ပါရမီတွေ ရင့်သန်အောင် ဖြည့်ဆည်း နေလိုက်တာပါပဲ။

လောကမှာ ကိုယ်ဟာလိုအပ်ချက်တွေ ရှိနေသေးတဲ့သူ ဆိုတာသိရင် လူတိုင်း လူတိုင်းဟာလည်း လိုအပ်ချက်တွေနဲ့ပဲလို့နားလည်ရပါလိမ့်မယ်။ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်ပါဘူး။ သူများကကိုယ့်လိုအပ်ချက်ကို ဖြည့်မပေးနိုင်လို့လည်း စိတ်ဆိုးစရာမရှိပါဘူး။ကိုယ်ကတတ်နိုင်နေရင်၊ ဖြည့်ဆည်းပေးနိုင်ရင် လိုအပ်လို့တောင်းလာတဲ့ အကူအညီကို ပေးနိုင်သလောက်ပေးပြီး ကြည်နူးလိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ေျခာက္ပစ္ကင္း သဲလဲစင္

 

“ဘဝမွာ လူတခ်ိဳ႕ကို ေစာေစာေတြ႕ ခဲ့ရမွာ"

"လူတခ်ိဳ႕ကို ေနာက္က်မွေတြ႕ခဲ့ရမွာ"

"လူတခ်ိဳ႕ကိုက်ေတာ့ လုံးဝကို မေတြ႕ခဲ့သင့္တာ”

ဘယ္သူ႕စကား၊ဘယ္သူ႕စာလည္းေတာ့ မသိပါဘူး။သူငယ္ခ်င္းတစ္ေယာက္က သူ႕ရဲ႕လူမႈကြန္ရက္မွာ ခရက္ဒစ္ေပးၿပီး တင္ထားလို႔ ဖတ္မိလိုက္ရပါတယ္။ကြၽန္ေတာ္လည္း အေတြးေတြျဖစ္ခဲ့တာေပါ့။

ဒီစကားေတြက သူ႕အခ်ိန္နဲ႔သူ ႐ွင္သန္ေ႐ြ႕လ်ားျခင္းေတြေၾကာင့္ ၾကဳံဆုံျခင္းေတြျဖစ္လာရာက ထြက္လာတဲ့ စကားေတြပါ။

ဘယ္လိုလူမ်ိဳးေတြကို ေစာေစာေတြ႕ခ်င္တာလဲ။မိတ္ေကာင္း ေဆြေကာင္းေတြ၊ လူေကာင္းသူေကာင္းေတြ ကိုယ့္ကို အကူအညီေပးတတ္သူေတြကိုသာ ေစာေစာေတြ႕ခ်င္တာလား။

ေနာက္က်မွေတြ႕ခ်င္တဲ့သူဆိုတာကေရာ ဘယ္လို လူစားေတြလဲ။လုံးဝကို မေတြ႕ခဲ့သင့္ဘူးဆိုတဲ့ သူေတြကိုေတာ့ တြက္ဆၾကည့္လို႔ရပါတယ္။

ဘာပဲျဖစ္ျဖစ္ အေစာဆုံးေတြ႕ခ်င္တဲ့သူေတြကို ေတာင့္တရာမွာ မိတ္ေကာင္းေဆြေကာင္း၊လူေကာင္းသူေကာင္း ေတြပဲျဖစ္မွာေပါ့။

လူေတြဟာ ကိုယ္ကသာ တင္းျပည့္က်ပ္ျပည့္ ေကာင္းမေကာင္း မသိတာ ကိုယ္ေပါင္းတဲ့သူေတြကိုေတာ့ အျပည့္အဝေကာင္းေစခ်င္တတ္ၾကတယ္။ လူေကာင္းေတြကိုသာ လူတိုင္းေပါင္းလိုၾကပါတယ္။လူေကာင္းေတြနဲ႔ အေစာဆုံး ဆုံေတြ႕ခဲ့ခ်င္ၾကမွာပါပဲ။

ဒါေပမဲ့ လူ႕သေဘာေတြဟာ ခုတစ္မ်ိဳးေတာ္ၾကာ တစ္မ်ိဳး အမ်ိဳးမ်ိဳေျပာင္းေနၾကတာပဲ။သူရဲ႕ စိတ္သေဘာထားက တစ္သက္မတ္တည္း႐ွိေနဦးေတာ့ ကိုယ္ရဲ႕ စိတ္သေဘာထားကေရာ လူေကာင္းနဲ႔ေတြ႕ဆုံေနရပါလ်က္ တစ္သက္မတ္တည္း ႐ွိႏိုင္ရဲ႕လားဆိုတာ စဥ္းစားဖို႔ေကာင္းပါတယ္။

အမ်ားေျပာလို႔သာ လူေကာင္းေတြ၊မိတ္ေကာင္းေတြနဲ႔ အေစာဆုံး၊တစ္ေလွ်ာက္လုံးေတြ႕ဆုံခ်င္တယ္တာ ေျပာေနတာ။ မွားယြင္းတဲ့လုပ္ရပ္မ်ိဳးေတြကို ကိုယ္ကအမွန္ထင္ၿပီး လုပ္မိလို႔ အေစာဆုံးေတြ႕ခြင္ရတဲ့ မိတ္ေကာင္းေဆြေကာင္း၊လူေကာင္းျဖစ္တဲ့သူက လမ္းၫႊန္တည့္မတ္ေပးရင္ေရာ ကိုယ္ဘက္က ျပဳျပင္စိတ္ေလး၊နာခံလြယ္တဲ့စိတ္ေလး ႐ွိလားဆိုတာလည္း စဥ္းစားရမယ့္ အခ်က္ေတြလည္း႐ွိပါတယ္။

အဲဒီေနရာမွာ ကိုယ္မွန္တာလုပ္ေနတာကို ဒီလိုေျပာရပါ့မလားဆိုတဲ့ ကိုယ့္ရဲ႕ အတၱစိတ္ေလးနဲ႔တင္းခံေနရင္ ခုနက အေစာဆုံးေတြ႕ခြင့္ရတဲ့ လူေကာင္းသူေကာင္းေတြရဲ႕ အေပၚမွာေတာင္ ၿငိဳျငင္စိတ္ေတြ ျဖစ္လာ တတ္ပါေသးတယ္။

အေစာဆုံးေတြ႕ခြင့္ရတဲ့ ကိုယ္ေ႐ြးခ်ယ္ခြင့္မ႐ွိတဲ့ ကိုယ့္ရဲ႕ မိခင္ဖခင္ေတြေတာင္မွ လူေကာင္းသူေကာင္း မိတ္ေကာင္းေဆြေကာင္း ျဖစ္ခ်င္မွ ျဖစ္ၾကတာပါ။

ဉာဏ္ေတာ္အနႏၲ၊တန္ခိုးေတာ္အနႏၲျဖစ္တဲ့ ျမတ္စြာဘုရား႐ွင္ေတာင္မွ ေကာင္းသူေရာ၊မေကာင္းသူေရာနဲ႔ ေတြ႕ဆုံခဲ့ၾကရတာပါ။ျငင္းပယ္လို႔ ေ႐ွာင္လႊဲလို႔ မရခဲ့ပါဘူး။လူပုဂၢိဳလ္ေတြအျပင္ ျမတ္စြာဘုရား႐ွင္ရဲ႕ သံဃာ့ အဖြဲ႕အစည္းထဲကေတာင္မွ ျမတ္စြာဘုရား႐ွင္ကို မေကာင္းၾကံတဲ့သူေတြ႐ွိၾကတယ္မို႔လား။

ဒါကို ျမတ္စြာဘုရား႐ွင္က အဲဒီလူေတြကို ေနာက္မွေတြ႕မယ္၊လုံးဝမေတြ႕ခ်င္ဘူးဆိုတာေတြ မလုပ္ခဲ့ပါဘူး။အဲဒီလို အတိုက္အခိုက္ အသေရဖ်က္မႈေတြကို ခံရတဲ့အခါ အဲဒီျဖစ္စဥ္ေတြကေန ပါရမီေတြ ရင့္သန္ေအာင္ ျဖည့္ဆည္း ေနလိုက္တာပါပဲ။

ေလာကမွာ ကိုယ္ဟာလိုအပ္ခ်က္ေတြ ႐ွိေနေသးတဲ့သူ ဆိုတာသိရင္ လူတိုင္း လူတိုင္းဟာလည္း လိုအပ္ခ်က္ေတြနဲ႔ပဲလို႔နားလည္ရပါလိမ့္မယ္။ေျခာက္ပစ္ကင္းသဲလဲစင္ဆိုတာ ဘယ္ေနရာမွာမွ မ႐ွိႏိုင္ပါဘူး။ သူမ်ားကကိုယ့္လိုအပ္ခ်က္ကို ျဖည့္မေပးႏိုင္လို႔လည္း စိတ္ဆိုးစရာမ႐ွိပါဘူး။ကိုယ္ကတတ္ႏိုင္ေနရင္၊ ျဖည့္ဆည္းေပးႏိုင္ရင္ လိုအပ္လို႔ေတာင္းလာတဲ့ အကူအညီကို ေပးႏိုင္သေလာက္ေပးၿပီး ၾကည္ႏူးလိုက္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service