BTS ၁၀ နှစ်ပြည့် အထိမ်းအမှတ် ရိုက်ကူးထားသော J-Hope နှင့် Suga တို့၏ Documentary များ ကမ္ဘာတစ်ဝန်းပြသတော့မည် ၊ J-Hope ၏ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန် တန်ဖိုးကြီး လူနေခန်း

BTS ၁၀ နှစ်ပြည့် အထိမ်းအမှတ် ရိုက်ကူးထားသော J-Hope နှင့် Suga တို့၏ Documentary များ ကမ္ဘာတစ်ဝန်းပြသတော့မည် ၊ J-Hope ၏ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန် တန်ဖိုးကြီး လူနေခန်း - Property News in Myanmar from iMyanmarHouse.com
19 May 2023 10:19 am တွင် တင်ခဲ့သည်
779 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

BTS အဖွဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားသော J-Hope နှင့် Suga တို့၏ Documentary များကို ကမ္ဘာတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသတော့မည် ဖြစ်သည်။

အဆိုပါ Documentary များကို Disney + နှင့် Weverse တို့တွင် လွှင့်တင်ထားပြီးဖြစ်ကာ ယခုအခါ ကမ္ဘာတစ်ဝန်းရှိရုပ်ရှင်ရုံများတွင် ပြသရန် စီစဉ်လာခြင်း ဖြစ်သည်။

BTS ပရိသတ်များအနေဖြင့် ၎င်းတို့ ချစ်ခင်အားပေးသော အဖွဲ့မှ အဖွဲ့သား ၂ ဦး ဘဝခရီးကို မြင်ကွင်းကျယ်ဖြင့် ကြည့်ရှုခံစားရတော့မည်ဖြစ်ပြီး နိုင်ငံတကာတွင် ဇွန်လ ၁၇ ရက်၌ ရုံတင်ပြသရန် စီစဉ်ထားသည်။

J-Hope ၏ Documentary မှာ J-Hope In the box ဟု အမည်ပေးထားပြီး Suga မှာ Road to D-Day ဟု အမည်ပေးထားသည်။

 

 

(J-Hope ၏ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းတန် တန်ဖိုးကြီးလူနေခန်း)

BTS အဖွဲ့မှ J-Hope သည် တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော်တွင် ဝမ်ငွေ ၂ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) တန်ကြေးရှိ လူနေခန်းတစ်ခန်း ပိုင်ဆိုင်ထားသည်။

တည်နေရာမှာ ဆိုးလ်မြို့တော်ရှိ Forest Trimage လူနေအိမ်ရာတွင် တည်ရှိသည်။

အဆိုပါ အိမ်ရာတွင် အခြားကိုရီးယားကြယ်ပွင့်များဖြစ်သော Siwon ၊ Leeteuk နှင့် Seo Kang –joon တို့လည်း နေထိုင်ကြသည်။

J-Hope သည် ထိုအခန်းကို ဝမ်ငွေ ၁ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ ဝမ်ငွေ ၂ ဒသမ ၄ ဘီလီယံ တန်ကြေးရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် အခြား BTS အဖွဲ့သားများနှင့်ယှဉ်လျှင် အကောင်းဆုံး အိမ်ခြံမြေ ရင်းနှီးမြှပ်နှံမှုဖြစ်သည်ဟု ဆိုနိုင်သည်။

J-Hope သည် အိမ်ခြံမြေရင်းနှီးမြှပ်နှံမှု ပြုလုပ်ရခြင်းကို အလွန်နှစ်သက်သည်ဟု ဆိုသည်။

J-Hope က သူ၏ အင်စတာဂရမ်အကောင့်မှတဆင့် သူ၏ လူနေခန်းကို ပရိသတ်များအား ချပြခဲ့သည်။

 

 

(အားလပ်ရက် Vibe )

 

 

ဖော်ပြပါပုံတွင် J-Hope သည် အားလပ်ရက်ကို မိသားစုနှင့်အတူ နေအိမ်တွင် ဖြတ်သန်းနေပုံ တွေ့ရမည်ဖြစ်သည်။

ရှန်ပိန်ဖန်ခွက် ၊ မီးအိမ် ၊ စားစရာတို့နှင့်အတူ ဓာတ်ပုံရိုက်ကူးထားခြင်း ဖြစ်သည်။

ဤပုံတွင် တွေ့ရသည်မှာမူ J-Hope က ခရစ္စမတ်ကာလအတွင်း ဘွန်ဇိုင်းပင်တစ်ပင်နှင့် နဂါးရုပ်တို့ကို ပြင်ဆင်ထားပုံဖြစ်သည်။

 

(မွှေးပွအရုပ်များကို နှစ်သက်သူ )

 

J-Hope သည် မွှေးပွအရုပ်များကို နှစ်သက်သည်။

သူ့တွင် KAWS ၊ Snoopy နှင့် အခြားအရုပ်များစွာ ရှိသည်။

သူ၏ အိမ်မှ ဧည့်ခန်းမှာ ကျယ်ကျယ်ဝန်းဝန်းရှိသည်။

 

 

(လူမှုကွန်ရက်တွင် များစွာပျံ့နှံ့ခဲ့သော ဓာတ်ပုံ)

 

 

ကိုရီးယားများသည် ကျားကိုလည်း ချစ်ခင်ကြ၏။

J-Hope က သူ၏ အခန်းအတွင်း ကျားခေါင်းပုံ တပ်ဆင်ထားသည်ကို ပရိသတ်များအား ချပြခဲ့သည်။

အဆိုပါ ဓာတ်ပုံမှာ လူမှုကွန်ရက်တွင် များစွာ ပျံ့နှံ့ခဲ့သည်။

 

(စင်္ကြန်လမ်းက ဓာတ်ပုံ)

J-Hope ၏ နေအိမ်အတွင်း ဒီဇိုင်းပုံဖော်အလှဆင်ထားသော ကြွေပြားများ ၊ သစ်နံရံများဖြင့် မွမ်းမံထားသည်။

သူ၏ နေအိမ်ခန်းအတွင်း လမ်းလျှောက်ဝင်နိုင်သည့် ကြီးမားသော အဝတ်အစား ထားသိုခန်းလည်း ပါဝင်သည်။

J-Hope ကဲ့သို့ ဖက်ရှင်ကြသူတစ်ဦးအတွက် မရှိမဖြစ် လိုအပ်သည့် အရာတစ်ခုလည်း ဖြစ်သည်။

(J-Hope ၏ မိသားစုဓာတ်ပုံများ)

 

J-Hope သည် အခန်းနံရံများကို မိသားစုဓာတ်ပုံများဖြင့် အလှဆင်ထားသည်။

J-Hope ၏ မိဘများမှာ Gwangju တွင် နေထိုင်ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: BTS to break the fourth wall with J-Hope and Suga taking their solo stories to the silver screen (hindustantimes)

 

 

 

 

 

[Zawgyi]

BTS ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္ ရုိက္ကူးထားေသာ J-Hope ႏွင့္ Suga တို႔၏ Documentary မ်ား ကမၻာတစ္ဝန္းျပသေတာ့မည္ ၊ J-Hope ၏ ကန္ေဒၚလာ ၁ ဒသမ ၆ သန္းတန္ တန္ဖုိးၾကီး လူေနခန္း

 

BTS အဖြဲ႔ ၁၀ ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ ရုိက္ကူးထားေသာ J-Hope ႏွင့္ Suga တို႔၏ Documentary မ်ားကို ကမၻာတစ္ဝန္းရွိ ရုပ္ရွင္ရံုမ်ားတြင္ ရံုတင္ျပသေတာ့မည္ ျဖစ္သည္။

အဆိုပါ Documentary မ်ားကို Disney + ႏွင့္ Weverse တို႔တြင္ လႊင့္တင္ထားျပီးျဖစ္ကာ ယခုအခါ ကမၻာတစ္ဝန္းရွိရုပ္ရွင္ရံုမ်ားတြင္ ျပသရန္ စီစဥ္လာျခင္း ျဖစ္သည္။

BTS ပရိသတ္မ်ားအေနျဖင့္ ၎တုိ႔ ခ်စ္ခင္အားေပးေသာ အဖြဲ႔မွ အဖြဲ႔သား ၂ ဦး ဘဝခရီးကို ျမင္ကြင္းက်ယ္ျဖင့္ ၾကည့္ရႈခံစားရေတာ့မည္ျဖစ္ျပီး ႏိုင္ငံတကာတြင္ ဇြန္လ ၁၇ ရက္၌ ရံုတင္ျပသရန္ စီစဥ္ထားသည္။

J-Hope ၏ Documentary မွာ J-Hope In the box ဟု အမည္ေပးထားျပီး Suga မွာ Road to D-Day ဟု အမည္ေပးထားသည္။

(J-Hope ၏ ကန္ေဒၚလာ ၁ ဒသမ ၆ သန္းတန္ တန္ဖိုးၾကီးလူေနခန္း)

BTS အဖြဲ႔မွ J-Hope သည္ ေတာင္ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ျမိဳ႕ေတာ္တြင္ ဝမ္ေငြ ၂ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၆ သန္း) တန္ေၾကးရွိ လူေနခန္းတစ္ခန္း ပိုင္ဆိုင္ထားသည္။

တည္ေနရာမွာ ဆိုးလ္ျမိဳ႕ေတာ္ရွိ Forest Trimage လူေနအိမ္ရာတြင္ တည္ရွိသည္။

အဆိုပါ အိမ္ရာတြင္ အျခားကိုရီးယားၾကယ္ပြင့္မ်ားျဖစ္ေသာ Siwon ၊ Leeteuk ႏွင့္ Seo Kang –joon တို႔လည္း ေနထိုင္ၾကသည္။

J-Hope သည္ ထိုအခန္းကို ဝမ္ေငြ ၁ ဒသမ ၄ ဘီလီယံျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေသာ္လည္း ယခုအခါ ဝမ္ေငြ ၂ ဒသမ ၄ ဘီလီယံ တန္ေၾကးရွိေနျပီ ျဖစ္သည္။

ထို႔ေၾကာင့္ အျခား BTS အဖြဲ႔သားမ်ားႏွင့္ယွဥ္လွ်င္ အေကာင္းဆံုး အိမ္ျခံေျမ ရင္းႏွီးျမွပ္ႏွံမႈျဖစ္သည္ဟု ဆိုႏိုင္သည္။

J-Hope သည္ အိမ္ျခံေျမရင္းႏွီးျမွပ္ႏွံမႈ ျပဳလုပ္ရျခင္းကို အလြန္ႏွစ္သက္သည္ဟု ဆိုသည္။

J-Hope က သူ၏ အင္စတာဂရမ္အေကာင့္မွတဆင့္ သူ၏ လူေနခန္းကို ပရိသတ္မ်ားအား ခ်ျပခဲ့သည္။

(အားလပ္ရက္ Vibe )

ေဖာ္ျပပါပံုတြင္ J-Hope သည္ အားလပ္ရက္ကို မိသားစုႏွင့္အတူ ေနအိမ္တြင္ ျဖတ္သန္းေနပံု ေတြ႔ရမည္ျဖစ္သည္။

ရွန္ပိန္ဖန္ခြက္ ၊ မီးအိမ္ ၊ စားစရာတို႔ႏွင့္အတူ ဓာတ္ပံုရုိက္ကူးထားျခင္း ျဖစ္သည္။

ဤပံုတြင္ ေတြ႔ရသည္မွာမူ J-Hope က ခရစၥမတ္ကာလအတြင္း ဘြန္ဇိုင္းပင္တစ္ပင္ႏွင့္ နဂါးရုပ္တို႔ကို ျပင္ဆင္ထားပံုျဖစ္သည္။

(ေမႊးပြအရုပ္မ်ားကို ႏွစ္သက္သူ )

J-Hope သည္ ေမႊးပြအရုပ္မ်ားကို ႏွစ္သက္သည္။

သူ႔တြင္ KAWS ၊ Snoopy ႏွင့္ အျခားအရုပ္မ်ားစြာ ရွိသည္။

သူ၏ အိမ္မွ ဧည့္ခန္းမွာ က်ယ္က်ယ္ဝန္းဝန္းရွိသည္။

(လူမႈကြန္ရက္တြင္ မ်ားစြာပ်႕ံႏွံ႕ခဲ့ေသာ ဓာတ္ပံု)

ကိုရီးယားမ်ားသည္ က်ားကိုလည္း ခ်စ္ခင္ၾက၏။

J-Hope က သူ၏ အခန္းအတြင္း က်ားေခါင္းပံု တပ္ဆင္ထားသည္ကို ပရိသတ္မ်ားအား ခ်ျပခဲ့သည္။

အဆိုပါ ဓာတ္ပံုမွာ လူမႈကြန္ရက္တြင္ မ်ားစြာ ပ်ံ႕ႏွံ႕ခဲ့သည္။

(စၾကၤန္လမ္းက ဓာတ္ပံု)

J-Hope ၏ ေနအိမ္အတြင္း ဒီဇိုင္းပံုေဖာ္အလွဆင္ထားေသာ ေၾကြျပားမ်ား ၊ သစ္နံရံမ်ားျဖင့္ မြမ္းမံထားသည္။

သူ၏ ေနအိမ္ခန္းအတြင္း လမ္းေလွ်ာက္ဝင္ႏိုင္သည့္ ၾကီးမားေသာ အဝတ္အစား ထားသိုခန္းလည္း ပါဝင္သည္။

J-Hope ကဲ့သို႔ ဖက္ရွင္ၾကသူတစ္ဦးအတြက္ မရွိမျဖစ္ လုိအပ္သည့္ အရာတစ္ခုလည္း ျဖစ္သည္။

(J-Hope ၏ မိသားစုဓာတ္ပံုမ်ား)

J-Hope သည္ အခန္းနံရံမ်ားကို မိသားစုဓာတ္ပံုမ်ားျဖင့္ အလွဆင္ထားသည္။

J-Hope ၏ မိဘမ်ားမွာ Gwangju တြင္ ေနထိုင္ၾကသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: BTS to break the fourth wall with J-Hope and Suga taking their solo stories to the silver screen (hindustantimes)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service