စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး
စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
8 May 2023 11:10 am တွင် တင်ခဲ့သည်
920 ကြိမ် ကြည့်ရှု့ပြီး
ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)
[Unicode]
အကယ်၍သင်သည် အာရှ၏ အချမ်းသာဆုံး မြို့ပြနိုင်ငံဖြစ်သော စင်္ကာပူသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားပါက မြို့ပြတောအုပ်ကြီးတစ်ခုရှိနေသော Biophilic Capita Spring မိုးမျှော်တိုက်ကြီးသို့ သွားရောက်လည်ပတ်ကြည့်ပါ။
အဆိုပါ မိုးမျှော်တိုက်ကြီးသည် စင်္ကာပူ၏ စီးပွားရေး ရပ်ကွက်တွင် တည်ရှိပြီး စိမ်းလန်းသော သစ်ပင်ပန်းပင်များမှာ အဆောက်အအုံ၏ ၁၇ ထပ်မှ အထပ် ၂၀ အထိ ဖြန့်ကျက်တည်ရှိသည်။
အဆိုပါ နေရာကို အများပြည်သူ လည်ပတ်ကြည့်ရှုခွင့်ပေးထားသည်။
ပန်းဥယျာဉ်များနှင့် မုတ်သုံတောအုပ်များအသွင် ပုံတူပြုလုပ်ထားသော တောအုပ်ငယ်များအတွင်း ကွေ့ကွေ့ကောက်ကောက် လူသွားလမ်းလေးတစ်ခု ရှိသည်။
အမိုးအပေါ်ထပ်တွင် သစ်သီးဝလံများ ၊ ဟင်းသီးဟင်းရွက်များ ၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားပြီး ဈေးဥယျာဉ် ၃ ခုအပြင် စားသောက်ဆိုင် ၃ ခုလည်းရှိသည်။
အဆောက်အအုံမျက်နှာစာတွင် သစ်ပင်များ စိုက်ပျိုးထားသည့်အပြင် ပြတင်းပေါက်များတွင်လည်း သစ်ပင်ပန်းပင်များ တွေ့ရသည်။ ဥရောပ၏ အကြီးမားဆုံး ဗိသုကာအဖွဲ့များဖြစ်သော Carlo Ratti Associati နှင့် the Bjarke –Ingels Group တို့၏ ကြီးကြပ်မှုဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
“စင်္ကာပူရဲ့ ထူးခြားတဲ့မြို့ပြသဘာဝ ၊ လူနေထူထပ်မှုနှင့် စိမ်းလန်းမှုတို့အပေါ် အခြေခံပြီး ကျွန်တော်တို့အနေနဲ့ ဒေါင်လိုက်မုတ်သုံ မြို့ပြဟန် ဒီဇိုင်းဆွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ဗိသုကာအဖွဲ့တည်ထောင်သူ Bjarke Ingels က ပြောသည်။
မြို့ပြနှင့် ကျေးလက် ၊ ယဉ်ကျေးမှုနှင့် သဘာဝတရားတို့ ပူးတွဲ တည်ရှိနိုင်ကြောင်း ဤမိုးမျှော်တိုက်ကြီးက ပြသလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
အဆောက်အအုံကြီးသည် အထပ်ပေါင်း ၅၁ ထပ်မြင့်မားပြီး မြေယာအလှပြင်ဆင်ထားသော နေရာအကျယ်အဝန်း စတုရန်းပေ ၉၀၀၀၀ တွင် သစ်ပင်ပေါင် ၈၀၀၀၀ ကျော် စိုက်ပျိုးထားသည်။
(ဓာတ်ပုံ- Finbarr FallonBjarke Ingels Group )
စင်္ကာပူတည်ထောင်သူ လီကွမ်ယုက စင်္ကာပူကို ပန်းဥယျာဉ်မြို့တော်ဟု ညွှန်းဆိုခဲ့မှုနှင့်လည်း ဤမိုးမျှော်တိုက်ကြီးမှာ ကိုက်ညီနေသည်။
(မိုးမျှော်တိုက်ကြီး၏ အောက်ဆုံးထပ်မှ ၅၉ ပေမြင့်မားသော City Room )
(အဆောက်အအုံကြီးတွင် နေထိုင်သူများ အသုံးပြုနိုင်သော ရေကူးကန်)
(စိမ်းလန်းသော သစ်ပင်ပန်းပင်များမှာ အထပ် ၄ ထပ်တွင် ဖြန့်ကျက်တည်ရှိသည်။)
(စိမ်းလန်းသော သစ်ပင်ပန်းပင်များအကြား အပန်းဖြေခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း ၊ အလုပ်လုပ်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဓာတ်ပုံ- VIG)
(အမိုးအပေါ်ထပ်တွင် ဟင်းသီးဟင်းရွက်များနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားသည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Skyscraper Bursting with 80,000 Plants Opens in Singapore (goodnewsnetwork)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ် ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အင်္ဂလန်တွင် နေအိမ်တစ်ခုလုံးကို ပန်းရောင်ဖြင့်သာ မွမ်းမံထားသည့် ထူးခြားသော အိမ်တစ်လုံး ပေါင် ၂၃၀၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်း တစ်နေ့လျှင် ၂ ကြိမ်သာ သွားနိုင်သော ခံတပ်စခန်းပျက်ကြီးကို အမေရိကန် ဝယ်လက်တစ်ဦးက ပေါင် ၁၅၉၀၀၀ (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) ဖြင့် ဝယ်ယူ...
အင်္ဂလန်နိုင်ငံ သိမ်းမြစ်အတွင်း တစ်နေ့လျှင် ၂ ကြိမ်သာ သွားနိုင်သော ခံတပ်စခန်းပျက်ကြီးကို အမေရိကန် ဝယ်လက်တစ်ဦးက ပေါင် ၁၅၉၀၀၀ (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) ဖြင့် ဝယ်ယူ...
XXXX ဘီယာကြော်ငြာဖြင့် လူသိများခဲ့သော သြစတေးလျမှ ရွှေဖရုံကျွန်း အရောင်းဈေးကွက်ဝင်လာ၊ ဝယ်ယူမည့်သူကို ဗီဇာပေးမည့်အပြင် သြစတေးလျတွင် အမြဲအခြေချနေထိုင်ခွင့်လည်း ပေးမည်ဟုဆို...
XXXX ဘီယာကြော်ငြာဖြင့် လူသိများခဲ့သော သြစတေးလျမှ ရွှေဖရုံကျွန်း အရောင်းဈေးကွက်ဝင်လာ၊ ဝယ်ယူမည့်သူကို ဗီဇာပေးမည့်အပြင် သြစတေးလျတွင် အမြဲအခြေချနေထိုင်ခွင့်လည်း ပေးမည်ဟုဆို...
အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်တွင် မီးပြတိုက်တစ်ခု ဒေါ်လာ ၁ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ မက်ဆာချူးဆက်ပြည်နယ်တွင် မီးပြတိုက်တစ်ခု ဒေါ်လာ ၁ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ...
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
ရန်ကုန်မှာ သုံးပတ်အတွင်း အဆောက်အဦး ဆောက်လုပ်ခွင့် (၂၀၇) ခုကို ခွင့်ပြုပေးခဲ့
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အင်္ဂလန်တွင် အချုပ်ခန်းပါသော လူနေခန်း တစ်လလျှင် ပေါင် ၇၅၀ ဖြင့် ငှားမည်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
အိမ်ခြံမြေအဝယ်မမှားရအောင် သိမှတ်စရာ ဥပဒေ အဖြာဖြာ...
မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင
မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့တွင် ဧက ၅၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဩစတေးလျတွင် ကျွန်းတစ်ကျွန်းလုံးကို အိမ်တစ်လုံးဈေးနှုန်းအောက် ခေါ်ဈေးဖြင့် အရောင်းဈေးကွက်တင်လာ
ဩစတေးလျတွင် ကျွန်းတစ်ကျွန်းလုံးကို အိမ်တစ်လုံးဈေးနှုန်းအောက် ခေါ်ဈေးဖြင့် အရောင်းဈေးကွက်တင်လာ
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
နေပြည်တော် အိမ်ခြံမြေဈေး(၅)ဆ ဝန်းကျင် ဈေးတက်
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
အင်္ဂလန်တွင် အိမ်ခြံမြေကံစမ်းမဲမှ ပေါင် ၃ သန်းတန် စံအိမ် မဲပေါက်ခဲ့သော အမျိုးသားက ထိုစံအိမ် ပင်လယ်ထဲ ပြိုကျမည် စိုးရိမ်သ
ကမ္ဘာကျော်များနှင့် ၎င်းတို့၏ သရဲခြောက်သောနေအိမ်များ
ကမ္ဘာကျော်များနှင့် ၎င်းတို့၏ သရဲခြောက်သောနေအိမ်များ
အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
အမေရိကန်ပြည် အိုင်ဒါဟိုပြည်နယ်ရှိ တောအုပ်ကြီးတစ်ခုအတွင်း တည်ရှိသော ရဲတိုက်ကြီးတစ်လုံး ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် ရောင်းမည်
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
ထိုင်းနိုင်ငံမှာ လတ်တလော နာမည်ကြီးနေတဲ့ အနက်ရောင်ရုပ်ထုကြီး ခရူးခိုင်ခရော့
လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည်
လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူနိုင်ရေးဆောင်ရွက်မည်
kalaw-garden
orchid
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service