စက်မှုဇုန် တည်ထောင်ရန် မြေအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်များ

စက်မှုဇုန် တည်ထောင်ရန် မြေအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
6 May 2023 1:57 pm တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

စက်မှုဇုန်ဆိုသည်မှာ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး စက်မှုဇုန်အဖြစ် နယ်နိမိတ် ပိုင်းခြားသတ်မှတ် တည်ထောင်သည့် နေရာ ဖြစ်သည်။ စက်မှုဇုန်အနေဖြင့် ရင်းနှီးတည်ဆောက်လိုသူသည် ပထမဦးဆုံး အနေဖြင့် ရင်းနှီးတည်ဆောက်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန် အဆိုပြုချက်ကို ဒေသဆိုင်ရာကော်မတီမှ တဆင့် ဗဟိုကော်မတီသို့ တင်ပြပြီး အတည်ပြုချက်ကို ရယူရမည်။ ဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပါက ဒေသ ဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းသဘောတူစာချုပ်ကို ချုပ်ဆိုရမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိထားသည့် သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန် လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ ရင်းနှီးမြှုပ်နှံသူအားတစ်ဆင့် မြေအငှားချထားခြင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

ယင်းကဲ့သို့ လုပ်ငန်းများဆောင်ရွက်ရန် မြေအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအနေဖြင့် သတ်မှတ်ထားသည့် မြေငှားရမ်းခကို ပေးသွင်းပြီးပါက လုပ်ငန်းအား နှစ် (၅၀) အထိ ခွင့်ပြုချက်ရရှိနိုင်မည် ဖြစ်ပါသည်။ သက်တမ်းကုန်ဆုံးပြီးနောက် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းအား ဆက်လက် လုပ်ကိုင်လိုပါက မြေငှားရမ်းခကို ထပ်မံ‌ ပေးသွင်းပြီး လုပ်ကိုင်ခွင့်သက်တမ်းကို တစ်ဆက်တည်း ၁၀ နှစ်ဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုး ဆောင်ရွက်နိုင်ပါသည်။

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းဆောင်ရွက်ရန် အသုံးပြုခွင့်ရရှိသည့်မြေ အား သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီသာ အသုံးပြုရမည်ဖြစ်ပြီး မြေကွက်အား ရယူထားပြီး လုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက်များအား စီမံကိန်းသတ်မှတ်ကာလအတွင်း ပြီးစီးအောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက ‌ဒဏ်ကြေးအနေဖြင့် မြေကာလတန်ဖိုး၏ ၁၀ % ကို နှစ်စဉ်ပေးဆောင်ရမည်ဖြစ်ပါသည်။ အဆိုပါ ဒဏ်ကြေးကို ပေးဆောင်နိုင်ခြင်း မရှိပါက ခွင့်ပြုချက်ရရှိထားသည့် ‌မြေအသုံးပြုခွင့်ပါမစ် သို့မဟုတ် ဂရန်အား ပြန်လည် ရုပ်သိမ်းခံရမည်ကို သတိပြုမိရန် လိုအပ်ပါသည်။

ဖော်ပြပါ ပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အခြားသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအား မြေငှား ရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့် အဆောက်အအုံများကို ရောင်းချခြင်း သို့မဟုတ် လဲလှယ်ခြင်း သို့မဟုတ် ငှားရမ်းခြင်း သို့မဟုတ် ပေးကမ်းခြင်းများအား သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှတဆင့် ဒေသဆိုင်ရာ ကော်မတီသို့ တင်ပြ ပြီး ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

အထူးသတိပြုရမည့်အချက်အနေဖြင့် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် အသုံးပြုခွင့် ရရှိသော မြေ၏ မြေပေါ်၊ မြေအောက်ရှိ ရင်းနှီးမြှုပ်နှံခွင့် ရရှိထားသည့် လုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိသော (မူလ စာချုပ်တွင် ပါဝင်ခြင်းမရှိသည့်) သဘာဝ သယံဇာတ တွင်းထွက်ပစ္စည်းများသော်လည်းကောင်း၊ ရှေးဟောင်း ဝတ္တု ပစ္စည်းများ သော်လည်းကောင်း၊ ရတနာသိုက်သော်လည်းကောင်း တွေ့ရှိပါက စီမံခန့်ခွဲရေးကော်မတီမှတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက အဆိုပါ မြေနေရာတွင် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ ခွင့်ပြုချက် မရရှိသည့် အခြေအနေတွင် ဒေသ ဆိုင်ရာ ကော်မတီမှ အစားထိုးမြေနေရာအား စီစဉ်ပေးမည်ဖြစ်ပြီး ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ အနေဖြင့် အဆိုပါအစားထိုးရရှိသည့်မြေနေရာသို့ ပြောင်းရွှေ့ပြီး လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

စက္မႈဇုန္ တည္ေထာင္ရန္ ေျမအသုံးျပဳျခင္းႏွင့္စပ္လ်ဥ္း၍ သိ႐ွိထားသင့္သည့္ အခ်က္မ်ား

 

စက္မႈဇုန္ဆိုသည္မွာ အစိုးရအဖြဲ႕က အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ၿပီး စက္မႈဇုန္အျဖစ္ နယ္နိမိတ္ ပိုင္းျခားသတ္မွတ္ တည္ေထာင္သည့္ ေနရာ ျဖစ္သည္။ စက္မႈဇုန္အေနျဖင့္ ရင္းႏွီးတည္ေဆာက္လိုသူသည္ ပထမဦးဆုံး အေနျဖင့္ ရင္းႏွီးတည္ေဆာက္မႈလုပ္ငန္းကို လုပ္ကိုင္ေဆာင္႐ြက္ရန္ အဆိုျပဳခ်က္ကို ေဒသဆိုင္ရာေကာ္မတီမွ တဆင့္ ဗဟိုေကာ္မတီသို႔ တင္ျပၿပီး အတည္ျပဳခ်က္ကို ရယူရမည္။ ဗဟိုေကာ္မတီမွ ခြင့္ျပဳခ်က္ရ႐ွိပါက ေဒသ ဆိုင္ရာ ေကာ္မတီႏွင့္ လုပ္ငန္းသေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုရမည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ ရ႐ွိထားသည့္ သတ္မွတ္ခ်က္ မ်ားႏွင့္အညီ စက္မႈဇုန္ လုပ္ငန္းအေကာင္အထည္ေဖာ္ျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံသူအားတစ္ဆင့္ ေျမအငွားခ်ထားျခင္း၊ အေျခခံအေဆာက္အအုံ တည္ေဆာက္ျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ပါသည္။

ယင္းကဲ့သို႔ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ ေျမအသုံးျပဳျခင္းႏွင့္စပ္လ်ဥ္း၍ ရင္းႏွီးတည္ေဆာက္သူ သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံသူအေနျဖင့္ သတ္မွတ္ထားသည့္ ေျမငွားရမ္းခကို ေပးသြင္းၿပီးပါက လုပ္ငန္းအား ႏွစ္ (၅၀) အထိ ခြင့္ျပဳခ်က္ရ႐ွိႏိုင္မည္ ျဖစ္ပါသည္။ သက္တမ္းကုန္ဆုံးၿပီးေနာက္ အဆိုပါပုဂၢိဳလ္မ်ားအေနျဖင့္ လုပ္ငန္းအား ဆက္လက္ လုပ္ကိုင္လိုပါက ေျမငွားရမ္းခကို ထပ္မံ‌ ေပးသြင္းၿပီး လုပ္ကိုင္ခြင့္သက္တမ္းကို တစ္ဆက္တည္း ၁၀ ႏွစ္ျဖင့္ ႏွစ္ႀကိမ္အထိ သက္တမ္းတိုး ေဆာင္႐ြက္ႏိုင္ပါသည္။

ရင္းႏွီးတည္ေဆာက္သူ သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံသူသည္ လုပ္ငန္းေဆာင္႐ြက္ရန္ အသုံးျပဳခြင့္ရ႐ွိသည့္ေျမ အား သတ္မွတ္ထားသည့္ စည္းကမ္းမ်ားႏွင့္အညီသာ အသုံးျပဳရမည္ျဖစ္ၿပီး ေျမကြက္အား ရယူထားၿပီး လုပ္ငန္း လုပ္ကိုင္ျခင္းမ႐ွိေသာ ေျမကြက္မ်ားအား စီမံကိန္းသတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ အေကာင္အထည္ေဖာ္ႏိုင္ျခင္း မ႐ွိပါက ‌ဒဏ္ေၾကးအေနျဖင့္ ေျမကာလတန္ဖိုး၏ ၁၀ % ကို ႏွစ္စဥ္ေပးေဆာင္ရမည္ျဖစ္ပါသည္။ အဆိုပါ ဒဏ္ေၾကးကို ေပးေဆာင္ႏိုင္ျခင္း မ႐ွိပါက ခြင့္ျပဳခ်က္ရ႐ွိထားသည့္ ‌ေျမအသုံးျပဳခြင့္ပါမစ္ သို႔မဟုတ္ ဂရန္အား ျပန္လည္ ႐ုပ္သိမ္းခံရမည္ကို သတိျပဳမိရန္ လိုအပ္ပါသည္။

ေဖာ္ျပပါ ပုဂၢိဳလ္မ်ားအေနျဖင့္ လုပ္ငန္းလုပ္ကိုင္ ေဆာင္႐ြက္ရန္ ခြင့္ျပဳထားသည့္ ကာလအတြင္း အျခားေသာ လူပုဂၢိဳလ္ သို႔မဟုတ္ အဖြဲ႕အစည္းမ်ားအား ေျမငွား ရမ္းျခင္း၊ ေျမအသုံးျပဳခြင့္ႏွင့္ အေဆာက္အအုံမ်ားကို ေရာင္းခ်ျခင္း သို႔မဟုတ္ လဲလွယ္ျခင္း သို႔မဟုတ္ ငွားရမ္းျခင္း သို႔မဟုတ္ ေပးကမ္းျခင္းမ်ားအား သက္ဆိုင္ရာ စီမံခန္႔ခြဲေရးေကာ္မတီမွတဆင့္ ေဒသဆိုင္ရာ ေကာ္မတီသို႔ တင္ျပ ၿပီး ေဆာင္႐ြက္ႏိုင္မည္ ျဖစ္ပါသည္။

အထူးသတိျပဳရမည့္အခ်က္အေနျဖင့္ ရင္းႏွီးတည္ေဆာက္သူ သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံသူသည္ အသုံးျပဳခြင့္ ရ႐ွိေသာ ေျမ၏ ေျမေပၚ၊ ေျမေအာက္႐ွိ ရင္းႏွီးျမႇဳပ္ႏွံခြင့္ ရ႐ွိထားသည့္ လုပ္ငန္းႏွင့္သက္ဆိုင္ျခင္းမ႐ွိေသာ (မူလ စာခ်ဳပ္တြင္ ပါဝင္ျခင္းမ႐ွိသည့္) သဘာဝ သယံဇာတ တြင္းထြက္ပစၥည္းမ်ားေသာ္လည္းေကာင္း၊ ေ႐ွးေဟာင္း ဝတၱဳ ပစၥည္းမ်ား ေသာ္လည္းေကာင္း၊ ရတနာသိုက္ေသာ္လည္းေကာင္း ေတြ႕႐ွိပါက စီမံခန္႔ခြဲေရးေကာ္မတီမွတဆင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အစိုးရအဖြဲ႕သို႔ တင္ျပရမည္ျဖစ္ၿပီး ခြင့္ျပဳခ်က္ ရ႐ွိပါက အဆိုပါ ေျမေနရာတြင္ လုပ္ငန္းကို ဆက္လက္လုပ္ကိုင္ႏိုင္မည္ ျဖစ္ပါသည္။ ခြင့္ျပဳခ်က္ မရ႐ွိသည့္ အေျခအေနတြင္ ေဒသ ဆိုင္ရာ ေကာ္မတီမွ အစားထိုးေျမေနရာအား စီစဥ္ေပးမည္ျဖစ္ၿပီး ရင္းႏွီးတည္ေဆာက္သူ သို႔မဟုတ္ ရင္းႏွီးျမႇဳပ္ႏွံသူ အေနျဖင့္ အဆိုပါအစားထိုးရ႐ွိသည့္ေျမေနရာသို႔ ေျပာင္းေ႐ႊ႕ၿပီး လုပ္ငန္းေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

  iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service