အဘူဒါဘီ စော်ဘွားမိသားစုက ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ ရွက်လှေကြီး Lana ကိုဝယ် ၊ မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် ပါတီပွဲကျင်းပခဲ့ဖူးသည့်အပြင် ဘီယွန်းစေးနှင့် ဂျေးဇက်တို့လည်း ငှားရမ်းကာ အပန်းဖြေခဲ့ဖူးသော ရွက်လှေကြီးဖြစ်

အဘူဒါဘီ စော်ဘွားမိသားစုက ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ ရွက်လှေကြီး Lana ကိုဝယ် ၊ မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် ပါတီပွဲကျင်းပခဲ့ဖူးသည့်အပြင် ဘီယွန်းစေးနှင့် ဂျေးဇက်တို့လည်း ငှားရမ်းကာ အပန်းဖြေခဲ့ဖူးသော ရွက်လှေကြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
21 Apr 2023 11:11 am တွင် တင်ခဲ့သည်
1398 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီတလီမှ Benettic သင်္ဘောကုမ္ပဏီမှ ဆောက်လုပ်ခဲ့သော ရင်သပ်ရှုမောဖွယ် စူပါရွက်လှေကြီး Lana ကို Mar ဟု အမည်ပြောင်း ကင်ပွန်းတပ်ခဲ့မှုနှင့်အတူ ပိုင်ရှင်သစ်လက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

နာမည်ကျော် YouTube ချန်နယ် Esysman Superyacht ၏ အတည်ပြုချက်အရ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ပိုင်ရှင်သစ် မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။

အလျား ၃၅၁ မီတာရှိသော ရွက်လှေကြီးကို ဦးစွာ ပိုင်ဆိုင်ခဲ့သူမှာ ရုရှားနိုင်ငံဖွား သန်းကြွယ်သူဌေး Alexander Vershavsky ဖြစ်သည်။

ယခုပိုင်ရှင်သစ်မှာ အဘူဒါစော်ဘွား၏ တော်ဝင်မိသားစုဝင်ဖြစ်သူ Suroor Mohamed Khalifa al Nahyan ဖြစ်သည်။

(Lana - သို့မဟုတ်- Mar ရွက်လှေကြီးကို အပေါ်စီးမှ မြင်ရပုံ။ ဓာတ်ပုံ- Charter world)

Lana ရွက်လှေကြီးကို အီတလီနိုင်ငံအလယ်ပိုင်း Tuscany ပြည်နယ်ရှိ သင်္ဘောကျင်းတွင် အခြားစူပါရွက်လှေကြီး ၃ စင်းနှင့်အတူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ရွက်လှေကြီး၏ အတွင်းအပြင် ခမ်းနားတောက်ပသော ၁ လက်မတိုင်းကို သင်္ဘောကျင်း၏ ကိုယ်ပိုင်ဒီဇိုင်းအဖွဲ့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဒီဇိုင်းအမြင်ဖြင့် ကြည့်လျှင် အမိုးအမြင့် ၂ ဒသမ ၇ မီတာရှိရာ ဘုရားကျောင်းတစ်ခုနှင့် တူကာ လေဝင်လေထွက်အလွန်ကောင်းကာ ပေါ့ပါးသော ရွက်လှေဖြစ်ကြောင်း ရွက်လှေဆောက်လုပ်မှုကို ကွပ်ကဲခဲ့သည့် Imperial မှ ဒါရိုက်တာ Julia Stewart က ပြောသည်။

(ရွက်လှေကြီး၏ ပင်မအထပ်။ ဓာတ်ပုံ- Charterworld)

အတွင်းပိုင်းကို သဘာဝပစ္စည်းများဖြစ်သော သားရေ ၊ ayous သစ် ၊ စကျင်ကျောက်တို့ကို အီတလီ လက်မှုပညာရှင်များက ပုံဖော်အလှဆင်ပေးထားသည်။

(ပင်မအထပ်မှ ခန်းမကျယ်။ ဓာတ်ပုံ- Charterworld)

ပင်မ saloon ခန်းမတွင် ခမ်းနားထည်ဝါသော နားနေနေရာများ ၊ ကြီးမားလှသော စကျင်ကျောက်နှင့် စတီးကော်ဖီ စားပွဲများကို Izzo က ဒီဇိုင်းဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ကျယ်ဝန်းသော ညစာစားခန်းတွင် လျှောထိုး မှန်တံခါးများ တပ်ဆင်ထားသည်။

Master bedroom တွင် နားနေနေရာတစ်ခုပါပြီး လှပသော မီးအိမ်များကို ကျားမျက်လုံးကျောက်တို့ဖြင့် အလှဆင်ထားသည်။

(Master bedroom ။ ဓာတ်ပုံ- Charterworld)

Lana ရွက်လှေကြီးတွင် အကျယ်အဝန်း ၃၂ မှ ၃၃ မီတာကြားရှိသော VIP အခန်း ၇ ခန်းပါဝင်ကာ ဧည့်သည် ၁၄ ဦး လိုက်ပါနိုင်သည်။

(လေသာဆောင် အထပ်။ ဓာတ်ပုံ- Charterworld)

ဒေါ်လာ သန်း ၂၀၀ တန်ရွက်လှေကြီးတွင် Spa တစ်ခုအပြင် အားကစားလိုက်စားသူများအတွက်လည်း ပစ္စည်းကရိယာ အစုံအလင် ထည့်သွင်းထားသော အားကစားလေ့ကျင့်ခန်းမတစ်ခု ပါသည်။

(ရွက်လှေပေါ်မှ ရုပ်ရှင်ရုံ ။ ဓာတ်ပုံ- Charterworld)

ရွက်လှေကြီးပေါ်မှ ရုပ်ရှင်ရုံတွင် Sonus Faber Olympica sound system တပ်ဆင်ထားရာ စိတ်ကျေနပ်ဖွယ် ရုပ်ရှင်ကြည့် အတွေ့အကြုံများ ခံစားနိုင်မည်ဖြစ်သည်။

(Outdoor ရေကူးကန်။ ဓာတ်ပုံ- Charterworld)

မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်သည် Lana ရွက်လှေကြီးကို တစ်ရက်လျှင် ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ငှားရမ်းကာ Jeff Bezos အပါအဝင် မိတ်ဆွေ ၅၀ ဦးနှင့်အတူ သူ၏ အသက် ၆၆ နှစ်ပြည့်မွေးနေ့ပွဲကို တူရကီနိုင်ငံတွင် ကျင်းပခဲ့ဖူးသည်။

(မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်သည် Jeff Bezos အပါအဝင် မိတ်ဆွေ ၅၀ ဦးနှင့်အတူ သူ၏ အသက် ၆၆ နှစ်ပြည့်မွေးနေ့ပွဲကို ဤရွက်လှေကြီးပေါ်တွင် ကျင်းပခဲ့ဖူးသည်။ ဓာတ်ပုံ- Charterworld)

(ဘီယွန်းစေးနှင့် ဂျေးဇက်တို့လည်း ငှားရမ်းကာ အပန်းဖြေဖူးသည်။ ဓာတ်ပုံ-Instagram/@beyonce)

(Lana ရွက်လှေကြီး၏ ပိုင်ရှင်သစ်။ ဓာတ်ပုံ- Instagram/@suroormohd)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A member of the Abu Dhabi royal family has bought the $200 million megayacht Lana – So luxurious is the vessel that Bill Gates once threw a party on it while Beyonce & Jay Z rented it for a vacation. At 317 feet the floating palace is longer than a football pitch (luxurylaunches)

[Zawgyi]

အဘူဒါဘီ ေစာ္ဘြားမိသားစုက ေဒၚလာ သန္း ၂၀၀ တန္ေၾကးရွိ ရြက္ေလွၾကီး Lana ကိုဝယ္ ၊ မိုကၠရိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္ ပါတီပြဲက်င္းပခဲ့ဖူးသည့္အျပင္ ဘီယြန္းေစးႏွင့္ ေဂ်းဇက္တို႔လည္း ငွားရမ္းကာ အပန္းေျဖခဲ့ဖူးေသာ ရြက္ေလွၾကီးျဖစ္

အီတလီမွ Benettic သေဘၤာကုမၸဏီမွ ေဆာက္လုပ္ခဲ့ေသာ ရင္သပ္ရႈေမာဖြယ္ စူပါရြက္ေလွၾကီး Lana ကို Mar ဟု အမည္ေျပာင္း ကင္ပြန္းတပ္ခဲ့မႈႏွင့္အတူ ပုိင္ရွင္သစ္လက္သို႔ ေရာက္ရွိခဲ့ျပီ ျဖစ္သည္။

နာမည္ေက်ာ္ YouTube ခ်န္နယ္ Esysman Superyacht ၏ အတည္ျပဳခ်က္အရ ၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ပိုင္ရွင္သစ္ မွတ္ပံုတင္ခဲ့ေၾကာင္း သိရသည္။

အလ်ား ၃၅၁ မီတာရွိေသာ ရြက္ေလွၾကီးကုိ ဦးစြာ ပိုင္ဆိုင္ခဲ့သူမွာ ရုရွားႏိုင္ငံဖြား သန္းၾကြယ္သူေဌး Alexander Vershavsky ျဖစ္သည္။

ယခုပုိင္ရွင္သစ္မွာ အဘူဒါေစာ္ဘြား၏ ေတာ္ဝင္မိသားစုဝင္ျဖစ္သူ Suroor Mohamed Khalifa al Nahyan ျဖစ္သည္။

(Lana - သုိ႔မဟုတ္- Mar ရြက္ေလွၾကီးကုိ အေပၚစီးမွ ျမင္ရပံု။ ဓာတ္ပံု- Charter world)

Lana ရြက္ေလွၾကီးကို အီတလီႏိုင္ငံအလယ္ပုိင္း Tuscany ျပည္နယ္ရွိ သေဘၤာက်င္းတြင္ အျခားစူပါရြက္ေလွၾကီး ၃ စင္းႏွင့္အတူ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။

ရြက္ေလွၾကီး၏ အတြင္းအျပင္ ခမ္းနားေတာက္ပေသာ ၁ လက္မတိုင္းကို သေဘၤာက်င္း၏ ကုိယ္ပုိင္ဒီဇိုင္းအဖြဲ႔ျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

ဒီဇိုင္းအျမင္ျဖင့္ ၾကည့္လွ်င္ အမိုးအျမင့္ ၂ ဒသမ ၇ မီတာရွိရာ ဘုရားေက်ာင္းတစ္ခုႏွင့္ တူကာ ေလဝင္ေလထြက္အလြန္ေကာင္းကာ ေပါ့ပါးေသာ ရြက္ေလွျဖစ္ေၾကာင္း ရြက္ေလွေဆာက္လုပ္မႈကို ကြပ္ကဲခဲ့သည့္ Imperial မွ ဒါရိုက္တာ Julia Stewart က ေျပာသည္။

(ရြက္ေလွၾကီး၏ ပင္မအထပ္။ ဓာတ္ပံု- Charterworld)

အတြင္းပိုင္းကို သဘာဝပစၥည္းမ်ားျဖစ္ေသာ သားေရ ၊ ayous သစ္ ၊ စက်င္ေက်ာက္တုိ႔ကို အီတလီ လက္မႈပညာရွင္မ်ားက ပံုေဖာ္အလွဆင္ေပးထားသည္။

(ပင္မအထပ္မွ ခန္းမက်ယ္။ ဓာတ္ပံု- Charterworld)

ပင္မ saloon ခန္းမတြင္ ခမ္းနားထည္ဝါေသာ နားေနေနရာမ်ား ၊ ၾကီးမားလွေသာ စက်င္ေက်ာက္ႏွင့္ စတီးေကာ္ဖီ စားပြဲမ်ားကို Izzo က ဒီဇိုင္းဆြဲေပးခဲ့ျခင္း ျဖစ္သည္။

က်ယ္ဝန္းေသာ ညစာစားခန္းတြင္ ေလွ်ာထုိး မွန္တံခါးမ်ား တပ္ဆင္ထားသည္။

Master bedroom တြင္ နားေနေနရာတစ္ခုပါျပီး လွပေသာ မီးအိမ္မ်ားကို က်ားမ်က္လံုးေက်ာက္တုိ႔ျဖင့္ အလွဆင္ထားသည္။

(Master bedroom ။ ဓာတ္ပံု- Charterworld)

Lana ရြက္ေလွၾကီးတြင္ အက်ယ္အဝန္း ၃၂ မွ ၃၃ မီတာၾကားရွိေသာ VIP အခန္း ၇ ခန္းပါဝင္ကာ ဧည့္သည္ ၁၄ ဦး လုိက္ပါႏိုင္သည္။

(ေလသာေဆာင္ အထပ္။ ဓာတ္ပံု- Charterworld)

ေဒၚလာ သန္း ၂၀၀ တန္ရြက္ေလွၾကီးတြင္ Spa တစ္ခုအျပင္ အားကစားလုိက္စားသူမ်ားအတြက္လည္း ပစၥည္းကရိယာ အစံုအလင္ ထည့္သြင္းထားေသာ အားကစားေလ့က်င့္ခန္းမတစ္ခု ပါသည္။

(ရြက္ေလွေပၚမွ ရုပ္ရွင္ရံု ။ ဓာတ္ပုံ- Charterworld)

ရြက္ေလွၾကီးေပၚမွ ရုပ္ရွင္ရံုတြင္ Sonus Faber Olympica sound system တပ္ဆင္ထားရာ စိတ္ေက်နပ္ဖြယ္ ရုပ္ရွင္ၾကည့္ အေတြ႔အၾကံဳမ်ား ခံစားႏိုင္မည္ျဖစ္သည္။

(Outdoor ေရကူးကန္။ ဓာတ္ပံု- Charterworld)

မိုကၠရိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္သည္ Lana ရြက္ေလွၾကီးကို တစ္ရက္လွ်င္ ေဒၚလာ ၃၀၀၀၀၀ ျဖင့္ ငွားရမ္းကာ Jeff Bezos အပါအဝင္ မိတ္ေဆြ ၅၀ ဦးႏွင့္အတူ သူ၏ အသက္ ၆၆ ႏွစ္ျပည့္ေမြးေန႔ပြဲကို တူရကီႏုိင္ငံတြင္ က်င္းပခဲ့ဖူးသည္။

(မိုကၠရိုေဆာ့ဖ္ တည္ေထာင္သူ ဘီလ္ဂိတ္သည္ Jeff Bezos အပါအဝင္ မိတ္ေဆြ ၅၀ ဦးႏွင့္အတူ သူ၏ အသက္ ၆၆ ႏွစ္ျပည့္ေမြးေန႔ပြဲကို ဤရြက္ေလွၾကီးေပၚတြင္ က်င္းပခဲ့ဖူးသည္။ ဓာတ္ပံု- Charterworld)

(ဘီယြန္းေစးႏွင့္ ေဂ်းဇက္တုိ႔လည္း ငွားရမ္းကာ အပန္းေျဖဖူးသည္။ ဓာတ္ပံု-Instagram/@beyonce)

(Lana ရြက္ေလွၾကီး၏ ပိုင္ရွင္သစ္။ ဓာတ္ပံု- Instagram/@suroormohd)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A member of the Abu Dhabi royal family has bought the $200 million megayacht Lana – So luxurious is the vessel that Bill Gates once threw a party on it while Beyonce & Jay Z rented it for a vacation. At 317 feet the floating palace is longer than a football pitch (luxurylaunches)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service