သီပေါမင်းရဲ့ အသက်ကြီးပိုင်း ဓာတ်ပုံမြင်ဖူးကြလား (သို့) ဗြိတိသျှ လက်အောက် မြန်မာပြည်ကျရောက်အပြီး ၁ နှစ်အကြာမှစတင်ကာ အီတလီ ဓာတ်ပုံဆရာ ရိုက်ကူးခဲ့သော နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိ အလွန်တရာ ရှားပါးလှသော ဓာတ်ပုံများ ဂျာမနီတွင် လေလံတင်ရောင်းချခဲ့

သီပေါမင်းရဲ့ အသက်ကြီးပိုင်း ဓာတ်ပုံမြင်ဖူးကြလား (သို့) ဗြိတိသျှ လက်အောက် မြန်မာပြည်ကျရောက်အပြီး ၁ နှစ်အကြာမှစတင်ကာ အီတလီ ဓာတ်ပုံဆရာ ရိုက်ကူးခဲ့သော နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိ အလွန်တရာ ရှားပါးလှသော ဓာတ်ပုံများ ဂျာမနီတွင် လေလံတင်ရောင်းချခဲ့ - Property News in Myanmar from iMyanmarHouse.com
13 Apr 2023 2:27 pm တွင် တင်ခဲ့သည်
9761 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အောက်တွင် ဖော်ပြမည့် အလွန်ရှားပါးသော ဓာတ်ပုံများမှတဆင့် ဗြိတိသျှကိုလိုနီခေတ် ၁၉ ရာစုအတွင်း မြန်မာပြည်သူတို့၏ လူနေမှုဘဝကို စိတ်ဝင်စားဖွယ် အကဲခတ်ခွင့်ရမည် ဖြစ်သည်။

ယခုဓာတ်ပုံများသည် နှစ်ပေါင်း ၁၂၀ မှ ၁၃၀ ကြား သက်တမ်းရှိပြီဖြစ်ကာ ဗုဒ္ဓဘာသာသံဃာတော်များ၊ တိုင်းရင်းသားမျိုးနွှယ်စုများ၏ ဓာတ်ပုံများအပြင် မြန်မာပြည်၏ နောက်ဆုံးဘုရင် ဓာတ်ပုံလည်း ပါဝင်သည်။

ယခုဓာတ်ပုံများကို ၁၈၈၇ ခုနှစ်မှ ၁၈၉၅ ခုနှစ်အကြား မြန်မာနိုင်ငံတစ်ဝန်း ခရီးသွားခဲ့ကြသော ဓာတ်ပုံဆရာ အများအပြားက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

 

(ဘုရားတစ်ခုရှေ့တွင် သံဃာတော်များ ဓာတ်ပုံအရိုက်ခံနေကြပုံမှာ ၁၉ ရာစုနှစ် ဗြိတိသျှခေတ် မြန်မာပြည်၏ ရှားပါးဓာတ်ပုံတစ်ပုံဖြစ်သည်)

 

 

(တိုင်းရင်းသားမျိုးနွှယ်စုတစ်ဦး၏ ဤဓာတ်ပုံမှာ ၁၈၈၇ ခုနှစ်မှ ၁၈၉၅ ခုနှစ်အကြား မြန်မာနိုင်ငံတစ်ဝန်း ခရီးသွားခဲ့ကြသော ဓာတ်ပုံဆရာများက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။)

 

ယခုဓာတ်ပုံအများစုကို အီတလီဖွား၊ ဗြိတိန်နိုင်ငံသား ဓာတ်ပုံဆရာ Felice Beato က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Beato သည် အရှေ့အာရှတွင် ဓာတ်ပုံပထမဆုံးရိုက်ကူးခဲ့သူများတွင် ပါဝင်ပြီး ပထမဆုံး စစ်ပွဲဓာတ်ပုံဆရာ လည်း ဖြစ်သည်။

ယခုဓာတ်ပုံ အယ်လ်ဘမ်ကို ၂၀၁၆ ခုနှစ်အတွင်းက ပေါင် ၄၀၀၀ ခန့်ဖြင့် လေလံတင်ရောင်းချခဲ့ဖူးသည်။

၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားအပြီး ဗြိတိသျှစစ်တပ်က သီပေါဘုရင်ကို နန်းချလိုက်ပြီးနောက်ပိုင်း ယခုဓာတ်ပုံအယ်လ်ဘမ်ကို ဗြိတိသျှစစ်ဘက်အရာရှိတစ်ဦးက စုဆောင်းခဲ့ဟန် ရသည်။

အင်္ဂလိပ်တို့က အထက်မြန်မာပြည်ကို စစ်သည် ၁၁၀၀၀ ၊ လှေများ၊ ဆင်တပ်ဖွဲ့များဖြင့် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ယခု ဓာတ်ပုံများအနက် ဓာတ်ပုံ ၂ ခုမှာ သီပေါမင်းနှင့် သူ၏ ကြင်ယာတော် စုဖုရားလတ်တို့၏ ပုံများ ဖြစ်သည်။

အင်္ဂလိပ်တို့က သီပေါမင်း၊ စုဖုရားလတ်နှင့် သမီးတော် ၂ ပါးကို အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ပြည်နှင်ဒဏ်ပေး ခဲ့သည်။

ယခုဓာတ်ပုံအယ်လ်ဘမ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ယိမ်းသမများ၊ စေတီပုထိုးများ၊ ဆင်များနှင့် သံဃာတော်များ၏ ဓာတ်ပုံများအပြင် Beato က ဓာတ်ပုံစတူဒီယိုအတွင်း ရိုက်ကူးခဲ့သည့် Portrait ဓာတ်ပုံများနှင့် ရှုမျှော်ခင်းဓာတ်ပုံများ ပါဝင်သည်။

 

 

(မြန်မာပြည်၏ နောက်ဆုံးဘုရင် သီပေါမင်း။ အင်္ဂလိပ်တို့က ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလတွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြင့် မြန်မာပြည်အထက်ပိုင်းကို ကျူးကျော်သိမ်းပိုက်ခဲ့ကာ သီပေါမင်းကို နန်းချခဲ့သည်)

 

 

(သီပေါမင်း၏ ကြင်ယာတော် စုဖုရားလတ်။ သီပေါမင်း၊ စုဖုရားလတ်နှင့် သမီးတော် ၂ ပါးကို အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ပို့ဆောင်ခဲ့သည်)

 

မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား မျိုးနွှယ်စုတို့၏ ဓာတ်ပုံများစွာလည်း ပါဝင်သည်။ ဓာတ်ပုံတစ်ပုံတွင် ဖမ်းဆီးရမိသော ဓားပြများကို တွေ့ရသည်။

ဓာတ်ပုံဆရာ Beato သည် အသက် ၇၇ နှစ်အရွယ် ၁၉၀၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Beato သည် မြန်မာပြည်တစ်ဝန်း အနှံ့အပြား ခြေဆန့်ခဲ့ပြီး နောက်ဆုံးတွင် မြန်မာပြည်တွင်းတွင်ပင် ပရိဘောဂနှင့် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ခု ဖွင့်လှစ်ခဲ့သည်။

ဓာတ်ပုံအယ်လ်ဘမ်တွင် ဓာတ်ပုံ ၅၇ ပုံပါဝင်ပြီး ၄၂ ပုံမှာ Beato ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ယခုဓာတ်ပုံအယ်လ်ဘမ်တွင် အင်္ဂလိပ် ဓာတ်ပုံဆရာ Colin Murray ရိုက်ကူးခဲ့သော ဓာတ်ပုံများလည်း ပါဝင်သည်။

Colin Murray သည် ဗြိတိန်၏ သက်တမ်းအရင့်ဆုံး ဓာတ်ပုံစတူဒီယိုများတွင် တစ်ခုအပါအဝင်ဖြစ်သော Bourne & Shepherd ကို ပိုင်ဆိုင်သူဖြစ်ပြီး ၁၈၆၈ ခုနှစ်တွင် ထိုဓာတ်ပုံစတူဒီယိုကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ Bourne & Shepherd ဓာတ်ပုံ စတူဒီယိုသည် ယနေ့တိုင် လည်ပတ်လုပ်ကိုင်နေဆဲ ဖြစ်သည်။

ဓာတ်ပုံအချို့မှာမူ အမည်မသိဓာတ်ပုံဆရာများက ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

သက်တမ်းကြာမြင့်နေပြီဖြစ်သော်လည်း ဓာတ်ပုံအများစုမှာ အလွန်ကြည်လင်ပြတ်သားကာ အလွန်ကောင်းမွန်သည့်အနေအထား ရှိနေဆဲ ဖြစ်သည်။

 

(ရန်ကုန်မြို့ရှိ စေတီတစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်တစ်ခုကို ဗြိတိသျှခေတ်က ရိုက်ကူးခဲ့သော ဓာတ်ပုံ)

 

(ဓာတ်ပုံအများစုကို ဓာတ်ပုံဆရာ Felice Beato က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်)

 

(မန္တလေးမြို့မြင်ကွင်း။ မန္တလေးသည် တချိန်က မြန်မာပြည်၏ မင်းနေပြည်ဖြစ်ခဲ့သည်။)

Galerie Bassenge လေလံကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရအမျိုးသမီးက ပြောသည်မှာ “ဒါက မြန်မာပြည်ရဲ့ အမှတ်တရ ဓာတ်ပုံအယ်လ်ဘမ်ပါပဲ။ ၁၈၈၇ ခုနှစ်ကနေ ၁၈၉၅ ခုနှစ်ကြား ရိုက်ကူးထားတဲ့ပုံတွေပါ။ သိပ်ကို ရှားပါးပါတယ်။ ဓာတ်ပုံအများစုကို Felice Beato က ရိုက်ကူးထားပါတယ်။ Bourne & Shepherd ဓာတ်ပုံတိုက်က Colin Murray ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပြီး တချို့ဓာတ်ပုံတွေကတော့ ရိုက်ကူးသူ မသိရပါဘူး”ဟု ပြောသည်။

“တချို့ဓာတ်ပုံတွေရဲ့ အောက်ဘက်မှာ Bourne & Shepherd ဆိုတာမျိုး ဓာတ်ပုံတိုက်၊ ဓာတ်ပုံဆရာရဲ့ နာမည်ပါပါတယ်”

“အယ်လ်ဘမ်စာအုပ်အနှောင့်တွေ အက်နေပြီး အစွန်းတွေက ပွတ်တိုက်မှုကြောင့် ပွန်းနေပြီး အယ်လ်ဘမ် ရှေ့ဖုံးကလည်း ရွဲနေပါပြီ။ သီပေါမင်းနဲ့ စုဖုရားလတ်ရဲ့ ဓာတ်ပုံ ၂ ပုံကို ရိုက်ကူးတဲ့ ဓာတ်ပုံဆရာကတော့ ဘယ်သူမှန်းမသိပါဘူး”

အဆိုပါ ဓာတ်ပုံအယ်လ်ဘမ်ကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်ကာ ဈေးနှုန်းမည်မျှဖြင့် လေလံအောင်ခဲ့သည်ကိုမူ မသိရချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Burma under the British: Rare 19th Century photographs capture the lives of Buddhist monks, tribespeople and the country's last king during UK rule (dailymail)

 

 

[Zawgyi]

သီေပါမင္းရဲ႕ အသက္ၾကီးပိုင္း ဓာတ္ပံုျမင္ဖူးၾကလား (သို႔) ျဗိတိသွ် လက္ေအာက္ ျမန္မာျပည္က်ေရာက္အျပီး ၁ ႏွစ္အၾကာမွစတင္ကာ အီတလီ ဓာတ္ပံုဆရာ ရိုက္ကူးခဲ့ေသာ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ သက္တမ္းရွိ အလြန္တရာ ရွားပါးလွေသာ ဓာတ္ပံုမ်ား ဂ်ာမနီတြင္ ေလလံတင္ေရာင္းခ်ခဲ့

 

ေအာက္တြင္ ေဖာ္ျပမည့္ အလြန္ရွားပါးေသာ ဓာတ္ပံုမ်ားမွတဆင့္ ျဗိတိသွ်ကိုလိုနီေခတ္ ၁၉ ရာစုအတြင္း ျမန္မာျပည္သူတို႔၏ လူေနမႈဘဝကို စိတ္ဝင္စားဖြယ္ အကဲခတ္ခြင့္ရမည္ ျဖစ္သည္။

ယခုဓာတ္ပံုမ်ားသည္ ႏွစ္ေပါင္း ၁၂၀ မွ ၁၃၀ ၾကား သက္တမ္းရွိျပီျဖစ္ကာ ဗုဒၶဘာသာသံဃာေတာ္မ်ား၊ တိုင္းရင္းသားမ်ဳိးႏႊယ္စုမ်ား၏ ဓာတ္ပံုမ်ားအျပင္ ျမန္မာျပည္၏ ေနာက္ဆံုးဘုရင္ ဓာတ္ပံုလည္း ပါဝင္သည္။

ယခုဓာတ္ပံုမ်ားကို ၁၈၈၇ ခုႏွစ္မွ ၁၈၉၅ ခုႏွစ္အၾကား ျမန္မာႏိုင္ငံတစ္ဝန္း ခရီးသြားခဲ့ၾကေသာ ဓာတ္ပံုဆရာ အမ်ားအျပားက ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

 

(ဘုရားတစ္ခုေရွ႕တြင္ သံဃာေတာ္မ်ား ဓာတ္ပံုအရိုက္ခံေနၾကပံုမွာ ၁၉ ရာစုႏွစ္ ျဗိတိသွ်ေခတ္ ျမန္မာျပည္၏ ရွားပါးဓာတ္ပံုတစ္ပံုျဖစ္သည္)

(တိုင္းရင္းသားမ်ဳိးႏႊယ္စုတစ္ဦး၏ ဤဓာတ္ပံုမွာ ၁၈၈၇ ခုႏွစ္မွ ၁၈၉၅ ခုႏွစ္အၾကား ျမန္မာႏိုင္ငံတစ္ဝန္း ခရီးသြားခဲ့ၾကေသာ ဓာတ္ပံုဆရာမ်ားက ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။)

ယခုဓာတ္ပံုအမ်ားစုကို အီတလီဖြား၊ ျဗိတိန္ႏိုင္ငံသား ဓာတ္ပံုဆရာ Felice Beato က ရိုက္ကူးခဲ့ျခင္းျဖစ္သည္။ Beato သည္ အေရွ႕အာရွတြင္ ဓာတ္ပံုပထမဆံုးရိုက္ကူးခဲ့သူမ်ားတြင္ ပါဝင္ျပီး ပထမဆံုး စစ္ပြဲဓာတ္ပံုဆရာ လည္း ျဖစ္သည္။

ယခုဓာတ္ပံု အယ္လ္ဘမ္ကို ၂၀၁၆ ခုႏွစ္အတြင္းက ေပါင္ ၄၀၀၀ ခန္႔ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ဖူးသည္။

၁၈၈၅ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ အဂၤလိပ္-ျမန္မာ တတိယစစ္ပြဲျဖစ္ပြားအျပီး ျဗိတိသွ်စစ္တပ္က သီေပါဘုရင္ကို နန္းခ်လိုက္ျပီးေနာက္ပိုင္း ယခုဓာတ္ပံုအယ္လ္ဘမ္ကို ျဗိတိသွ်စစ္ဘက္အရာရွိတစ္ဦးက စုေဆာင္းခဲ့ဟန္ ရသည္။

အဂၤလိပ္တို႔က အထက္ျမန္မာျပည္ကို စစ္သည္ ၁၁၀၀၀ ၊ ေလွမ်ား၊ ဆင္တပ္ဖြဲ႔မ်ားျဖင့္ ခ်ီတက္ခဲ့ၾကျခင္း ျဖစ္သည္။

ယခု ဓာတ္ပံုမ်ားအနက္ ဓာတ္ပံု ၂ ခုမွာ သီေပါမင္းႏွင့္ သူ၏ ၾကင္ယာေတာ္ စုဖုရားလတ္တို႔၏ ပံုမ်ား ျဖစ္သည္။

အဂၤလိပ္တို႔က သီေပါမင္း၊ စုဖုရားလတ္ႏွင့္ သမီးေတာ္ ၂ ပါးကို အိႏိၵယႏိုင္ငံ၊ ရတနာဂီရိသို႔ ျပည္ႏွင္ဒဏ္ေပး ခဲ့သည္။

ယခုဓာတ္ပံုအယ္လ္ဘမ္တြင္ ဘုန္းေတာ္ၾကီးေက်ာင္းမ်ား၊ ယိမ္းသမမ်ား၊ ေစတီပုထုိးမ်ား၊ ဆင္မ်ားႏွင့္ သံဃာေတာ္မ်ား၏ ဓာတ္ပံုမ်ားအျပင္ Beato က ဓာတ္ပံုစတူဒီယိုအတြင္း ရိုက္ကူးခဲ့သည့္ Portrait ဓာတ္ပံုမ်ားႏွင့္ ရႈေမွ်ာ္ခင္းဓာတ္ပံုမ်ား ပါဝင္သည္။

 

(ျမန္မာျပည္၏ ေနာက္ဆံုးဘုရင္ သီေပါမင္း။ အဂၤလိပ္တို႔က ၁၈၈၅ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ တတိယ အဂၤလိပ္-ျမန္မာစစ္ပြဲျဖင့္ ျမန္မာျပည္အထက္ပိုင္းကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့ကာ သီေပါမင္းကို နန္းခ်ခဲ့သည္)

(သီေပါမင္း၏ ၾကင္ယာေတာ္ စုဖုရားလတ္။ သီေပါမင္း၊ စုဖုရားလတ္ႏွင့္ သမီးေတာ္ ၂ ပါးကို အိႏိၵယႏိုင္ငံ၊ ရတနာဂီရိသို႔ ပို႔ေဆာင္ခဲ့သည္)

 

ျမန္မာႏိုင္ငံအတြင္းမွ တိုင္းရင္းသား မ်ဳိးႏႊယ္စုတို႔၏ ဓာတ္ပံုမ်ားစြာလည္း ပါဝင္သည္။ ဓာတ္ပံုတစ္ပံုတြင္ ဖမ္းဆီးရမိေသာ ဓားျပမ်ားကို ေတြ႔ရသည္။

ဓာတ္ပံုဆရာ Beato သည္ အသက္ ၇၇ ႏွစ္အရြယ္ ၁၉၀၉ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

Beato သည္ ျမန္မာျပည္တစ္ဝန္း အႏွံ႔အျပား ေျခဆန္႔ခဲ့ျပီး ေနာက္ဆံုးတြင္ ျမန္မာျပည္တြင္းတြင္ပင္ ပရိေဘာဂႏွင့္ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္တစ္ခု ဖြင့္လွစ္ခဲ့သည္။

ဓာတ္ပံုအယ္လ္ဘမ္တြင္ ဓာတ္ပံု ၅၇ ပံုပါဝင္ျပီး ၄၂ ပံုမွာ Beato ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

ယခုဓာတ္ပံုအယ္လ္ဘမ္တြင္ အဂၤလိပ္ ဓာတ္ပံုဆရာ Colin Murray ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ားလည္း ပါဝင္သည္။

Colin Murray သည္ ျဗိတိန္၏ သက္တမ္းအရင့္ဆံုး ဓာတ္ပံုစတူဒီယိုမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ Bourne & Shepherd ကို ပိုင္ဆိုင္သူျဖစ္ျပီး ၁၈၆၈ ခုႏွစ္တြင္ ထိုဓာတ္ပံုစတူဒီယိုကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။ Bourne & Shepherd ဓာတ္ပံု စတူဒီယိုသည္ ယေန႔တိုင္ လည္ပတ္လုပ္ကိုင္ေနဆဲ ျဖစ္သည္။

ဓာတ္ပံုအခ်ဳိ႕မွာမူ အမည္မသိဓာတ္ပံုဆရာမ်ားက ရိုက္ကူးခဲ့ျခင္း ျဖစ္သည္။

သက္တမ္းၾကာျမင့္ေနျပီျဖစ္ေသာ္လည္း ဓာတ္ပံုအမ်ားစုမွာ အလြန္ၾကည္လင္ျပတ္သားကာ အလြန္ေကာင္းမြန္သည့္အေနအထား ရွိေနဆဲ ျဖစ္သည္။

 

(ရန္ကုန္ျမိဳ႕ရွိ ေစတီတစ္ဆူႏွင့္ ဗုဒၶရုပ္ပြားေတာ္တစ္ခုကို ျဗိတိသွ်ေခတ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု)

(ဓာတ္ပံုအမ်ားစုကို ဓာတ္ပံုဆရာ Felice Beato က ရိုက္ကူးခဲ့ျခင္း ျဖစ္သည္)

(မႏၱေလးျမိဳ႕ျမင္ကြင္း။ မႏၱေလးသည္ တခ်ိန္က ျမန္မာျပည္၏ မင္းေနျပည္ျဖစ္ခဲ့သည္။)

Galerie Bassenge ေလလံကုမၸဏီ၏ ေျပာေရးဆိုခြင့္ရအမ်ဳိးသမီးက ေျပာသည္မွာ “ဒါက ျမန္မာျပည္ရဲ႕ အမွတ္တရ ဓာတ္ပံုအယ္လ္ဘမ္ပါပဲ။ ၁၈၈၇ ခုႏွစ္ကေန ၁၈၉၅ ခုႏွစ္ၾကား ရိုက္ကူးထားတဲ့ပံုေတြပါ။ သိပ္ကို ရွားပါးပါတယ္။ ဓာတ္ပံုအမ်ားစုကို Felice Beato က ရိုက္ကူးထားပါတယ္။ Bourne & Shepherd ဓာတ္ပံုတိုက္က Colin Murray ရိုက္ကူးခဲ့တဲ့ ဓာတ္ပံုေတြလည္း ပါဝင္ျပီး တခ်ဳိ႕ဓာတ္ပံုေတြကေတာ့ ရိုက္ကူးသူ မသိရပါဘူး”ဟု ေျပာသည္။

“တခ်ဳိ႕ဓာတ္ပံုေတြရဲ႕ ေအာက္ဘက္မွာ Bourne & Shepherd ဆိုတာမ်ဳိး ဓာတ္ပံုတိုက္၊ ဓာတ္ပံုဆရာရဲ႕ နာမည္ပါပါတယ္”

“အယ္လ္ဘမ္စာအုပ္အေႏွာင့္ေတြ အက္ေနျပီး အစြန္းေတြက ပြတ္တိုက္မႈေၾကာင့္ ပြန္းေနျပီး အယ္လ္ဘမ္ ေရွ႕ဖံုးကလည္း ရြဲေနပါျပီ။ သီေပါမင္းနဲ႔ စုဖုရားလတ္ရဲ႕ ဓာတ္ပံု ၂ ပံုကို ရိုက္ကူးတဲ့ ဓာတ္ပံုဆရာကေတာ့ ဘယ္သူမွန္းမသိပါဘူး”

အဆိုပါ ဓာတ္ပံုအယ္လ္ဘမ္ကို ဂ်ာမနီႏိုင္ငံ၊ ဘာလင္ျမိဳ႕တြင္ ေလလံတင္ေရာင္းခ်ခဲ့ျခင္း ျဖစ္ကာ ေစ်းႏႈန္းမည္မွ်ျဖင့္ ေလလံေအာင္ခဲ့သည္ကိုမူ မသိရေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Burma under the British: Rare 19th Century photographs capture the lives of Buddhist monks, tribespeople and the country's last king during UK rule (dailymail)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service