မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူစံအိမ် ရင်းဂစ် ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူစံအိမ် ရင်းဂစ် ၁၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2023 4:37 pm တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူမြို့ ၊ Bukit Segambut အရပ်ရှိစံအိမ်ကို အရောင်းဈေးကွက်တင်ထားပြီး ရင်းဂစ် ၁၂ သန်း ဈေးခေါ်ထားသည်။
အဆိုပါ စံအိမ်၏ မူလခေါ်ဈေးမှာ ရင်းဂစ် ၁၅ သန်းဖြစ်သော်လည်း နောက်ပိုင်းတွင် ရင်းဂစ် ၁၂ သန်းသို့ဈေးလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း Mudah.my က ဖော်ပြသည်
(အန်ဝါအီဗရာဟင်၏ ကွာလာလမ်ပူမြို့၊ Bukit Segambut အရပ်ရှိ ဘန်ဂလိုအိမ်)
MalaysiaNow သို့ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အန်ဝါအီဗရာဟင်သည် လွန်ခဲ့သောတစ်နှစ်က ဆလန်ကောပြည်နယ် Kajang ရှိ နေအိမ်သစ်သို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ယခုအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆဗားပြည်နယ် ရွေးကောက်ပွဲကာလအတွင်း ထိုနေအိမ်ကို တန်ဖိုးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုအိမ်သည် အကြိမ်ပေါင်းများစွာ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ခဲ့ရာ ၁၉၇၉ ခုနှစ် ၊ အောက်တိုဘာ ၁၁ ရက်တွင် Fauziah ထံမှ ဒုတိယပိုင်ရှင်ဖြစ်သူTan- Chong ထံသို့ ၁၉၉၇ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက်တွင် လွှဲပြောင်းရောက်ရှိခဲ့သည်။
၂၀၀၅ ခုနှစ် ၊ သြဂုတ် ၅ ရက်တွင် ထိုနေအိမ်ကို ဝန်ကြီးချုပ် အန်ဝါအီဗရာဟင် ပိုင်ဆိုင်လာခဲ့သည်။
အန်ဝါအီဗရာဟင်သည် ၂၀၀၄ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ရာ ထောင်မှလွတ်ပြီး တစ်နှစ်အကြာတွင် ယခုစံအိမ်ကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်တွင် အန်ဝါအီဗရာဟင်က သူ၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ရင်းဂစ် ၁၀ ဒသမ ၇၄ သန်းရှိကြောင်း ကြေညာခဲ့သည်။
သူ၏ ပိုင်ဆိုင်မှုစာရင်းကို မလေးရှားအကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ တင်သွင်းခဲ့ရခြင်း ဖြစ်သည်။
ထိုပိုင်ဆိုင်မှု တန်ဖိုးကို လက်ရှိနေထိုင်သော Bukit Segambut အရပ်ရှိ ၉ ဒသမ ၅ သန်းတန် နေအိမ်လည်း ပါဝင်သည်။
ထိုနေအိမ်ကို Bukit Damansara အရပ်ရှိ နေအိမ်ရောင်းချရာမှ ရရှိလာသော ငွေများဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပြီး ရင်းဂစ် ၄ ဒသမ ၅ သန်းပေးခဲ့ရသည်။
ထို့အပြင် အန်ဝါသည် Pahang ရှိ မြေကွက်တစ်ကွက်ကိုလည်း ၁၉၇၄ ခုနှစ်တွင် ရင်းဂစ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ထုတ်ဖော်ကြေညာထားသည်။
(ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အိမ်တွင် ၁ မီတာရှည်သော မြွေဟောက်ကြီးတစ်ကောင်တွေ့ခဲ့)
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မိသားစုနေထိုင်သော နေအိမ်အတွင်း၌ မြွေဟောက်ကြီးတစ်ကောင်တွေ့ခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် ည ၇ နာရီ ၃၃ မိနစ်တွင် ထိုမြွေဟောက်ကြီးသည် အန်ဝါ၏ အိမ်ဝန်းအတွင်း ဝင်ရောက်နေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မလေးရှားကာကွယ်ရေးတပ်ဖွဲ့ဝင် (APM) ၄ ဦး လျင်မြန်စွာရောက်ရှိလာခဲ့ပြီး ဝန်ကြီးချုပ်ခြံဝန်းမှ အစောင့်ဂိတ်တဲတွင် မြွေဟောက်ကြီးကို ဖမ်းဆီးရမိခဲ့သည်။
“အစောင့်ဂိတ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးဝန်ထမ်း ၅ ဦးထဲက တစ်ဦးက အနက်ရောင်မြွေဟောက်ကြီးကို တွေ့ခဲ့တာပါ”ဟု Hulu Langat ခရိုင် APM အဖွဲ့ တပ်ကြပ် Mior Norazlan Safian က New Straits Times သတင်းစာသို့ ပြောသည်။
မြွေ၏ အလျားမှာ ၁ မီတာရှည်ပြီး အလေးချိန် ၈၀၀ ဂရမ်ရှိသည်။
မလေးရှားဝန်ကြီးချုပ်နှင့် ဇနီးက APM အဖွဲ့၏ အဆောတလျင်လုပ်ဆောင်နိုင်မှုကို ကျေးဇူးတင်ခဲ့ပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Anwar’s Bukit Segambut bungalow selling for RM12 million (malaysianow, straitstimes, sea.mashable)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service