ထပ်ဆင့် အကယ်ဒမီဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ် ပင်လယ်ချောက်ကမ်းပါးထိပ်ရှိ ရဲတိုက်ကြီးသို့ အပြီးတိုင် ပြောင်းရွှေ့အခြေချ

ထပ်ဆင့် အကယ်ဒမီဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ် ပင်လယ်ချောက်ကမ်းပါးထိပ်ရှိ ရဲတိုက်ကြီးသို့ အပြီးတိုင် ပြောင်းရွှေ့အခြေချ - Property News in Myanmar from iMyanmarHouse.com
3 Apr 2023 10:01 am တွင် တင်ခဲ့သည်
1502 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဟောလိဝုဒ်ကြယ်ပွင့် ဘရက်ပစ်သည် လော့စ်အိန်ဂျလိမှ စံအိမ်ကို ရောင်းချပြီးနောက် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် ပင်လယ်ကမ်းခြေ ချောက်ကမ်းပါးထိပ် ရဲတိုက်ကြီးသို့ အပြီးတိုင် ပြောင်းရွှေ့အခြေချပြီဖြစ်သည်။

(မှတ်ချက်။ လော့စ်အိန်ဂျလိစံအိမ် ရောင်းချလိုက်သည့် သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။)

ဘရက်ပစ်သည် ၂၀၂၀ ပြည့်နှစ်က ရုံတင်ခဲ့သော Once upon a time in Hollywood ဇာတ်ကားဖြင့် ပထမဆုံးအကြိမ် အော်စကာဆု ရရှိထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် ၊ Central coast ကမ်းရိုးတန်းရှိ ချောက်ကမ်းပါးထိပ်တွင် တည်ရှိကာ ပစိဖိတ်သမုဒ္ဒရာကို အပေါ်စီးမှ ရှုမြင်နိုင်သည့် ရှုခင်းများ ပိုင်ဆိုင်ထားသော ရဲတိုက်ကြီးတစ်လုံးကို ဘရက်ပစ်က ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လတွင် ကန်ဒေါ်လာ သန်း ၄၀ ဖြင့် ဝယ်ယူခဲ့သည်။

 

ဘရက်ပစ်က ပိုမိုအေးချမ်းသောဒေသသို့ ရွှေ့ပြောင်းအခြေချရန် ရည်ရွယ်ကာ လော့စ်အိန်ဂျလိမြို့၊ Hollywood Hills အရပ်ရှိ စံအိမ်ကို ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရမူ ဇနီးဟောင်း အင်ဂျလီနာဂျိုလီက နေအိမ်အနီး ပြောင်းရွှေ့လာသောကြောင့် ဘရက်ပစ်က နေအိမ်ရောင်းချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအခြေချမည့် ရဲတိုက်ကြီး၏ အမည်မှာ Sea ward ဟုအမည်ရပြီး Carmel Highlands မှ ပင်လယ်ကမ်းပါး ငါးဖြတ်ပေါ်တွင် တည်ရှိသည်။

Sea ward ရဲတိုက်ကြီးကို ပထမဆုံးပိုင်ဆိုင်ခဲ့သည်မှာ အမေရိကန် စာရေးဆရာ D.L.James ဖြစ်သည်။

ရဲတိုက်ကြီးကို ၁၉၁၈ ခုနှစ်တွင် နာမည်ကျော် ဗိသုကာပညာရှင် Charles Summer Greene က ဒီဇိုင်းရေးဆွဲပေးကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

(ဘရက်ပစ် အပြီးတိုင်အခြေချမည့် Sea ward ရဲတိုက်ကြီးမှာ ကယ်လီဖိုးနီးယား၏ ပင်လယ်ရှုမျှော်ခင်းများကို အတားအဆီးမဲ့ ရှုမြင်နိုင်မည့် နေရာဖြစ်သည်။ ဓာတ်ပုံ- Facebook)

 

ဘရက်ပစ် မဝယ်ယူမီက Sea ward ရဲတိုက်ကြီးကို ပိုင်ဆိုင်ခဲ့သူမှာ ချီကာပိုမြို့မှ Joe Ritchie နှင့် ဇနီး Sharon တို့ဖြစ်သည်။

အိမ်ခြံမြေ မှတ်တမ်းများအရ Sea ward ရဲတိုက်ကြီးကို ဘရက်ပစ် ဝယ်ယူလိုက်မှုမှာ Carmel ဒေသတွင် ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ခဲ့သည်။

 

ဘရက်ပစ်သည် ဝင်ငွေသောက်သောက်လဲရမည့် ရုပ်ရှင်ရိုက်ကူးရေးမရှိသည့် အခါမျိုးတွင် Sea ward ရဲတိုက်ကြီးတွင် အချိန်ကုန်လွန်ဖြတ်သန်းရင်း ကယ်လီဖိုးနီးယား၏ ပင်လယ်ရှုမျှော်ခင်းများ တမျှော်တခေါ် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

ရဲတိုက်အပြင်ဘက်တွင် ဒေသထွက် သဲကျောက်များ ၊ နှမ်းဖက်ကျောက်များဖြင့် ဆောက်လုပ်ထားသော ရှေးမူလက်ရာများ ၊ အမိုးခုံးပြတင်းများနှင့် မြေထဲပင်လယ် ဗိသုကာဟန်အမိုးတို့ကို တွေ့ရမည် ဖြစ်သည်။

 

 

(ယခင်က အမေရိကန်စာရေးဆရာ D.L.James ပိုင်ဆိုင်ခဲ့ပြီး ခြံဝန်းတွင်း တံတိုင်းများကို ရှေးမူလက်ရာအတိုင်း ထိန်းသိမ်းထားသည်။ ဓာတ်ပုံ- Facebook )

 

 

(ရဲတိုက်ကြီးကို ၁၉၁၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမိုးခုံးပြတင်းများနှင့် မြေထဲပင်လယ်ဟန် အမိုးတို့ တွေ့ရသည်။ ဓာတ်ပုံ-Pinterest)

 

 

ဗိသုကာပညာအပေါ် နှစ်သက်သဘောကျကြောင်း အင်တာဗျူးများတွင် မကြာခဏ ထုတ်ဖော်ပြေကြားဖူးသူ ဘရက်ပစ်သည် Seaward ရဲတိုက်ကြီးတွင် ကိုယ်ပိုင်မွမ်းမံမှုများ ပြုလုပ်ဖွယ်ရှိသည်။

ဘရက်ပစ်သည် ဆန်တာဘာဘရာ၏ မြောက်ဘက်ရှိ Goleta တွင် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းတန် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ဘရက်ပစ်က Goleta မှအိမ်ကို ၂၀၀၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဂျနီဖာ အန်နစ္စတန်နှင့် လက်ထပ်ခဲ့သော ခုနှစ်ဖြစ်သည်။

 

 

(ဘရက်ပစ် မဝယ်ယူမီက Sea ward ရဲတိုက်ကြီးကို ပိုင်ဆိုင်ခဲ့သူမှာ ချီကာပိုမြို့မှ Joe Ritchie နှင့် ဇနီး Sharon တို့ဖြစ်သည်။ ဓာတ်ပုံ- Facebook)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Brad Pitt reportedly moving to his clifftop California castle permanently (sfgate, nine)

 

 

 

 

  [Zawgyi]

 

ထပ္ဆင့္ အကယ္ဒမီဆုရွင္ ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္ ပင္လယ္ေခ်ာက္ကမ္းပါးထိပ္ရွိ ရဲတိုက္ၾကီးသို႔ အျပီးတိုင္ ေျပာင္းေရႊ႕အေျခခ်

 

ေဟာလိဝုဒ္ၾကယ္ပြင့္ ဘရက္ပစ္သည္ ေလာ့စ္အိန္ဂ်လိမွ စံအိမ္ကုိ ေရာင္းခ်ျပီးေနာက္ ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း ဝယ္ယူခဲ့သည့္ ပင္လယ္ကမ္းေျခ ေခ်ာက္ကမ္းပါးထိပ္ ရဲတိုက္ၾကီးသို႔ အျပီးတိုင္ ေျပာင္းေရႊ႕အေျခခ်ျပီျဖစ္သည္။

(မွတ္ခ်က္။ ေလာ့စ္အိန္ဂ်လိစံအိမ္ ေရာင္းခ်လိုက္သည့္ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္။)

ဘရက္ပစ္သည္ ၂၀၂၀ ျပည့္ႏွစ္က ရံုတင္ခဲ့ေသာ Once upon a time in Hollywood ဇာတ္ကားျဖင့္ ပထမဆံုးအၾကိမ္ ေအာ္စကာဆု ရရွိထားသည္။

ကယ္လီဖုိးနီးယားျပည္နယ္ ၊ Central coast ကမ္းရိုးတန္းရွိ ေခ်ာက္ကမ္းပါးထိပ္တြင္ တည္ရွိကာ ပစိဖိတ္သမုဒၵရာကို အေပၚစီးမွ ရႈျမင္ႏိုင္သည့္ ရႈခင္းမ်ား ပိုင္ဆိုင္ထားေသာ ရဲတိုက္ၾကီးတစ္လံုးကုိ ဘရက္ပစ္က ၂၀၂၂ ခုႏွစ္ ၊ ဇူလိုင္လတြင္ ကန္ေဒၚလာ သန္း ၄၀ ျဖင့္ ဝယ္ယူခဲ့သည္။

ဘရက္ပစ္က ပိုမိုေအးခ်မ္းေသာေဒသသို႔ ေရႊ႕ေျပာင္းအေျခခ်ရန္ ရည္ရြယ္ကာ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hollywood Hills အရပ္ရွိ စံအိမ္ကို ေရာင္းထုတ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ယခင္ထြက္ေပၚခဲ့ေသာ သတင္းမ်ားအရမူ ဇနီးေဟာင္း အင္ဂ်လီနာဂ်ဳိလီက ေနအိမ္အနီး ေျပာင္းေရႊ႕လာေသာေၾကာင့္ ဘရက္ပစ္က ေနအိမ္ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ေရႊ႕ေျပာင္းအေျခခ်မည့္ ရဲတိုက္ၾကီး၏ အမည္မွာ Sea ward ဟုအမည္ရျပီး Carmel Highlands မွ ပင္လယ္ကမ္းပါး ငါးျဖတ္ေပၚတြင္ တည္ရွိသည္။

Sea ward ရဲတိုက္ၾကီးကို ပထမဆံုးပိုင္ဆိုင္ခဲ့သည္မွာ အေမရိကန္ စာေရးဆရာ D.L.James ျဖစ္သည္။

ရဲတုိက္ၾကီးကို ၁၉၁၈ ခုႏွစ္တြင္ နာမည္ေက်ာ္ ဗိသုကာပညာရွင္ Charles Summer Greene က ဒီဇိုင္းေရးဆြဲေပးကာ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

 

(ဘရက္ပစ္ အျပီးတုိင္အေျခခ်မည့္ Sea ward ရဲတိုက္ၾကီးမွာ ကယ္လီဖိုးနီးယား၏ ပင္လယ္ရႈေမွ်ာ္ခင္းမ်ားကို အတားအဆီးမဲ့ ရႈျမင္ႏုိင္မည့္ ေနရာျဖစ္သည္။ ဓာတ္ပုံ- Facebook)

ဘရက္ပစ္ မဝယ္ယူမီက Sea ward ရဲတိုက္ၾကီးကို ပိုင္ဆိုင္ခဲ့သူမွာ ခ်ီကာပိုျမိဳ႕မွ Joe Ritchie ႏွင့္ ဇနီး Sharon တို႔ျဖစ္သည္။

အိမ္ျခံေျမ မွတ္တမ္းမ်ားအရ Sea ward ရဲတိုက္ၾကီးကို ဘရက္ပစ္ ဝယ္ယူလိုက္မႈမွာ Carmel ေဒသတြင္ ေစ်းအၾကီးဆံုး အိမ္ျခံေျမအေရာင္းအဝယ္အျဖစ္ စံခ်ိန္တင္ခဲ့သည္။

ဘရက္ပစ္သည္ ဝင္ေငြေသာက္ေသာက္လဲရမည့္ ရုပ္ရွင္ရိုက္ကူးေရးမရွိသည့္ အခါမ်ဳိးတြင္ Sea ward ရဲတိုက္ၾကီးတြင္ အခ်ိန္ကုန္လြန္ျဖတ္သန္းရင္း ကယ္လီဖိုးနီးယား၏ ပင္လယ္ရႈေမွ်ာ္ခင္းမ်ား တေမွ်ာ္တေခၚ ၾကည့္ရႈခံစားႏိုင္မည္ ျဖစ္သည္။

ရဲတုိက္အျပင္ဘက္တြင္ ေဒသထြက္ သဲေက်ာက္မ်ား ၊ ႏွမ္းဖက္ေက်ာက္မ်ားျဖင့္ ေဆာက္လုပ္ထားေသာ ေရွးမူလက္ရာမ်ား ၊ အမိုးခံုးျပတင္းမ်ားႏွင့္ ေျမထဲပင္လယ္ ဗိသုကာဟန္အမိုးတို႔ကို ေတြ႔ရမည္ ျဖစ္သည္။

(ယခင္က အေမရိကန္စာေရးဆရာ D.L.James ပိုင္ဆိုင္ခဲ့ျပီး ျခံဝန္းတြင္း တံတိုင္းမ်ားကို ေရွးမူလက္ရာအတိုင္း ထိန္းသိမ္းထားသည္။ ဓာတ္ပံု- Facebook )

(ရဲတိုက္ၾကီးကို ၁၉၁၈ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အမိုးခံုးျပတင္းမ်ားႏွင့္ ေျမထဲပင္လယ္ဟန္ အမိုးတို႔ ေတြ႔ရသည္။ ဓာတ္ပံု-Pinterest)

ဗိသုကာပညာအေပၚ ႏွစ္သက္သေဘာက်ေၾကာင္း အင္တာဗ်ဴးမ်ားတြင္ မၾကာခဏ ထုတ္ေဖာ္ေျပၾကားဖူးသူ ဘရက္ပစ္သည္ Seaward ရဲတိုက္ၾကီးတြင္ ကိုယ္ပိုင္မြမ္းမံမႈမ်ား ျပဳလုပ္ဖြယ္ရွိသည္။

ဘရက္ပစ္သည္ ဆန္တာဘာဘရာ၏ ေျမာက္ဘက္ရွိ Goleta တြင္ ကန္ေဒၚလာ ၅ ဒသမ ၅ သန္းတန္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ဘရက္ပစ္က Goleta မွအိမ္ကို ၂၀၀၀ ျပည့္ႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဂ်နီဖာ အန္နစၥတန္ႏွင့္ လက္ထပ္ခဲ့ေသာ ခုႏွစ္ျဖစ္သည္။

(ဘရက္ပစ္ မဝယ္ယူမီက Sea ward ရဲတိုက္ၾကီးကို ပိုင္ဆိုင္ခဲ့သူမွာ ခ်ီကာပိုျမိဳ႕မွ Joe Ritchie ႏွင့္ ဇနီး Sharon တို႔ျဖစ္သည္။ ဓာတ္ပံု- Facebook)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Brad Pitt reportedly moving to his clifftop California castle permanently (sfgate, nine)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service