နယူးယောက်တွင် အသက် ၁၀၃ နှစ် အဘွားအိုအတွက် ကျန်းမာရေးအကူခေါ်ထားသော အမျိုးသမီးက အဘွားကို ကွယ်လွန်ချိန်တွင် တိုက်ခန်းကို ကျူးကျော်နေထိုင်

နယူးယောက်တွင် အသက် ၁၀၃ နှစ် အဘွားအိုအတွက် ကျန်းမာရေးအကူခေါ်ထားသော အမျိုးသမီးက အဘွားကို ကွယ်လွန်ချိန်တွင် တိုက်ခန်းကို ကျူးကျော်နေထိုင် - Property News in Myanmar from iMyanmarHouse.com
31 Mar 2023 10:25 am တွင် တင်ခဲ့သည်
1222 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Upper East Side အရပ်ရှိ တိုက်ခန်းတစ်ခန်းတွင် အသက် ၁၀၃ အရွယ် အဘွားအိုကို ပြုစုစောင့်ရှောက်ရန်အတွက် တာတီယာနာ အဘဲလို (Tatiana Abello) အမည်ရှိ အမျိုးသမီးတစ်ဦးကို ငှားရမ်းခေါ်ယူထားခဲ့သည်။

အဘွားအို ဗဲရာ ကက်ဇ် (Verra Katz) မှာ အဆိုပါတိုက်ခန်းတွင် နေထိုင်နေသည်မှာ ၁၈ လခန့်ရှိပြီဖြစ်ပြီး တစ်ဦးတည်းနေထိုင်ခြင်းဖြစ်ကာ ၎င်းတွင် အလိန်း စကိုင်းလာ (Alayne Skylar) အမည်ရှိ သမီးတစ်ဦးရှိသည်။

Verra Katz က Tatiana ကို ၂၀၁၆ ခုနှစ်ကတည်းက ၎င်းအားပြုစုစောင့်ရှောက်ရန် ခေါ်ယူထားခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း အဘွားအိုကွယ်လွန်ချိန်တွင် တာတီယာနာသည် သူမ၏ မိခင်နှင့် ညီမဖြစ်သူတို့ကိုပါ ခေါ်ယူကာ ထိုအခန်းတွင် ကျူးကျော်နေထိုင်လျက်ရှိသည်။

အခန်းမှာ အိပ်ခန်း ၂ ခန်းပါ လူနေခန်းဖြစ်ပြီး အကျယ်အဝန်း ၁၂၂၁ စတုရန်းပေ ရှိသည်။

တရားရုံးမှတ်တမ်းတွင် ဖော်ပြချက်အရ တာတီယာနာက ပြောသည်မှာ သူမသည် အဘွားအို၏ မိသားစုဝင်ကဲ့သို့ အမွေဆက်ခံပိုင်ခွင့်ရှိကြောင်း ပြောသည်ဟု New York Post သတင်းဌာနက ဖော်ပြသည်။

စကိုင်းလာက ပြောသည်မှာ မိခင်ဖြစ်သူ ကွယ်လွန်ပြီးလျှင် အလုပ်ခန့်ထားမှု မည်သို့အဆုံးသတ်မည်ကို ကြိုတင်ဆွေးနွေးထားမှုရှိကြောင်း ပြောသည်။ တာတီယာနာနှင့် သူမ၏ မိသားစုကို မိမိအနေဖြင့် အထူးဂရုစိုက် စောင့်ရှောက်ခဲ့ကြောင်း စကိုင်းလာက ပြောသည်။

(နယူးယောက်မြို့၊ အရှေ့ ၈၆ လမ်းမှ လူနေခန်းများ။ ဓာတ်ပုံ- Google Maps)

“ကျွန်မ သူတို့ကို ချစ်ခင်ခဲ့ပါတယ်။ သူတို့က အမေ့ကို ပြုစုစောင့်ရှောက်ပေးတာကြောင့် သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်”ဟု အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော စကိုင်းလာက New York Post သတင်းဌာနသို့ ပြောသည်။

“သူတို့အတွက် ညစာတွေ ဝယ်ပေးခဲ့တယ်။ သူတို့အတွက် လက်ဆောင်တွေ ဝယ်ပေးခဲ့တယ်”ဟု စကိုင်းလာက ပြောသည်။

၂၀၂၁ ခုနှစ်အတွင်း စကိုင်းလာက ထိုအခန်းသို့ ဝင်ရန်ကြိုးစားခဲ့သော်လည်း တံခါးတွင် ဂျက်ထိုးထားပြီး အဗဲလိုတို့ မိသားစုက တံခါးဖွင့်ရန် ငြင်းပယ်ခဲ့သည်။ နယူးယောက်ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူရာတွင် ရဲတပ်ဖွဲ့အရာရှိများကိုလည်း တံခါးဖွင့်မပေးခဲ့။

ထို့ကြောင့် စကိုင်းလာမှာ နောက်ဆုံးတွင် မန်ဟက်တန် အိမ်ခြံမြေတရားရုံးသို့ တိုင်တန်းခဲ့ရတော့သည်။

အဗဲလိုတို့မိသားစုက စကိုင်းလာ၏ မိခင်နှင့် ဖခင်တို့၏ အရိုးပြာများကို အိမ်သာခွက်အတွင်း သွန်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မ မိဘတွေရဲ့ အရိုးပြာတွေကို အိမ်သာခွက်ထဲ သွန်ပစ်မယ်လို့ သူတို့က ခြိမ်းခြောက်နေပါတယ်”ဟု စကိုင်းလာက New York Post သို့ ပြောသည်။

(စကိုင်းလာက နောက်ဆုံးတွင် မန်ဟက်တန် အိမ်ခြံမြေတရားရုံးသို့ တိုင်တန်းခဲ့သည်။ အဗဲလိုတို့မိသားစုက စကိုင်းလာ၏ မိဘများ အရိုးပြာကို အိမ်သာခွက်အတွင်း သွန်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ ဓာတ်ပုံ-Smith Collection/Gado/Getty Images)

အဘွားအို ဗဲရာ ကက်ဇ်သည် တီးဝိုင်းကြီးတစ်ခုမှ အဆိုတော်တစ်ဦးဖြစ်ပြီး အနုပညာခရီးအတွင်း Verra Stuart ဟူသော အမည်ကို အသုံးပြုခဲ့သည်။ စကိုင်းလာ၏ ဖခင် Ralph Katz မှာ နယူးယောက်တိုင်းမ်သတင်းစာကြီးမှ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

တရားရုံးတွင် အဗဲလိုတို့မိသားစုက စကိုင်းလာ၏ မိဘများ အရိုးပြာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်ပေးရန် သဘောတူခဲ့သည်။

New York Post သတင်းဌာန၏ ဖော်ပြချက်အရ အရိုးပြာများ ပြန်ရပြီးနောက် တရားရုံးလုပ်ဆောင်မှုများ ရပ်ဆိုင်းသွားဟန်ရကြောင်း ဖော်ပြသည်။

စကိုင်းလာမှာ ယခုအချိန်ထိ ထိုအခန်းသို့ ဝင်ခွင့်မရသေးသလို မိဘများ နေထိုင်ခဲ့သည့်အခန်းမှ ပစ္စည်းများကို ပြန်မရသေးကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြသည်။

(မန်ဟက်တန်၏ ကောင်းကင်မြင်ကွင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ- Reuters/Andrew Kelly)

ထိုအခန်းသည် စကိုင်းလာ၏ မိဘများ ငှားရမ်းနေထိုင်သည့်အခန်းဖြစ်ပြီး အခန်းပြန်ရရေးအတွက် အိမ်ရှင်ဖြစ်သူက အဗဲလိုနှင့် စကိုင်းလာတို့ ၂ ဦးလုံးကို တရားစွဲထားသည်။

အိမ်ငှားများအနေဖြင့် အိမ်ငှားခမပေးဘဲ လွတ်ကင်းနေခြင်းမျိုး မဖြစ်သင့်ကြောင်း အိမ်ရှင်က ပြောသည်။

ထိုဒေသတွင် လူနေခန်းများ၏ ပျှမ်းမျှငှားခမှာ ဒေါ်လာ ၇၀၀၀ ခန့်ရှိသည်။ ယခုအခါ အိမ်ရှင်က အဗဲလိုတို့မိသားစုကို အိမ်ငှားခ တောင်းခံလျက်ရှိသည်။

စကိုင်းလာကလည်း အဗဲလိုတို့မိသားစုကို နှင်ထုတ်ကာ မိဘများ၏ ပိုင်ဆိုင်မှုပစ္စည်းများ ပြန်ရရန် ကြိုးစားနေသည်။

လူမှုကွန်ရက်တွင် တွေ့ရသော ဓာတ်ပုံများအရ ထိုအခန်းအတွင်း မိဘများ ပိုင်ဆိုင်ခဲ့သည့် မည်သည့်ပရိဘောဂမှ မရှိတော့ကြောင်း၊ အဆိုပါပစ္စည်းများ မည်သည့်နေရာရောက်နေသည်ကို မသိကြောင်း စကိုင်းလာက ပြောသည်။

“တသက်တာလုံး စုဆောင်းထားတဲ့တာတွေ၊ အမှတ်တရပစ္စည်းတွေ၊ အဖေ့ရဲ့ သတင်းဆောင်းပါးတွေ၊ စာအုပ်တွေ အားလုံးဆုံးရှုံးသွားပြီ ထင်ပါတယ်”ဟု စကိုင်းလာက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: NYC squatter threatens to flush remains of former tenant down toilet in housing spat with daughter (foxnews)

[Zawgyi]

နယူးေယာက္တြင္ အသက္ ၁၀၃ ႏွစ္ အဘြားအိုအတြက္ က်န္းမာေရးအကူေခၚထားေသာ အမ်ဳိးသမီးက အဘြားကို ကြယ္လြန္ခ်ိန္တြင္ တိုက္ခန္းကို က်ဴးေက်ာ္ေနထိုင္

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ႕၊ Upper East Side အရပ္ရွိ တိုက္ခန္းတစ္ခန္းတြင္ အသက္ ၁၀၃ အရြယ္ အဘြားအိုကို ျပဳစုေစာင့္ေရွာက္ရန္အတြက္ တာတီယာနာ အဘဲလို (Tatiana Abello) အမည္ရွိ အမ်ဳိးသမီးတစ္ဦးကို ငွားရမ္းေခၚယူထားခဲ့သည္။

အဘြားအို ဗဲရာ ကက္ဇ္ (Verra Katz) မွာ အဆိုပါတိုက္ခန္းတြင္ ေနထိုင္ေနသည္မွာ ၁၈ လခန္႔ရွိျပီျဖစ္ျပီး တစ္ဦးတည္းေနထိုင္ျခင္းျဖစ္ကာ ၎တြင္ အလိန္း စကိုင္းလာ (Alayne Skylar) အမည္ရွိ သမီးတစ္ဦးရွိသည္။

Verra Katz က Tatiana ကို ၂၀၁၆ ခုႏွစ္ကတည္းက ၎အားျပဳစုေစာင့္ေရွာက္ရန္ ေခၚယူထားျခင္း ျဖစ္သည္။

၂၀၂၁ ခုႏွစ္အတြင္း အဘြားအိုကြယ္လြန္ခ်ိန္တြင္ တာတီယာနာသည္ သူမ၏ မိခင္ႏွင့္ ညီမျဖစ္သူတို႔ကိုပါ ေခၚယူကာ ထိုအခန္းတြင္ က်ဴးေက်ာ္ေနထိုင္လ်က္ရွိသည္။

အခန္းမွာ အိပ္ခန္း ၂ ခန္းပါ လူေနခန္းျဖစ္ျပီး အက်ယ္အဝန္း ၁၂၂၁ စတုရန္းေပ ရွိသည္။

တရားရံုးမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ တာတီယာနာက ေျပာသည္မွာ သူမသည္ အဘြားအို၏ မိသားစုဝင္ကဲ့သို႔ အေမြဆက္ခံပိုင္ခြင့္ရွိေၾကာင္း ေျပာသည္ဟု New York Post သတင္းဌာနက ေဖာ္ျပသည္။

စကိုင္းလာက ေျပာသည္မွာ မိခင္ျဖစ္သူ ကြယ္လြန္ျပီးလွ်င္ အလုပ္ခန္႔ထားမႈ မည္သို႔အဆံုးသတ္မည္ကို ၾကိဳတင္ေဆြးေႏြးထားမႈရွိေၾကာင္း ေျပာသည္။ တာတီယာနာႏွင့္ သူမ၏ မိသားစုကို မိမိအေနျဖင့္ အထူးဂရုစိုက္ ေစာင့္ေရွာက္ခဲ့ေၾကာင္း စကိုင္းလာက ေျပာသည္။

(နယူးေယာက္ျမိဳ႕၊ အေရွ႕ ၈၆ လမ္းမွ လူေနခန္းမ်ား။ ဓာတ္ပံု- Google Maps)

“ကၽြန္မ သူတုိ႔ကို ခ်စ္ခင္ခဲ့ပါတယ္။ သူတို႔က အေမ့ကို ျပဳစုေစာင့္ေရွာက္ေပးတာေၾကာင့္ သူတို႔နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိပါတယ္”ဟု အသက္ ၆၅ ႏွစ္အရြယ္ရွိျပီျဖစ္ေသာ စကိုင္းလာက New York Post သတင္းဌာနသုိ႔ ေျပာသည္။

“သူတုိ႔အတြက္ ညစာေတြ ဝယ္ေပးခဲ့တယ္။ သူတို႔အတြက္ လက္ေဆာင္ေတြ ဝယ္ေပးခဲ့တယ္”ဟု စကိုင္းလာက ေျပာသည္။

၂၀၂၁ ခုႏွစ္အတြင္း စကိုင္းလာက ထိုအခန္းသို႔ ဝင္ရန္ၾကိဳးစားခဲ့ေသာ္လည္း တံခါးတြင္ ဂ်က္ထိုးထားျပီး အဗဲလိုတို႔ မိသားစုက တံခါးဖြင့္ရန္ ျငင္းပယ္ခဲ့သည္။ နယူးေယာက္ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားေခၚယူရာတြင္ ရဲတပ္ဖြဲ႔အရာရွိမ်ားကိုလည္း တံခါးဖြင့္မေပးခဲ့။

ထို႔ေၾကာင့္ စကိုင္းလာမွာ ေနာက္ဆံုးတြင္ မန္ဟက္တန္ အိမ္ျခံေျမတရားရံုးသို႔ တိုင္တန္းခဲ့ရေတာ့သည္။

အဗဲလိုတို႔မိသားစုက စကိုင္းလာ၏ မိခင္ႏွင့္ ဖခင္တို႔၏ အရုိးျပာမ်ားကို အိမ္သာခြက္အတြင္း သြန္ပစ္မည္ဟု ျခိမ္းေျခာက္ခဲ့သည္ဟု ဆိုသည္။ “ကၽြန္မ မိဘေတြရဲ႕ အရိုးျပာေတြကို အိမ္သာခြက္ထဲ သြန္ပစ္မယ္လို႔ သူတို႔က ျခိမ္းေျခာက္ေနပါတယ္”ဟု စကိုင္းလာက New York Post သို႔ ေျပာသည္။

(စကိုင္းလာက ေနာက္ဆံုးတြင္ မန္ဟက္တန္ အိမ္ျခံေျမတရားရံုးသို႔ တိုင္တန္းခဲ့သည္။ အဗဲလိုတို႔မိသားစုက စကိုင္းလာ၏ မိဘမ်ား အရိုးျပာကို အိမ္သာခြက္အတြင္း သြန္ပစ္မည္ဟု ျခိမ္းေျခာက္ခဲ့ၾကသည္။ ဓာတ္ပံု-Smith Collection/Gado/Getty Images)

အဘြားအို ဗဲရာ ကက္ဇ္သည္ တီးဝိုင္းၾကီးတစ္ခုမွ အဆိုေတာ္တစ္ဦးျဖစ္ျပီး အႏုပညာခရီးအတြင္း Verra Stuart ဟူေသာ အမည္ကို အသံုးျပဳခဲ့သည္။ စကိုင္းလာ၏ ဖခင္ Ralph Katz မွာ နယူးေယာက္တိုင္းမ္သတင္းစာၾကီးမွ အယ္ဒီတာတစ္ဦးျဖစ္ျပီး ၂၀၀၃ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

တရားရံုးတြင္ အဗဲလိုတို႔မိသားစုက စကိုင္းလာ၏ မိဘမ်ား အရိုးျပာကို ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလတြင္ ျပန္ေပးရန္ သေဘာတူခဲ့သည္။

New York Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ အရိုးျပာမ်ား ျပန္ရျပီးေနာက္ တရားရံုးလုပ္ေဆာင္မႈမ်ား ရပ္ဆိုင္းသြားဟန္ရေၾကာင္း ေဖာ္ျပသည္။ စကိုင္းလာမွာ ယခုအခ်ိန္ထိ ထိုအခန္းသို႔ ဝင္ခြင့္မရေသးသလို မိဘမ်ား ေနထိုင္ခဲ့သည့္အခန္းမွ ပစၥည္းမ်ားကို ျပန္မရေသးေၾကာင္း တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပသည္။

(မန္ဟက္တန္၏ ေကာင္းကင္ျမင္ကြင္းကို ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လ ၂၁ ရက္က ရိုက္ကူးခဲ့သည့္ ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု- Reuters/Andrew Kelly)

ထိုအခန္းသည္ စကိုင္းလာ၏ မိဘမ်ား ငွားရမ္းေနထိုင္သည့္အခန္းျဖစ္ျပီး အခန္းျပန္ရေရးအတြက္ အိမ္ရွင္ျဖစ္သူက အဗဲလိုႏွင့္ စကိုင္းလာတို႔ ၂ ဦးလံုးကို တရားစြဲထားသည္။

အိမ္ငွားမ်ားအေနျဖင့္ အိမ္ငွားခမေပးဘဲ လြတ္ကင္းေနျခင္းမ်ဳိး မျဖစ္သင့္ေၾကာင္း အိမ္ရွင္က ေျပာသည္။

ထိုေဒသတြင္ လူေနခန္းမ်ား၏ ပွ်မ္းမွ်ငွားခမွာ ေဒၚလာ ၇၀၀၀ ခန္႔ရွိသည္။ ယခုအခါ အိမ္ရွင္က အဗဲလိုတို႔မိသားစုကို အိမ္ငွားခ ေတာင္းခံလ်က္ရွိသည္။

စကိုင္းလာကလည္း အဗဲလိုတို႔မိသားစုကို ႏွင္ထုတ္ကာ မိဘမ်ား၏ ပိုင္ဆိုင္မႈပစၥည္းမ်ား ျပန္ရရန္ ၾကိဳးစားေနသည္။

လူမႈကြန္ရက္တြင္ ေတြ႔ရေသာ ဓာတ္ပံုမ်ားအရ ထုိအခန္းအတြင္း မိဘမ်ား ပိုင္ဆိုင္ခဲ့သည့္ မည္သည့္ပရိေဘာဂမွ မရွိေတာ့ေၾကာင္း၊ အဆိုပါပစၥည္းမ်ား မည္သည့္ေနရာေရာက္ေနသည္ကို မသိေၾကာင္း စကိုင္းလာက ေျပာသည္။

“တသက္တာလံုး စုေဆာင္းထားတဲ့တာေတြ၊ အမွတ္တရပစၥည္းေတြ၊ အေဖ့ရဲ႕ သတင္းေဆာင္းပါးေတြ၊ စာအုပ္ေတြ အားလံုးဆံုးရံႈးသြားျပီ ထင္ပါတယ္”ဟု စကိုင္းလာက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: NYC squatter threatens to flush remains of former tenant down toilet in housing spat with daughter (foxnews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service