အမေရိကန်တွင် မိမိ၏ နေအိမ်အတွင်း ကျူးကျော်နေထိုင်သည့် မိသားစုကို ပြန်လည်ကျူးကျော်ကာ နေအိမ်ပြန်လည်ရယူသည့်အိမ်ရှင်

အမေရိကန်တွင် မိမိ၏ နေအိမ်အတွင်း ကျူးကျော်နေထိုင်သည့် မိသားစုကို ပြန်လည်ကျူးကျော်ကာ နေအိမ်ပြန်လည်ရယူသည့်အိမ်ရှင် - Property News in Myanmar from iMyanmarHouse.com
28 Mar 2023 11:09 am တွင် တင်ခဲ့သည်
1016 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

((ကျူးကျော်သူကို ပြန်လည်ကျူးကျော်ခြင်း))

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် မိခင်ဖြစ်သူ၏ နေအိမ်ကို ကျူးကျော် နေထိုင်သူများလက်မှ မည်သို့မည်ပုံ ပြန်လည်ရယူခဲ့ပုံကို အမျိုးသားတစ်ဦးက မျှဝေပြောကြား လာသည်။

“သူတို့တောင် အိမ်တစ်လုံးကို ကျူးလို့ရရင် ကျွန်တော်လည်း အိမ်တစ်လုံးကျူးလို့ရပါတယ်”ဟု ဖလက်ရှ် ရှဲလ်တန် (Flash Shelton) အမည်ရှိ အမျိုးသားက YouTube တွင် ဗွီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

“သူတို့က ကျူးကျော်သူတွေ။ သူတို့မှာ အခွင့်အရေးတွေ ရှိကြတယ်။ ကောင်းပြီ။ ဒါဆိုရင် ကျူးကျော်သူကို ကျွန်တော်က ပြန်ကျူးမယ်။ ဒါဆိုရင် ကျွန်တော့်မှာလည်း အခွင့်အရေးရှိသင့်တယ်။ ဟုတ်တယ်မလား”

ကယ်လီဖိုးနီးယားရှိ သူ၏နေအိမ်ကို ပြန်လည်ရယူရန် မည်သို့ လုပ်ဆောင်ခဲ့ပုံကို ရှဲလ်တန်က သူ၏ဗွီဒီယို အတွင်း အသေးစိတ်ရှင်းပြထားဲ့ပြီး အဆိုပါဗွီဒီယိုကို YouTube တွင် ကြည့်ရှုမှုအကြိမ်ရေ ၂ သန်းကျော် ရှိနေသည်။

ရှဲလ်တန်က ပြောသည်မှာ သူ၏ဖခင်ကြီးသည် မကြာသေးမီကမှ ကွယ်လွန်သွားခဲ့ကြောင်း၊ မိခင်မှာလည်း ထိုအိမ်တွင် နေထိုင်ခြင်းမရှိရာ အငှားဈေးကွက်တင်ခဲ့သည်ဟု ဆိုသည်။

ရှဲလ်တန်၏ပြောကြားချက်အရ အမျိုးသမီးတစ်ဦးက မိမိကိုယ်မိမိ အကျဉ်းထောင်စောင့် ဝန်ထမ်းတစ်ဦးဟု မိတ်ဆက်ကာ အိမ်ငှားလိုသည်ဟု ပြောလာကြောင်း၊ သို့သော် ထိုအမျိုးသမီးတွင် အိမ်ငှားခပေးရန်ငွေနှင့် ခရက်ဒစ်တို့ မရှိသောကြောင့် အိမ်မငှားနိုင်ကြောင်း ငြင်းပယ်လိုက်သည်ဟု ဆိုသည်။

ထိုနောက်ပိုင်းတွင်ကား ရှဲလ်တန်၏ အငှားချမည့်နေအိမ်သို့ ပရိဘောဂများနှင့် အခြားပစ္စည်းများ တပုံတပင် ရောက်လာခဲ့သည်။

 

 

(မိခင်ကြီး၏ နေအိမ်ကို ကျူးကျော်သူများအား နှင်ထုတ်ရန် တရားရုံးစနစ်ကို စောင့်မနေနိုင်ကြောင်း ဖလက်ရှ် ရှဲလ်တန်က ပြောသည်။ ဓာတ်ပုံ- United Handyman Association "Handyman Answers"/YouTube)

အိမ်ခြံမြေအကျိုးဆောင်များထံမှတဆင့် ရှဲလ်တန်ကြားသိလာရသည်မှာ သူ၏ အငှားချမည့်အိမ်တွင် ပရိဘောဂများနှင့် လူများအပြည့်ဖြစ်နေကြောင်း သိလိုက်ရသည်။

သူ၏အိမ်မှာ ညဘက်တွင် မီးများလင်းနေကြောင်းလည်း အိမ်နီးချင်းများက ပြောကြသည်။

ရှဲလ်တန်လည်း ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။

သို့သော် ကျူးပြဿနာကို ရင်ဆိုင်နေရသည့် အခြားအမေရိကန်အိမ်ထောင်စုများစွာနည်းတူ ရဲတပ်ဖွဲ့၏ အဖြေမှာ ရှဲလ်တန်အတွက် အားရှိစရာ မရှိ။

“ရဲအရာရှိတွေပြောတာက စိတ်မကောင်းပါဘူးတဲ့။ ကျွန်တော့်အနေနဲ့ အိမ်ထဲကို ဝင်သွားလို့မရပါဘူး…သူတို့ရဲ့ နေထိုင်တဲ့ နေအိမ်ဖြစ်နေတာကြောင့်အတွက်ပါတဲ့။ ဒါကြောင့် တရားရုံးကို တင်ပြရမှာဖြစ်တယ်လို့ ပြောပါ တယ်”ဟု ရှဲလ်တန်က ရဲတပ်ဖွဲ့က ပြောကြားခဲ့ပုံကို ပြန်လည်ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် အိမ်ပိုင်ရှင်များစွာသည် ကျူးကျော်နေထိုင်သူများကို နှင်ထုတ်ရန် တရားရုံးများ၌ ငွေအလုံးအရင်းကုန်ကျရလျက်ရှိပြီး အဖြေတစုံတရာလည်း မရှိချေ။

“အိမ်ဝယ်ထားပြီး အိမ်ခြံမြေချေးငွေကို အရစ်ကျသွင်းပေးနေပေမယ့် ကျူးကျော်သူတွေက သူတို့တွေမှာ ကိုယ့်ထက် အခွင့်အရေးပိုရှိတယ်လို့ ထင်နေကြတယ်။ တရားသူကြီးက အိမ်ကနေ ထွက်ဖို့ မပြောမချင်း မထွက်ကြပါဘူး။ ဒီလို အမိန့်ချတဲ့အချိန်ရောက်ဖို့ကလည်း ခြောက်လလောက်ကနေ နှစ်တွေချီပြီး ကြာနိုင် ပါတယ်။ ဘယ်လောက်ကြာမလဲ ကျွန်တော်မသိပါဘူး။ အဲ့လောက်အကြာကြီး ကျွန်တော်မစောင့်နိုင် ပါဘူး”

သို့ကြောင့် ရှဲလ်တန်က အစီအစဉ်တစ်ခုလုပ်သည်။

 

 

 

ရှဲလ်တန်က မိခင်ကြီးနှင့် ၎င်းအကြား အငှားစာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး နေအိမ်၏ တရားဝင်နေထိုင်ခွင့်ရသူတစ်ဦး အဖြစ် သက်ဝင်စေခဲ့သည်။

ထို့နောက်သူက ဂျစ်ကားပေါ်တွင် သေနတ်အချို့နှင့် သူ၏ခွေးကြီးကိုတင်ကာ ကယ်လီဖိုးနီးယားသို့ ထွက်ခွာခဲ့သည်။

မနက် ၄ နာရီခန့်တွင် သူ့မိခင်ကြီး၏ အိမ်ရှေ့သို့ ရောက်လာခဲ့ရာ ခြံဝန်းအတွင်း မော်တော်ကားများ တွေ့ခဲ့ရသည်။

ရှဲလ်တန်လည်း အိမ်ထဲမဝင်သေးဘဲ လမ်းထဲတွင် ကားရပ်ထားကာ ထိုအိမ်ထဲတွင် နေထိုင်သူများအားလုံး အပြင်ထွက်သွားချိန်အထိ နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သည်။

အိမ်ထဲတွင် လူမရှိသောအခါ ရှဲလ်တန်က နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဗွီဒီယိုဖိုင်ထဲတွင် တွေ့မြင်ရမှုအရ နေအိမ်အတွင်း အိပ်ရာတစ်ခုနှင့် အခြားပရိဘောဂများ၊ ပစ္စည်းပစ္စယများ ထည့်ထားသည့် သေတ္တာများအပြင် ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းဦးစီးဌာန၏ ယူနီဖောင်းဖြစ်ဟန်ရသော ဝတ်စုံတို့ကို တွေ့ရသည်။

ယင်းနောက် ရှဲလ်တန်သည် နေအိမ်အတွင်း လုံခြုံရေးကင်မရာများ တပ်ဆင်နေချိန်တွင်း အိမ်ထဲသို့ အမျိုးသမီး ၂ ဦးဝင်လာ၏။

“ဒီလိုတွေ ဖြစ်ရတာအားလုံးအတွက် ကျွန်မတကယ် စိတ်မကောင်းပါဘူး”ဟု ရှဲလ်တန်ရိုက်ကူးထားသော ဗွီဒီယိုဖိုင်ထဲတွင် အမျိုးသမီးတစ်ဦး ပြောလိုက်သည်ကို ကြားရသည်။

ရှဲလ်တန်က ထိုအမျိုးသမီးကို ပြောခဲ့သည်မှာ ထိုနေ့ည သန်းခေါင်အချိန်မတိုင်မီ နေအိမ်ရှိပစ္စည်းအားလုံး ရွှေ့ပြောင်းမပေးပါက ဆွဲထုတ်ပစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

(ရှဲလ်တန်၏ နေအိမ်ကို ကျူးကျော်နေထိုင်သူတို့က ၎င်းတို့၏ ပရိဘောဂများနှင့် ပစ္စည်းများကို ရွှေ့ပြောင်းခဲ့ ကြသည်။ ယင်းနောက်ပိုင်း မိခင်ကြီးနှင့် ၎င်းတို့နှစ်ဦး နေအိမ်ကို ရောင်းထုတ်နိုင်ခဲ့ကြောင်း ရှဲလ်တန်က ပြောသည်။ ဓာတ်ပုံ-United Handyman Association "Handyman Answers"/YouTube)

“တခြားသူတွေအနေနဲ့ အိမ်ထဲမှာ ဘယ်လိုကြုံရမယ်ဆိုတာ မသိဘဲနဲ့ ဝင်မသွားသင့်ပါဘူး။ အမြဲတမ်းတော့ ကျွန်တော့်လိုမျိုး အေးအေးချမ်းချမ်း ပြီးမသွားနိုင်ပါဘူး”

ရှဲလ်တန်၏ အဖြစ်အပျက်အပေါ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “သူဟာ နေအိမ်ပြန်ရဖို့ အချိန်တွေအများကြီး ကြိုးစားခဲ့ရတယ်။ ဒါတွေက အာဏာပိုင်အဖွဲ့က လုပ်ရမယ့် ကိစ္စတွေပါ။ ဒါက ဥပဒေ ကိစ္စပါ။ နိုင်ငံရေးသမားတွေက ဆိုးရွားတဲ့ဥပဒေတွေ ရေးဆွဲခဲ့ကြပြီး ဒါတွေက ပြောင်းလဲဖို့ လိုပါတယ်။ အခု ဖြစ်ရပ်ဟာ အောင်မြင်မှုတစ်ခု မဟုတ်ပါဘူး။ ဘာတွေပြောင်းလဲဖို့ လိုနေလဲဆိုတာ မီးမောင်းထိုးပြသလိုက် တဲ့ ဖြစ်ရပ်ပါ”ဟု ဆိုသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “အဲဒါကြောင့် ကျွန်တော်ဆို ကျွန်တော့်ရဲ့အိမ်တွေမှာ လုံခြုံရေးကင်မရာ တွေနဲ့ Motion dectector တွေ အမြဲတပ်ပါတယ်။ ပြီးတော့ အိပ်ယာလေးတွေ၊ ဆိုဖာလေးတွေ၊ ဒယ်အိုးတစ်ချို့ စသဖြင့် ပရိဘောဂနည်းနည်းလောက် ထည့်ထားတယ်။ အဲဒါဆိုရင် တခြားတစ်ယောက် ကျွန်တော့်အိမ်ကို ကျူးကျော်ရင် ကျွန်တော်နေတဲ့အိမ်ကို ဖောက်ထွင်းမှုနဲ့ ဝင်လာတယ်လို့ ရဲတပ်ဖွဲ့ကို တိုင်တန်းလို့ ရပါပြီ။ ကျူးကျော်နေထိုင်တာနဲ့ ဖောက်ထွင်းတာ ၂ ခုက ကွဲပြားသလို ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်လည်း ကြီးကြီးမားမား ကွာခြားပါတယ်”ဟု အကြံပြုသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Handyman turns the tables on squatters who took over his mother's house (foxnews)

 

 

 

[Zawgyi]

 

အေမရိကန္တြင္ မိမိ၏ ေနအိမ္အတြင္း က်ဴးေက်ာ္ေနထိုင္သည့္ မိသားစုကို ျပန္လည္က်ဴးေက်ာ္ကာ ေနအိမ္ျပန္လည္ရယူသည့္အိမ္ရွင္

 

((က်ဴးေက်ာ္သူကို ျပန္လည္က်ဴးေက်ာ္ျခင္း))

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ေျမာက္ပိုင္းတြင္ မိခင္ျဖစ္သူ၏ ေနအိမ္ကို က်ဴးေက်ာ္ ေနထိုင္သူမ်ားလက္မွ မည္သို႔မည္ပံု ျပန္လည္ရယူခဲ့ပံုကို အမ်ဳိးသားတစ္ဦးက မွ်ေဝေျပာၾကား လာသည္။

“သူတို႔ေတာင္ အိမ္တစ္လံုးကို က်ဴးလို႔ရရင္ ကၽြန္ေတာ္လည္း အိမ္တစ္လံုးက်ဴးလို႔ရပါတယ္”ဟု ဖလက္ရွ္ ရွဲလ္တန္ (Flash Shelton) အမည္ရွိ အမ်ဳိးသားက YouTube တြင္ ဗြီဒီယိုတစ္ခုတြင္ ေျပာၾကားခဲ့သည္။

“သူတို႔က က်ဴးေက်ာ္သူေတြ။ သူတို႔မွာ အခြင့္အေရးေတြ ရွိၾကတယ္။ ေကာင္းျပီ။ ဒါဆိုရင္ က်ဴးေက်ာ္သူကို ကၽြန္ေတာ္က ျပန္က်ဴးမယ္။ ဒါဆိုရင္ ကၽြန္ေတာ့္မွာလည္း အခြင့္အေရးရွိသင့္တယ္။ ဟုတ္တယ္မလား”

ကယ္လီဖိုးနီးယားရွိ သူ၏ေနအိမ္ကို ျပန္လည္ရယူရန္ မည္သို႔ လုပ္ေဆာင္ခဲ့ပံုကို ရွဲလ္တန္က သူ၏ဗြီဒီယို အတြင္း အေသးစိတ္ရွင္းျပထားဲ့ျပီး အဆိုပါဗြီဒီယိုကို YouTube တြင္ ၾကည့္ရႈမႈအၾကိမ္ေရ ၂ သန္းေက်ာ္ ရွိေနသည္။ ရွဲလ္တန္က ေျပာသည္မွာ သူ၏ဖခင္ၾကီးသည္ မၾကာေသးမီကမွ ကြယ္လြန္သြားခဲ့ေၾကာင္း၊ မိခင္မွာလည္း ထိုအိမ္တြင္ ေနထိုင္ျခင္းမရွိရာ အငွားေစ်းကြက္တင္ခဲ့သည္ဟု ဆိုသည္။

ရွဲလ္တန္၏ေျပာၾကားခ်က္အရ အမ်ဳိးသမီးတစ္ဦးက မိမိကိုယ္မိမိ အက်ဥ္းေထာင္ေစာင့္ ဝန္ထမ္းတစ္ဦးဟု မိတ္ဆက္ကာ အိမ္ငွားလိုသည္ဟု ေျပာလာေၾကာင္း၊ သို႔ေသာ္ ထိုအမ်ဳိးသမီးတြင္ အိမ္ငွားခေပးရန္ေငြႏွင့္ ခရက္ဒစ္တို႔ မရွိေသာေၾကာင့္ အိမ္မငွားႏိုင္ေၾကာင္း ျငင္းပယ္လိုက္သည္ဟု ဆိုသည္။

ထိုေနာက္ပိုင္းတြင္ကား ရွဲလ္တန္၏ အငွားခ်မည့္ေနအိမ္သို႔ ပရိေဘာဂမ်ားႏွင့္ အျခားပစၥည္းမ်ား တပံုတပင္ ေရာက္လာခဲ့သည္။

 

(မိခင္ၾကီး၏ ေနအိမ္ကို က်ဴးေက်ာ္သူမ်ားအား ႏွင္ထုတ္ရန္ တရားရံုးစနစ္ကို ေစာင့္မေနႏိုင္ေၾကာင္း ဖလက္ရွ္ ရွဲလ္တန္က ေျပာသည္။ ဓာတ္ပံု- United Handyman Association "Handyman Answers"/YouTube)

အိမ္ျခံေျမအက်ဳိးေဆာင္မ်ားထံမွတဆင့္ ရွဲလ္တန္ၾကားသိလာရသည္မွာ သူ၏ အငွားခ်မည့္အိမ္တြင္ ပရိေဘာဂမ်ားႏွင့္ လူမ်ားအျပည့္ျဖစ္ေနေၾကာင္း သိလုိက္ရသည္။

သူ၏အိမ္မွာ ညဘက္တြင္ မီးမ်ားလင္းေနေၾကာင္းလည္း အိမ္နီးခ်င္းမ်ားက ေျပာၾကသည္။

ရွဲလ္တန္လည္း ရဲတပ္ဖြဲ႔သို႔ အေၾကာင္းၾကားခဲ့သည္။

သို႔ေသာ္ က်ဴးျပႆနာကို ရင္ဆိုင္ေနရသည့္ အျခားအေမရိကန္အိမ္ေထာင္စုမ်ားစြာနည္းတူ ရဲတပ္ဖြဲ႔၏ အေျဖမွာ ရွဲလ္တန္အတြက္ အားရွိစရာ မရွိ။

“ရဲအရာရွိေတြေျပာတာက စိတ္မေကာင္းပါဘူးတဲ့။ ကၽြန္ေတာ့္အေနနဲ႔ အိမ္ထဲကို ဝင္သြားလို႔မရပါဘူး…သူတုိ႔ရဲ႕ ေနထိုင္တဲ့ ေနအိမ္ျဖစ္ေနတာေၾကာင့္အတြက္ပါတဲ့။ ဒါေၾကာင့္ တရားရံုးကို တင္ျပရမွာျဖစ္တယ္လို႔ ေျပာပါ တယ္”ဟု ရွဲလ္တန္က ရဲတပ္ဖြဲ႔က ေျပာၾကားခဲ့ပံုကို ျပန္လည္ေျပာျပသည္။

အေမရိကန္ျပည္ေထာင္စုတစ္ဝန္းတြင္ အိမ္ပိုင္ရွင္မ်ားစြာသည္ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ႏွင္ထုတ္ရန္ တရားရံုးမ်ား၌ ေငြအလံုးအရင္းကုန္က်ရလ်က္ရွိျပီး အေျဖတစံုတရာလည္း မရွိေခ်။

“အိမ္ဝယ္ထားျပီး အိမ္ျခံေျမေခ်းေငြကို အရစ္က်သြင္းေပးေနေပမယ့္ က်ဴးေက်ာ္သူေတြက သူတို႔ေတြမွာ ကိုယ့္ထက္ အခြင့္အေရးပိုရွိတယ္လို႔ ထင္ေနၾကတယ္။ တရားသူၾကီးက အိမ္ကေန ထြက္ဖုိ႔ မေျပာမခ်င္း မထြက္ၾကပါဘူး။ ဒီလို အမိန္႔ခ်တဲ့အခ်ိန္ေရာက္ဖုိ႔ကလည္း ေျခာက္လေလာက္ကေန ႏွစ္ေတြခ်ီျပီး ၾကာႏိုင္ ပါတယ္။ ဘယ္ေလာက္ၾကာမလဲ ကၽြန္ေတာ္မသိပါဘူး။ အဲ့ေလာက္အၾကာၾကီး ကၽြန္ေတာ္မေစာင့္ႏိုင္ ပါဘူး”

သို႔ေၾကာင့္ ရွဲလ္တန္က အစီအစဥ္တစ္ခုလုပ္သည္။

ရွဲလ္တန္က မိခင္ၾကီးႏွင့္ ၎အၾကား အငွားစာခ်ဳပ္တစ္ခုခ်ဳပ္ဆိုခဲ့ျပီး ေနအိမ္၏ တရားဝင္ေနထိုင္ခြင့္ရသူတစ္ဦး အျဖစ္ သက္ဝင္ေစခဲ့သည္။

ထို႔ေနာက္သူက ဂ်စ္ကားေပၚတြင္ ေသနတ္အခ်ဳိ႕ႏွင့္ သူ၏ေခြးၾကီးကိုတင္ကာ ကယ္လီဖိုးနီးယားသို႔ ထြက္ခြာခဲ့သည္။

မနက္ ၄ နာရီခန္႔တြင္ သူ႔မိခင္ၾကီး၏ အိမ္ေရွ႕သို႔ ေရာက္လာခဲ့ရာ ျခံဝန္းအတြင္း ေမာ္ေတာ္ကားမ်ား ေတြ႔ခဲ့ရသည္။

ရွဲလ္တန္လည္း အိမ္ထဲမဝင္ေသးဘဲ လမ္းထဲတြင္ ကားရပ္ထားကာ ထိုအိမ္ထဲတြင္ ေနထိုင္သူမ်ားအားလံုး အျပင္ထြက္သြားခ်ိန္အထိ နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းေနခဲ့သည္။

အိမ္ထဲတြင္ လူမရွိေသာအခါ ရွဲလ္တန္က ေနအိမ္အတြင္းသို႔ ဝင္ေရာက္ခဲ့သည္။

ဗြီဒီယိုဖိုင္ထဲတြင္ ေတြ႔ျမင္ရမႈအရ ေနအိမ္အတြင္း အိပ္ရာတစ္ခုႏွင့္ အျခားပရိေဘာဂမ်ား၊ ပစၥည္းပစၥယမ်ား ထည့္ထားသည့္ ေသတၱာမ်ားအျပင္ ကယ္လီဖိုးနီးယားျပည္နယ္ အက်ဥ္းဦးစီးဌာန၏ ယူနီေဖာင္းျဖစ္ဟန္ရေသာ ဝတ္စံုတို႔ကို ေတြ႔ရသည္။

ယင္းေနာက္ ရွဲလ္တန္သည္ ေနအိမ္အတြင္း လံုျခံဳေရးကင္မရာမ်ား တပ္ဆင္ေနခ်ိန္တြင္း အိမ္ထဲသို႔ အမ်ဳိးသမီး ၂ ဦးဝင္လာ၏။

“ဒီလိုေတြ ျဖစ္ရတာအားလံုးအတြက္ ကၽြန္မတကယ္ စိတ္မေကာင္းပါဘူး”ဟု ရွဲလ္တန္ရိုက္ကူးထားေသာ ဗီြဒီယိုဖိုင္ထဲတြင္ အမ်ဳိးသမီးတစ္ဦး ေျပာလိုက္သည္ကို ၾကားရသည္။

ရွဲလ္တန္က ထိုအမ်ဳိးသမီးကို ေျပာခဲ့သည္မွာ ထုိေန႔ည သန္းေခါင္အခ်ိန္မတိုင္မီ ေနအိမ္ရွိပစၥည္းအားလံုး ေရႊ႕ေျပာင္းမေပးပါက ဆြဲထုတ္ပစ္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

 

(ရွဲလ္တန္၏ ေနအိမ္ကို က်ဴးေက်ာ္ေနထိုင္သူတို႔က ၎တို႔၏ ပရိေဘာဂမ်ားႏွင့္ ပစၥည္းမ်ားကို ေရႊ႕ေျပာင္းခဲ့ ၾကသည္။ ယင္းေနာက္ပိုင္း မိခင္ၾကီးႏွင့္ ၎တို႔ႏွစ္ဦး ေနအိမ္ကို ေရာင္းထုတ္ႏိုင္ခဲ့ေၾကာင္း ရွဲလ္တန္က ေျပာသည္။ ဓာတ္ပံု-United Handyman Association "Handyman Answers"/YouTube)

 

“တျခားသူေတြအေနနဲ႔ အိမ္ထဲမွာ ဘယ္လိုၾကံဳရမယ္ဆိုတာ မသိဘဲနဲ႔ ဝင္မသြားသင့္ပါဘူး။ အျမဲတမ္းေတာ့ ကၽြန္ေတာ့္လိုမ်ဳိး ေအးေအးခ်မ္းခ်မ္း ျပီးမသြားႏိုင္ပါဘူး”

ရွဲလ္တန္၏ အျဖစ္အပ်က္အေပၚ လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သူဟာ ေနအိမ္ျပန္ရဖို႔ အခ်ိန္ေတြအမ်ားၾကီး ၾကိဳးစားခဲ့ရတယ္။ ဒါေတြက အာဏာပိုင္အဖြဲ႔က လုပ္ရမယ့္ ကိစၥေတြပါ။ ဒါက ဥပေဒ ကိစၥပါ။ ႏိုင္ငံေရးသမားေတြက ဆိုးရြားတဲ့ဥပေဒေတြ ေရးဆြဲခဲ့ၾကျပီး ဒါေတြက ေျပာင္းလဲဖို႔ လိုပါတယ္။ အခု ျဖစ္ရပ္ဟာ ေအာင္ျမင္မႈတစ္ခု မဟုတ္ပါဘူး။ ဘာေတြေျပာင္းလဲဖို႔ လိုေနလဲဆိုတာ မီးေမာင္းထုိးျပသလိုက္ တဲ့ ျဖစ္ရပ္ပါ”ဟု ဆိုသည္။

အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “အဲဒါေၾကာင့္ ကၽြန္ေတာ္ဆို ကၽြန္ေတာ့္ရဲ႕အိမ္ေတြမွာ လံုျခံဳေရးကင္မရာ ေတြနဲ႔ Motion dectector ေတြ အျမဲတပ္ပါတယ္။ ျပီးေတာ့ အိပ္ယာေလးေတြ၊ ဆိုဖာေလးေတြ၊ ဒယ္အိုးတစ္ခ်ဳိ႕ စသျဖင့္ ပရိေဘာဂနည္းနည္းေလာက္ ထည့္ထားတယ္။ အဲဒါဆိုရင္ တျခားတစ္ေယာက္ ကၽြန္ေတာ့္အိမ္ကို က်ဴးေက်ာ္ရင္ ကၽြန္ေတာ္ေနတဲ့အိမ္ကို ေဖာက္ထြင္းမႈနဲ႔ ဝင္လာတယ္လို႔ ရဲတပ္ဖြဲ႔ကို တိုင္တန္းလို႔ ရပါျပီ။ က်ဴးေက်ာ္ေနထိုင္တာနဲ႔ ေဖာက္ထြင္းတာ ၂ ခုက ကြဲျပားသလို ရဲတပ္ဖြဲ႔ရဲ႕ လုပ္ပိုင္ခြင့္လည္း ၾကီးၾကီးမားမား ကြာျခားပါတယ္”ဟု အၾကံျပဳသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Handyman turns the tables on squatters who took over his mother's house (foxnews)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service