ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် ဘာသာခြားအမျိုးသားတို့၏ အိမ်ထောင်ရေးကိစ္စများနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို ဘယ်လိုဆုံးဖြတ်သလဲ။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးနှင့် ဘာသာခြားအမျိုးသားတို့၏ အိမ်ထောင်ရေးကိစ္စများနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို ဘယ်လိုဆုံးဖြတ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Mar 2023 1:40 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode] ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ(၂၀၁၅) အရ ထိမ်းမြားသူ သို့မဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရသူများအနေဖြင့် ၎င်းတို့နှင့် ၎င်းတို့၏ တရားဝင် အိမ်ထောင်ဖက် နှင့် သားသမီးများ၏ ပစ္စည်းခန်း၊ အမွေခန်းနှင့်သက်ဆိုင်သည့် ကိစ္စများနှင့် သားသမီးအုပ်ထိန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် အညီ ဆုံးဖြတ်မည် ဖြစ်သည်။

ဟိန္ဒူဘာသာ၊ ဆစ်(ခ်)ဘာသာ သို့မဟုတ် ဂျိန္နဘာသာကို ကိုးကွယ်သည့် ပစ္စည်းမခွဲဝေရသေး သော မိသားစုဝင်ဖြစ်သည့် ယောက်ျားသည် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် ထိမ်းမြားပါက သို့မဟုတ် ထိမ်းမြားခဲ့ကြသည်ဟု မှတ်ယူခြင်းခံရပါက အဆိုပါ အမျိုးသားသည် ထိုမိသားစုမှ ခွဲခွာခဲ့သည် ဟု မှတ်ယူခြင်းခံရမည့်အပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ အဆိုပါ အမျိုးသားသေဆုံးသွားပါက ၎င်း ပိုင်ရေး ဆိုင်ခွင့်ရှိသည့်ပစ္စည်းများသည် ထိုပုဂ္ဂိုလ်၏ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမနှင့် သားသမီးများထံ ဆင်းသက် သွားမည် ဖြစ်သည်။

ထို့ပြင် ဘာသာရေး ဓလေ့ထုံးတမ်းတစ်ရပ်ရပ်အရ‌သော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သော်လည်းကောင်း ဘာသာခြားယောက်ျားအား မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်ခြင်းအား ခွင့်မပြုသောကြောင့် အဆိုပါယောက်ျားမှ မိန်းမအား ကွာရှင်းလျှင် သို့မဟုတ် စွန့်ခွာလျှင် သို့မဟုတ် ရက်စက်သော အပြုအမူဖြင့် စိတ်ဆင်းရဲအောင် ပြုမူလျှင် သို့မဟုတ် အကြမ်းဖက်မှု ပြုလျှင် ၎င်းယောက်ျားကိုးကွယ်သည့် ဘာသာရေးဓလေ့ထုံးတမ်း သို့မဟုတ် ဥပဒေတွင် မည်သို့ပင် ဖော်ပြ ပါရှိစေကာမူ ယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သောအစုကို စွန့်လွှတ်ရမည့်အပြင် ဗုဒ္ဓဘာသာဝင် မိန်းမအား ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေးပေးရမည်ဖြစ်သည်။ ထို့ပြင် သားသမီး အုပ်ထိန်းခွင့်အား ဗုဒ္ဓဘာသာဝင်မိန်းမမှသာ ရရှိစေရမည့်အပြင် အရွယ်မရောက်သေးသော သားသမီးများ အတွက် ကလေးစရိတ်ကို ယောက်ျားဖြစ်သူမှ ပေးရမည် ဖြစ်သည်။

မိန်းမ ဖြစ်သူသည် အခြားဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းအား ယောက်ျား၏ ဘာသာရေး ဓလေ့ထုံးတမ်းတစ်ရပ်ရပ်အရ‌သော်လည်းကောင်း၊ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ဘာသာခြားယောက်ျားအား မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်ခြင်းအား ခွင့်မပြုသောကြောင့် ယောက်ျားဖြစ်သူမှကွာရှင်းလိုပါက ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမပြုမီက မိန်းမနေထိုင်ရသည့် အတန်းအစားအခြေအနေအောက် မလျော့သော အခြေအနေတွင် ဆက်လက် နေထိုင်နိုင်ရန် လုံလောက်သော လစဉ်စရိတ်ကို အဆိုပါမိန်းမက နောက်ထပ် ထိမ်းမြားခြင်းမပြုသမျှ ကာလပတ်လုံး ယောက်ျားဖြစ်သူမှ ပေးရမည်ဖြစ်သည်။ အဆိုပါ ကူးပြောင်းကိုးကွယ်ခြင်းကြောင့် ယောက်ျားဖြစ်သူမှ ကွာရှင်းလိုလျှင်ဖြစ်စေ၊ မိန်းမဖြစ်သူမှ ကွာရှင်းလိုလျှင်ဖြစ်စေ အဆိုပါ ကူးပြောင်း ကိုးကွယ်ခြင်းမပြုမီ ယောက်ျားဖြစ်သူ တစ်ဦးတည်းပိုင်ဆိုင်သော ပစ္စည်းများအပေါ် မိန်းမဖြစ်သူမှလည်း ခံစားခွင့်မရှိပါ။ မည်သည့်အခြေအနေကြောင့် ကွာရှင်းစေကာမူ အရွယ်မရောက်သေးသည့် သားသမီးအား အုပ်ထိန်းခွင့်ကို ဗုဒ္ဓဘာသာဝင် မိန်းမမှသာ ရရှိမည်ဖြစ်ပြီး ယောက်ျားဖြစ်သူသည် အရွယ်မရောက်သေး သည့် သားသမီးများအတွက် ကလေးစရိတ်ကို ပေးရမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ဗုဒၶဘာသာဝင္အမ်ိဳးသမီးႏွင့္ ဘာသာျခားအမ်ိဳးသားတို႔၏ အိမ္ေထာင္ေရးကိစၥမ်ားႏွင့္ ပစၥည္းပိုင္ဆိုင္ခြင့္ကို ဘယ္လိုဆုံးျဖတ္သလဲ။

ဗုဒၶဘာသာဝင္မိန္းမမ်ား အထူးထိမ္းျမားျခင္းဆိုင္ရာ ဥပေဒ(၂၀၁၅) အရ ထိမ္းျမားသူ သို႔မဟုတ္ ထိမ္းျမားခဲ့ၾကသည္ဟု မွတ္ယူျခင္းခံရသူမ်ားအေနျဖင့္ ၎တို႔ႏွင့္ ၎တို႔၏ တရားဝင္ အိမ္ေထာင္ဖက္ ႏွင့္ သားသမီးမ်ား၏ ပစၥည္းခန္း၊ အေမြခန္းႏွင့္သက္ဆိုင္သည့္ ကိစၥမ်ားႏွင့္ သားသမီးအုပ္ထိန္းခြင့္ဆိုင္ရာ ကိစၥရပ္မ်ားကို ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒႏွင့္ အညီ ဆုံးျဖတ္မည္ ျဖစ္သည္။

ဟိႏၵဴဘာသာ၊ ဆစ္(ခ္)ဘာသာ သို႔မဟုတ္ ဂ်ိႏၷဘာသာကို ကိုးကြယ္သည့္ ပစၥည္းမခြဲေဝရေသး ေသာ မိသားစုဝင္ျဖစ္သည့္ ေယာက်္ားသည္ ျမန္မာဗုဒၶဘာသာဝင္ အမ်ိဳးသမီးႏွင့္ ထိမ္းျမားပါက သို႔မဟုတ္ ထိမ္းျမားခဲ့ၾကသည္ဟု မွတ္ယူျခင္းခံရပါက အဆိုပါ အမ်ိဳးသားသည္ ထိုမိသားစုမွ ခြဲခြာခဲ့သည္ ဟု မွတ္ယူျခင္းခံရမည့္အျပင္ ပစၥည္းခြဲေဝျခင္းမျပဳမီ အဆိုပါ အမ်ိဳးသားေသဆုံးသြားပါက ၎ ပိုင္ေရး ဆိုင္ခြင့္႐ွိသည့္ပစၥည္းမ်ားသည္ ထိုပုဂၢိဳလ္၏ ျမန္မာဗုဒၶဘာသာဝင္ မိန္းမႏွင့္ သားသမီးမ်ားထံ ဆင္းသက္ သြားမည္ ျဖစ္သည္။

ထို႔ျပင္ ဘာသာေရး ဓေလ့ထုံးတမ္းတစ္ရပ္ရပ္အရ‌ေသာ္လည္းေကာင္း၊ ဥပေဒ တစ္ရပ္ရပ္အရ ေသာ္လည္းေကာင္း ဘာသာျခားေယာက်္ားအား ျမန္မာဗုဒၶဘာသာဝင္မိန္းမတစ္ဦးႏွင့္ လင္မယားအျဖစ္ ေပါင္းဖက္ျခင္းအား ခြင့္မျပဳေသာေၾကာင့္ အဆိုပါေယာက်္ားမွ မိန္းမအား ကြာ႐ွင္းလွ်င္ သို႔မဟုတ္ စြန္႔ခြာလွ်င္ သို႔မဟုတ္ ရက္စက္ေသာ အျပဳအမူျဖင့္ စိတ္ဆင္းရဲေအာင္ ျပဳမူလွ်င္ သို႔မဟုတ္ အၾကမ္းဖက္မႈ ျပဳလွ်င္ ၎ေယာက်္ားကိုးကြယ္သည့္ ဘာသာေရးဓေလ့ထုံးတမ္း သို႔မဟုတ္ ဥပေဒတြင္ မည္သို႔ပင္ ေဖာ္ျပ ပါ႐ွိေစကာမူ ေယာက်္ားသည္ ႏွစ္ဦးပိုင္ပစၥည္းမ်ားမွ မိမိရထိုက္ေသာအစုကို စြန္႔လႊတ္ရမည့္အျပင္ ဗုဒၶဘာသာဝင္ မိန္းမအား ဆုံး႐ႈံးနစ္နာမႈအတြက္ ေလ်ာ္ေၾကးေပးရမည္ျဖစ္သည္။ ထို႔ျပင္ သားသမီး အုပ္ထိန္းခြင့္အား ဗုဒၶဘာသာဝင္မိန္းမမွသာ ရ႐ွိေစရမည့္အျပင္ အ႐ြယ္မေရာက္ေသးေသာ သားသမီးမ်ား အတြက္ ကေလးစရိတ္ကို ေယာက်္ားျဖစ္သူမွ ေပးရမည္ ျဖစ္သည္။

မိန္းမ ျဖစ္သူသည္ အျခားဘာသာမွ ဗုဒၶဘာသာသို႔ ကူးေျပာင္းကိုးကြယ္ျခင္းအား ေယာက်္ား၏ ဘာသာေရး ဓေလ့ထုံးတမ္းတစ္ရပ္ရပ္အရ‌ေသာ္လည္းေကာင္း၊ဥပေဒတစ္ရပ္ရပ္အရ ေသာ္လည္းေကာင္း ဘာသာျခားေယာက်္ားအား ျမန္မာဗုဒၶဘာသာဝင္မိန္းမတစ္ဦးႏွင့္ လင္မယားအျဖစ္ ေပါင္းဖက္ျခင္းအား ခြင့္မျပဳေသာေၾကာင့္ ေယာက်္ားျဖစ္သူမွကြာ႐ွင္းလိုပါက ဗုဒၶဘာသာသို႔ ကူးေျပာင္းကိုးကြယ္ျခင္းမျပဳမီက မိန္းမေနထိုင္ရသည့္ အတန္းအစားအေျခအေနေအာက္ မေလ်ာ့ေသာ အေျခအေနတြင္ ဆက္လက္ ေနထိုင္ႏိုင္ရန္ လုံေလာက္ေသာ လစဥ္စရိတ္ကို အဆိုပါမိန္းမက ေနာက္ထပ္ ထိမ္းျမားျခင္းမျပဳသမွ် ကာလပတ္လုံး ေယာက်္ားျဖစ္သူမွ ေပးရမည္ျဖစ္သည္။ အဆိုပါ ကူးေျပာင္းကိုးကြယ္ျခင္းေၾကာင့္ ေယာက်ာ္းျဖစ္သူမွ ကြာ႐ွင္းလိုလွ်င္ျဖစ္ေစ၊ မိန္းမျဖစ္သူမွ ကြာ႐ွင္းလိုလွ်င္ျဖစ္ေစ အဆိုပါ ကူးေျပာင္း ကိုးကြယ္ျခင္းမျပဳမီ ေယာက်္ားျဖစ္သူ တစ္ဦးတည္းပိုင္ဆိုင္ေသာ ပစၥည္းမ်ားအေပၚ မိန္းမျဖစ္သူမွလည္း ခံစားခြင့္မ႐ွိပါ။ မည္သည့္အေျခအေနေၾကာင့္ ကြာ႐ွင္းေစကာမူ အ႐ြယ္မေရာက္ေသးသည့္ သားသမီးအား အုပ္ထိန္းခြင့္ကို ဗုဒၶဘာသာဝင္ မိန္းမမွသာ ရ႐ွိမည္ျဖစ္ၿပီး ေယာက်္ားျဖစ္သူသည္ အ႐ြယ္မေရာက္ေသး သည့္ သားသမီးမ်ားအတြက္ ကေလးစရိတ္ကို ေပးရမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service