ဘီလျံနာသူဌေးများဖြစ်သော်လည်း ကာဒါရှီယန်မိသားစုက အိမ်ခြံမြေများဝယ်ရာတွင် ဒေါ်လာ ၁၃၂ သန်း ငွေချေးယူခဲ့ ...

ဘီလျံနာသူဌေးများဖြစ်သော်လည်း ကာဒါရှီယန်မိသားစုက အိမ်ခြံမြေများဝယ်ရာတွင် ဒေါ်လာ ၁၃၂ သန်း ငွေချေးယူခဲ့ ... - Property News in Myanmar from iMyanmarHouse.com
21 Mar 2023 10:46 am တွင် တင်ခဲ့သည်
479 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

 [Unicode]

ကာဒါရှီယန်မိသားစုသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးများတွင် ပါဝင်ဖွယ်ရှိသော်လည်း ၎င်းတို့၏ မြောက်များစွာ သော စံအိမ်များ ဝယ်ယူရာတွင် အိမ်ခြံမြေချေးငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းငွေပမာဏမှာ ဒေါ်လာ ၁၃၂ သန်းခန့် ဖြစ်သည်။

ကာဒါရှီယန်မိသားစု၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁ ဘီလီယံရှိသော်လည်း အိမ်ခြံမြေများ ဝယ်ယူရာတွင် ငွေများစွာ ချေးယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း The U.S. Sun သတင်းဌာနက လေ့လာသိရှိခဲ့သည်။

(ကင် ကာဒါရှီယန်က မာလီဘူးအရပ်ရှိ ဒေါ်လာ ၇၀ ဒသမ ၄ သန်းတန် စံအိမ်ကို အလုံးစုံပြန်လည်မွမ်းမံမှုများ ပြုလုပ်နေသည်။ ဓာတ်ပုံ- Credit: BackGrid)

(ကော့တ်နေး ကာဒါရှီယန်က ခင်ပွန်းဖြစ်သူ Travis Barker ၊ ကလေးများနှင့် အတူနေထိုင်သော Calabasas အရပ်မှ စံအိမ်ကြီးကို ချေးငွေရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- Credit: Coleman-Rayner)

ကင် ကာဒါရှီယန်က ပြီးခဲ့သော စက်တင်ဘာလတွင် ဝယ်ယူခဲ့သော ဒေါ်လာ သန်း ၇၀ တန် မာလီဘူးအရပ်မှ စံအိမ်ကို ဒေါ်လာ ၄၈ သန်း ချေးငွေရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ အကြီးစားမွမ်းမံမှုများ ပြုလုပ်နေသည်။

သူ၏ ညီမများဖြစ်သော ကော့တ်နေး ၊ ကိုင်လီနှင့် ကင်ဒဲ ဂျင်းနာတို့အပြင် မိခင်ကြီးဖြစ်သော ခရစ် ဂျင်းနာ တို့အားလုံး အကြွေးများစွာ ရယူကာ တန်ဖိုးကြီး စံအိမ်ကြီးများ ဝယ်ယူခဲ့ကြသည်။

The U.S. Sun သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော အိမ်ခြံမြေမှတ်တမ်းများအရ ၎င်းတို့ မိသားစု၏ စုစုပေါင်းချေးငွေမှာ ဒေါ်လာ ၁၃၂ သန်း ရှိကြောင်း သိရသည်။

အိမ်ခြံမြေမှတ်တမ်းများအရ မိခင်ကြီးဖြစ်သူ ခရစ်က Hidden Hills အရပ်ရှိ စံအိမ်ကို ဒေါ်လာ သန်း ၂၀ ဖြင့် မကြာသေးမီက ဝယ်ယူခဲ့မှုမှာ လက်ငင်းပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူခဲ့သော စံအိမ်မှာမူ လက်ငင်းဝယ်ယူခြင်း မဟုတ်ချေ။

အဆိုပါ စံအိမ်သည် ခရစ် နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သော နေရာဖြစ်သည့်အပြင် Keeping Up With The Kardashians ရုပ်သံအစီအစဉ်တွင် မကြာခဏ ထည့်သွင်းဖော်ပြခံခဲ့ရသည်။

(Keeping Up With The Kardashians မှာ အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး ကာဒါရှီယန်မိသားစုက ၎င်းတို့၏ ပုဂ္ဂလိကဘဝကို ဖွင့်ဟပြောကြားမှု အစီအစဉ်ဖြစ်သည်)

ခရစ်သည် ၂၀၁၅ အောက်တိုဘာတွင် ဒေါ်လာ ၂ ဒသမ ၄ သန်း ၊ ၂၀၁၈ မတ်လတွင် ဒေါ်လာ ၂ ဒသမ ၁၁ သန်း ငွေချေးယူမှုများ ပြုလုပ်ခဲ့သည်။

(မိခင်ဖြစ်သည့်အပြင် သမီးများ၏ မန်နေဂျာလည်းဖြစ်သူ ခရစ် ဂျင်းနာနှင့် သူ၏ သမီးများသည် တန်ဖိုးကြီးနေအိမ်များကို ငွေချေးယူကာ ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- Credit: E! Entertainment)

ခရစ် ဂျင်းနာ ပထမဆုံး ချေးငွေရယူခဲ့သည်မှာ ၂၀၁၈ ခုနှစ် ၊ သြဂုတ်လတွင်ဖြစ်ပြီး ဒေါ်လာ ၇ ဒသမ ၂၅ သန်း ဖြစ်သည်။

ယင်းနောက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဒေါ်လာ ၅ ဒသမ ၂ သန်းနှင့် ထိုနှစ် ဇွန်လတွင် ဒေါ်လာ ၅ ဒသမ ၂၅ သန်း ချေးခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ခရစ် ဂျင်းနာ ချေးခဲ့သည့် ငွေပမာဏစုစုပေါင်းမှာ ဒေါ်လာ ၆၂ ဒသမ ၂၁ သန်းရှိသည်။

အဆိုပါ ချေးယူမှုများကို trust deeds များမှတဆင့် ချေးယူခဲ့ခြင်း ဖြစ်သည်။

Trust deeds သည် mortgage (အိမ်ခြံမြေချေးငွေ) နှင့် တူသော်လည်း trust deeds တွင် third party ပါဝင်ပြီး ငွေမကျေမချင်း အိမ်ခြံမြေ၏ ပိုင်ဆိုင်မှုကို ချုပ်ကိုင်ထားသည်။

RubyHome Luxury Real Estate ကုမ္ပဏီ၏ CEO ဖြစ်သူ Tony Mariotti က ကင်မ်ကာဒါရှီယန်တို့ကဲ့သို့ ဆယ်လီများ အဘယ်ကြောင့် ကြီးမားသည့် ဘဏ္ဍာရေးစွန့်စားမှုများ ပြုလုပ်ကြသည်ကို ရှင်းပြသည်။

၎င်းက ပြောသည်မှာ အဆိုပါရင်းနှီးမြှုပ်နှံမှုများက ၎င်းတို့အတွက် ကြီးမားသည့်အမြတ်အစွန်း ရနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

Tony Mariotti က The U.S. Sun သတင်းဌာနသို့ ပြောသည်မှာ “အကြွေးနဲ့ ဝယ်တာက risk အမြဲရှိတယ်။ ချေးငွေက နေအိမ်တန်ဖိုးထက်များရင် ပိုပြီးတော့တောင် risk ရှိပါတယ်”ဟု ဆိုသည်။

ကိုင်လီ ဂျင်းနာသည်လည်း Holmby Hills ရှိ အိပ်ခန်း ၆ ခန်းပါစံအိမ်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၇ ဒသမ ၅ သန်း ချေးငွေရယူခဲ့သည်။

ကော့တ်နေးကာဒါရှီယန် ၈ နှစ်တာ နေထိုင်ခဲ့သော အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၉ ခန်းပါသည့် လော့စ်အိန်ဂျလိမြို့၊ Calabasas အရပ်မှ နေအိမ်မှာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၇ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီတွင် ကော့တ်နေး ကာဒါရှီယန်သည် ဒေါ်လာ ၅ ဒသမ ၂ သန်းချေးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၅ ဒသမ ၁၉ သန်းချေးယူခဲ့ရာ စုစုပေါင်း ဒေါ်လာ ၁၀ ဒသမ ၃၉ သန်း ချေးယူခဲ့ခြင်း ဖြစ်သည်။

ငွေချေးယူခဲ့သည့် အခြားတစ်ဦးမှာ ကင်ဒဲ ဂျင်းနာ ဖြစ်သည်။

ကင်ဒဲ ဂျင်းနာသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါသော စံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၅၅ သန်းဖြင့် ဝယ်ယူခဲ့ရာတွင် ဒေါ်လာ ၄ ဒသမ ၆၂၅ သန်း ချေးငွေ ရယူခဲ့သည်။

(မိခင်ကြီး ခရစ် ဂျင်းနာသည် သူ၏ နေအိမ်များကို ဒေါ်လာ သန်းပေါင်းများစွာ ချေးငွေ ရယူကာ ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Credit: Getty)

(ကာဒါရှီယန်မိသားစုက ၎င်းတို့၏ စံအိမ်များကို နာမည်ကျော် ရုပ်သံအစီအစဉ် Hulu show တွင် ဖော်ပြခဲ့ဖူးသည်။ ဓာတ်ပုံ-Credit: 2022 Hulu)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: KEEPING UP WITH THE MORTGAGES Kardashian family has borrowed $132million in home loans to fund their property empire despite being billionaires (the-sun)

[Zawgyi]

ဘီလ်ံနာသူေဌးမ်ားျဖစ္ေသာ္လည္း ကာဒါရွီယန္မိသားစုက အိမ္ျခံေျမမ်ားဝယ္ရာတြင္ ေဒၚလာ ၁၃၂ သန္း ေငြေခ်းယူခဲ့ ...

ကာဒါရွီယန္မိသားစုသည္ ကမၻာေပၚရွိ အခ်မ္းသာဆံုးမ်ားတြင္ ပါဝင္ဖြယ္ရွိေသာ္လည္း ၎တို႔၏ ေျမာက္မ်ားစြာ ေသာ စံအိမ္မ်ား ဝယ္ယူရာတြင္ အိမ္ျခံေျမေခ်းေငြမ်ားျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး စုစုေပါင္းေငြပမာဏမွာ ေဒၚလာ ၁၃၂ သန္းခန္႔ ျဖစ္သည္။

ကာဒါရွီယန္မိသားစု၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁ ဘီလီယံရွိေသာ္လည္း အိမ္ျခံေျမမ်ား ဝယ္ယူရာတြင္ ေငြမ်ားစြာ ေခ်းယူကာ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း The U.S. Sun သတင္းဌာနက ေလ့လာသိရွိခဲ့သည္။

(ကင္ ကာဒါရွီယန္က မာလီဘူးအရပ္ရွိ ေဒၚလာ ၇၀ ဒသမ ၄ သန္းတန္ စံအိမ္ကို အလံုးစံုျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ေနသည္။ ဓာတ္ပံု- Credit: BackGrid)

(ေကာ့တ္ေနး ကာဒါရွီယန္က ခင္ပြန္းျဖစ္သူ Travis Barker ၊ ကေလးမ်ားႏွင့္ အတူေနထိုင္ေသာ Calabasas အရပ္မွ စံအိမ္ၾကီးကို ေခ်းေငြရယူကာ ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု- Credit: Coleman-Rayner)

ကင္ ကာဒါရွီယန္က ျပီးခဲ့ေသာ စက္တင္ဘာလတြင္ ဝယ္ယူခဲ့ေသာ ေဒၚလာ သန္း ၇၀ တန္ မာလီဘူးအရပ္မွ စံအိမ္ကို ေဒၚလာ ၄၈ သန္း ေခ်းေငြရယူကာ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခုအခါ အၾကီးစားမြမ္းမံမႈမ်ား ျပဳလုပ္ေနသည္။

သူ၏ ညီမမ်ားျဖစ္ေသာ ေကာ့တ္ေနး ၊ ကိုင္လီႏွင့္ ကင္ဒဲ ဂ်င္းနာတို႔အျပင္ မိခင္ၾကီးျဖစ္ေသာ ခရစ္ ဂ်င္းနာ တို႔အားလံုး အေၾကြးမ်ားစြာ ရယူကာ တန္ဖိုးၾကီး စံအိမ္ၾကီးမ်ား ဝယ္ယူခ့ဲၾကသည္။

The U.S. Sun သတင္းဌာနက ၾကည့္ရႈခြင့္ရခဲ့ေသာ အိမ္ျခံေျမမွတ္တမ္းမ်ားအရ ၎တို႔ မိသားစု၏ စုစုေပါင္းေခ်းေငြမွာ ေဒၚလာ ၁၃၂ သန္း ရွိေၾကာင္း သိရသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ မိခင္ၾကီးျဖစ္သူ ခရစ္က Hidden Hills အရပ္ရွိ စံအိမ္ကို ေဒၚလာ သန္း ၂၀ ျဖင့္ မၾကာေသးမီက ဝယ္ယူခဲ့မႈမွာ လက္ငင္းေပးေခ်ကာ ဝယ္ယူခဲ့ျခင္းျဖစ္ေသာ္လည္း ၂၀၁၀ ျပည့္ႏွစ္တြင္ ေဒၚလာ ၄ သန္းျဖင့္ ဝယ္ယူခဲ့ေသာ စံအိမ္မွာမူ လက္ငင္းဝယ္ယူျခင္း မဟုတ္ေခ်။

အဆိုပါ စံအိမ္သည္ ခရစ္ ႏွစ္ေပါင္းမ်ားစြာ အေျခခ်ေနထိုင္ခဲ့ေသာ ေနရာျဖစ္သည့္အျပင္ Keeping Up With The Kardashians ရုပ္သံအစီအစဥ္တြင္ မၾကာခဏ ထည့္သြင္းေဖာ္ျပခံခဲ့ရသည္။

(Keeping Up With The Kardashians မွာ အေမရိကန္ရုပ္သံအစီအစဥ္တစ္ခုျဖစ္ျပီး ကာဒါရွီယန္မိသားစုက ၎တို႔၏ ပုဂၢလိကဘဝကို ဖြင့္ဟေျပာၾကားမႈ အစီအစဥ္ျဖစ္သည္)

ခရစ္သည္ ၂၀၁၅ ေအာက္တိုဘာတြင္ ေဒၚလာ ၂ ဒသမ ၄ သန္း ၊ ၂၀၁၈ မတ္လတြင္ ေဒၚလာ ၂ ဒသမ ၁၁ သန္း ေငြေခ်းယူမႈမ်ား ျပဳလုပ္ခဲ့သည္။

(မိခင္ျဖစ္သည့္အျပင္ သမီးမ်ား၏ မန္ေနဂ်ာလည္းျဖစ္သူ ခရစ္ ဂ်င္းနာႏွင့္ သူ၏ သမီးမ်ားသည္ တန္ဖိုးၾကီးေနအိမ္မ်ားကို ေငြေခ်းယူကာ ဝယ္ယူခဲ့သည္။ ဓာတ္ပံု- Credit: E! Entertainment)

ခရစ္ ဂ်င္းနာ ပထမဆံုး ေခ်းေငြရယူခဲ့သည္မွာ ၂၀၁၈ ခုႏွစ္ ၊ ၾသဂုတ္လတြင္ျဖစ္ျပီး ေဒၚလာ ၇ ဒသမ ၂၅ သန္း ျဖစ္သည္။

ယင္းေနာက္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလတြင္ ေဒၚလာ ၅ ဒသမ ၂ သန္းႏွင့္ ထိုႏွစ္ ဇြန္လတြင္ ေဒၚလာ ၅ ဒသမ ၂၅ သန္း ေခ်းခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ခရစ္ ဂ်င္းနာ ေခ်းခဲ့သည့္ ေငြပမာဏစုစုေပါင္းမွာ ေဒၚလာ ၆၂ ဒသမ ၂၁ သန္းရွိသည္။

အဆိုပါ ေခ်းယူမႈမ်ားကို trust deeds မ်ားမွတဆင့္ ေခ်းယူခဲ့ျခင္း ျဖစ္သည္။

Trust deeds သည္ mortgage (အိမ္ျခံေျမေခ်းေငြ) ႏွင့္ တူေသာ္လည္း trust deeds တြင္ third party ပါဝင္ျပီး ေငြမေက်မခ်င္း အိမ္ျခံေျမ၏ ပိုင္ဆိုင္မႈကို ခ်ဳပ္ကိုင္ထားသည္။

RubyHome Luxury Real Estate ကုမၸဏီ၏ CEO ျဖစ္သူ Tony Mariotti က ကင္မ္ကာဒါရွီယန္တို႔ကဲ့သို႔ ဆယ္လီမ်ား အဘယ္ေၾကာင့္ ၾကီးမားသည့္ ဘ႑ာေရးစြန္႔စားမႈမ်ား ျပဳလုပ္ၾကသည္ကို ရွင္းျပသည္။

၎က ေျပာသည္မွာ အဆိုပါရင္းႏွီးျမွဳပ္ႏွံမႈမ်ားက ၎တို႔အတြက္ ၾကီးမားသည့္အျမတ္အစြန္း ရႏိုင္ေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

Tony Mariotti က The U.S. Sun သတင္းဌာနသုိ႔ ေျပာသည္မွာ “အေၾကြးနဲ႔ ဝယ္တာက risk အျမဲရွိတယ္။ ေခ်းေငြက ေနအိမ္တန္ဖိုးထက္မ်ားရင္ ပိုျပီးေတာ့ေတာင္ risk ရွိပါတယ္”ဟု ဆိုသည္။

ကိုင္လီ ဂ်င္းနာသည္လည္း Holmby Hills ရွိ အိပ္ခန္း ၆ ခန္းပါစံအိမ္ကို ၂၀၂၀ ျပည့္ႏွစ္၊ ဧျပီလတြင္ ကန္ေဒၚလာ ၃၆ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့စဥ္က ေဒၚလာ ၇ ဒသမ ၅ သန္း ေခ်းေငြရယူခဲ့သည္။

ေကာ့တ္ေနးကာဒါရွီယန္ ၈ ႏွစ္တာ ေနထိုင္ခဲ့ေသာ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္းပါသည့္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Calabasas အရပ္မွ ေနအိမ္မွာ ၂၀၁၄ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ ေဒၚလာ ၇ ဒသမ ၄၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၂၀၁၅ ခုႏွစ္၊ ဇန္နဝါရီတြင္ ေကာ့တ္ေနး ကာဒါရွီယန္သည္ ေဒၚလာ ၅ ဒသမ ၂ သန္းေခ်းခဲ့ျပီး ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ ေဒၚလာ ၅ ဒသမ ၁၉ သန္းေခ်းယူခဲ့ရာ စုစုေပါင္း ေဒၚလာ ၁၀ ဒသမ ၃၉ သန္း ေခ်းယူခဲ့ျခင္း ျဖစ္သည္။

ေငြေခ်းယူခဲ့သည့္ အျခားတစ္ဦးမွာ ကင္ဒဲ ဂ်င္းနာ ျဖစ္သည္။

ကင္ဒဲ ဂ်င္းနာသည္ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လတြင္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္းပါေသာ စံအိမ္ကို ကန္ေဒၚလာ ၈ ဒသမ ၅၅ သန္းျဖင့္ ဝယ္ယူခဲ့ရာတြင္ ေဒၚလာ ၄ ဒသမ ၆၂၅ သန္း ေခ်းေငြ ရယူခဲ့သည္။

(မိခင္ၾကီး ခရစ္ ဂ်င္းနာသည္ သူ၏ ေနအိမ္မ်ားကို ေဒၚလာ သန္းေပါင္းမ်ားစြာ ေခ်းေငြ ရယူကာ ဝယ္ယူခဲ့သည္။ ဓာတ္ပံု-Credit: Getty)

(ကာဒါရွီယန္မိသားစုက ၎တို႔၏ စံအိမ္မ်ားကို နာမည္ေက်ာ္ ရုပ္သံအစီအစဥ္ Hulu show တြင္ ေဖာ္ျပခဲ့ဖူးသည္။ ဓာတ္ပံု-Credit: 2022 Hulu)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: KEEPING UP WITH THE MORTGAGES Kardashian family has borrowed $132million in home loans to fund their property empire despite being billionaires (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...

ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...

နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော...

ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး...

မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆို့နင့်ဖွယ်ဒဏ္ဍာရီလေးတစ်ပုဒ်ဖြစ်တည်ရာ လှပလွန်းတဲ့ ဂျပန်ရဲတိုက်ကြီး ဟိမဲဂျိ
ဆို့နင့်ဖွယ်ဒဏ္ဍာရီလေးတစ်ပုဒ်ဖြစ်တည်ရာ လှပလွန်းတဲ့ ဂျပန်ရဲတိုက်ကြီး ဟိမဲဂျိ
ဘောလုံးကြယ်ပွင့် ပီကေးနှင့်လမ်းခွဲကာ Single ဖြစ်နေသူ ရှက်ကီရာကို တွမ်ခရုစ် အလွန်မျက်စိကျနေ (သို့မဟုတ်) အင်္ဂလန်နိုင်ငံ ဆ
ဘောလုံးကြယ်ပွင့် ပီကေးနှင့်လမ်းခွဲကာ Single ဖြစ်နေသူ ရှက်ကီရာကို တွမ်ခရုစ် အလွန်မျက်စိကျနေ (သို့မဟုတ်) အင်္ဂလန်နိုင်ငံ ဆ
ကမ္ဘာ့ဝတ်လစ်စလစ် သစ်ပင်ပန်းမန် စိုက်ပျိုးရေးနေ့တွင် ဗြိတိန်နိုင်ငံသားများ ဝတ်လစ်စလစ်ဖြင့် ပါဝင်ဆင်နွှဲ
ကမ္ဘာ့ဝတ်လစ်စလစ် သစ်ပင်ပန်းမန် စိုက်ပျိုးရေးနေ့တွင် ဗြိတိန်နိုင်ငံသားများ ဝတ်လစ်စလစ်ဖြင့် ပါဝင်ဆင်နွှဲ
ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသ
ဂျက်ကီချန်း တောင်းပန်သည့်ကြားမှ ရုပ်ရှင်ရိုက်ကွင်းမှ အိမ်ပြန်သွားခဲ့ကာ ဂျက်ကီချန်းနှင့် ၂၂ နှစ်ကြာ စကားမပြောခဲ့သော မင်းသ
ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ
ရေချိုးအလွန်ပျင်းသောကြောင့် တွဲဖက်သရုပ်ဆောင်သူများ၏ စက်ဆုပ်ရွံရှာမှုခံရသူ ဘရက်ပစ်က လော့စ်အိန်ဂျလိမှ စံအိမ်တစ်လုံးကို ဒေါ
အမေရိကန်တွင် ဒေါ်လာ ၅၁ သန်း ထီပေါက်သော ထီဆုကို လိမ်လည်ရယူသွားသော သားဖြစ်သူအား မိခင်က တရားစွဲ
အမေရိကန်တွင် ဒေါ်လာ ၅၁ သန်း ထီပေါက်သော ထီဆုကို လိမ်လည်ရယူသွားသော သားဖြစ်သူအား မိခင်က တရားစွဲ
ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟု
ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟု
စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အ
စင်္ကာပူတွင် နိုင်ငံသားမဟုတ်သူများကို အိမ်ခြံမြေခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေခွန် အ
ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်
ကိုရီးယားရုပ်ရှင်မင်းသမီး ချိုဝမ် (သို့မဟုတ်) Lee Da Hae နှင့် Kpop အဆိုတော် Se7en တို့ ၈ နှစ်ကြာတွဲခဲ့ပြီးနောက် လက်ထပ်
လက်ထပ်ပြီးနောက် လိင်ဆက်ဆံမှုမရှိတော့သော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြကြောင်း ထုတ်ပြောလာသော Take That အဖွဲ့အဆိုတော
လက်ထပ်ပြီးနောက် လိင်ဆက်ဆံမှုမရှိတော့သော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြကြောင်း ထုတ်ပြောလာသော Take That အဖွဲ့အဆိုတော
city-villas
7mile

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store