သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား ? - Property Knowledge in Myanmar from iMyanmarHouse.com
1126 Views

သေတမ်းစာမရေးဘဲ ကွယ်လွန်သွားတဲ့ ခရစ်ယန် ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများရဲ့အမွေကို ဗုဒ္ဓဘာသာကိုးကွယ်သူ မြေးများက ခံစားခွင့်ရှိသလား ?

Knowledge | Posted by Shwe Zin Win

[Unicode]

 

သေတမ်းစာဆိုသည်မှာ ခရစ်ယန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူများအနေ ဖြင့် ၎င်းတို့ သေဆုံးသည့်အခါ ၎င်းတို့ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မ‌ရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေပေးစေလိုကြောင်း ရည်ရွယ်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်း တစ်ရပ် ဖြစ်သည်။

သေတမ်းစာတစ်စောင်အား သေတမ်းစာရေးခွင့်ရှိသူသည် ၎င်းသက်ရှိ ထင်ရှားရှိစဉ် မည်သည့်အချိန်တွင်မဆို ရေးသားနိုင်သကဲ့သို့ မည်သည့်အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်းခွင့် ရှိပါသည်။ သေတမ်းစာ ရေးသားပြီးနောက် သေတမ်းစာရေးသားသူ သေဆုံးသွားပါက အမွေဆက်ခံခြင်းအက်ဥပဒေ ပုဒ်မ (၂၂၂) အရ သေတမ်းစာဆောင်ရွက်ခွင့်ပေးထားသူ (Executor) မှ သက်ဆိုင်ရာ တရားရုံးတွင် သေတမ်းစာအား အတည်ပြုပေးရန် လျှောက်ထားရမည်ဖြစ်ပြီး အမွေခွဲဝေခြင်းကို သေတမ်းစာနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့ကြောင့် ခရစ်ယန်ဘာသာကိုးကွယ်သူ အဘိုး၊ အဘွားများသည် ၎င်းတို့ သက်ရှိထင်ရှားရှိစဉ်တွင် ၎င်းတို့ပိုင်ဆိုင်သည့်ပစ္စည်းများအား မည်သူတို့အား မည်ကဲ့သို့ ခွဲဝေပေးမည်ကို အတိအလင်း ရေးသား ဖော်ပြ ထားပါက ဗုဒ္ဓဘာသာဝင်မြေးများသည် အဆိုပါ သေတမ်းစာကို လိုက်နာရမည် ဖြစ်ပါသည်။

သို့သော် သေတမ်းစာ ရေးသားခြင်းမရှိဘဲ အဘိုး၊ အဘွားများမှာ ကွယ်လွန်သွားပါက ၎င်းတို့ ကျန်ရစ်ခဲ့သည့် ပစ္စည်း များကို အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၄၁ အရ အဆိုပါမြေးများသည် ၎င်းတို့၏ မိဘများ သက်ရှိ ထင်ရှားရှိခဲ့လျှင် ရရှိမည့် အမွေပုံဝေစုအတိုင်းရမည်ဖြစ်ပြီး အဆိုပါမိဘများမှ မွေးဖွားထားသည့် သားသမီး များသည် ညီတူမျှတူ ခွဲဝေယူရမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 










 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service