တရုတ်နာမည်ကြီးမင်းသား ရှောင်ကျန်း အင်စတာဂရမ်တွင် အကောင့်ဖွင့်လိုက်မှု ကိုရီးယား ပရိသတ်တို့ကြား ဂယက်ထ၊ ရှောင်ကျန်းကို အိမ်ငှားမနေဘဲ အိမ်တစ်လုံးဝယ်ယူနေထိုင်ရန် ပရိသတ်များမျှော်လင့်

တရုတ်နာမည်ကြီးမင်းသား ရှောင်ကျန်း အင်စတာဂရမ်တွင် အကောင့်ဖွင့်လိုက်မှု ကိုရီးယား ပရိသတ်တို့ကြား ဂယက်ထ၊ ရှောင်ကျန်းကို အိမ်ငှားမနေဘဲ အိမ်တစ်လုံးဝယ်ယူနေထိုင်ရန် ပရိသတ်များမျှော်လင့် - Property News in Myanmar from iMyanmarHouse.com
27 Feb 2023 10:37 am တွင် တင်ခဲ့သည်
4130 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နာမည်ကြီး ရုပ်ရှင်မင်းသား၊ အဆိုတော် ရှောင်ကျန်း (Xiao Zhan) သည် အင်စတာဂရမ်တွင် အကောင့် တစ်ခု ဖွင့်လိုက်ရာ ကိုရီးယားပရိသတ်များအကြား များစွာစိတ်လှုပ်ရှား ဂယက်ရိုက်လျက်ရှိကြသည်။

 

 

(ရှောင်ကျန်း။ ဓာတ်ပုံ-Xiao Zhan Studio Weibo)

 

 

ရှောင်ကျန်းသည် တရုတ်ပြည်တွင် ထိပ်သီးကြယ်ပွင့်တစ်ဦးဖြစ်သည့်အပြင် ၂၀၂၀ ပြည့်နှစ်က ကမ္ဘာ့ အချောမောဆုံး အမျိုးသား ၁၀၀ တွင်လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအချောမောဆုံး အမျိုးသား အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။

ရှောင်ကျန်းနှင့် ဝမ်ယိပေါ်တို့ ပါဝင်သရုပ်ဆောင်ထားသော The Untamed ဇာတ်လမ်းတွဲမှာ တရုတ်ပြည်တွင် အလွန်အောင်မြင်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ တရုတ်ပြည်၏ အကျော်ကြားဆုံးသရုပ်ဆောင်များဖြစ်လာသည်။

အဆိုပါဇာတ်လမ်းတွဲတွင် ရှောင်ကျန်းက အားနည်းသူများကို ကူညီတတ်သူ ဝေဝူရှန်းအဖြစ်လည်းကောင်း၊ ဝမ်ယိပေါ်က အကျပ်အတည်းဖြစ်တိုင်းပေါ်လာတတ်သည့် လန်ဇန်အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင် ထားသည်။

Top Beauty World က ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အချောမောဆုံးအမျိုးသား ၁၀၀ စာရင်းတွင် ရှောင်ကျန်းကို ထည့်သွင်းဖော်ပြခဲ့ရာ ထိုကာလက အဆိုပါစာရင်းတွင် ပါဝင်လာသည့် ပထမဆုံးအာရှတိုက်သားဖြစ်ခဲ့သည်။ ရှောင်ကျန်းက ထိုစာရင်းတွင် ရမှတ် ၉၉၆၅ အထိရကာ ကမ္ဘာ့အချောမောဆုံးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့အချောမောဆုံးအဖြစ် ရွေးချယ်ရာတွင် မျက်နှာသွင်ပြင် (၅၀ ရာခိုင်နှုန်း)၊ ပရိသတ်များ၏ ဆန္ဒမဲ (၃၀ ရာခိုင်နှုန်း)၊ ကိုယ်ရည်ကိုယ်သွေး၊ ခန္ဓာကိုယ်၊ ပရဟိတလုပ်ဆောင်မှု၊ အသိဉာဏ်ပညာ (၂၀) ရာခိုင်နှုန်းတို့ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။

ကမ္ဘာ့အချောမောဆုံးအမျိုးသားအဖြစ် ရောဘတ် ပက်တင်ဆန်၊ လီယိုနာဒို ဒီကာပရီယိုနှင့် တွမ်ခရုစ်တို့လည်း ရွေးချယ်ခံရဖူးသည်။ ကိုရီးယားပရိသတ်များကြားတွင်လည်း ရှောင်ကျန်းကို The Untamed ဇာတ်လမ်းတွဲဖြင့် ချစ်ခင်ခဲ့ကြခြင်း ဖြစ်သည်။

 

 

(ဝမ်ယိပေါ် (ဝဲ)နှင့် ရှောင်ကျန်း (ယာ) တို့ကို The Untamed ရုပ်ရှင်ပိုစတာတွင် တွေ့ရပုံ။ ဓာတ်ပုံ- Tencent Pictures)

 

ကိုရီးယားတွင် ရှောင်ကျန်းကို အားပေးသည့်ပရိသတ်များ၏ fan cafes များပင်ရှိပြီး ကိုရီးယား မြေအောက် ဘူတာရုံများတွင် ရှောင်ကျန်း၏ မွေးနေ့အထိမ်းအမှတ် billboard ထောင်ခြင်းများပင် ပြုလုပ်ကြသည်။

 

(ရှောင်ကျန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုရီးယားပရိသတ်များက Myeong-dong မြေအောက် ဘူတာရုံ တွင် billboard ထောင်ထားပုံ။ ဓာတ်ပုံ-@xiaozhan_koreafancafe/Instagram)

 

 

ရှောင်ကျန်းသည် ၎င်းနှင့်ပတ်သက်သည့်သတင်းများကို တရုတ်ပြည်တွင်းသုံး Weibo လူမှုကွန်ရက်တွင်သာ တင်လေ့ရှိကာ အင်စတာဂရမ်တွင် ကိုရီးယားပရိသတ်များ follow လုပ်နိုင်မည့် fan အကောင့်များနှင့် fan café အကောင့်များသာ ရှိသည်။

ထို့ကြောင့် ရှောင်ကျန်းကိုယ်တိုင်၏ လှုပ်ရှားမှုများကို တွေ့မြင်လိုသော ကိုရီးယား လူမှုကွန်ရက်သုံးစွဲသူတို့က ရှောင်ကျန်းအား အင်စတာဂရမ်အကောင့်ဖွင့်ရန် တောင်းဆိုနေခဲ့ကြသည်မှာ ကြာခဲ့ပြီလည်း ဖြစ်သည်။

နောက်ဆုံးတွင်ကား ကိုရီးယားပရိသတ်တို့၏ ဆန္ဒအမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရှောင်ကျန်းက အင်စတာဂရမ်အကောင့်တစ်ခုဖွင့်လိုက်ပြီး ပရိုဖိုင်ဓာတ်ပုံတစ်ခု တင်ထားခဲ့ပြီး caption တွင် ဟိုင်း..ကျွန်တော် ရှောင်ကျန်းပါ…ဟု ရေးသားထားသည်။

အင်စတာဂရမ်တွင် ရှောင်ကျန်းက အကောင့်ဖွင့်လိုက်သည့်သတင်းမှာ တွစ်တာတွင် တောမီးပမာ ပျံ့နှံ့သွားပြီး trending topic တစ်ခုပင် ဖြစ်လာခဲ့သည်။

မိနစ်ပိုင်းအတွင်း follower အရေအတွက် တဟုန်ထိုးမြင့်တက်သွားခဲ့သည်။

((ရှောင်ကျန်းကို ဝင်ငွေများများရှာနိုင်စေရန်နှင့် အိမ်ငှားမနေဘဲ အိမ်တစ်လုံးဝယ်ကာ နေထိုင်ရန် ပရိသတ်များ မျှော်လင့်))

သတင်းများအရ ရှောင်ကျန်းသည် ပေကျင်းမြို့တွင် စတုရန်းပေ ၇၅၀ ခန့်ရှိသော အိမ်တစ်လုံးကို ငှားရမ်း နေထိုင်သည်ဟု သိရသည်။

သူ၏ ပရိသတ်တစ်ဦးက ပြောသည်မှာ “ထိပ်သီးမင်းသားတစ်ယောက်က အိမ်တစ်လုံး မဝယ်ဘူး။ သူနေတာ တန်ဖိုးကြီး အိမ်တစ်လုံးမဟုတ်ဘူး။ ဒါက စိတ်မချမ်းသာစရာပဲ” ဟု ဆိုသည်။

သို့သော် နေအိမ်အကျယ် စတုရန်းပေ ၇၅၀ ၊ အိပ်ခန်း ၂ ခန်းနှင့် ဧည့်ခန်းပါသောအိမ်မှာ လုံလောက်သော အကျယ်အဝန်းရှိသည်။ မိဘများလာရောက်လည်ပတ်လျှင်ပင် သက်တောင့်သက်သာ နေနိုင်ပါသည်။

ရှောင်ကျန်းသည် ပစ္စည်းဥစ္စာမက်မောသူတစ်ဦးမဟုတ်။

 

သူသည် အိမ်သို့ မကြာခဏ ပြန်လာတတ်သော်လည်း အများအားဖြင့် အိမ်တွင် နေထိုင်ချိန်မရှိ။

ရှောင်ကျန်းသည် သာမာန်မိသားစုတစ်ခုမှ မွေးဖွားလာသူတစ်ဦးဖြစ်ပြီး ငွေသုံးဖြုန်းတတ်သည့် အလေ့အထ မရှိ။

တရုတ်ပြည် ပေကျင်မြို့တော်တွင် နေအိမ်တစ်လုံးဝယ်ယူမည်ဆိုပါက ၅ နှစ်ဆက်တိုက် လူမှုအာမခံကြေးသွင်းထားသူများသာ ဝယ်ယူခွင့်ရှိမည်ဟု သတ်မှတ်ထားခြင်းကြောင့် ငှားရမ်းနေထိုင်ခြင်း ဖြစ်နိုင်သည်။

အိမ်တစ်လုံး မဝယ်နိုင်သေးသောကြောင့် ဖြစ်နိုင်သလို မဝယ်လိုသေးခြင်းကြောင့်လည်း ဖြစ်နိုင်သည့်အပြင် ပေကျင်းတွင် အိမ်ဝယ်ရန် သတ်မှတ်စည်းမျဉ်းနှင့် မကိုက်ညီသေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese Celebrity Xiao Zhan Goes Viral For Making An Instagram Account And Korean Netizens Go Crazy (koreaboo)

 

 

 

 

[Zawgyi]

တရုတ္နာမည္ၾကီးမင္းသား ေရွာင္က်န္း အင္စတာဂရမ္တြင္ အေကာင့္ဖြင့္လိုက္မႈ ကိုရီးယား ပရိသတ္တို႔ၾကား ဂယက္ထ၊ ေရွာင္က်န္းကို အိမ္ငွားမေနဘဲ အိမ္တစ္လံုးဝယ္ယူေနထုိင္ရန္ ပရိသတ္မ်ားေမွ်ာ္လင့္

 

တရုတ္နာမည္ၾကီး ရုပ္ရွင္မင္းသား၊ အဆိုေတာ္ ေရွာင္က်န္း (Xiao Zhan) သည္ အင္စတာဂရမ္တြင္ အေကာင့္ တစ္ခု ဖြင့္လိုက္ရာ ကိုရီးယားပရိသတ္မ်ားအၾကား မ်ားစြာစိတ္လႈပ္ရွား ဂယက္ရိုက္လ်က္ရွိၾကသည္။

(ေရွာင္က်န္း။ ဓာတ္ပံု-Xiao Zhan Studio Weibo)

ေရွာင္က်န္းသည္ တရုတ္ျပည္တြင္ ထိပ္သီးၾကယ္ပြင့္တစ္ဦးျဖစ္သည့္အျပင္ ၂၀၂၀ ျပည့္ႏွစ္က ကမၻာ့ အေခ်ာေမာဆံုး အမ်ဳိးသား ၁၀၀ တြင္လည္းေကာင္း၊ ၂၀၂၂ ခုႏွစ္တြင္ ကမၻာ့ဒုတိယအေခ်ာေမာဆံုး အမ်ဳိးသား အျဖစ္လည္းေကာင္း ေရြးခ်ယ္ခံခဲ့ရသူ ျဖစ္သည္။

ေရွာင္က်န္းႏွင့္ ဝမ္ယိေပၚတို႔ ပါဝင္သရုပ္ေဆာင္ထားေသာ The Untamed ဇာတ္လမ္းတြဲမွာ တရုတ္ျပည္တြင္ အလြန္ေအာင္ျမင္ခဲ့ျပီး ၎တို႔ႏွစ္ဦးမွာ တရုတ္ျပည္၏ အေက်ာ္ၾကားဆံုးသရုပ္ေဆာင္မ်ားျဖစ္လာသည္။

အဆိုပါဇာတ္လမ္းတြဲတြင္ ေရွာင္က်န္းက အားနည္းသူမ်ားကို ကူညီတတ္သူ ေဝဝူရွန္းအျဖစ္လည္းေကာင္း၊ ဝမ္ယိေပၚက အက်ပ္အတည္းျဖစ္တိုင္းေပၚလာတတ္သည့္ လန္ဇန္အျဖစ္လည္းေကာင္း ပါဝင္သရုပ္ေဆာင္ ထားသည္။

Top Beauty World က ၂၀၂၀ ျပည့္ႏွစ္ ကမၻာ့အေခ်ာေမာဆံုးအမ်ဳိးသား ၁၀၀ စာရင္းတြင္ ေရွာင္က်န္းကို ထည့္သြင္းေဖာ္ျပခဲ့ရာ ထိုကာလက အဆိုပါစာရင္းတြင္ ပါဝင္လာသည့္ ပထမဆံုးအာရွတိုက္သားျဖစ္ခဲ့သည္။ ေရွာင္က်န္းက ထိုစာရင္းတြင္ ရမွတ္ ၉၉၆၅ အထိရကာ ကမၻာ့အေခ်ာေမာဆံုးအျဖစ္ ေရြးခ်ယ္ခံခဲ့ရျခင္းလည္း ျဖစ္သည္။

ကမၻာ့အေခ်ာေမာဆံုးအျဖစ္ ေရြးခ်ယ္ရာတြင္ မ်က္ႏွာသြင္ျပင္ (၅၀ ရာခိုင္ႏႈန္း)၊ ပရိသတ္မ်ား၏ ဆႏၵမဲ (၃၀ ရာခိုင္ႏႈန္း)၊ ကိုယ္ရည္ကိုယ္ေသြး၊ ခႏၶာကိုယ္၊ ပရဟိတလုပ္ေဆာင္မႈ၊ အသိဥာဏ္ပညာ (၂၀) ရာခိုင္ႏႈန္းတို႔ျဖင့္ ေရြးခ်ယ္ျခင္းျဖစ္သည္။

ကမၻာ့အေခ်ာေမာဆံုးအမ်ဳိးသားအျဖစ္ ေရာဘတ္ ပက္တင္ဆန္၊ လီယိုနာဒို ဒီကာပရီယုိႏွင့္ တြမ္ခရုစ္တို႔လည္း ေရြးခ်ယ္ခံရဖူးသည္။ ကိုရီးယားပရိသတ္မ်ားၾကားတြင္လည္း ေရွာင္က်န္းကို The Untamed ဇာတ္လမ္းတြဲျဖင့္ ခ်စ္ခင္ခဲ့ၾကျခင္း ျဖစ္သည္။

(ဝမ္ယိေပၚ (ဝဲ)ႏွင့္ ေရွာင္က်န္း (ယာ) တို႔ကို The Untamed ရုပ္ရွင္ပိုစတာတြင္ ေတြ႔ရပံု။ ဓာတ္ပံု- Tencent Pictures)

ကိုရီးယားတြင္ ေရွာင္က်န္းကို အားေပးသည့္ပရိသတ္မ်ား၏ fan cafes မ်ားပင္ရွိျပီး ကိုရီးယား ေျမေအာက္ ဘူတာရံုမ်ားတြင္ ေရွာင္က်န္း၏ ေမြးေန႔အထိမ္းအမွတ္ billboard ေထာင္ျခင္းမ်ားပင္ ျပဳလုပ္ၾကသည္။

(ေရွာင္က်န္း၏ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ကိုရီးယားပရိသတ္မ်ားက Myeong-dong ေျမေအာက္ ဘူတာရံု တြင္ billboard ေထာင္ထားပံု။ ဓာတ္ပံု-@xiaozhan_koreafancafe/Instagram)

ေရွာင္က်န္းသည္ ၎ႏွင့္ပတ္သက္သည့္သတင္းမ်ားကို တရုတ္ျပည္တြင္းသံုး Weibo လူမႈကြန္ရက္တြင္သာ တင္ေလ့ရွိကာ အင္စတာဂရမ္တြင္ ကိုရီးယားပရိသတ္မ်ား follow လုပ္ႏိုင္မည့္ fan အေကာင့္မ်ားႏွင့္ fan café အေကာင့္မ်ားသာ ရွိသည္။

ထို႔ေၾကာင့္ ေရွာင္က်န္းကိုယ္တိုင္၏ လႈပ္ရွားမႈမ်ားကို ေတြ႔ျမင္လိုေသာ ကိုရီးယား လူမႈကြန္ရက္သံုးစြဲသူတို႔က ေရွာင္က်န္းအား အင္စတာဂရမ္အေကာင့္ဖြင့္ရန္ ေတာင္းဆိုေနခဲ့ၾကသည္မွာ ၾကာခဲ့ျပီလည္း ျဖစ္သည္။

ေနာက္ဆံုးတြင္ကား ကိုရီးယားပရိသတ္တို႔၏ ဆႏၵအမွန္တကယ္ျဖစ္လာခဲ့ျပီျဖစ္သည္။

ေဖေဖာ္ဝါရီလ ၂၄ ရက္တြင္ ေရွာင္က်န္းက အင္စတာဂရမ္အေကာင့္တစ္ခုဖြင့္လိုက္ျပီး ပရိုဖိုင္ဓာတ္ပံုတစ္ခု တင္ထားခဲ့ျပီး caption တြင္ ဟိုင္း..ကၽြန္ေတာ္ ေရွာင္က်န္းပါ…ဟု ေရးသားထားသည္။

အင္စတာဂရမ္တြင္ ေရွာင္က်န္းက အေကာင့္ဖြင့္လိုက္သည့္သတင္းမွာ တြစ္တာတြင္ ေတာမီးပမာ ပ်ံ႕ႏွံ႔သြားျပီး trending topic တစ္ခုပင္ ျဖစ္လာခဲ့သည္။

မိနစ္ပိုင္းအတြင္း follower အေရအတြက္ တဟုန္ထိုးျမင့္တက္သြားခဲ့သည္။

((ေရွာင္က်န္းကို ဝင္ေငြမ်ားမ်ားရွာႏိုင္ေစရန္ႏွင့္ အိမ္ငွားမေနဘဲ အိမ္တစ္လံုးဝယ္ကာ ေနထိုင္ရန္ ပရိသတ္မ်ား ေမွ်ာ္လင့္))

သတင္းမ်ားအရ ေရွာင္က်န္းသည္ ေပက်င္းျမိဳ႕တြင္ စတုရန္းေပ ၇၅၀ ခန္႔ရွိေသာ အိမ္တစ္လံုးကို ငွားရမ္း ေနထိုင္သည္ဟု သိရသည္။

သူ၏ ပရိသတ္တစ္ဦးက ေျပာသည္မွာ “ထိပ္သီးမင္းသားတစ္ေယာက္က အိမ္တစ္လံုး မဝယ္ဘူး။ သူေနတာ တန္ဖိုးၾကီး အိမ္တစ္လံုးမဟုတ္ဘူး။ ဒါက စိတ္မခ်မ္းသာစရာပဲ” ဟု ဆိုသည္။

သို႔ေသာ္ ေနအိမ္အက်ယ္ စတုရန္းေပ ၇၅၀ ၊ အိပ္ခန္း ၂ ခန္းႏွင့္ ဧည့္ခန္းပါေသာအိမ္မွာ လံုေလာက္ေသာ အက်ယ္အဝန္းရွိသည္။ မိဘမ်ားလာေရာက္လည္ပတ္လွ်င္ပင္ သက္ေတာင့္သက္သာ ေနႏိုင္ပါသည္။

ေရွာင္က်န္းသည္ ပစၥည္းဥစၥာမက္ေမာသူတစ္ဦးမဟုတ္။

သူသည္ အိမ္သို႔ မၾကာခဏ ျပန္လာတတ္ေသာ္လည္း အမ်ားအားျဖင့္ အိမ္တြင္ ေနထိုင္ခ်ိန္မရွိ။

ေရွာင္က်န္းသည္ သာမာန္မိသားစုတစ္ခုမွ ေမြးဖြားလာသူတစ္ဦးျဖစ္ျပီး ေငြသံုးျဖဳန္းတတ္သည့္ အေလ့အထ မရွိ။

တရုတ္ျပည္ ေပက်င္ျမိဳ႕ေတာ္တြင္ ေနအိမ္တစ္လံုးဝယ္ယူမည္ဆိုပါက ၅ ႏွစ္ဆက္တိုက္ လူမႈအာမခံေၾကးသြင္း ထားသူမ်ားသာ ဝယ္ယူခြင့္ရွိမည္ဟု သတ္မွတ္ထားျခင္းေၾကာင့္ ငွားရမ္းေနထုိင္ျခင္း ျဖစ္ႏိုင္သည္။

အိမ္တစ္လံုး မဝယ္ႏိုင္ေသးေသာေၾကာင့္ ျဖစ္ႏိုင္သလို မဝယ္လိုေသးျခင္းေၾကာင့္လည္း ျဖစ္ႏိုင္သည့္အျပင္ ေပက်င္းတြင္ အိမ္ဝယ္ရန္ သတ္မွတ္စည္းမ်ဥ္းႏွင့္ မကိုက္ညီေသးေသာေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese Celebrity Xiao Zhan Goes Viral For Making An Instagram Account And Korean Netizens Go Crazy (koreaboo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service