နန်ရှီ မြစ်ပေါ်က ကမ္ဘာ့အကျဉ်းဆုံးမြို့
နန်ရှီ မြစ်ပေါ်က ကမ္ဘာ့အကျဉ်းဆုံးမြို့ - Property News in Myanmar from iMyanmarHouse.com
14 Feb 2023 12:02 pm တွင် တင်ခဲ့သည်
1849 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ Yanjin ခရိုင်ရှိ တောင်တန်းများကြားတည်ရှိသော ကမ္ဘာ့အကျဉ်းဆုံးမြို့ Yanjin မှာ Nanxi မြစ်တစ်လျှောက် ကီလိုမီတာများစွာ ဖြန့်ကြက် တည်ရှိသည်။
တောင်တန်း ၂ ခုကြားတွင် Nanxi မြစ်ဖြတ်သန်းစီးဆင်းနေပြီး မြစ်ကမ်းတစ်ဘက်တစ်ချက်တွင် မြို့ကို တည်ထားခြင်း ဖြစ်သည်။
တောင်တန်းများနှင့် မြစ်အကြား မြေနေရာများစွာ မကျယ်ဝန်းရာ အကျဉ်းဆုံးနေရာတွင် မီတာ ၃၀ သာရှိပြီး အကျယ်ဆုံးနေရာတွင် မီတာ ၃၀၀ ခန့် ဖြစ်သည်။
မြစ်သည် မြို့၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း တံတားများစွာ မရှိချေ။
အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် မြေနေရာများစွာမရှိ။ အဆောက်အအုံများစွာမှာ မြစ်ကမ်းပါးပေါ်တွင် တိုင်လုံးများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
အဆိုပါတိုင်လုံးများဖြင့် နေအိမ်များ ရေမနစ်မြုပ်စေရန် ကာကွယ်ထားခြင်းလည်း ဖြစ်သည်။
သို့သော် တရုတ်ပြည်တွင် ယခုထက် သင့်တော်သည့် မြေနေရာများစွာရှိနေရာ ဤဒေသမှာ အခြေချနေထိုင်ရန် အကောင်းဆုံးရွေးချယ်မှုကား မဟုတ်ချေ။
မြို့ကို တောင်တန်းများက ဝန်းပတ်ထားရာ လမ်းပန်းဆက်သွယ်ရေး အထူးခက်ခဲစေသည်။
ထိုသို့ ပေါက်ရောက်ရန် ခက်ခဲခြင်းမှာ မြို့၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်နေသည်။
ထိုသို့ အားနည်းချက်များရှိသော်လည်း မြို့ကလေးတွင် ရင်သပ်ရှုမောဖွယ် ရှုခင်းများ ပိုင်ဆိုင်ထားခြင်းကြောင့် လည်း ရာစုနှစ်များစွာ ယနေ့တိုင် အခြေချနေထိုင်သူများ ရှိနေခြင်းပင် ဖြစ်သည်။
မြို့လေးတွင် နေထိုင်သူများမှာ သားစဉ်မြေးဆက်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
အများစုမှာ အခြားမြို့များသို့ မပြောင်းရွှေ့လိုကြချေ။
မြို့ကို အပေါ်စီးမှကြည့်ပါက ဤနေရာကမ္ဘာပေါ်တွင် အမှန်တကယ်ရှိပါမည်လောဟု ယုံကြည်ရန်ပင် ခက်ခဲလှသည်။
မြို့၏ပုံပန်းသွင်ပြင်မှာ စိတ်ကူးယဉ်ရုပ်ရှင်များထဲမှမြင်ကွင်း (သို့မဟုတ်) ဗွီဒီယိုဂိမ်းထဲမှ မြင်ကွင်းမျိုး ဖြစ်နေသည်။
Yanjin သည် စီရင်စုအဆင့်ရှိ မြို့ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ရှိသည်။
ရှေးကာလများက ဤဒေသသည် ဘိုလူမျိုးတို့ အခြေချနေထိုင်ရာ ဖြစ်ခဲ့သည်။
Yanjin မြို့နေရာကို Wumeng အိမ်တော်က ပိုင်ဆိုင်ခဲ့ပြီး ၁၇၂၇ ခုနှစ်တွင် ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
၁၉၁၇ ခုနှစ်တွင် Yanjin မြို့ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောနှစ်များစွာအတွင်း ဤမြို့၏ ကောင်းကင်ဓာတ်ပုံများမှာ တရုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားခဲ့ဖူးသည်။
ဤမျှကျဉ်းမြောင်းသော မြို့ကလေးတွင် အခြေချနေထိုင်သူ ၄၅၀၀၀၀ ခန့်ရှိသည်ဆိုခြင်းမှာ မယုံနိုင်ဖွယ်ရာပင်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Nanxi River City Is The World’s Narrowest City (indie88 ,themindcircle )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service