ပိုင်ဆိုင်မှုရှိမှ ငွေချေးမှာ ဖြစ်လို့ (ပုံစံ-၇) ရဖို့ အမြန်လုပ်ကြစို့......

ပိုင်ဆိုင်မှုရှိမှ ငွေချေးမှာ ဖြစ်လို့ (ပုံစံ-၇) ရဖို့ အမြန်လုပ်ကြစို့...... - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2022 1:57 pm တွင် တင်ခဲ့သည်
674 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ယနေ့ခတ် တောင်သူလယ်သမား ဦးကြီးများ၏ အမြင့်ဆုံးမျှော်လင့်ချက်မှာ မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများအားလုံး (ပုံစံ-၇) ခေါ်သောလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များက မျှော်မှန်းသလောက် အပြည့်အဝရရှိခြင်းမရှိသေးသည်ကို တွေ့ရသည်။

 

မသမာမှုများ ပပျောက်ရေး ဝန်ထမ်းများကို အသိပေး

ယင်းသို့ ဖြစ်ရခြင်းမှာ (ပုံစံ-၇) ထုတ်ပေးသင့်သူများရှိသကဲ့သို့ ထုတ်မပေးသင့်သောသူများကို ထုတ်ပေးခြင်းများကလည်း ပုံစံ-၇ ရရှိရန် အရေးမှာ အလှမ်းဝေးနေရခြင်း ဖြစ်သည်။ ဤသို့ ကြန့်ကြာမှုများကြောင့်လည်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ အပေါ်တွင် မကျေနပ်မှုများ အပုပ်ချမှုများ တိုင်ကြားမှုများကလည်း အတောမသတ်ကြားနေရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဝန်ထမ်း၏ မသိနားမလည်မှု။ လုပ်ငန်း ချွတ်ချော်ပေါ့ဆမှုနှင့် မသမာမှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဥပမာ။ ။ လူလောကတွင်မရှိတော့ပြီဖြစ်သော ကွယ်လွန်သူတောင်သူလယ်သမားများ၏ အမည်ဖြင့် (ပုံစံ-၇) ထုတ်ပေးလိုက်ခြင်းမျိုးဖြစ်သည်။

 

  ပုံစံ(၇) ရဖို့ရာ (၃)လခန့်သာကြာ

 

တောင်သူလယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်မှု အခွင့်အရေးများရရှိရန်အတွက် အထူးဦးစားပေးဆောင်ရွက်သင့်ပါသည်။ အမှန်ဆိုရင်လျင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇) ရရှိရန်မှာ မြေခွန်ပြေစာရှိရန်လည်း လိုအပ်သည်။ တောင်သူလယ်သမားများဘက်မှ အထောက်အထားအပြည့်အစုံ တင်ပြနိုင်ပါက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရန်မှာ အချိန်ကာလ (၃)လခန့် စောင့်ဆိုင်းရုံဖြင့် ရရှိနိုင်ကြောင်း ပုံစံ-၇ လျှောက်ထားရယူပုံကို လေ့လာကြည့်မိသည်။

 

မြေခွန်ပြေစာ ရှိဖို့အရေးကြီး ပုံစံ(၇) ရဖို့နီး

မြေခွန်ပြေစာလည်း ရှိနေသည်။ လက်ရှိတွင်လည်း လယ်ယာမြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်နေလျင် ပုံစံ(၇) ရရန်သေချာသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ-၇ လျှောက်မည်ဆိုလျှင် ရှေးဦးစွာ လယ်ယာမြေလုပ်ပိုင်ခွင့် (ပုံစံ-၁) လျှောက်လွှာကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ (ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး) ထံမှ အခမဲ့တောင်းယူနိုင်သည်ဟု သိရသည်။

ယင်းလျှောက်လွှာတွင် လိုအပ်သည်များကို ဖြည့်သွင်းရေးသား၍ မြို့နယ် မြေစာရင်းဦးစီးဌာနမှူး(ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်အင်းဦးစီးဌာနမှူး) ရုံးသို့တင်ပြလျှောက်ထားရမည်။ မြေခွန်ပြေစာသည် အရေးအကြီးဆုံးဖြစ်သည်။ ယခင်က တောင်သူလယ်သမားများအား ထုတ်ပေးခဲ့သည့် စာအုပ် ၊ စပါးရောင်းချသည့်မှတ်တမ်း ၊ စိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေချေးယူခြင်း ၊ ပေးဆပ်ခြင်း ပြုခဲ့သည့် အထောက်အထား စာရွက်စာတမ်းများအား ပူးတွဲတင်ပြပေးဖို့လိုပါသည်။ မရှိလျှင်လည်း ရပါသည်။

 

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရန် အချိန်ကာလ (၃) လကြာ

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) တစ်စောင်ရရန် အချိန်(၃)လခန့်ကြာမြင့်ပါသည်။ လုပ်ထုံးလုပ်နည်းများအရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာကို လက်ခံရရှိသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း မြို့နယ်ဦးစီးဌာနသို့ စိစစ်ထောက်ခံချက်ပေးပို့ခြင်း မြို့နယ်ဦးစီးဌာနမှူးသည် ၎င်းလျှောက်လွှာ ပုံစံ(၁) ကို လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲဖွင့်လှစ်၍ လျှောက်လွှာလက်ခံရရှိသည့် နေ့မှ (၁၅)ရက်အတွင်း ပုံစံ(၂)ဖြင့် ကန့်ကွက်လွှာထပ်ဆင့်ကြေ်ငြာဖြင့် (ကန့်ကွက်လွှာထပ်ဆင့် ကြော်ငြာသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း) ကန့်ကွက်လိုသူတို့က ခိုင်လုံသော အထောက်အထား တင်ပြ၍ ကန့်ကွက်နိုင်ခြင်း၊ သတ်မှတ်ကာလပြည့်၍ ကန့်ကွက်မည့်သူမရှိခဲ့လျှင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ၎င်းလုပ်ငန်းစာတွဲကို လက်ခံကာ လယ်ယာမြေလုပ်ပိုင်ခွင့်စစ်ဆေးချက် ပုံစံ(၄) ဖြင့် စိစစ်၍ (၇)ရက်အတွင်း သဘောထားမှတ်ချက်ရေး၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ ပေးပို့တင်ပြရသည်။

 

ခရိုင်မှ ခွင့်ပြုချက်ရ (ပုံစံ-၇) လည်းရ

ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ၎င်းလုပ်ငန်းစာတွဲကို လက်ခံရရှိသည့်အခါ ထပ်ဆင့် စိစစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရန် ဦးစီးဌာနငွေစာရင်းသို့ မှတ်ပုံတင်ကြေး ၅၀၀/ကျပ် ပေးသွင်းစေပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရသည်။ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက်ရရှိလျင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လျှောက်ထားသူသို့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးပါသည်။

 

ပုံစံ(၇) အမြန်ရဖို့ရန် အားနည်းချက်ကိုရှာလိုက်ပါ

ယင်းသို့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ပြဌာန်းထားသော်လည်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်းပေးရေးလုပ်ငန်းကို ၂၀၁၃ - ၂၀၁၄ ခုနှစ် မှစတင်ခဲ့သော်လည်း အခက်အခဲအမျိုးမျိုးနှင့် ပြဿနာမျိုးစုံတို့နှင့် ကြုံတွေ့နေရသဖြင့် ယနေ့ အချိန်အထိ မပြီးပြက်သေးသည်ကို တွေ့ရသည်။

ဤသို့ဖြစ်ရခြင်းမှာ လယ်ယာမြေဥပဒေ၏ အားနည်းချက်၊ ဌာန၏ အားနည်းချက် အပြင် တောင်သူလယ်သမားများဘက်မှ အားနည်းချက်များရှိနေသေးသည်မှာ အမှန်ဖြစ်သည်။ သို့သော် လယ်ယာမြေဥပဒေနှင့် နည်းဥပဒေ အမိန့်ညွှန်ကြားချက် လုပ်ထုံးလုပ်နည်း များအရ လက်ရှိအသုံးပြုလျက်ရှိသော လယ်ယာမြေများနှင့် အမွေဆက်ခံသောလယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အမြန်ရရှိမည့်အရေး တောင်သူလယ်သမားများက မျှော်လင့်လျက်ရှိနေကြသည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။

မသမာမှုများကင်းကြပါစေ

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ပိုင္ဆိုင္မႈရွိမွ ေငြေခ်းမွာ ျဖစ္လို႔ (ပံုစံ-၇) ရဖို႔ အျမန္လုပ္ၾကစို႕......

 

ယေန႔ခတ္ ေတာင္သူလယ္သမား ဦးၾကီးမ်ား၏ အျမင့္ဆံုးေမွ်ာ္လင့္ခ်က္မွာ မိမိတို႕ပိုင္ဆိုင္ေသာ လယ္ယာေျမမ်ားအားလံုး (ပံုစံ-၇) ေခၚေသာလယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္မ်ားက ေမွ်ာ္မွန္းသေလာက္ အျပည့္အဝရရွိျခင္းမရွိေသးသည္ကို ေတြ႕ရသည္။

 

မသမာမႈမ်ား ပေပ်ာက္ေရး ဝန္ထမ္းမ်ားကို အသိေပး

 

ယင္းသို႕ ျဖစ္ရျခင္းမွာ (ပံုစံ-၇) ထုတ္ေပးသင့္သူမ်ားရွိသကဲ့သို႔ ထုတ္မေပးသင့္ေသာသူမ်ားကို ထုတ္ေပးျခင္းမ်ားကလည္း ပံုစံ-၇ ရရွိရန္ အေရးမွာ အလွမ္းေဝးေနရျခင္း ျဖစ္သည္။ ဤသို႕ ၾကန္႕ၾကာမႈမ်ားေၾကာင့္လည္း လယ္ယာေျမစီမံခန္႔ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနမွ ဝန္ထမ္းမ်ား အေပၚတြင္ မေက်နပ္မႈမ်ား အပုပ္ခ်မႈမ်ား တိုင္ၾကားမႈမ်ားကလည္း အေတာမသတ္ၾကားေနရသည္။ ထိုသို႕ ျဖစ္ရျခင္းမွာ ဝန္ထမ္း၏ မသိနားမလည္မႈ။ လုပ္ငန္း ခၽြတ္ေခ်ာ္ေပ့ါဆမႈနွင့္ မသမာမႈမ်ားေၾကာင့္လည္း ျဖစ္ႏိုင္ပါသည္။

ဥပမာ။ ။ လူေလာကတြင္မရွိေတာ့ျပီျဖစ္ေသာ ကြယ္လြန္သူေတာင္သူလယ္သမားမ်ား၏ အမည္ျဖင့္ (ပံုစံ-၇) ထုတ္ေပးလိုက္ျခင္းမ်ိဳးျဖစ္သည္။

 

ပံုစံ(၇) ရဖို႔ရာ (၃)လခန္႕သာၾကာ

 

ေတာင္သူလယ္သမားမ်ား၏ လယ္ယာေျမပိုင္ဆိုင္မႈ အခြင့္အေရးမ်ားရရွိရန္အတြက္ အထူးဦးစားေပးေဆာင္ရြက္သင့္ပါသည္။ အမွန္ဆိုရင္လ်င္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္(ပံုစံ-၇) ရရွိရန္မွာ ေျမခြန္ေျပစာရွိရန္လည္း လိုအပ္သည္။ ေတာင္သူလယ္သမားမ်ားဘက္မွ အေထာက္အထားအျပည့္အစံု တင္ျပႏိုင္ပါက လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ရရန္မွာ အခ်ိန္ကာလ (၃)လခန္႕ ေစာင့္ဆိုင္းရုံျဖင့္ ရရွိႏိုင္ေၾကာင္း ပံုစံ-၇ ေလွ်ာက္ထားရယူပံုကို ေလ့လာၾကည့္မိသည္။

 

ေျမခြန္ေျပစာ ရွိဖို႕အေရးၾကီး ပံုစံ(၇) ရဖို႕နီး

ေျမခြန္ေျပစာလည္း ရွိေနသည္။ လက္ရွိတြင္လည္း လယ္ယာေျမေပၚတြင္ စိုက္ပ်ိဳးလုပ္ကိုင္ေနလ်င္ ပံုစံ(၇) ရရန္ေသခ်ာသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ပံ ုစံ-၇ ေလွ်ာက္မည္ဆိုလွ်င္ ေရွးဦးစြာ လယ္ယာေျမလုပ္ပိုင္ခြင့္ (ပံုစံ-၁) ေလွ်ာက္လႊာကို သက္ဆုိင္ရာ ရပ္ကြက္/ေက်းရြာ အုပ္စု လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕ ဥကၠဌ (ရပ္ကြက္/ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴး) ထံမွ အခမဲ့ေတာင္းယူႏိုင္သည္ဟု သိရသည္။

ယင္းေလွ်ာက္လႊာတြင္ လိုအပ္သည္မ်ားကို ျဖည့္သြင္းေရးသား၍ ျမိဳ႕နယ္ ေျမစာရင္းဦးစီးဌာနမွဴး (ယခုလယ္ယာေျမစီမံခန္႕ခြဲေရးနွင့္စာရင္အင္းဦးစီးဌာနမွဴး) ရုံးသို႕တင္ျပေလွ်ာက္ထားရမည္။ ေျမခြန္ေျပစာသည္ အေရးအၾကီးဆံုးျဖစ္သည္။ ယခင္က ေတာင္သူလယ္သမားမ်ားအား ထုတ္ေပးခဲ့သည့္ စာအုပ္ ၊ စပါးေရာင္းခ်သည့္မွတ္တမ္း ၊ စိုက္ပ်ိဳးေရးဘဏ္မွ စိုက္ပ်ိဳးစရိတ္ေခ်းေငြေခ်းယူျခင္း ၊ ေပးဆပ္ျခင္း ျပဳခဲ့သည့္ အေထာက္အထား စာရြက္စာတမ္းမ်ားအား ပူးတြဲတင္ျပေပးဖို႕လိုပါသည္။ မရွိလွ်င္လည္း ရပါသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ရရန္ အခ်ိန္ကာလ (၃) လၾကာ

 

လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ (ပံုစံ-၇) တစ္ေစာင္ရရန္ အခ်ိန္(၃)လခန္႕ၾကာျမင့္ပါသည္။ လုပ္ထံုးလုပ္နည္းမ်ားအရ ရပ္ကြက္ သို႕မဟုတ္ ေက်းရြာအုပ္စု၊ လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕သည္ လယ္ယာေျမလုပ္ပိုင္ခြင့္ ေလွ်ာက္လႊာကို လက္ခံရရွိသည့္ ေန႕မွ ရက္ေပါင္း ၃၀ အတြင္း ျမိဳ႕နယ္ဦးစီးဌာနသို႕ စိစစ္ေထာက္ခံခ်က္ေပးပို႕ျခင္း ျမိဳ႕နယ္ဦးစီးဌာနမွဴးသည္ ၄င္းေလွ်ာက္လႊာ ပံုစံ(၁) ကို လယ္ယာေျမလုပ္ပိုင္ခြင့္လုပ္ငန္းစာတြဲဖြင့္လွစ္၍ ေလွ်ာက္လႊာလက္ခံရရွိသည့္ ေန႕မွ (၁၅)ရက္အတြင္း ပံုစံ(၂)ျဖင့္ ကန္႕ကြက္လႊာထပ္ဆင့္ေ ၾကာ္ျငာျဖင့္ (ကန္႕ကြက္လႊာထပ္ဆင့္ ေၾကာ္ျငာသည့္ေန႕ရက္မွ ရက္ေပါင္း ၃၀ အတြင္း) ကန္႕ကြက္လိုသူတို႕က ခိုင္လံုေသာ အေထာက္အထား တင္ျပ၍ ကန္႕ကြက္ႏိုင္ျခင္း၊ သတ္မွတ္ကာလျပည့္၍ ကန္႕ကြက္မည့္သူမရွိခဲ့လွ်င္ ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈ အဖြဲ႕သည္ ၄င္းလုပ္ငန္းစာတြဲကို လက္ခံကာ လယ္ယာေျမလုပ္ပိုင္ခြင့္စစ္ေဆးခ်က္ ပံုစံ(၄) ျဖင့္ စိစစ္၍ (၇)ရက္အတြင္း သေဘာထားမွတ္ခ်က္ေရး၍ ခရုိင္လယ္ယာေျမစီမံခန္႕ခြဲမႈ အဖြဲ႕သို႕ ေပးပို႕တင္ျပရသည္။

ခရုိင္မွ ခြင့္ျပဳခ်က္ရ (ပံုစံ-၇) လည္းရ

ခရုိင္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သည္ ၄င္းလုပ္ငန္းစာတြဲကို လက္ခံရရွိသည့္အခါ ထပ္ဆင့္ စိစစ္၍ လယ္ယာေျမလုပ္ပိုင္ခြင့္ မွတ္ပံုတင္ရန္ ဦးစီးဌာနေငြစာရင္းသို႕ မွတ္ပံုတင္ေၾကး ၅၀၀/က်ပ္ ေပးသြင္းေစျပီး ျမိဳ႕နယ္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕သို႔ တင္ျပရသည္။ ခရုိင္လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕၏ အေၾကာင္းၾကားခ်က္ရရွိလ်င္ ျမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲမႈအဖြဲ႕မွ ေလွ်ာက္ထားသူသို႕ လယ္ယာေျမလုပ္ပိုင္ခြင့္လက္မွတ္ ထုတ္ေပးပါသည္။

 

ပံုစံ(၇) အျမန္ရဖို႕ရန္ အားနည္းခ်က္ကိုရွာလိုက္ပါ

ယင္းသို႕ ၂၀၁၂ ခုနွစ္ လယ္ယာေျမဥပေဒတြင္ ျပဌာန္းထားေသာ္လည္း လယ္ယာေျမစီမံခန္႕ခြဲေရးနွင့္ စာရင္းအင္းဦးစီးဌာနမွ လယ္ယာေျမလုပ္ပိုင္ခြင့္မွတ္ပံုတင္ျခင္းနွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္းေပးေရးလုပ္ငန္းကို ၂၀၁၃ - ၂၀၁၄ ခုနွစ္ မွစတင္ခဲ့ေသာ္လည္း အခက္အခဲအမ်ိဳးမ်ိဳးနွင့္ ျပႆနာမ်ိဳးစံုတို႕နွင့္ ၾကံဳေတြ႕ေနရသျဖင့္ ယေန႕ အခ်ိန္အထိ မျပီးျပက္ေသးသည္ကို ေတြ႕ရသည္။

ဤသို႕ျဖစ္ရျခင္းမွာ လယ္ယာေျမဥပေဒ၏ အားနည္းခ်က္၊ ဌာန၏ အားနည္းခ်က္ အျပင္ ေတာင္သူလယ္သမားမ်ားဘက္မွ အားနည္းခ်က္မ်ားရွိေနေသးသည္မွာ အမွန္ျဖစ္သည္။ သို႕ေသာ္ လယ္ယာေျမဥပေဒနွင့္ နည္းဥပေဒ အမိန္႕ညႊန္ၾကားခ်က္ လုပ္ထံုးလုပ္နည္း မ်ားအရ လက္ရွိအသံုးျပဳလ်က္ရွိေသာ လယ္ယာေျမမ်ားနွင့္ အေမြဆက္ခံေသာလယ္ယာေျမမ်ားအား လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ (ပံုစံ-၇) အျမန္ရရွိမည့္အေရး ေတာင္သူလယ္သမားမ်ားက ေမွ်ာ္လင့္လ်က္ရွိေနၾကသည္မွာ အမွန္ပင္ ျဖစ္ပါေတာ့သည္။

မသမာမႈမ်ားကင္းၾကပါေစ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service