နေမာဦးဆောင်သော ဘရာဇီးအသင်း ကာတာတွင် နေထိုင်လျက်ရှိသည့်ဟိုတယ်နှင့် လေ့ကျင့်ရေးကွင်း
နေမာဦးဆောင်သော ဘရာဇီးအသင်း ကာတာတွင် နေထိုင်လျက်ရှိသည့်ဟိုတယ်နှင့် လေ့ကျင့်ရေးကွင်း - Property News in Myanmar from iMyanmarHouse.com
28 Nov 2022 9:55 am တွင် တင်ခဲ့သည်
894 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
စပိန်သတင်းစာ MARCA သည် ကမ္ဘာ့ဖလားဘောလုံးပွဲကာလအတွင်း ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ဘရာဇီးအသင်း နေထိုင်မည့်နေရာနှင့် လေ့ကျင့်ရေးနေရာများသို့ သီးသန့် ဝင်ရောက်လေ့လာခွင့်ရရှိခဲ့သည်။
ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလားဘောလုံးပွဲကာလအတွင်း Westin Doha Hotel & Spa တွင် တည်းခိုနေထိုင်လျက်ရှိပြီး လေ့ကျင့်ရေးကွင်းနေရာမှာ Grand Hamad အားကစားကွင်း ဖြစ်သည်။
အဆိုပါနေရာများကို ယခုနှစ်မတ်လကတည်းက ရွေးချယ်ကာ ကြေညာထားခဲ့ခြင်း ဖြစ်သည်။
(ဘရာဇီးဘောလုံးအသင်း လေ့ကျင့်ရေးပြုလုပ်သည့် Grand Hamad အားကစားကွင်း)
MARCA သတင်းစာက ဘရာဇီးအသင်း လေ့ကျင့်ရေးဆင်းမည့် Grand Hamad အားကစားကွင်းသို့ ဝင်ရောက် လေ့လာခွင့်ရခဲ့သည်။
Grand Hamad အားကစားကွင်းသည် ၁၉၉၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကွင်းကို ရွေးချယ်ခဲ့ရခြင်းမှာ ဒိုဟာတွင် အပူချိန်မြင့်မားလှသော်လည်း အားကစားကွင်း၏ အရည်အသွေးကြောင့် ဖြစ်သည်။
ပရိသတ် ၁၃၀၀၀ ဆန့်သော ကွင်းဖြစ်ပြီး ပွဲကြည့်စင်ခုံများနှင့် ကွင်းဘေးမှ ဘောလုံးအသင်းကစားသမားများ ထိုင်ကြသည့် အမိုးနှင့်ခုံတန်းနေရာတို့အကြား နည်းစနစ်ကော်မတီဝင်တို့က လေ့ကျင့်ရေးကာလတွင် ထိုင်ကြသည့် ငြမ်းစင်နေရာတစ်ခုလည်း ပါဝင်သည်။
ထိိုုသို့ ထားရှိခြင်းမှာ စပိန်တွင် လူးဝစ် အင်းနရစ်က စတင်အသုံးပြုရာမှ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
အဆိုပါအချက်အပြင် ကစားကွင်းတစခုလုံး၏ ဖွဲ့စည်းပုံအနေအထားမှာ များစွာချီးမွမ်းဖွယ်ရာ ဖြစ်သည်။
အဝတ်လဲခန်းတွင် တစ်ဦးစီအတွက် ထားသိုရန်နေရာ locker များရှိပြီး အသုံးအဆောင်ပစ္စည်းများ (သို့မဟုတ်) စားစရာများထားရန် ဗဟိုစားပွဲတစ်လုံးရှိသည်။
ထိုနေရာမှနေပြီး ရေကူးကန် ၂ ခု၊ ရေပန်းများနှင့် အိမ်သာများကို အပေါ်စီးမှ တွေ့မြင်ရသည်။
Locker ခန်း၏ နံရံတစ်ခုတွင် ဆောင်ပုဒ်တစ်ခု ရေးသားထားရာ အာရုံစူးစိုက်ကာ အကျိုးခံစားပါ (Concentrate and enjoy) ဟု ဖြစ်သည်။ စင်္ကြန်လမ်းအများအပြား၏ နံရံများတွင်လည်း Tite ဟုလူသိများသော ဘရာဇီးအသင်းနည်းပြ Adenor Leonardo Bacchi က စေ့ဆော်မှု ဆောင်ပုဒ်များ ရေးသားထားစေရာ “အောင်ပွဲရဖို့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ပါ” "Seize the moment of confidence", "Courage".... ဟူသော ဆောင်ပုဒ်မျိုးများ ဖြစ်သည်။
အဆိုပါ စိတ်ခွန်အားရစေမည့် စကားများအပြင် ဘရာဇီးကို ကမ္ဘာ့ဖလားပြိုင်ပွဲရောက်စေခဲ့သည့် အမှတ်တရ များ၊ နောက်ဆုံးအနိုင်ရခဲ့သည့် ပြိုင်ပွဲများမှ အထင်ကရဓာတ်ပုံများကိုလည်း ချိတ်ဆွဲထားသည်။
စကားပြောခန်းတစ်ခုလည်းပါဝင်ရာ အဆိုပါအခန်းတွင် ကြီးမားသည့် ရုပ်မြင်သံကြားစက်နှင့် ပရောဂျက်တာ ပုံရိပ်ထိုးရန် screen တစ်ခုလည်း ရှိသည်။ အခန်းအတွင်း ဂငယ်ပုံ စားပွဲတစ်လုံးနှင့် ထိုင်ခုံ ၂၆ လုံးရှိကာ ပြိုင်ဘက်အသင်းများ၏ ကစားပုံကို လေ့လာရန် ရုပ်မြင်သံကြားစက်၊ ကွန်ပြူတာနှင့် ပရင်တာများရှိသည်။
အားကစားလေ့ကျင့်ရေးခန်းမတစ်ခုလည်းရှိပြီး များပြားလှသော လေ့ကျင့်ရေးစက်များ ထားရှိသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးဘောလုံးအသင်းနှင့်အတူ လိုက်ပါလာသော အဖွဲ့အသီးသီးအတွက် အထူးသီးသန့် နေရာများထားရှိရာ နည်းပြ Tite နှင့် သူ၏နည်းပြအဖွဲ့အတွက် locker ၁၅ ခု၊ ဆေးဝန်ထမ်းများအတွက် locker ၉ ခုနှင့် အသုံးအဆောင်ပစ္စည်းဆိုင်ရာအဖွဲ့အတွက် locker ၃ ခု ရှိသည်။
အပန်းဖြေရန်နေရာ
အဆိုပါကွင်းအတွင်း ဘောလုံးသမားများအတွက် အပန်းဖြေရန် အဆောက်အအုံတစ်ခုလည်းရှိရာ ဘောလုံးပွဲကာလအတွင်း အားလပ်သည့်အချိန်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။
အပန်းဖြေနေရာတွင် ရောင်စုံဘောလုံးများစွာထားရှိပေးထားသော ball pool ၊ ရုပ်မြင်သံကြားစက်များစွာ တပ်ဆင်ပေးထားသည့် နားနေခန်း၊ ဗွီဒီယိုဂိမ်းကစားစက်များ၊ ဘိ
လိယက်ခုံများနှင့် စားပွဲတင်တင်းနစ်ခုံများ လည်းရှိရာ ပျင်းရိဖွယ် မရှိချေ။
(ဘရာဇီးဘောလုံးအသင်း တည်းခိုနေထိုင်သော The Westin Doha Hotel & Spa)
The Westin Doha Hotel & Spa သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့လယ်တွင်ရှိပြီး လေဆိပ်မှ မိနစ် ၂၀ ခန့်၊ ဒိုဟာမြို့လယ်မှ မိနစ်ပိုင်းခန့်သာ ဝေးကွာသည်။ ရထားဘူတာရုံများသို့ လမ်းလျှောက်သွားရုံဖြင့် ရောက်ရှိနိုင်ပြီး ဘောလုံးကွင်းများမှာလည်း ဟိုတယ်နှင့် နီးကပ်စွာ တည်ရှိသည်။
ဟိုတယ်မှာ ပန်းခြံများ၊ ရေကူးကန်ပါစံအိမ်များရှိသော အေးချမ်းဆိတ်ငြိမ်သည့် နေရာကောင်းတွင် တည်ရှိသည်။
Tripadvisor တွင် ဖော်ပြချက်အရ Covid-19 ကာကွယ်ဆေးထိုးပြီးသော ဧည့်သည်များသည် ဟိုတယ် အတွင်း၊ အပြင် မည်သည့်နေရာတွင်မဆို ညစာစားနိုင်သော်လည်း ကာကွယ်ဆေးမထိုးရသေးသည့် ဧည့်သည်များမှာမူ အပြင်ဘက်တွင်သာ ညစာစားခွင့်ရှိမည်ဟု ဆိုသည်။
ကာတာကမ္ဘာ့ဖလားဝက်ဘ်ဆိုက်ဖြစ်သော qatar2022.qa တွင် ဖော်ပြချက်အရ The Westin Doha Hotel & Spa ၏ တည်းခိုခမှာ တစ်ညလျှင် ကာတာငွေ ၁၈၇၉ (ကန်ဒေါ်လာ ၅၂၆) ဖြစ်သည်။
The Westin Doha Hotel & Spa သည် ဒိုဟာမြို့လယ်တွင် တည်ရှိသော အိုအေစစ်ကလေးတစ်ခု ဖြစ်၏။
Indoor ရေကူးကန်၊ အလွန်ကျယ်ပြောလှသော outdoor ရေကူးကန်၊ အားကစားလေ့ကျင့်ရေးနေရာ၊ spa တို့ ပါဝင်ကာ ထိုင်းစားသောက်ဆိုင်၊ အမဲကင်ဆိုင်၊ ရေကန်ဘေးစားသောက်ဆိုင်တို့အပါအဝင် ညစာစားရန်အတွက် ရွေးချယ်စရာများစွာ ရှိသည်။
ဝန်ဆောင်မှုများ- ၂၄ နာရီ ဧည့်ကြိုကောင်တာ၊ ၂၄ နာရီ အခန်းဝန်ဆောင်မှု၊ ၂၄ နာရီ လုံခြုံရေး၊ ATM ငွေထုတ်စက်၊ ကားငှားရမ်းနိုင်သည့်ဝန်ဆောင်မှု၊ ကားရပ်နားရန်နေရာ (အခကြေးငွေဖြင့်)၊ ကားရပ်နားရန်နေရာ (အခမဲ့)၊ ကွန်ဖရင့်ခန်းမ၊ ဆေးလိပ်သောက်ရန်နေရာ၊ dry cleaning ၊ အရက်သေစာရောင်းချခွင့် လိုင်စင်ရှိ၊ ဓာတ်လှေကား၊ သီးသန့် check in/out ပြုလုပ်ခြင်း၊ အလှပြင်ဆိုင်၊ ငွေသားလဲလှယ်မှု၊ free WiFi ၊ နိုက်ကလပ်၊ အပ်ချုပ်ဆိုင်၊ ဖိနပ်သန့်ရှင်းရေးဝန်ဆောင်မှုအခန်းဝန်ဆောင်မှုများ- လေအေးပေးစက်၊ ရေစိမ်ကန်၊ ကော်ဖီနှင့် လဘက်ရည်ပစ္စည်းများ၊ ဆံပင်အခြောက်ခံစက်၊ နိုင်ငံတကာရုပ်သံလိုင်းများ၊ မီးပူ၊ အရက်ဘားငယ်၊ ရုပ်ရှင်များ (အခမဲ့၊ အခပေး)။ ရေပန်း၊ တယ်လီဖုန်း၊ ရုပ်မြင်သံကြား၊ WiFi ဟိုတယ်တည်နေရာ- Zone 23, Salwa Road, Doha
(၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးဘောလုံးအသင်းတွင် ပါဝင်သူများ)
(ဂိုးသမားများ)
Alisson-လီဗာပူး
Ederson-မန်ချက်စတာ စီးတီး
Weverton-Palmeiras
(နောက်တန်းခံစစ်)
Thiago Silva- ချယ်လ်ဆီး
Marquinhos- PSG
Danilo- ဂျူဗင်တပ်
Eder Millitao -ရီးယဲမက်ဒရစ်
Alex Telles-ဆီဗီလာ
Alex Sandro-ဂျူဗင်တပ်
Bremer-ဂျူဗင်တပ်
Dani Alves-PUMAS
(ကွင်းလယ်ကစားသမားများ)
Casemiro-မန်ချက်စတာ ယူနိုက်တက်
Lucas Paqueta- ဝက်စ်ဟမ်း
Fabinho-လီဗာပူး
Fred- မန်ချက်စတာ ယူနိုက်တက်
Everton Ribeiro-ဖလာမင်ဂို
Bruno Guimaraes-နယူးကာဆယ်
(တိုက်စစ်မှူးများ)
နေမာ- PSG
Richarlison-တော့တမ်ဟမ်ဟော့စပါး
Vinicius Junior-ရီးရဲမက်ဒရစ်
Antony-မန်ချက်စတာယူနိုက်တက်
Raphinha-ဘာစီလိုနာ
Rodrygo-ရီးရဲမက်ဒရစ်
Pedro-ဖလာမင်ဂို
Gabriel Jesus-အာဆင်နယ်
Gabriel Martinelli-အာဆင်နယ်
(ကမ္ဘာ့ဖလားတွင် ဘရာဇီးအသင်း၌ ရွေးချယ်ခြင်းမခံရသည့် ထင်ရှားသူများ)
ရောဘတ်တို ဖာမီနို-လီဗာပူး- (နည်းစနစ်ပိုင်းအရ)
ဖိလစ် ကော်တင်ဟို-အက်စ်တန်ဗီလာ-(နည်းစနစ်ပိုင်းအရ/ ထိခိုက်ဒဏ်ရာ)
Gabriel Magalhaes- အာဆင်နယ် (နည်းစနစ်ပိုင်းအရ)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Brazil's home in Qatar, uncovered: this is where Neymar, vincius and Co will live and train (marca, goal.com, qatar2022.qa)
[Zawgyi]
ထိုသို့ ထားရှိခြင်းမှာ စပိန်တွင် လူးဝစ် အင်းနရစ်က စတင်အသုံးပြုရာမှ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
အပန်းဖြေရန်နေရာ
https://www.qatar2022.qa/book/detail/57020/westin-doha-hotel-spa/
Alisson-လီဗာပူး
Weverton-Palmeiras
(နောက်တန်းခံစစ်)
Marquinhos- PSG
Danilo- ဂျူဗင်တပ်
Alex Telles-ဆီဗီလာ
Alex Sandro-ဂျူဗင်တပ်
Bremer-ဂျူဗင်တပ်
Dani Alves-PUMAS
Fabinho-လီဗာပူး
(တိုက်စစ်မှူးများ)
နေမာ- PSG
Raphinha-ဘာစီလိုနာ
Rodrygo-ရီးရဲမက်ဒရစ်
Pedro-ဖလာမင်ဂို
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
taunggyi-garden-city
mya-villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service