ကြောက်မက်ဖွယ်ပူပြင်းသော ကွန်တိန်နာပုံးလူနေခန်းများ၊ ရေချိုးခန်းထဲမှ ညိုညစ်ညစ်ရေများဖြင့် ကမ္ဘာ့ဖလားပရိသတ်များ တည်းခိုနေထိုင်ရမှု များစွာအဆင်မပြေမှုများရင်ဆိုင်ရ

ကြောက်မက်ဖွယ်ပူပြင်းသော ကွန်တိန်နာပုံးလူနေခန်းများ၊ ရေချိုးခန်းထဲမှ ညိုညစ်ညစ်ရေများဖြင့် ကမ္ဘာ့ဖလားပရိသတ်များ တည်းခိုနေထိုင်ရမှု များစွာအဆင်မပြေမှုများရင်ဆိုင်ရ - Property News in Myanmar from iMyanmarHouse.com
24 Nov 2022 11:29 am တွင် တင်ခဲ့သည်
2040 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလုံးပွဲ ပရိသတ်များသည် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ရှုအားပေးရန်အတွက် ကာတာနိုင်ငံရှိ Qetaifan Island အမည်ရှိ ပရိသတ်များ တည်းခိုရန် စီစဉ်ပေးထားသောနေရာ ပရိသတ်ကျေးရွာ(Fan Village) သို့ ရောက်ရှိလာကြချိန်တွင် နေရာထိုင်ခင်း ဆောက်လုပ်နေမှုများပင် လက်စမသတ်သေးသည်ကို တွေ့ခဲ့ကြရသည်။

နိုဝင်ဘာလ ၁၈ ရက်တွင် ဘောလုံးပွဲ ဧည့်သည်တော်များအတွက် Fan Village ကို ဖွင့်လှစ်ပေးခဲ့သော်လည်း ဆောက်လုပ်ရေးအလုပ်သမားများမှာ တက်သုတ်ရိုက်ကာ ဆောက်လုပ်နေကြဆဲဖြစ်သည်ကို တွေ့ခဲ့ရသည်။

ဗြိတိန်သတင်းစာဖြစ်သော The Guardian ၏ ဖော်ပြချက်အရ Rawdat Al Jahhaniya အမည်ရှိ ပရိသတ်များ စုဝေးတည်းခိုရာကျေးရွာ (Fan Village) တွင် ကမ္ဘာ့ဖလားပွဲကြီးစတင်လိုက်သည့် တနင်္ဂနွေနေ့မတိုင်မီ ၂ ရက်အလိုအထိ ဆောက်လုပ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

ကာတာကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပရိသတ်ကျေးရွာ (Fan Village) တွင် နေထိုင်တည်းခိုမိသူများသည် အဆင်မပြေမှုများစွာ ရင်ဆိုင်ရကြောင်း တိုင်တန်းမှုများစွာ ရှိသည်။

တစ်ညလျှင် တည်းခိုခ ကန်ဒေါ်လာ ၂၀၇ ပေးရသည့်အခန်းများသည် ပရိသတ်များ မျှော်လင့်ထားခဲ့သည်နှင့် များစွာကွာခြားလှကြောင်း BBC Sport သတင်းဌာနက ထုတ်ပြန်သည်။

 

(မခံနိုင်လောက်အောင် ပူပြင်းသော အပူဒဏ်)

စပိန်နိုင်ငံမှ လာရောက်သည့် ဘောလုံးပရိသတ်တစ်ဦးဖြစ်သူ Pedro က BBC Sport သတင်းဌာနသို့ ပြောသည်မှာ Qetaifan Island အမည်ရှိ ပရိသတ်ကျေးရွာတွင် ဘောလုံးပွဲပရိသတ်များ တည်းခိုရသည့် ယာယီတဲအိမ်များမှာ ပလတ်စတစ်အထူစားဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပရိသတ်များ တည်းခိုရန်ဆောက်လုပ်ထားသည့် ကုတင် ၂ လုံးပါ တဲတစ်လုံးတွင် ကာတာ၏ သဲကန္တာရ အပူရှိန်ကို အံတုရန် ပန်ကာကလေးတစ်လုံးသာ ပေးထားသည်။

 

 

 

လေအေးပေးစက်မရှိခြင်းနှင့် ယာယီတဲဆောက်လုပ်ထားသည့် ပစ္စည်းအမျိုးအစားတို့ကြောင့် တည်းခိုရာ နေရာမှာ မခံနိုင်လောက်အောင် ပူပြင်းလှကာ ဖန်ပေါင်းချောင်အတွင်း နေထိုင်ရသကဲ့သို့ ဖြစ်ကြောင်း စပိန်မှ လာသည့် ဘောလုံးပွဲပရိသတ်များဖြစ်သော Pedro နှင့် Fatima တို့က BBC Sport သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

တည်းခိုကြသည့် ဧည့်သည်များသည် စုပေါင်းသုံးရသော ရေချိုးခန်းမှ ရေပိုက်ခေါင်းကို ဖွင့်လိုက်ချိန်တွင် ရေများမှာ အညိုရောင်ဖြစ်နေသည်ကို တွေ့ကြရသည်။

ယာယီတဲများကို ပိတ်ရန်အတွက် အသုံးပြုသော သော့မှာ ခရီးဆောင်အိတ်မှ သော့အရွယ်အစားသာ ရှိသည်။

ယာယီတဲများတွင် ဇစ်တပ်ဆင်ထားပြီး ဇစ်ဖြင့် ဖွင့်နိုင်ပိတ်န်ိုင်နေသည်။

 

ပြင်သစ်နိုင်ငံမှ လာရောက်သည့် ဘောလုံးပရိသတ်တစ်ဦးဖြစ်သော Djamal က ပရိသတ်ကျေးရွာတွင် နေထိုင်တည်းခိုရန် ငှားရမ်းပြီးဖြစ်သော်လည်း ပိုမိုကောင်းမွန်သည့် အခြားနေရာ ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ပရိသတ်ကျေးရွာမှာ စီစဉ်ပေးထားမှု ညံ့ဖျင်းလှပြီး ဈေးမှာလည်း အလွန်များပြားကြောင်း ၎င်းကပြောသည်။

 

 

မစ္စတာ Djamal သည် ပရိသတ်ကျေးရွာတွင် ရက်သတ္တ ၃ ပတ်ကြာတည်းခိုရန်အတွက် ကန်ဒေါ်လာ ၃၃၁၇ ပေးခဲ့ရသောကြောင့် ဟိုတယ်တစ်ခုဖြစ်မည်ဟု မှတ်ထင်ခဲ့ကြောင်း BBC Sport သတင်းဌာနအား ပြောသည်။

Rawdat Al Jahhaniya အမည်ရှိ ပရိသတ်ကျေးရွာတွင်လည်း ဈေးနှုန်းမှာ အလားတူပေးရပြီး နေထိုင်ရသည်မှာ ကွန်တိန်နာခန်းများတွင် ဖြစ်သည်။

ထိုနေရာတွင်လည်း ဘောလုံးပွဲပရိသတ်တို့ မကျေမနပ် ပြောဆိုမှုများ ရှိနေပြီး အခန်းကျဉ်းကလေးများအတွက် ဈေးနှုန်းမြင့်မားစွာ ပေးရခြင်းအပေါ် အမျက်ထွက်နေကြသည်။

 

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မှ လာရောက်သည့် အသက် ၃၂ နှစ်အရွယ် မစ္စတာ Milad Mahmooditar က ဗြိတိန်သတင်းဌာနတစ်ခုဖြစ်သော Daily Mail သို့ပြောသည်မှာ “’ဒီလို သံပုံးအခန်းထဲမှာ နေဖို့အတွက် ငွေတွေအများကြီးပေးရတာ ရယ်စရာကောင်းပါတယ်”ဟု ဆိုသည်။

အင်္ဂလန်နိုင်ငံ ၊ ဝေလပြည်နယ်မှ လာရောက်သော ပရိသတ်တစ်ဦးက Daily Mail သတင်းဌာနကို ပြောသည်မှာ “ဒါက ကျွန်တော်တို့ကို ထားမယ့်နေရာလား။ လေဝင်လေထွက်မရှိ ၊ အလင်းရောင်လည်း အရမ်းနည်းတဲ့ ဖိနပ်ဘူးလိုမျိုး ကွန်တိန်နာ ပုံးထဲမှာ နေရမှာလား။”ဟု ပြောသည်။

Rawdat Al Jahhaniya အမည်ရှိ ပရိသတ်ကျေးရွာသည် ကမ္ဘာ့ဖလားပွဲကြီးမစမီ ၄၈ နာရီအလိုအထိ ဝန်ချီစက်များ ၊ အုတ်အကျိုးအပဲ့များ ၊ ပြန့်ကျဲနေသော သင်္ဘောကွန်တိန်နာပုံးများဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအသွင်သာ ရှိနေသေးခဲ့ကြောင်း The Guardian သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ကာတာ ကမ္ဘာ့ဖလားမှ ပရိသတ်ကျေးရွာများကို လူမှုကွန်ရက်အသုံးပြုသူတို့က ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် Fyre Festival နှင့် တူနေကြောင်း နှိုင်းယှဉ်ပြောကြားကြသည်။

Fyre Festival မှာ ဘဟားမားတွင် ကျင်းပခဲ့သော ဂီတပွဲတော်ဖြစ်ပြီး ထိပ်တန်းပွဲလမ်းကြီးတစ်ခုအဖြစ် လူမှုကွန်ရက်တွင် နာမည်ကြီးသူတို့က အင်တိုက်အားတိုက် ကြော်ငြာပေးခဲ့ကြသည်။

ထိုဂီတပွဲတော်သို့ ပရိသတ်များရောက်ရှိလာချိန်တွင် တည်းခိုရန်နေရာများမှာ ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

 

 

(အချို့ပရိသတ်များကမူ အခြေအနေ အရမ်းမဆိုးဟုဆို)

Cabins Free Zone အမည်ရှိ ကွန်တိန်နာခန်းများဖြင့် ဖွဲ့စည်းထားသော ပရိသတ်ကျေးရွာတွင်မူ အချို့ပရိသတ်များက စိတ်ကျေနပ်မှုရှိကြောင်း စင်္ကာပူ ရုပ်သံလိုင်း CNA က ဖော်ပြသည်။

အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်မှလာသော ဘောလုံးပရိသတ်တစ်ဦးဖြစ်သူ Gruff Davies က CNA သို့ ပြောရာတွင် “ကျွန်တော်တို့ ဒီကို သဘောထားကြီးကြီးနဲ့ပဲလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာတွေကြုံရမယ်ဆိုတာ ကျွန်တော်တို့ တကယ်မသိလို့ပါ။ မျှတအောင်ပြောရရင် အရမ်းမဆိုးပါဘူး” ဟု ဆိုသည်။

မစ္စတာ Davies နှင့် ဝေလပြည်နယ်မှ အခြားဘောလုံးပရိသတ်တစ်ဦးဖြစ်သူ Cai Edwards တို့က ပြောသည်မှာ ၎င်းတို့မှာ ယခုထက်ဆိုးရွားမည်ဟုပင် ထင်ခဲ့ကြောင်း ပြောသည်။

အခြားနေရာများတွင် တည်းခိုစရိတ်များ အလွန်မြင့်မားသောကြောင့် ပရိသတ်ကျေးရွာများတွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဘောလုံးပွဲပရိသတ်တို့က ပြောသည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက ဖော်ပြသည်မှာ ကာတာ ကမ္ဘာ့ဖလားတွင် လာရောက်သူပေါင်း ၁ ဒသမ ၂ သန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း တည်းခိုရန် ဟိုတယ်ခန်းမှာ ယခုနှစ်မတ်လတွင် အခန်းပေါင်း ၃၀၀၀၀ ခန့်သာ ရှိသေးကြောင်း၊ အဆိုပါအခန်းများ၏ ၈၀ ရာခိုင်နှုန်းကိုလည်း ဘောလုံးအသင်းများ၊ ဖီဖာမှ အကြီးအကဲများနှင့် စပွန်ဆာများက တည်းခိုရန် ကြိုတင်ငှားရမ်းထားကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

ကမ္ဘာ့ဖလားဘောလုံးပွဲစီစဉ်သူတို့က ပရိသတ်ကျေးရွာ ၉ ခုစီစဉ်ပေးထားရာ ယာယီတဲများ၊ သင်္ဘောကွန်တိန်နာခန်းများမှသည် စိုက်ခင်းများတွင် စခန်းချနေထိုင်ခြင်းမျိုးအထိ ပါဝင်သည်။

ထို့အပြင် ပွဲစီစဉ်သူတို့က တည်းခိုရန် နေရာထိုင်ခင်း မကျေနပ်ဖွယ်အခြေအနေများကို ဖြေရှင်းပေးရန်အတွက် ကမ္ဘာ့အကြီးမားဆုံး အပျော်စီးသင်္ဘောကြီးနှင့် အခြားအပျော်စီးသင်္ဘောများလည်း စီစဉ်ပေးထားသည်။ ထိုအပျော်စီးသင်္ဘောများတွင် တည်းခိုခမှာ အနည်းဆုံးတစ်ညလျှင် ၁၇၉ ဒေါ်လာမှ စတင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World Cup fans bemoan hot 'tin can' rooms, brown water in bathrooms; others have no complaints (todayonline)

 

 

 

[Zawgyi]

ေၾကာက္မက္ဖြယ္ပူျပင္းေသာ ကြန္တိန္နာပံုးလူေနခန္းမ်ား၊ ေရခ်ဳိးခန္းထဲမွ ညိဳညစ္ညစ္ေရမ်ားျဖင့္ ကမၻာ့ဖလားပရိသတ္မ်ား တည္းခိုေနထုိင္ရမႈ မ်ားစြာအဆင္မေျပမႈမ်ားရင္ဆိုင္ရ

 

ေဘာလံုးပြဲ ပရိသတ္မ်ားသည္ ၂၀၂၂ ကမၻာ့ဖလား ေဘာလံုးပြဲကို ၾကည့္ရႈအားေပးရန္အတြက္ ကာတာႏိုင္ငံရွိ Qetaifan Island အမည္ရွိ ပရိသတ္မ်ား တည္းခိုရန္ စီစဥ္ေပးထားေသာေနရာ ပရိသတ္ေက်းရြာ(Fan Village) သို႔ ေရာက္ရွိလာၾကခ်ိန္တြင္ ေနရာထိုင္ခင္း ေဆာက္လုပ္ေနမႈမ်ားပင္ လက္စမသတ္ေသးသည္ကို ေတြ႔ခဲ့ၾကရသည္။

ႏိုဝင္ဘာလ ၁၈ ရက္တြင္ ေဘာလံုးပြဲ ဧည့္သည္ေတာ္မ်ားအတြက္ Fan Village ကို ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ေဆာက္လုပ္ေရးအလုပ္သမားမ်ားမွာ တက္သုတ္ရိုက္ကာ ေဆာက္လုပ္ေနၾကဆဲျဖစ္သည္ကို ေတြ႔ခဲ့ရသည္။

ျဗိတိန္သတင္းစာျဖစ္ေသာ The Guardian ၏ ေဖာ္ျပခ်က္အရ Rawdat Al Jahhaniya အမည္ရွိ ပရိသတ္မ်ား စုေဝးတည္းခိုရာေက်းရြာ (Fan Village) တြင္ ကမၻာ့ဖလားပြဲၾကီးစတင္လိုက္သည့္ တနဂၤေႏြေန႔မတိုင္မီ ၂ ရက္အလိုအထိ ေဆာက္လုပ္မႈမ်ား ျပဳလုပ္ေနဆဲ ျဖစ္သည္ဟု ဆိုသည္။

ကာတာကမၻာ့ဖလားပြဲစဥ္အတြင္း ပရိသတ္ေက်းရြာ (Fan Village) တြင္ ေနထိုင္တည္းခိုမိသူမ်ားသည္ အဆင္မေျပမႈမ်ားစြာ ရင္ဆိုင္ရေၾကာင္း တိုင္တန္းမႈမ်ားစြာ ရွိသည္။

တစ္ညလွ်င္ တည္းခိုခ ကန္ေဒၚလာ ၂၀၇ ေပးရသည့္အခန္းမ်ားသည္ ပရိသတ္မ်ား ေမွ်ာ္လင့္ထားခဲ့သည္ႏွင့္ မ်ားစြာကြာျခားလွေၾကာင္း BBC Sport သတင္းဌာနက ထုတ္ျပန္သည္။

(မခံႏိုင္ေလာက္ေအာင္ ပူျပင္းေသာ အပူဒဏ္)

စပိန္ႏိုင္ငံမွ လာေရာက္သည့္ ေဘာလံုးပရိသတ္တစ္ဦးျဖစ္သူ Pedro က BBC Sport သတင္းဌာနသို႔ ေျပာသည္မွာ Qetaifan Island အမည္ရွိ ပရိသတ္ေက်းရြာတြင္ ေဘာလံုးပြဲပရိသတ္မ်ား တည္းခိုရသည့္ ယာယီတဲအိမ္မ်ားမွာ ပလတ္စတစ္အထူစားျဖင့္ ျပဳလုပ္ထားျခင္းျဖစ္သည္ဟု ဆိုသည္။

ပရိသတ္မ်ား တည္းခိုရန္ေဆာက္လုပ္ထားသည့္ ကုတင္ ၂ လံုးပါ တဲတစ္လံုးတြင္ ကာတာ၏ သဲကႏၱာရ အပူရွိန္ကို အံတုရန္ ပန္ကာကေလးတစ္လံုးသာ ေပးထားသည္။

ေလေအးေပးစက္မရွိျခင္းႏွင့္ ယာယီတဲေဆာက္လုပ္ထားသည့္ ပစၥည္းအမ်ဳိးအစားတို႔ေၾကာင့္ တည္းခုိရာ ေနရာမွာ မခံႏိုင္ေလာက္ေအာင္ ပူျပင္းလွကာ ဖန္ေပါင္းေခ်ာင္အတြင္း ေနထုိင္ရသကဲ့သုိ႔ ျဖစ္ေၾကာင္း စပိန္မွ လာသည့္ ေဘာလံုးပြဲပရိသတ္မ်ားျဖစ္ေသာ Pedro ႏွင့္ Fatima တို႔က BBC Sport သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာသည္။

တည္းခုိၾကသည့္ ဧည့္သည္မ်ားသည္ စုေပါင္းသံုးရေသာ ေရခ်ဳိးခန္းမွ ေရပိုက္ေခါင္းကို ဖြင့္လုိက္ခ်ိန္တြင္ ေရမ်ားမွာ အညဳိေရာင္ျဖစ္ေနသည္ကို ေတြ႔ၾကရသည္။

ယာယီတဲမ်ားကို ပိတ္ရန္အတြက္ အသံုးျပဳေသာ ေသာ့မွာ ခရီးေဆာင္အိတ္မွ ေသာ့အရြယ္အစားသာ ရွိသည္။

ယာယီတဲမ်ားတြင္ ဇစ္တပ္ဆင္ထားျပီး ဇစ္ျဖင့္ ဖြင့္ႏိုင္ပိတ္ႏို္င္ေနသည္။

ျပင္သစ္ႏိုင္ငံမွ လာေရာက္သည့္ ေဘာလံုးပရိသတ္တစ္ဦးျဖစ္ေသာ Djamal က ပရိသတ္ေက်းရြာတြင္ ေနထိုင္တည္းခိုရန္ ငွားရမ္းျပီးျဖစ္ေသာ္လည္း ပိုမိုေကာင္းမြန္သည့္ အျခားေနရာ ရွာေဖြရန္ ဆံုးျဖတ္ခဲ့သည္။

ပရိသတ္ေက်းရြာမွာ စီစဥ္ေပးထားမႈ ညံ့ဖ်င္းလွျပီး ေစ်းမွာလည္း အလြန္မ်ားျပားေၾကာင္း ၎ကေျပာသည္။

မစၥတာ Djamal သည္ ပရိသတ္ေက်းရြာတြင္ ရက္သတၱ ၃ ပတ္ၾကာတည္းခိုရန္အတြက္ ကန္ေဒၚလာ ၃၃၁၇ ေပးခဲ့ရေသာေၾကာင့္ ဟိုတယ္တစ္ခုျဖစ္မည္ဟု မွတ္ထင္ခဲ့ေၾကာင္း BBC Sport သတင္းဌာနအား ေျပာသည္။

Rawdat Al Jahhaniya အမည္ရွိ ပရိသတ္ေက်းရြာတြင္လည္း ေစ်းႏႈန္းမွာ အလားတူေပးရျပီး ေနထိုင္ရသည္မွာ ကြန္တိန္နာခန္းမ်ားတြင္ ျဖစ္သည္။

ထိုေနရာတြင္လည္း ေဘာလံုးပြဲပရိသတ္တို႔ မေက်မနပ္ ေျပာဆိုမႈမ်ား ရွိေနျပီး အခန္းက်ဥ္းကေလးမ်ားအတြက္ ေစ်းႏႈန္းျမင့္မားစြာ ေပးရျခင္းအေပၚ အမ်က္ထြက္ေနၾကသည္။

အီရန္ႏုိင္ငံ၏ ျမဳိ႕ေတာ္ တီဟီရန္မွ လာေရာက္သည့္ အသက္ ၃၂ ႏွစ္အရြယ္ မစၥတာ Milad Mahmooditar က ျဗိတိန္သတင္းဌာနတစ္ခုျဖစ္ေသာ Daily Mail သို႔ေျပာသည္မွာ “’ဒီလုိ သံပုံးအခန္းထဲမွာ ေနဖုိ႔အတြက္ ေငြေတြအမ်ားၾကီးေပးရတာ ရယ္စရာေကာင္းပါတယ္”ဟု ဆိုသည္။

အဂၤလန္ႏိုင္ငံ ၊ ေဝလျပည္နယ္မွ လာေရာက္ေသာ ပရိသတ္တစ္ဦးက Daily Mail သတင္းဌာနကို ေျပာသည္မွာ “ဒါက ကၽြန္ေတာ္တို႔ကို ထားမယ့္ေနရာလား။ ေလဝင္ေလထြက္မရွိ ၊ အလင္းေရာင္လည္း အရမ္းနည္းတဲ့ ဖိနပ္ဘူးလိုမ်ဳိး ကြန္တိန္နာ ပံုးထဲမွာ ေနရမွာလား။”ဟု ေျပာသည္။

Rawdat Al Jahhaniya အမည္ရွိ ပရိသတ္ေက်းရြာသည္ ကမၻာ့ဖလားပြဲၾကီးမစမီ ၄၈ နာရီအလိုအထိ ဝန္ခ်ီစက္မ်ား ၊ အုတ္အက်ဳိးအပဲ့မ်ား ၊ ျပန္႔က်ဲေနေသာ သေဘၤာကြန္တိန္နာပံုးမ်ားျဖင့္ ေဆာက္လုပ္ေရး လုပ္ငန္းခြင္တစ္ခုအသြင္သာ ရွိေနေသးခဲ့ေၾကာင္း The Guardian သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။

ကာတာ ကမၻာ့ဖလားမွ ပရိသတ္ေက်းရြာမ်ားကို လူမႈကြန္ရက္အသံုးျပဳသူတို႔က ၂၀၁၇ ခုႏွစ္တြင္ က်င္းပခဲ့သည့္ Fyre Festival ႏွင့္ တူေနေၾကာင္း ႏႈိင္းယွဥ္ေျပာၾကားၾကသည္။

Fyre Festival မွာ ဘဟားမားတြင္ က်င္းပခဲ့ေသာ ဂီတပြဲေတာ္ျဖစ္ျပီး ထိပ္တန္းပြဲလမ္းၾကီးတစ္ခုအျဖစ္ လူမႈကြန္ရက္တြင္ နာမည္ၾကီးသူတို႔က အင္တိုက္အားတိုက္ ေၾကာ္ျငာေပးခဲ့ၾကသည္။

ထိုဂီတပြဲေတာ္သို႔ ပရိသတ္မ်ားေရာက္ရွိလာခ်ိန္တြင္ တည္းခိုရန္ေနရာမ်ားမွာ ေဆာက္လုပ္ေနဆဲျဖစ္သည္ဟု ဆိုသည္။

(အခ်ဳိ႕ပရိသတ္မ်ားကမူ အေျခအေန အရမ္းမဆိုးဟုဆို)

Cabins Free Zone အမည္ရွိ ကြန္တိန္နာခန္းမ်ားျဖင့္ ဖြဲ႔စည္းထားေသာ ပရိသတ္ေက်းရြာတြင္မူ အခ်ဳိ႕ပရိသတ္မ်ားက စိတ္ေက်နပ္မႈရွိေၾကာင္း စကၤာပူ ရုပ္သံလိုင္း CNA က ေဖာ္ျပသည္။

အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္မွလာေသာ ေဘာလံုးပရိသတ္တစ္ဦးျဖစ္သူ Gruff Davies က CNA သို႔ ေျပာရာတြင္ “ကၽြန္ေတာ္တို႔ ဒီကို သေဘာထားၾကီးၾကီးနဲ႔ပဲလာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘာေတြၾကံဳရမယ္ဆိုတာ ကၽြန္ေတာ္တို႔ တကယ္မသိလို႔ပါ။ မွ်တေအာင္ေျပာရရင္ အရမ္းမဆိုးပါဘူး” ဟု ဆိုသည္။

မစၥတာ Davies ႏွင့္ ေဝလျပည္နယ္မွ အျခားေဘာလံုးပရိသတ္တစ္ဦးျဖစ္သူ Cai Edwards တို႔က ေျပာသည္မွာ ၎တို႔မွာ ယခုထက္ဆိုးရြားမည္ဟုပင္ ထင္ခဲ့ေၾကာင္း ေျပာသည္။

အျခားေနရာမ်ားတြင္ တည္းခိုစရိတ္မ်ား အလြန္ျမင့္မားေသာေၾကာင့္ ပရိသတ္ေက်းရြာမ်ားတြင္ ေနထုိင္ရန္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဘာလံုးပြဲပရိသတ္တို႔က ေျပာသည္။

ရိုးလင္းစတုန္းမဂၢဇင္းၾကီးက ေဖာ္ျပသည္မွာ ကာတာ ကမၻာ့ဖလားတြင္ လာေရာက္သူေပါင္း ၁ ဒသမ ၂ သန္းရွိမည္ဟု ေမွ်ာ္မွန္းခဲ့ေသာ္လည္း တည္းခိုရန္ ဟိုတယ္ခန္းမွာ ယခုႏွစ္မတ္လတြင္ အခန္းေပါင္း ၃၀၀၀၀ ခန္႔သာ ရွိေသးေၾကာင္း၊ အဆိုပါအခန္းမ်ား၏ ၈၀ ရာခိုင္ႏႈန္းကိုလည္း ေဘာလံုးအသင္းမ်ား၊ ဖီဖာမွ အၾကီးအကဲမ်ားႏွင့္ စပြန္ဆာမ်ားက တည္းခိုရန္ ၾကိဳတင္ငွားရမ္းထားၾကျပီး ျဖစ္သည္ဟု ဆိုသည္။

ကမၻာ့ဖလားေဘာလံုးပြဲစီစဥ္သူတို႔က ပရိသတ္ေက်းရြာ ၉ ခုစီစဥ္ေပးထားရာ ယာယီတဲမ်ား၊ သေဘၤာကြန္တိန္နာခန္းမ်ားမွသည္ စိုက္ခင္းမ်ားတြင္ စခန္းခ်ေနထုိင္ျခင္းမ်ဳိးအထိ ပါဝင္သည္။

ထို႔အျပင္ ပြဲစီစဥ္သူတို႔က တည္းခိုရန္ ေနရာထုိင္ခင္း မေက်နပ္ဖြယ္အေျခအေနမ်ားကို ေျဖရွင္းေပးရန္အတြက္ ကမၻာ့အၾကီးမားဆံုး အေပ်ာ္စီးသေဘၤာၾကီးႏွင့္ အျခားအေပ်ာ္စီးသေဘၤာမ်ားလည္း စီစဥ္ေပးထားသည္။ ထိုအေပ်ာ္စီးသေဘၤာမ်ားတြင္ တည္းခိုခမွာ အနည္းဆံုးတစ္ညလွ်င္ ၁၇၉ ေဒၚလာမွ စတင္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World Cup fans bemoan hot 'tin can' rooms, brown water in bathrooms; others have no complaints (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
thukha-garden-residence
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service