တရုတ်ပြည်က လူသူကင်းမဲ့သော ကမ္ဘာ့အကြီးမားဆုံး စွန့်ပစ်ခံ ဈေးဝယ်စင်တာကြီး

တရုတ်ပြည်က လူသူကင်းမဲ့သော ကမ္ဘာ့အကြီးမားဆုံး စွန့်ပစ်ခံ ဈေးဝယ်စင်တာကြီး - Property News in Myanmar from iMyanmarHouse.com
22 Nov 2022 10:48 am တွင် တင်ခဲ့သည်
1201 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ တုန်ကွမ်းမြို့ (Dongguan) တွင် New South China Mall အမည်ရှိ လူသူကင်းမဲ့သော ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီး တည်ရှိပြီး ဟောင်ကောင်၏ မြောက်ဘက် မိုင် ၅၀ ခန့် အကွာတွင် ဖြစ်သည်။

အဆိုပါ ဈေးဝယ်စင်တာကြီးသည် အမေရိကန်မှ Mall of America ထက် ၂ ဆကြီးမားပြီး ဆိုင်ခန်းပေါင်း ၂၃၅၀ အတွက် နေရာရှိကာ အငှားချနိုင်သည့် ကြမ်းခင်းဧရိယာ ၇ ဒသမ ၁ စတုရန်းပေ ရှိသည်။

ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအရေအတွက် ပမာဏမှလွဲ၍ ကမ္ဘာပေါ်တွင် New South China ဈေးဝယ်စင်တာကြီးကို ယှဉ်နိုင်သည့် ဈေးဝယ်စင်တာမရှိသေးချေ။

ဈေးဝယ်တစ်ယောက်အတွက် လိုအပ်သည့် Facility အပြည့်အစုံရှိသော်လည်း စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက ဈေးဝယ်စင်တာကြီး၏ ၉၉ ရာခိုင်နှုန်းမှာ ဖွင့်လှစ်သူမရှိခဲ့ချေ။

(New South China ဈေးဝယ်စင်တာကြီး၏ ဒီဇိုင်းပုံစံ )

 

New South China ဈေးဝယ်စင်တာကြီးကို ဘီလီယံနာ Alex Hu Guirong က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယွမ်ငွေ ၂ ဒသမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၀၂ သန်း ) ကုန်ကျခဲ့သည်။

New South China ဈေးဝယ်စင်တာကြီး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၉ ဒသမ ၆ သန်း ရှိပြီး ထိုခေတ်က ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်စင်တာကြီးဖြစ်ခဲ့ကာ တစ်နေ့လျှင် လူပေါင်း ၁၀၀၀၀၀ လာရောက်ရန် မျှော်မှန်းခဲ့သည်။

New South China ဈေးဝယ်စင်တာကြီးအတွင်းတွင် အပျော်တမ်းလှေစီးရန်အတွက် အလျား ၁ ဒသမ ၃ မိုင်ရှည်သော တူးမြောင်း တစ်ခု ဖောက်လုပ်ထားသည့်အပြင် ကြီးမားသည့် အီဂျစ် sphinx အရုပ်ကြီးတစ်ခုလည်း ရှိသည်။

ထို့အပြင် ပေ ၁၈၀၀ ရှိသော အဆောက်အအုံတွင် ရိုလာကိုစတာကြီး တစ်ခုလည်း ပါဝင်သည်။

New South China ဈေးဝယ်စင်တာကြီးအတွင်းတွင် နိုင်ငံတကာယဉ်ကျေးမှု အရိပ်အငွေ့များလွှမ်းသည့် ဇုံ ၇ ခု ခွဲခြားဆောက်လုပ်ထားရာ အမ်စတာဒမ်၊ ကယ်လီဖိုးနီးယား၊ ကာရစ်ဘီယမ် ၊ အီဂျစ် ၊ ပဲရစ် ၊ရောမနှင့် ဗင်းနစ်တို့ဖြစ်ကြသည်။

 

New South China ဈေးဝယ်စင်တာကြီးတွင် ပြင်သစ်မှ ကမ္ဘာကျော် မုဒ်ဦးကြီးဖြစ်သော Arc de Triomphe အတိုင်း ပုံတူ ၈၂ ပေ ဆောက်လုပ်ထားသည့် အပြင် ဗင်းနစ်မှ St. Mark ခေါင်းလောင်းမျှော်စင်ပုံတူ တစ်ခုလည်းရှိသည်။ ကားရပ်နားရန် နေရာပေါင်း ၈၀၀၀ ကျော်ရှိသည်။

 

(စွန့်ပစ်ခံ ဈေးဝယ်စင်တာ)

လူဦးရေ ၁၀ သန်းရှိသော Dongguan မြို့ကြီးတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၁၂ သန်းရှိသည့် ကွမ်ကျိုးမြို့ကြီးနှင့် ကပ်လျှက်တည်ရှိသည့်တိုင် New South China ဈေးဝယ်စင်တာကြီးတွင် ငှားရမ်းဆိုင်ခန်းဖွင့်လှစ်သူ မရှိသလောက်ဖြစ်ခဲ့သည်။

 

(ဘာကြောင့်လူသူကင်းမဲ့ရတာလဲ)

New South China ဈေးဝယ်စင်တာကြီး ယခုအခြေအနေရောက်ခဲ့ရသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ တည်နေရာဖြစ်သည်။

ဈေးဝယ်စင်တာကြီးကို တုန်ကွမ်းမြို့ရှိ လယ်မြေဟောင်းတစ်ခုတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကွမ်ကျိုးမြို့ကို ရှင်းကျန့်၊ ဟောင်ကောင်တို့နှင့်ဆက်သွယ်ပေးထားသော G4 နှင့် G15 တို့ကဲ့သို့ အဝေးပြေးလမ်းမကြီးများနှင့် နီးစပ်ခြင်းလည်းမရှိ။

 

တုန်ကွမ်းတွင် လေဆိပ်လည်းမရှိ။

အနီးဆုံးလေဆိပ်မှာ တစ်နာရီကျော်ခရီးကွာဝေးရာ အခြားဒေသတွင် နေထိုင်သူများအနေဖြင့် New South China ဈေးဝယ်စင်တာကြီးသို့ လာရန်ခက်ခဲသည်။

မြို့ခံများသည်ပင်လျှင် သွားရန်ခက်သည်။ တိုက်ရိုက်ရထား (သို့မဟုတ်) ဘတ်စ်ကားလိုင်းမရှိ။ စီစဉ်ပေးထားသည့် ဘတ်စ်ကားများရှိသော်လည်း သက်တောင့်သက်သာမရှိ။

သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ တုန်ကွမ်းတွင် ၆ မိုင်ခရီးကို ဘတ်စ်ကားဖြင့်သွားသည်မှာ ၂ နာရီခွဲကြာမြင့်ခဲ့ကြောင်း ပြောသည်။

New South China ဈေးဝယ်စင်တာကြီးသို့ သွားရန် အကောင်းဆုံးနည်းလမ်းမှာ ကိုယ်ပိုင်ကားများဖြင့် သွားသည့်နည်းလမ်းသာရှိသည်။

ကိုယ်ပိုင်ကားမှာလည်း လူအနည်းစုသာ စီးနိုင်ကြသည်။ New South China ဈေးဝယ်စင်တာကြီးတွင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ကြသည့် ကုမ္ပဏီများမှာ အထက်ပါ ကဲ့သို့သော အကြောင်းရင်းများကြောင့် မဖွင့်လှစ်ဖြစ်ခဲ့တော့။

ရှန်ဂရီလာဟိုတယ်အုပ်စု ဆိုလျှင် New South China ဈေးဝယ်စင်တာကြီးတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခု ဖွင့်လှစ်ရန်ပင် ရည်ရွယ်ခဲ့သည်။

New South China ဈေးဝယ်စင်တာကြီး လူသူကင်းမဲ့ကာ စွန့်ပစ်ခံဖြစ်ခဲ့ရခြင်း၏ အခြားအကြောင်းရင်းတစ်ခုမှာ ဒေသဝန်းကျင်စီးပွားရေး အခြေအနေကြောင့်ဖြစ်သည်။

တုန်ကွမ်းသည် ဆင်းရဲနွမ်းပါးသူများ အလုပ်လာရောက်လုပ်ကိုင်ကြသော စက်မှုဇုံမြို့တစ်ခုဖြစ်သည်။

ရှောင်ဟု အမည်ရသော အလုပ်သမားတစ်ဦးက “လူတွေက ဒီကိုလာတာ စက်ရုံတွေမှာ အလုပ်လုပ်ဖို့ပါ။ ဈေးဝယ်စင်တာမှာ ဈေးဝယ်ထွက်ဖို့၊ ရိုလာကိုစတာစီးဖို့ အချိန်မရှိသလို ငွေလည်းမရှိပါဘူး”ဟု ပြောသည်။

 

(စွန့်ပစ်ခံ ဈေးဝယ်စင်တာကြီး၏ ပျက်စီးယိုယွင်းမှု)

ဈေးဝယ်စင်တာကြီးကို မွမ်းမံထိန်းသိမ်းမှု ပြုလုပ်ရန် အလုပ်သမားအဖွဲ့ ထားရှိသော်လည်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်း အနည်းငယ်သာရှိသောကြောင့် အလုပ်သမားအင်အား အနည်းငယ်သာ ထားရှိသည်။

သို့အတွက် လက်တစ်ဆုပ်စာ အလုပ်သမားများမှာ အလွန်တရာကြီးမားကျယ်ပြန့်လှသော စင်တာကြီး တစ်ခုလုံးကို မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ပေးရန် မဖြစ်နိုင်ချေ။

ပိတ်ထားရသည့် စက်လှေခါးများပေါ်တွင် ဖုံးအုပ်ထားသော အထည်စများမှာ ညစ်ပတ်နေပြီဖြစ်ပြီး စင်္ကြန်လမ်းများမှာ ဖုန်အလိမ်းလိမ်းဖြစ်ကာ ဆေးများကွာကြနေသည်။

ကြမ်းပြင်များပေါ်တွင်လည်း အမှိုက်များ ပျံ့ကြဲလျက်ရှိသည်။ လူသူမရှိသော ဈေးဝယ်စင်တာကြီးအတွင်း သင်ဝင်ရောက်သွားမည်ဆိုပါက သွားလာရင်း တွေ့ရမည့် လူများမှာ ထိုစင်တာတွင် အလုပ်လုပ်သူ ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း သို့မဟုတ် လုံခြုံရေးအစောင့်များသာ ဖြစ်သည်။

ပျင်းရိငြီးငွေ့နေကြသော ဝန်ထမ်းများမှာ မိမိတို့၏ နေရာတွင် ခါးကိုင်းလက်ထောက်ရပ်နေကြခြင်း၊ လူသူကင်းမဲ့သော ဝန်းကျင်ကို တွေငေးစိုက်ကြည့်နေကြခြင်း၊ အချိန်ဖြုန်းရန်အတွက် စီးကရက်များ အဆက်မပြတ် သောက်နေခြင်းတို့ဖြင့်သာ အချိန်ကုန် ဖြတ်သန်းကြသည်။

ဈေးဝယ်စင်တာကြီးအတွင်း ဖောက်လုပ်ထားသော တစ်မိုင်ကျော်ရှည်လျားသည့် တူးမြောင်းရေမှာ ကလိုရင်းဖြင့် ပိုးသတ်မှု မပြုလုပ်သောကြောင့် စိမ်းပုပ်ရောင် ပေါက်နေလေပြီ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အလှဆင်ထားခဲ့သော အပြင်အဆင်များမှာ ထိုစဉ်ကအတိုင်း ယနေ့တိုင်ရှိနေပြီး နေထိကာ ဆေးများပြယ်လွင့်နေကြပြီ။

ငှားရမ်းဖွင့်လှစ်သူ လုံးဝမရှိခဲ့သည့် ဈေးဝယ်စင်တာ၏ အပိုင်းအားလုံးမှာ လုံးဝပျက်စီးယိုယွင်းနေပြီး နှစ်ပေါင်းများစွာ သင့်တော်သည့် ထိန်းသိမ်းပြုပြင်မှု မပြုလုပ်ခဲ့ခြင်းကြောင့် အချို့နေရာများတွင် အန္တရာယ်ရှိသည့် အခြေအနေပင် ဆိုက်နေသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New South China Mall: Largest Empty Mall in the World (sometimes-interesting)

 

 

[Zawgyi]

တရုတ္ျပည္က လူသူကင္းမဲ့ေသာ ကမၻာ့အၾကီးမားဆံုး စြန္႔ပစ္ခံ ေစ်းဝယ္စင္တာၾကီး

 

တရုတ္ႏိုင္ငံ၊ ကြမ္တံုျပည္နယ္၊ တုန္ကြမ္းျမိဳ႕ (Dongguan) တြင္ New South China Mall အမည္ရွိ လူသူကင္းမဲ့ေသာ ကမၻာ့အၾကီးမားဆံုး ေစ်းဝယ္စင္တာၾကီး တည္ရွိျပီး ေဟာင္ေကာင္၏ ေျမာက္ဘက္ မိုင္ ၅၀ ခန္႔ အကြာတြင္ ျဖစ္သည္။

အဆိုပါ ေစ်းဝယ္စင္တာၾကီးသည္ အေမရိကန္မွ Mall of America ထက္ ၂ ဆၾကီးမားျပီး ဆိုင္ခန္းေပါင္း ၂၃၅၀ အတြက္ ေနရာရွိကာ အငွားခ်ႏုိင္သည့္ ၾကမ္းခင္းဧရိယာ ၇ ဒသမ ၁ စတုရန္းေပ ရွိသည္။

ဖြင့္လွစ္ထားသည့္ ဆုိင္ခန္းအေရအတြက္ ပမာဏမွလြဲ၍ ကမၻာေပၚတြင္ New South China ေစ်းဝယ္စင္တာၾကီးကို ယွဥ္ႏိုင္သည့္ ေစ်းဝယ္စင္တာမရွိေသးေခ်။

ေစ်းဝယ္တစ္ေယာက္အတြက္ လုိအပ္သည့္ Facility အျပည့္အစံုရွိေသာ္လည္း စတင္ဖြင့္လွစ္ခဲ့သည့္ ၂၀၀၅ ခုႏွစ္ကတည္းက ေစ်းဝယ္စင္တာၾကီး၏ ၉၉ ရာခုိင္ႏႈန္းမွာ ဖြင့္လွစ္သူမရွိခဲ့ေခ်။

(New South China ေစ်းဝယ္စင္တာၾကီး၏ ဒီဇိုင္းပံုစံ )

New South China ေစ်းဝယ္စင္တာၾကီးကို ဘီလီယံနာ Alex Hu Guirong က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ယြမ္ေငြ ၂ ဒသမ ၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၄၀၂ သန္း ) ကုန္က်ခဲ့သည္။

New South China ေစ်းဝယ္စင္တာၾကီး၏ စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၉ ဒသမ ၆ သန္း ရွိျပီး ထိုေခတ္က ကမၻာ့အၾကီးမားဆံုး ေစ်းဝယ္စင္တာၾကီးျဖစ္ခဲ့ကာ တစ္ေန႔လွ်င္ လူေပါင္း ၁၀၀၀၀၀ လာေရာက္ရန္ ေမွ်ာ္မွန္းခဲ့သည္။

New South China ေစ်းဝယ္စင္တာၾကီးအတြင္းတြင္ အေပ်ာ္တမ္းေလွစီးရန္အတြက္ အလ်ား ၁ ဒသမ ၃ မိုင္ရွည္ေသာ တူးေျမာင္း တစ္ခု ေဖာက္လုပ္ထားသည့္အျပင္ ၾကီးမားသည့္ အီဂ်စ္ sphinx အရုပ္ၾကီးတစ္ခုလည္း ရွိသည္။

ထို႔အျပင္ ေပ ၁၈၀၀ ရွိေသာ အေဆာက္အအံုတြင္ ရိုလာကိုစတာၾကီး တစ္ခုလည္း ပါဝင္သည္။

New South China ေစ်းဝယ္စင္တာၾကီးအတြင္းတြင္ ႏိုင္ငံတကာယဥ္ေက်းမႈ အရိပ္အေငြ႔မ်ားလႊမ္းသည့္ ဇံု ၇ ခု ခြဲျခားေဆာက္လုပ္ထားရာ အမ္စတာဒမ္၊ ကယ္လီဖိုးနီးယား၊ ကာရစ္ဘီယမ္ ၊ အီဂ်စ္ ၊ ပဲရစ္ ၊ေရာမႏွင့္ ဗင္းနစ္တို႔ျဖစ္ၾကသည္။

New South China ေစ်းဝယ္စင္တာၾကီးတြင္ ျပင္သစ္မွ ကမၻာေက်ာ္ မုဒ္ဦးၾကီးျဖစ္ေသာ Arc de Triomphe အတုိင္း ပံုတူ ၈၂ ေပ ေဆာက္လုပ္ထားသည့္ အျပင္ ဗင္းနစ္မွ St. Mark ေခါင္းေလာင္းေမွ်ာ္စင္ပံုတူ တစ္ခုလည္းရွိသည္။ ကားရပ္နားရန္ ေနရာေပါင္း ၈၀၀၀ ေက်ာ္ရွိသည္။

(စြန္႔ပစ္ခံ ေစ်းဝယ္စင္တာ)

လူဦးေရ ၁၀ သန္းရွိေသာ Dongguan ျမဳိ႕ၾကီးတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး လူဦးေရ ၁၂ သန္းရွိသည့္ ကြမ္က်ိဳးျမဳိ႕ၾကီးႏွင့္ ကပ္လွ်က္တည္ရွိသည့္တုိင္ New South China ေစ်းဝယ္စင္တာၾကီးတြင္ ငွားရမ္းဆိုင္ခန္းဖြင့္လွစ္သူ မရွိသေလာက္ျဖစ္ခဲ့သည္။

(ဘာေၾကာင့္လူသူကင္းမဲ့ရတာလဲ)

New South China ေစ်းဝယ္စင္တာၾကီး ယခုအေျခအေနေရာက္ခဲ့ရသည့္ အဓိကအေၾကာင္းအရင္းတစ္ခုမွာ တည္ေနရာျဖစ္သည္။ ေစ်းဝယ္စင္တာၾကီးကို တုန္ကြမ္းျမိဳ႕ရွိ လယ္ေျမေဟာင္းတစ္ခုတြင္ ေဆာက္လုပ္ထားျခင္းျဖစ္ျပီး ကြမ္က်ဳိးျမဳိ႕ကို ရွင္းက်န္႔၊ ေဟာင္ေကာင္တို႔ႏွင့္ဆက္သြယ္ေပးထားေသာ G4 ႏွင့္ G15 တို႔ကဲ့သုိ႔ အေဝးေျပးလမ္းမၾကီးမ်ားႏွင့္ နီးစပ္ျခင္းလည္းမရွိ။

တုန္ကြမ္းတြင္ ေလဆိပ္လည္းမရွိ။

အနီးဆံုးေလဆိပ္မွာ တစ္နာရီေက်ာ္ခရီးကြာေဝးရာ အျခားေဒသတြင္ ေနထိုင္သူမ်ားအေနျဖင့္ New South China ေစ်းဝယ္စင္တာၾကီးသို႔ လာရန္ခက္ခဲသည္။

ျမဳိ႕ခံမ်ားသည္ပင္လွ်င္ သြားရန္ခက္သည္။ တိုက္ရိုက္ရထား (သို႔မဟုတ္) ဘတ္စ္ကားလုိင္းမရွိ။ စီစဥ္ေပးထားသည့္ ဘတ္စ္ကားမ်ားရွိေသာ္လည္း သက္ေတာင့္သက္သာမရွိ။

သတင္းေထာက္တစ္ဦး၏ ေျပာၾကားခ်က္အရ တုန္ကြမ္းတြင္ ၆ မိုင္ခရီးကို ဘတ္စ္ကားျဖင့္သြားသည္မွာ ၂ နာရီခြဲၾကာျမင့္ခဲ့ေၾကာင္း ေျပာသည္။

New South China ေစ်းဝယ္စင္တာၾကီးသို႔ သြားရန္ အေကာင္းဆံုးနည္းလမ္းမွာ ကိုယ္ပုိင္ကားမ်ားျဖင့္ သြားသည့္နည္းလမ္းသာရွိသည္။

ကိုယ္ပိုင္ကားမွာလည္း လူအနည္းစုသာ စီးႏိုင္ၾကသည္။ New South China ေစ်းဝယ္စင္တာၾကီးတြင္ ဖြင့္လွစ္ရန္ ရည္ရြယ္ခဲ့ၾကသည့္ ကုမၸဏီမ်ားမွာ အထက္ပါ ကဲ့သို႔ေသာ အေၾကာင္းရင္းမ်ားေၾကာင့္ မဖြင့္လွစ္ျဖစ္ခဲ့ေတာ့။

ရွန္ဂရီလာဟိုတယ္အုပ္စု ဆိုလွ်င္ New South China ေစ်းဝယ္စင္တာၾကီးတြင္ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္တစ္ခု ဖြင့္လွစ္ရန္ပင္ ရည္ရြယ္ခဲ့သည္။

New South China ေစ်းဝယ္စင္တာၾကီး လူသူကင္းမဲ့ကာ စြန္႔ပစ္ခံျဖစ္ခဲ့ရျခင္း၏ အျခားအေၾကာင္းရင္းတစ္ခုမွာ ေဒသဝန္းက်င္စီးပြားေရး အေျခအေနေၾကာင့္ျဖစ္သည္။

တုန္ကြမ္းသည္ ဆင္းရဲႏြမ္းပါးသူမ်ား အလုပ္လာေရာက္လုပ္ကိုင္ၾကေသာ စက္မႈဇံုျမဳိ႕တစ္ခုျဖစ္သည္။

ေရွာင္ဟု အမည္ရေသာ အလုပ္သမားတစ္ဦးက “လူေတြက ဒီကိုလာတာ စက္ရံုေတြမွာ အလုပ္လုပ္ဖို႔ပါ။ ေစ်းဝယ္စင္တာမွာ ေစ်းဝယ္ထြက္ဖုိ႔၊ ရုိလာကိုစတာစီးဖို႔ အခ်ိန္မရွိသလုိ ေငြလည္းမရွိပါဘူး”ဟု ေျပာသည္။

(စြန္႔ပစ္ခံ ေစ်းဝယ္စင္တာၾကီး၏ ပ်က္စီးယိုယြင္းမႈ)

ေစ်းဝယ္စင္တာၾကီးကို မြမ္းမံထိန္းသိမ္းမႈ ျပဳလုပ္ရန္ အလုပ္သမားအဖြဲ႔ ထားရွိေသာ္လည္း ဖြင့္လွစ္ထားသည့္ ဆိုင္ခန္း အနည္းငယ္သာရွိေသာေၾကာင့္ အလုပ္သမားအင္အား အနည္းငယ္သာ ထားရွိသည္။

သို႔အတြက္ လက္တစ္ဆုပ္စာ အလုပ္သမားမ်ားမွာ အလြန္တရာၾကီးမားက်ယ္ျပန္႔လွေသာ စင္တာၾကီး တစ္ခုလံုးကို မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ေပးရန္ မျဖစ္ႏိုင္ေခ်။

ပိတ္ထားရသည့္ စက္ေလွခါးမ်ားေပၚတြင္ ဖုံးအုပ္ထားေသာ အထည္စမ်ားမွာ ညစ္ပတ္ေနျပီျဖစ္ျပီး စၾကၤန္လမ္းမ်ားမွာ ဖုန္အလိမ္းလိမ္းျဖစ္ကာ ေဆးမ်ားကြာၾကေနသည္။

ၾကမ္းျပင္မ်ားေပၚတြင္လည္း အမိႈက္မ်ား ပ်ံ႕ၾကဲလ်က္ရွိသည္။ လူသူမရွိေသာ ေစ်းဝယ္စင္တာၾကီးအတြင္း သင္ဝင္ေရာက္သြားမည္ဆိုပါက သြားလာရင္း ေတြ႔ရမည့္ လူမ်ားမွာ ထုိစင္တာတြင္ အလုပ္လုပ္သူ ၊ ျပဳျပင္ထိန္းသိမ္းေရးဝန္ထမ္း သို႔မဟုတ္ လံုျခံဳေရးအေစာင့္မ်ားသာ ျဖစ္သည္။

ပ်င္းရိျငီးေငြ႔ေနၾကေသာ ဝန္ထမ္းမ်ားမွာ မိမိတို႔၏ ေနရာတြင္ ခါးကိုင္းလက္ေထာက္ရပ္ေနၾကျခင္း၊ လူသူကင္းမဲ့ေသာ ဝန္းက်င္ကို ေတြေငးစိုက္ၾကည့္ေနၾကျခင္း၊ အခ်ိန္ျဖဳန္းရန္အတြက္ စီးကရက္မ်ား အဆက္မျပတ္ ေသာက္ေနျခင္းတို႔ျဖင့္သာ အခ်ိန္ကုန္ ျဖတ္သန္းၾကသည္။

ေစ်းဝယ္စင္တာၾကီးအတြင္း ေဖာက္လုပ္ထားေသာ တစ္မိုင္ေက်ာ္ရွည္လ်ားသည့္ တူးေျမာင္းေရမွာ ကလိုရင္းျဖင့္ ပိုးသတ္မႈ မျပဳလုပ္ေသာေၾကာင့္ စိမ္းပုပ္ေရာင္ ေပါက္ေနေလျပီ။

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက အလွဆင္ထားခဲ့ေသာ အျပင္အဆင္မ်ားမွာ ထိုစဥ္ကအတိုင္း ယေန႔တုိင္ရွိေနျပီး ေနထိကာ ေဆးမ်ားျပယ္လြင့္ေနၾကျပီ။

ငွားရမ္းဖြင့္လွစ္သူ လံုးဝမရွိခဲ့သည့္ ေစ်းဝယ္စင္တာ၏ အပိုင္းအားလံုးမွာ လံုးဝပ်က္စီးယိုယြင္းေနျပီး ႏွစ္ေပါင္းမ်ားစြာ သင့္ေတာ္သည့္ ထိန္းသိမ္းျပဳျပင္မႈ မျပဳလုပ္ခဲ့ျခင္းေၾကာင့္ အခ်ဳိ႕ေနရာမ်ားတြင္ အႏၱရာယ္ရွိသည့္ အေျခအေနပင္ ဆိုက္ေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New South China Mall: Largest Empty Mall in the World (sometimes-interesting)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service