အသက်နှစ် အပိုင်းအခြား သိစရာ အရွယ်များ....

အသက်နှစ် အပိုင်းအခြား သိစရာ အရွယ်များ.... - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2022 12:07 pm တွင် တင်ခဲ့သည်
3386 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူတွေမှာ အသက်နှစ် အပိုင်းအခြား သိစရာအရွယ်တွေရှိပါတယ်။ဒီတော့ အသက်အရွယ်တွေအကြောင်း သိရသလောက် ဗဟုသုတအဖြစ် မသိသေးသူတွေအတွက် ပြန်ဖောက်သယ်ချလိုက်ပါတယ်။အရွယ်အလိုက် လုပ်ဆောင်စရာတွေ ကြိုတင် သိနိုင်စေဖို့ရည်ရွယ်ပါတယ်။အရွယ်တွေမှာ-

အရွယ်သုံးပါး

အရွယ်ခြောက်ပါး

အရွယ်ဆယ်ပါး ဆိုပြီး ခွဲထားတာရှိပါတယ်။

- အရွယ်သုံးပါးမှာ(၁) ပထမရွယ်၊ (၂)ဒုတိယအရွယ်၊ (၃)တတိယအရွယ်ဆိုပြီး သုံးပါးခွဲထားတာ ရှိပါတယ်။

(၁)ပထမ အရွယ်က - ပညာရှာတဲ့အရွယ်

(၂)ဒုတိယအရွယ်က - ဥစ္စာရှာတဲ့ အရွယ်

(၃)တတိယအရွယ်က - ကုသိုလ်ကောင်းမှု အထူးရှာတဲ့ အရွယ်ပါတဲ့။

-အရွယ်ခြောက်ပါးမှာကတော့ (၁)ဗလ၊ (၂)ကုမာရ၊ (၃)ယုဝ၊ (၄)မဇ္ဈိမအရွယ်၊(၅)ယောဗ္ဗန၊ (၆)ဂုဒ္ဓ ဆိုပြီးခြောက်ပါး ဆိုပြီး ခွဲထားပါတယ်။အဲဒီခြောက်ပါးမှာ-

(၁)ဗလ ဆိုတာက- နို့စို့အရွယ်ပါ။

(၂)ကုမာရ ဆိုတာက- နို့ခွဲတဲ့ အရွယ်ပါ။

(၃)ယုဝ ဆိုတာက - သူငယ်လုလင်ပျိုအရွယ်ကို ခေါ်တာပါ။

(၄)မဇ္ဈိမအရွယ် ဆိုတာက - လူလတ်ပိုင်းအရွယ်ကို ခေါ်တာပါ။

(၅)ယောဗ္ဗန ဆိုတာက -သူအိုအရွယ်ကို ခေါ်ပြီးတော့။

(၆)ဂုဒ္ဓ ဆိုတာကတော့ - သေခါနီး အရွယ်ကို ခေါ်ပါတယ်။

-အရွယ်ဆယ်ပါး ဆိုတာကတော့ (၁)မန္ဒ၊ (၂)ခိဋ္ဋ၊(၃)ဝဏ္ဏ၊ (၄)ဗလ၊ (၅)ပညာ၊ (၆)ဘာယန၊(၇)ပဗ္ဗရ၊(၈)ကုဋီလ၊ (၉)မုဋ၊ (၁၀)အနုဋ္ဌ ဆိုပြီး ဆယ်ပါး ခွဲထားပါတယ်။အဲဒီဆယ်ပါးမှာ-

(၁)မန္ဒမှာ -တစ်နှစ်က ဆယ်နှစ်အထိ ပညာနုတဲ့အရွယ်ပါ။

(၂)ခိဋ္ဋ မှာ - ဆယ်နှစ်က နှစ်ဆယ်အထိ ပျံ့လွင့်တဲ့အရွယ်ပါ။

(၃)ဝဏ္ဏ မှာ - နှစ်ဆယ်က သုံးဆယ်အထိ ဖြစ်ပြီး အဆင်းကိုဆောင်တဲ့အရွယ်ပါ။

(၄)ဗလ မှာ - သုံးဆယ်က လေးဆယ်အထိ ဖြစ်ပြီး ခွန်အားပြည့်တဲ့ အရွယ်ပါ။

(၅)ပညာ မှာ - လေးဆယ်က ငါးဆယ်အထိဖြစ်ပြီး ပညာရှာတဲ့အရွယ်ပါ။

(၆)ဘာယန မှာ - ငါးဆယ်က ခြောက်ဆယ်အထိဖြစ်ပြီး အားယုတ်တဲ့ အရွယ်ပါ။

(၇)ပဗ္ဗရမှာ - ခြောက်ဆယ်က ခုနစ်ဆယ်အထိဖြစ်ပြီး လေးလံတဲ့ အရွယ်ပါ။

(၈)ကုဋီလမှာ - ခုနစ်ဆယ်က ရှစ်ဆယ်အထိဖြစ်ပြီး ကိုင်းညွတ်တဲ့ အရွယ်ပါ။

(၉)မုဋမှာ - ရှစ်ဆယ်ကနေ ကိုးဆယ်အထိဖြစ်ပြီး တွေဝေတဲ့ အရွယ်ပါ။

(၁၀)အနုဋ္ဌမှာ - ကိုးဆယ်ကနေ တစ်ရာအထိဖြစ်ပြီး တုံးလုံးနေရသော အရွယ်အဖြစ် ရှေးသူမြတ်တို့က ခွဲခြားမှု ပြုထားခဲ့ပါတယ်။

လူသားတွေအနေနဲ့ အသက်နှစ် အပိုင်းအခြားအရွယ်များကိုသိပြီး ပညာ၊ဥစ္စာ၊ ကုသိုလ်တရားတို့ကို အရွယ်အလိုက် ရှာဖွေလုပ်ဆောင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး ရှာဖွေမျှဝေလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အသက္ႏွစ္ အပိုင္းအျခား သိစရာ အရြယ္မ်ား....

 

လူေတြမွာ အသက္ႏွစ္ အပိုင္းအျခား သိစရာအရြယ္ေတြရွိပါတယ္။ဒီေတာ့ အသက္အရြယ္ေတြအေၾကာင္း သိရသေလာက္ ဗဟုသုတအျဖစ္ မသိေသးသူေတြအတြက္ ျပန္ေဖာက္သယ္ခ်လိုက္ပါတယ္။အရြယ္အလိုက္ လုပ္ေဆာင္စရာေတြ ႀကိဳတင္ သိႏိုင္ေစဖို႔ရည္ရြယ္ပါတယ္။အရြယ္ေတြမွာ-

အရြယ္သုံးပါး

အရြယ္ေျခာက္ပါး

အရြယ္ဆယ္ပါး ဆိုၿပီး ခြဲထားတာရွိပါတယ္။

-အရြယ္သုံးပါးမွာ(၁) ပထမရြယ္၊ (၂)ဒုတိယအရြယ္၊ (၃)တတိယအရြယ္ဆိုၿပီး သုံးပါးခြဲထားတာ ရွိပါတယ္။

(၁)ပထမ အရြယ္က - ပညာရွာတဲ့အရြယ္

(၂)ဒုတိယအရြယ္က - ဥစၥာရွာတဲ့ အရြယ္

(၃)တတိယအရြယ္က - ကုသိုလ္ေကာင္းမႈ အထူးရွာတဲ့ အရြယ္ပါတဲ့။

-အရြယ္ေျခာက္ပါးမွာကေတာ့ (၁)ဗလ၊ (၂)ကုမာရ၊ (၃)ယုဝ၊ (၄)မဇၩိမအရြယ္၊(၅)ေယာဗၺန၊ (၆)ဂုဒၶ ဆိုၿပီးေျခာက္ပါး ဆိုၿပီး ခြဲထားပါတယ္။အဲဒီေျခာက္ပါးမွာ-

(၁)ဗလ ဆိုတာက- ႏို႔စို႔အရြယ္ပါ။

(၂)ကုမာရ ဆုိတာက- ႏို႔ခြဲတဲ့ အရြယ္ပါ။

(၃)ယုဝ ဆိုတာက - သူငယ္လုလင္ပ်ိဳအရြယ္ကို ေခၚတာပါ။

(၄)မဇၩိမအရြယ္ ဆိုတာက - လူလတ္ပိုင္းအရြယ္ကို ေခၚတာပါ။

(၅)ေယာဗၺန ဆိုတာက -သူအိုအရြယ္ကို ေခၚၿပီးေတာ့။

(၆)ဂုဒၶ ဆိုတာကေတာ့ - ေသခါနီး အရြယ္ကို ေခၚပါတယ္။

-အရြယ္ဆယ္ပါး ဆိုတာကေတာ့ (၁)မႏၵ၊ (၂)ခိ႗၊(၃)ဝဏၰ၊ (၄)ဗလ၊ (၅)ပညာ၊ (၆)ဘာယန၊(၇)ပဗၺရ၊(၈)ကုဋီလ၊ (၉)မုဋ၊ (၁၀)အႏု႒ ဆိုၿပီး ဆယ္ပါး ခြဲထားပါတယ္။အဲဒီဆယ္ပါးမွာ-

(၁)မႏၵမွာ -တစ္ႏွစ္က ဆယ္ႏွစ္အထိ ပညာႏုတဲ့အရြယ္ပါ။

(၂)ခိ႗ မွာ - ဆယ္ႏွစ္က ႏွစ္ဆယ္အထိ ပ်ံ႕လြင့္တဲ့အရြယ္ပါ။

(၃)ဝဏၰ မွာ - ႏွစ္ဆယ္က သုံးဆယ္အထိ ျဖစ္ၿပီး အဆင္းကိုေဆာင္တဲ့အရြယ္ပါ။

(၄)ဗလ မွာ - သုံးဆယ္က ေလးဆယ္အထိ ျဖစ္ၿပီး ခြန္အားျပည့္တဲ့ အရြယ္ပါ။

(၅)ပညာ မွာ - ေလးဆယ္က ငါးဆယ္အထိျဖစ္ၿပီး ပညာရွာတဲ့အရြယ္ပါ။

(၆)ဘာယန မွာ - ငါးဆယ္က ေျခာက္ဆယ္အထိျဖစ္ၿပီး အားယုတ္တဲ့ အရြယ္ပါ။

(၇)ပဗၺရမွာ - ေျခာက္ဆယ္က ခုနစ္ဆယ္အထိျဖစ္ၿပီး ေလးလံတဲ့ အရြယ္ပါ။

(၈)ကုဋီလမွာ - ခုနစ္ဆယ္က ရွစ္ဆယ္အထိျဖစ္ၿပီး ကိုင္းညြတ္တဲ့ အရြယ္ပါ။

(၉)မုဋမွာ - ရွစ္ဆယ္ကေန ကိုးဆယ္အထိျဖစ္ၿပီး ေတြေဝတဲ့ အရြယ္ပါ။

(၁၀)အႏု႒မွာ - ကိုးဆယ္ကေန တစ္ရာအထိျဖစ္ၿပီး တုံးလုံးေနရေသာ အရြယ္အျဖစ္ ေရွးသူျမတ္တို႔က ခြဲျခားမႈ ျပဳထားခဲ့ပါတယ္။

လူသားေတြအေနနဲ႔ အသက္ႏွစ္ အပိုင္းအျခားအရြယ္မ်ားကိုသိၿပီး ပညာ၊ဥစၥာ၊ ကုသိုလ္တရားတို႔ကို အရြယ္အလိုက္ ရွာေဖြလုပ္ေဆာင္ႏိုင္ၾကေစဖို႔ ရည္ရြယ္ၿပီး ရွာေဖြမွ်ေဝလိုက္ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service