ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင်
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ BLACKPINK က ဂျင်းနီနဲ့ လီဆာတို့ နေတဲ့ နေအိမ်ကြီးတွေကို လေ့လာရအောင် - Property News in Myanmar from iMyanmarHouse.com
4 Nov 2022 10:13 am တွင် တင်ခဲ့သည်
3616 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရီးယားအကျော်ကြားဆုံး မိန်းကလေး K-PoP အဖွဲ့ဖြစ်သော BLACKPINK မှ ဂျင်းနီနှင့် လီဆာတို့ အထက်တန်းကျကျနေထိုင်မှုဘဝကို ကြည့်ကာ ပရိသတ်များမှာ အားကျလျက်ရှိကြသည်။
BLACKPINK အဖွဲ့၏ အကျော်ကြားဆုံးအဖွဲ့ဝင် ၂ ဦးဖြစ်သော ဂျင်းနီ (Jennie) နှင့် လီဆာ (Lisa) တို့မှာ အလွန်ချမ်းသာကြွယ်ဝကြသည်။
အကျော်အမော် မိန်းကလေး idol ၂ ဦးက လူမှုကွန်ရက်တွင် ချပြခဲ့သည့် ၎င်းတို့၏ ခမ်းနားလှသော နေအိမ်များ၏ ရှားပါးဓာတ်ပုံများကို တွေ့ရသည်မှာ အင်တာနက်သုံးစွဲသူ ပရိသတ်များအတွက် အံ့အားသင့် အားကျခဲ့ကြရသည်။
(ဂျင်းနီနေထိုင်သည့် စံအိမ်ကြီးမှာ ဝမ်ငွေ ၅ ဒသမ ၅ ဘီလီယံမှ ၆ ဒသမ ၅ ဘီလီယံကြား တန်ကြေးရှိသည်)
ဂျင်းနီသည် ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံမှ လာသည်ကို လူသိများသည်။
လက်ရှိတွင် ဂျင်းနီသည် သူ၏ကိုယ်ပိုင်နေအိမ်တွင် ခမ်းနားထည်ဝါစွာ နေထိုင်လျက်ရှိ၏။
ဂျင်းနီ၏ နေအိမ်မှာ ၂ ထပ်အိမ်ဖြစ်ပြီး အကျယ်အဝန်း ၄၅၀ စတုရန်းမီတာရှိကာ အိပ်ခန်း ပါဝင်သည်။
နေအိမ်၏ တန်ဖိုးမှာ ဝမ်ငွေ ၅ ဒသမ ၅ ဘီလီယံမှ ၆ ဒသမ ၅ ဘီလီယံကြားရှိပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Hannam-dong အရပ်တွင် တည်ရှိသည်။
Chanel အမှတ်တံဆိပ်ကို အနှစ်သက်ဆုံးဖြစ်သူဖြစ်ခြင်းကြောင့် ပရိသတ်များက ဂျင်းနီကို Human Chanel ဟုလည်း ခေါ်ကြသည်။ နေအိမ်အတွင်းပိုင်းမွမ်းမံမှုများကို ဂျင်းနီကိုယ်တိုင် တန်ဖိုးကြီးပစ္စည်းများ ၊ ဂန္ထဝင်မြောက်အိမ်တွင်းမွမ်းမံပစ္စည်း များဖြင့် မွမ်းမံအလှဆင်ထားသည်။
အမည်အပြည့်အစုံမှာ ဂျင်းနီကင်မ်ဖြစ်သော်လည်း ဂျင်းနီဟုသာ လူသိများသည်။
(နေအိမ်တွင်းရှိ လှေကားနေရာမှာ ဂျင်းနီအတွက် ဓာတ်ပုံရိုက်ရန် အနှစ်သက်ဆုံးနေရာတစ်ခု ဖြစ်သည်)
နေအိမ်အတွင်း ရိုက်ကူးခဲ့သည့် ဗွီဒီယိုဖိုင်တစ်ခုတွင် ဂျင်းနီက သူ၏ နေအိမ်တွင်း နေရာများစွာကို ထုတ်ဖော်ပြသခဲ့သည်။
ဂျင်းနီ၏ နေအိမ်အတွင်း တန်ဖိုးကြီးပစ္စည်းများစွာကို ပရိသတ်များ တွေ့ခွင့်ရခဲ့ကြသည်။
မိုးတိမ်သဏ္ဍာန်မီးအိမ်နှင့် စပီကာတို့မှာ ဒေါ်လာ ၃၀၀၀ (မြန်မာငွေ ၆၃ သိန်း) ဝန်းကျင်၊ ဆိုဖာမှာ ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ၂၁၁ သိန်း) ကျော်၊ အိပ်ယာမှာ ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ ၆၃၄ သိန်း) နီးပါးခန့် တန်ကြေးရှိသည်။
(မှတ်ချက်။ နိုဝင်ဘာ ၃ ရက် သတ်မှတ်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၁၁၃ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်ပြီး မြေပြင်တွင် ကွာခြားနိုင်ပါသည်)
ခရစ္စမတ်နေ့တွင် ဂျင်းနီက နေအိမ်အတွင်း အလှဆင်ခဲ့သည့် ခရစ္စမတ်သစ်ပင်ကြီး၏ တန်ကြေးမှာ ကန်ဒေါ်လာ ၆၁၅၀ (မြန်မာကျပ်ငွေ ၁၂၉ သိန်း) တန်ကြေးရှိသည်။
(ဂျင်းနီ၏ ဇိမ်ကျလှသော အိပ်ယာကြီး)
(မိန်းကလေးတိုင်း မက်မောကြသည့် တန်ဖိုးကြီး မှန်)
(ဂျင်းနီ သီချင်းရေးခြင်း၊ အဆိုလေ့ကျင့်ခြင်းများ ပြုလုပ်သည့်နေရာ)
(တစ်အိမ်လုံးကို မင်းသမီးတစ်ပါး၏ ရဲတိုက်ကြီးသဖွယ် မွမ်းမံအလှဆင်ထားသည်)
(အမြင့် ၃ မီတာရှိသော ခရစ္စမတ်သစ်ပင်၏ တန်ကြေးမှာ ဒေါ်လာ ၆၁၅၀ ဖြစ်သည်)
((လီဆာ၏ နေအိမ်))
ဂျင်းနီ နည်းတူပင် BLACKPINK အဖွဲ့မှ လီဆာ (မွေး ၁၉၉၇) သည်လည်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တွင် တန်ဖိုးကြီး ကိုယ်ပိုင်အိမ်တစ်လုံးရှိသည်။
လီဆာ၏ နေအိမ်မှာ ကြီးမားကျယ်ဝန်းကာ အိမ်တွင်းမွမ်းမံမှုကို minimalism ဟန်ဖြင့် မွမ်းမံထားသည်။
ထူးခြားသည်မှာ BLACKPINK အဖွဲ့သည် တောင်ကိုရီးယားမိန်းကလေးအဖွဲ့ဖြစ်သည်ဟုဆိုသော်လည်း လီဆာမှာမူ ထိုင်းမိန်းကလေးဖြစ်ပြီး တောင်ကိုရီးယားတွင် အခြေချနေထိုင်ခြင်း ဖြစ်သည်။
လီဆာ၏ အမည်အပြည့်အစုံမှာ လီဆာ မာနိုဘယ်လ်ဖြစ်သော်လည်း လီဆာဟုသာ လူသိများသည်။
လီဆာ၏ နေအိမ်တွင်ကား အခန်းတစ်ခန်းကို ကိုယ်ပိုင်ဓာတ်ပုံစတူဒီယိုအဖြစ် သီးသန့်အသုံးပြုပြီး သူမ၏ ဖန်တီးမှုလက်ရာများ ပြုလုပ်လေ့ရှိသည်။
(နေအိမ်တွင် မကြာခဏချက်ပြုတ်လေ့မရှိသော်လည်း လီဆာက မီးဖိုဆောင်ကို ပစ္စည်းပစ္စယစုံလင်စွာ ထားရှိသည်)
(လီဆာ၏ ဓာတ်ပုံစတူဒီယိုခန်း)
လီဆာ၏ နေအိမ်တွင် ဓာတ်ပုံစာအုပ်များနှင့် ပရိသတ်များပေးသည့် လက်ဆောင်များကို သီးသန့်ထားရှိသည့် အခန်းတစ်ခန်းလည်း ရှိသည်။
ထို့အပြင် သူ၏ အိမ်မွေးတိရ စ္ဆာန်ကလေးများအတွက်လည်း အခန်းတစ်ခန်း သီးခြားထားရှိပေးထားသည်။
လီဆာ၏ နေအိမ်တွင် တန်ဖိုးကြီးပစ္စည်းများသုံးစွဲထားရာ ဒေါ်လာ ၁၅၀၀ (မြန်မာငွေ ၃၁ သိန်း) ခန့် တန်ကြေးှရှိသည့် ကုလားထိုင်၊ ဒေါ်လာ ၃၅၀၀၀ (မြန်မာငွေ ၇၃၉ သိန်း) ခန့် တန်သည့် ရုပ်မြင်သံကြားစက်၊ ဒေါ်လာ ၃၀၀ (မြန်မာငွေ ၆ သိန်းကျော်) ခန့် ကုန်ကျသည့် မီးလင်းဖိုတို့အပြင် ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေ ၂၅၃ သိန်း) နီးပါးတန်ကြေးရှိသည့် မှန်တစ်ချပ်လည်း တွေ့ရသည်။
(ပရိသတ်များပေးသည့် လက်ဆောင်များ ထားရှိသည့်အခန်း)
(အိမ်မွေး တိရ စ္ဆာန်လေးများအတွက် အခန်း)
[လီဆာက မှန်တစ်ချပ်ကို ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေ ၂၅၃ သိန်း) ပေးဝယ်ခဲ့သည့်အပေါ် ပရိသတ်များ များစွာအံ့အားသင့်ခဲ့ကြသည်]
(ပုံထဲတွင်တွေ့ရသော ကုလားထိုင်များမှာ တစ်လုံးလျှင် ဒေါ်လာ ၁၅၀၀ ဝန်းကျင်ပေးရသည်)
နာမည်အကြီးဆုံး Kpop အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ကမ္ဘာ့အဆင့်အမြင့်ဆုံး ကုန်စည်အမှတ်တံဆိပ်များ၏ ကမ္ဘာလုံးဆိုင်ရာ ambassador များလည်းဖြစ်ကြသူများဖြစ်ရာ BLACKPINK အဖွဲ့ဝင်များအားလုံး ချမ်းသာကြွယ်ဝကြကာ အထက်တန်းကျကျဘဝများဖြင့် နေထိုင်ကြမည်မှာ မဆန်းလှချေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A look into the expensive houses of BLACKPINK’s Jennie and Lisa where they live like princesses (kbizoom)
[Zawgyi]
((လီဆာ၏ နေအိမ်))
လီဆာ၏ နေအိမ်တွင် တန်ဖိုးကြီးပစ္စည်းများသုံးစွဲထားရာ ဒေါ်လာ ၁၅၀၀ (မြန်မာငွေ ၃၁ သိန်း) ခန့် တန်ကြေှးရှိသည့် ကုလားထိုင်၊ ဒေါ်လာ ၃၅၀၀၀ (မြန်မာငွေ ၇၃၉ သိန်း) ခန့် တန်သည့် ရုပ်မြင်သံကြားစက်၊ ဒေါ်လာ ၃၀၀ (မြန်မာငွေ ၆ သိန်းကျော်) ခန့် ကုန်ကျသည့် မီးလင်းဖိုတို့အပြင် ဒေါ်လာ ၁၂၀၀၀ (မြန်မာငွေ ၂၅၃ သိန်း) နီးပါးတန်ကြေးရှိသည့် မှန်တစ်ချပ်လည်း တွေ့ရသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Royal Theikdi Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service