ဂျာမနီနိုင်ငံမှ စိန်ပွင့်များ သန်းချီအသုံးပြုကာ ဆောက်လုပ်ထားသောမြို့ကလေး

ဂျာမနီနိုင်ငံမှ စိန်ပွင့်များ သန်းချီအသုံးပြုကာ ဆောက်လုပ်ထားသောမြို့ကလေး - Property News in Myanmar from iMyanmarHouse.com
13 Oct 2022 11:20 am တွင် တင်ခဲ့သည်
1360 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမနီနိုင်ငံမှ နော်လင်းဂင် (Nördlingen) အမည်ရှိ မြို့ကလေးကို အဝေးမှကြည့်လျှင် အတော်အတန် အဆင့်အတန်းရှိသည့် ဂျာမန်မြို့ကလေးဟု ယူဆဖွယ်ရှိသည်။

မြို့ကလေးမှာ လိမ္မော်နီရောင် ဆေးသုတ်ထားသည့်အမိုးများရှိသော အဆောက်အအုံများ ပူးကပ်စီရရီ တန်းစီလျက် ဖွဲ့စည်းထားသည်။

နေသာသော နေ့တစ်နေ့တွင် မြို့ကလေးအတွင်း သင်လမ်းလျှောက်ကြည့်မည်ဆိုပါက မြို့လေးထဲရှိ အချို့သော ကျောက်တုံးအဆောက်အအုံများသည် နေခြည်အောက်တွင် တဖိတ်ဖိတ်လက်နေသည်ကို သတိထားမိနိုင်သည်။

နော်လင်းဂန်မြို့လေးကို ဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည့် ကျောက်တုံးအများစုမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၅ သန်းခန့်က ယနေ့ခေတ်ဂျာမနီနိုင်ငံဖြစ်လာမည့်နေရာသို့ အတော်အတန်ကြီးမားသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခု ဝင်ရောက်တိုက်မိရာမှ ဖြစ်ပေါ်လာသည့်ချိုင့်ကြီးတစ်ခုမှ ရယူထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်မိသည့်အရှိန်မှာ ပြင်းထန်လွန်းသောကြောင့်ဖြစ်ပေါ်လာသည့် အပူနှင့်ဖိအားတို့ကြောင့် မရေမတွက်နိုင်သည့် သေးငယ်သော စိန်ပွင့်ကလေးများ ဖြစ်တည်လာခဲ့သည်။

အလယ်ခေတ်ကာလများက နော်လင်းဂင်မြို့လေး၏ အစောဆုံးအခြေချနေထိုင်သူတို့သည် ဘုရားကျောင်းတစ်ခုနှင့် မြို့တံတိုင်းတည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများ စုဆောင်းမှု ပြုလုပ်ခဲ့သည်။

မြို့ကို တည်ဆောက်ရာတွင် ၎င်းတို့စုဆောင်းအသုံးပြုခဲ့သော ကျောက်တုံးများ၌ သေးငယ်သော စိန်ပွင့်ကလေးများ အရေအတွက် သန်းနှင့်ချီကာ ပါဝင်နေသည်ကို ထိုခေတ်က မသိခဲ့ကြချေ။

၂၀ ရာစုသို့ရောက်သောအခါ နော်လင်းဂင်မြို့သူမြို့သားတို့က ၎င်းတို့၏မြို့ကလေးသည် မီးတောင်ချိုင့်ကျင်းကြီးတစ်ခုထဲတွင် တည်ထောင်ထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

၁၉၇၀ ပြည့်လွန်ကာလများတွင်မူ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က နော်လင်းဂင်မြို့ကလေး၏ အဆောက်အအုံများ နှင့် နံရံများ၏ ဖွဲ့စည်းပုံကို လေ့လာခဲ့ကြရာမှ စိန်ပွင့်ကလေးများ များစွာဖွဲ့စည်းပါဝင်နေကြောင်း သိလာခဲ့ကြသည်။

အထက်ပါအချက်များကို ဖတ်ရှုပြီးနောက် သင်သည် နော်လင်းဂင်မြို့လေးမှ စိန်ပွင့်များအတိပြီးသော အုတ်နံရံ အစိတ်အပိုင်းတစ်ခုကို ရယူကာ ချမ်းသာရန် တွေးတောမိမည်ဆိုပါက မှားယွင်းသောအကြံအစည်သာ ဖြစ်မည် ဖြစ်သည်။

နော်လင်းဂင်မြို့ကလေးရှိ စိန်ပွင့်များသည် လွန်စွာသေးငယ်လှရာ စီးပွားရေးအရ တန်ဖိုးမရှိချေ။

မြို့ကလေးသို့ အလည်အပတ်ရောက်ရှိလာသူများအနေဖြင့် The Ries Crater ပြတိုက်သို့ သွားရောက်လေ့လာ မည်ဆိုပါက နော်လင်းဂင်မြို့လေးအား ဆောက်လုပ်ထားသော စိန်စီနံရံ အစိတ်အပိုင်းများကို အနီးကပ်ကြည့်ရှု လေ့လာနိုင်မည် ဖြစ်သည်။

မြို့ကလေးကို လည်ပတ်ကြည့်ရှုနိုင်မည့် ခရီးစဉ်လည်း စီစဉ်ထားရာ ပြတိုက်မှ ဘူမိဗေဒပညာရှင်များက နော်လင်းဂင်၏ စိန်ပွင့်များ မည်သို့ဖွဲ့စည်းဖြစ်တည်လာသည်ကို သင့်အား ရှင်းပြလိမ့််မည် ဖြစ်သည်။

St.-Georgs-Kirche ဘုရားကျောင်းလှေကားများမှ တက်သွားလျှင် နော်လင်းဂင်မြို့ကလေး၏ ရင်သပ်ရှုမောဖွယ် ရှုခင်းများကို အပေါ်စီးမှ တွေ့မြင်နိုင်သည်။

သင့်မျက်လုံးများသည် တဖိတ်ဖိတ်တောက်ပနေသော အစက်အပြောက်ကလေးများကို ရှာဖွေတတ်လာပြီဆိုပါက အလယ်ခေတ်အဆောက်အအုံများမှ စိန်ပွင့်များကို လိုက်လံအကဲခတ်ကြည့်လျှင် ဖိတ်ဖိတ်လက်အလင်းဖြင့် ကခုန်နေသော နော်လင်းဂင်ကို မျက်ဝါးထင်ထင် တွေ့ခွင့်ရမည် ဖြစ်သည်။

The Ries Crater ပြတိုက်တွင် အပိုလို ၁၆ အာကာသယာဉ်က ကမ္ဘာမြေသို့ ယူဆောင်လာခဲ့သော လကမ္ဘာမှ ကျောက်တုံးတစ်ခုကိုလည်း ပြသထားသည်။

ကမ္ဘာပေါ်တွင် ခမ်းနားလှသည်ဟု သင်သိရှိထားသော နန်းတော်ကြီးများ၊ စံအိမ်တော်ကြီးများကို မေ့လိုက်ပါ။

တစ်မြို့လုံးနီးပါးကို စိန်ပွင့်များဖြင့် ဆောက်လုပ်ထားသည့် မြို့တစ်မြို့ထက် မည်သည့်အရာကမျှ မခမ်းနားနိုင်ချေ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nördlingen: Germany’s Sparkling Diamond Town (unusualplaces)

 

 

 

[Zawgyi]

ဂ်ာမနီႏိုင္ငံမွ စိန္ပြင့္မ်ား သန္းခ်ီအသံုးျပဳကာ ေဆာက္လုပ္ထားေသာျမိဳ႕ကေလး

 

ဂ်ာမနီႏိုင္ငံမွ ေနာ္လင္းဂင္ (Nördlingen) အမည္ရွိ ျမိဳ႕ကေလးကို အေဝးမွၾကည့္လွ်င္ အေတာ္အတန္ အဆင့္အတန္းရွိသည့္ ဂ်ာမန္ျမိဳ႕ကေလးဟု ယူဆဖြယ္ရွိသည္။

ျမိဳ႕ကေလးမွာ လိေမၼာ္နီေရာင္ ေဆးသုတ္ထားသည့္အမိုးမ်ားရွိေသာ အေဆာက္အအံုမ်ား ပူးကပ္စီရရီ တန္းစီလ်က္ ဖြဲ႔စည္းထားသည္။

ေနသာေသာ ေန႔တစ္ေန႔တြင္ ျမိဳ႕ကေလးအတြင္း သင္လမ္းေလွ်ာက္ၾကည့္မည္ဆုိပါက ျမိဳ႕ေလးထဲရွိ အခ်ဳိ႕ေသာ ေက်ာက္တံုးအေဆာက္အအံုမ်ားသည္ ေနျခည္ေအာက္တြင္ တဖိတ္ဖိတ္လက္ေနသည္ကို သတိထားမိႏိုင္သည္။

ေနာ္လင္းဂန္ျမိဳ႕ေလးကို ေဆာက္လုပ္ရာတြင္ အသံုးျပဳခဲ့သည့္ ေက်ာက္တံုးအမ်ားစုမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၅ သန္းခန္႔က ယေန႔ေခတ္ဂ်ာမနီႏိုင္ငံျဖစ္လာမည့္ေနရာသို႔ အေတာ္အတန္ၾကီးမားသည့္ ျဂိဳဟ္သိမ္ျဂိဳဟ္မႊား တစ္ခု ဝင္ေရာက္တိုက္မိရာမွ ျဖစ္ေပၚလာသည့္ခ်ဳိင့္ၾကီးတစ္ခုမွ ရယူထားျခင္းျဖစ္သည္ဟု ဆိုသည္။

ထိုသို႔ တိုက္မိသည့္အရွိန္မွာ ျပင္းထန္လြန္းေသာေၾကာင့္ျဖစ္ေပၚလာသည့္ အပူႏွင့္ဖိအားတို႔ေၾကာင့္ မေရမတြက္ႏိုင္သည့္ ေသးငယ္ေသာ စိန္ပြင့္ကေလးမ်ား ျဖစ္တည္လာခဲ့သည္။

အလယ္ေခတ္ကာလမ်ားက ေနာ္လင္းဂင္ျမိဳ႕ေလး၏ အေစာဆံုးအေျခခ်ေနထုိင္သူတို႔သည္ ဘုရားေက်ာင္းတစ္ခုႏွင့္ ျမိဳ႕တံတိုင္းတည္ေဆာက္ရန္ ကုန္ၾကမ္းပစၥည္းမ်ား စုေဆာင္းမႈ ျပဳလုပ္ခဲ့သည္။ ျမိဳ႕ကို တည္ေဆာက္ရာတြင္ ၎တုိ႔စုေဆာင္းအသံုးျပဳခဲ့ေသာ ေက်ာက္တံုးမ်ား၌ ေသးငယ္ေသာ စိန္ပြင့္ကေလးမ်ား အေရအတြက္ သန္းႏွင့္ခ်ီကာ ပါဝင္ေနသည္ကို ထိုေခတ္က မသိခဲ့ၾကေခ်။

၂၀ ရာစုသို႔ေရာက္ေသာအခါ ေနာ္လင္းဂင္ျမိဳ႕သူျမိဳ႕သားတို႔က ၎တို႔၏ျမိဳ႕ကေလးသည္ မီးေတာင္ခ်ဳိင့္က်င္းၾကီးတစ္ခုထဲတြင္ တည္ေထာင္ထားျခင္းျဖစ္သည္ဟု ယူဆခဲ့ၾကသည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္မူ သိပၸံပညာရွင္အဖြဲ႔တစ္ဖြဲ႔က ေနာ္လင္းဂင္ျမိဳ႕ကေလး၏ အေဆာက္အအံုမ်ား ႏွင့္ နံရံမ်ား၏ ဖြဲ႔စည္းပံုကို ေလ့လာခဲ့ၾကရာမွ စိန္ပြင့္ကေလးမ်ား မ်ားစြာဖြဲ႔စည္းပါဝင္ေနေၾကာင္း သိလာခဲ့ၾကသည္။

အထက္ပါအခ်က္မ်ားကို ဖတ္ရႈျပီးေနာက္ သင္သည္ ေနာ္လင္းဂင္ျမိဳ႕ေလးမွ စိန္ပြင့္မ်ားအတိျပီးေသာ အုတ္နံရံ အစိတ္အပိုင္းတစ္ခုကို ရယူကာ ခ်မ္းသာရန္ ေတြးေတာမိမည္ဆိုပါက မွားယြင္းေသာအၾကံအစည္သာ ျဖစ္မည္ ျဖစ္သည္။

ေနာ္လင္းဂင္ျမိဳ႕ကေလးရွိ စိန္ပြင့္မ်ားသည္ လြန္စြာေသးငယ္လွရာ စီးပြားေရးအရ တန္ဖိုးမရွိေခ်။

ျမိဳ႕ကေလးသို႔ အလည္အပတ္ေရာက္ရွိလာသူမ်ားအေနျဖင့္ The Ries Crater ျပတိုက္သို႔ သြားေရာက္ေလ့လာ မည္ဆိုပါက ေနာ္လင္းဂင္ျမိဳ႕ေလးအား ေဆာက္လုပ္ထားေသာ စိန္စီနံရံ အစိတ္အပိုင္းမ်ားကို အနီးကပ္ၾကည့္ရႈ ေလ့လာႏိုင္မည္ ျဖစ္သည္။

ျမိဳ႕ကေလးကို လည္ပတ္ၾကည့္ရႈႏိုင္မည့္ ခရီးစဥ္လည္း စီစဥ္ထားရာ ျပတိုက္မွ ဘူမိေဗဒပညာရွင္မ်ားက ေနာ္လင္းဂင္၏ စိန္ပြင့္မ်ား မည္သို႔ဖြဲ႔စည္းျဖစ္တည္လာသည္ကို သင့္အား ရွင္းျပလိမ့္္မည္ ျဖစ္သည္။

St.-Georgs-Kirche ဘုရားေက်ာင္းေလွကားမ်ားမွ တက္သြားလွ်င္ ေနာ္လင္းဂင္ျမိဳ႕ကေလး၏ ရင္သပ္ရႈေမာဖြယ္ ရႈခင္းမ်ားကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည္။

သင့္မ်က္လံုးမ်ားသည္ တဖိတ္ဖိတ္ေတာက္ပေနေသာ အစက္အေျပာက္ကေလးမ်ားကို ရွာေဖြတတ္လာျပီဆိုပါက အလယ္ေခတ္အေဆာက္အအံုမ်ားမွ စိန္ပြင့္မ်ားကို လိုက္လံအကဲခတ္ၾကည့္လွ်င္ ဖိတ္ဖိတ္လက္အလင္းျဖင့္ ကခုန္ေနေသာ ေနာ္လင္းဂင္ကို မ်က္ဝါးထင္ထင္ ေတြ႔ခြင့္ရမည္ ျဖစ္သည္။

The Ries Crater ျပတိုက္တြင္ အပိုလို ၁၆ အာကာသယာဥ္က ကမၻာေျမသို႔ ယူေဆာင္လာခဲ့ေသာ လကမၻာမွ ေက်ာက္တံုးတစ္ခုကိုလည္း ျပသထားသည္။

ကမၻာေပၚတြင္ ခမ္းနားလွသည္ဟု သင္သိရွိထားေသာ နန္းေတာ္ၾကီးမ်ား၊ စံအိမ္ေတာ္ၾကီးမ်ားကို ေမ့လိုက္ပါ။

တစ္ျမိဳ႕လံုးနီးပါးကို စိန္ပြင့္မ်ားျဖင့္ ေဆာက္လုပ္ထားသည့္ ျမဳိ႕တစ္ျမိဳ႕ထက္ မည္သည့္အရာကမွ် မခမ္းနားႏိုင္ေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nördlingen: Germany’s Sparkling Diamond Town (unusualplaces)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service