မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့်

မိန်းမဖြစ်သူ၏အမည်ဖြင့်မြေကွက်ဝယ်ယူခြင်း နှင့် လင်ဖြစ်သူ၏ အကျိုးသက်ဆိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2022 1:28 pm တွင် တင်ခဲ့သည်
1020 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မြေကွက်  အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ် ဝယ်သူကလင်မယား ၂ ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။

ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။ အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။ ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။ မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။ မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။ အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။ ( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း တင်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: စာချုပ်ရှေ့နေ (U Aung Zay Ya)

 

[Zawgyi]

မိန္းမျဖစ္သူ၏အမည္ျဖင့္ေျမကြက္ဝယ္ယူျခင္း ႏွင့္ လင္ျဖစ္သူ၏ အက်ိဳးသက္ဆိုင္ခြင့္

  ေျမကြက္ အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုေပးျဖစ္ခဲ့ပါတယ္ ဝယ္သူကလင္မယား ၂ ေယာက္ပါ။ ဒါေပမယ့္ မိန္းမျဖစ္သူက အေရာင္းအဝယ္စာခ်ဳပ္တြင္ ဝယ္သူေနရာ၌ ေယာက်္ား ျဖစ္သူ နာမည္မထည့္ပဲနဲ႕ ၄င္းတစ္ဦးတည္းနာမည္သာ ထည့္လိုေၾကာင္းေျပာလာပါတယ္။

ဘာေၾကာင့္ လင္မယား၂ ေယာက္အမည္မထည့္ရတာလဲဆိုတာ ေမးျမန္းၾကည့္ေတာ့ ေယာက်္ားျဖစ္သူကို စိတ္မခ်လိုတဲ့ဗ်ာ။ အမ်ိဳးသမီးေတြ ျဖစ္တတ္တဲ့ စိတ္ပူပန္မႈ႕ပါ။ သူတို႕အတြက္ကေတာ့ မိန္းမနာမည္ေပါက္ေနရင္ ေယာက္်ားျဖစ္သူက ေရာင္းလို႕မရဘူးဆိုတဲ့ အေတြးရွိၾကလို႕ပါပဲ။

ေယာက္်ားျဖစ္သူကို ေမးလိုက္ေတာ့လည္း မိန္းမစိတ္တိုင္းက်သာ ခ်ဳပ္ေပးလိုက္ပါဆရာတဲ့ နားလည္မႈ႕ရွွိၾကတဲ့ လင္မယားပါလားလို႕ ေတြးလိုက္မိပါတယ္။ ဒီလိုနဲ႕ ဝယ္သူေနရာမွာ မိန္းမျဖစ္သူအမည္ကိုပဲထည့္ျပီး သက္ေသေနရာမွာေတာ့ ခင္ပြန္းျဖစ္သူကို ထည့္ေပးလိုက္ပါတယ္။

ေျမကြက္အေရာင္းအဝယ္စာခ်ဳပ္ကိစၥကေတာ့ ဒီမွာတင္ျပီးပါျပီ။ ဒါေပမယ့္ ဥပေဒဗဟုသုတ ဆက္ျပီးတင္ျပလိုက္ပါတယ္။ ျမန္မာဗုဒၶဘာသာလင္မယားမ်ားျဖစ္ပါကမည္သူ၏ အမည္ျဖင့္ ဝယ္ယူသည္ျဖစ္ေစ အဆိုပါဝယ္ယူသည့္ ပစၥည္းတြင္ လင္မယားႏွစ္ဦးအညီအမွ်ပိုင္ဆိုင္ပါတယ္။ မယားအမည္ေပါက္ယံုျဖင့္ မယားတစ္ဦးတည္းမပိုင္ပါ။ လင္ပါ အက်ိဴးသက္ဆိုင္ခြင့္ ရွိပါတယ္။

ကြာရွင္းျပီးလွ်င္ေတာင္မွ ႏွစ္ဦးပိုင္ပစၥည္းကိုမခြဲရေသးလ်င္ ကြာရွင္းျပီး ေနာက္မွ လင္ (သို႕မဟုတ္) မယားအမည္ျဖင့္ ဂရန္အမည္ေပါက္သြားဦးေတာ့။ အဆိုပါ ဂရန္အမည္ေပါက္သူ တစ္ဦးတည္းက အလံုးစံုမပိုင္ဆိုင္ပါ။ ႏွစ္ဦးစလံုးပိုင္ဆိုင္ခြင့္ရွိပါသည္ ။ ( ၁၉၉၂ မတစ ၁၅၉) စီရင္ထံုးတြင္ ထံုးဖြဲ႕ထားျပီးျဖစ္ပါသည္။

ထို႕ေၾကာင့္ အခ်ဳပ္ဆိုရေသာ္ လင္ (သို႕မဟုတ္) မယားတစ္ဦးဦးအမည္ျဖင္႔ဝယ္ယူေသာ္ျငား လက္ထက္ပြားပစၥည္းျဖစ္ပါက အမည္ေပါက္ဝယ္ယူသူသာ ပိုင္ဆိုင္မည္မဟုတ္ဘဲ လင္မယားႏွစ္ဦး အညီအမွ်ပိုင္ဆိုင္ပါေၾကာင္း တင္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: စာခ်ဳပ္ေရွ႕ေန (U Aung Zay Ya)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service