RC ဘယ်ကစခဲ့သလဲ ?

RC ဘယ်ကစခဲ့သလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
16 Sep 2022 11:01 am တွင် တင်ခဲ့သည်
1353 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

?? ရဲ့ အရှည်ကောက်ဟာ ?????????? ???????? ဖြစ်ပြီး မြန်မာလို သံကူအားဖြည့်ကွန်ကရစ်လို့ သုံးနှုန်းတာ တွေ့ဖူးပါတယ်။ ကွန်ကရစ်ထဲမှာ သံမဏိချောင်းတွေ ထည့်သွင်းသွန်းလောင်းတဲ့ ကွန်ကရစ်အမျိုးအစားလို့ အဓိပ္ပာယ်ရပါတယ်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ရောမလူမျိုးတွေဟာ Vesuvius မီးတောင်ကရတဲ့မီးတောင်ပြာနဲ့ ဖောက်ထုံးနဲ့ရောပြီး Pozzolana လို့ခေါ်တဲ့ အင်္ဂတေတစ်မျိုးကို အဆောက်အဦးတွေဆောက်လုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ အထောက်အထားတွေအရ တွေ့ရှိရပါတယ်။

အင်္ဂတေကို အဆောက်အဦးဆောက်လုပ်ရာမှာ သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ကာလကြာလာတာနဲ့အမျှ အင်္ဂတေသွန်းလုပ်တဲ့နည်းစနစ်တွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက်တစ်ခုကတော့ရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂတေဟာ ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းပေမယ့် ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်းပါပဲ။ ဆိုလိုတာကတော့ အင်္ဂတေတုံးတစ်တုံးကို အားနဲ့ဖိနှိပ်ချမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင်လိုဆွဲဆန့်လိုက်ရင်တော့ အလွယ်တကူကြေမွပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အင်္ဂတေလောင်းတဲ့အချိန်မှာ စတီးချောင်းလို Tensile Strength ကောင်းတဲ့အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဘာအားသာချက်ရသလဲဆိုတော့ ကွန်ကရစ်ရဲ့ အားသာချက်ဖြစ်တဲ့ Compression Strength နဲ့ စတီးရဲ့အားသာချက်ဖြစ်တဲ့ Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေးလိုက်သလိုဖြစ်သွားပါတော့တယ်။

?? ကို ပထမဦးဆုံးစတင်တည်ဆောက်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေငယ်လေးတွေတည်ဆောက်ရာမှာ ခံနိုင်ရည်အားပိုမိုကောင်းမွန်စေဖို့ သံချောင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ အထောက်အထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ ?? ကို ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။ ?? ကို အဆောက်အဦးတည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည်ကသာ ပိုပြီးအရာတွင်ခဲ့ပါတယ်။ ဒ

ါပေမယ့် သူလည်း ?? ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကိုသိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက်ကလေး ပုံမပျက်သွားအောင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက ?? သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။

၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လုပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှစ်ခုကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ ?? ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။ Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို ?? တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ko kyaw naing construction

 

 

[Zawgyi]

RC ဘယ္ကစခဲ့သလဲ?










 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service