ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးနှင့် အလှပဆုံးရေတံခွန်ကြီး သီလိုစု

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးနှင့် အလှပဆုံးရေတံခွန်ကြီး သီလိုစု - Property News in Myanmar from iMyanmarHouse.com
15 Sep 2022 10:25 am တွင် တင်ခဲ့သည်
1106 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Thi Lo Su Waterfall)

 

သီလိုစု ရေတံခွန်ကြီးသည် ထိုင်းနိုင်ငံ၏ အံမခန်းဖွယ်အရှိဆုံး ရေတံခွန်ကြီးဖြစ်ပြီး တီလောစုဟုလည်း ခေါ်ကြသည်။

ထိုင်းနိုင်ငံ၏ အလွန်အစွန်အဖျားကျသည့်ဒေသ၊ လူသူအရောက်နည်းသည့်နေရာတစ်ခုဖြစ်သော အုန်းဖန် (Umphang) သဘာဝဘေးမဲ့တောကြီးအလယ်တွင် တည်ရှိသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ တာ့ခ်ပြည်နယ်မှ မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိသော နယ်စပ်ဒေသရှိ ထုံးကျောက် ချောက်ကမ်းပါးကြီးများအတွင်းသို့ ရေတံခွန်မှာ စီးဖြာကျသည်။

သီလိုစု ရေတံခွန်ကြီးသို့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကမှ လူသူပေါက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီကမူ ဒေသခံတိုင်းရင်းသား ရွာသားတို့သာသိသော လျှို့ဝှက်ချက်တစ်ခုသဖွယ်သာ ရှိခဲ့သည်။

သီလိုဆု ရေတံခွန်ကြီး၏ ရှည်လျားမှုမှာ မီတာ ၃၀၀ ခန့်ရှိပြီး မတ်စောက်လှသော ထုံးကျောက် ချောက်ကမ်းပါးကြီးအတွင်း စီးဖြာကျသည်။

ရေတံခွန်ကြီးမှာ အဆင့်ဆင့် အထပ်ထပ် စီးဖြာကျခြင်းဖြစ်ပြီး အဆင့်တိုင်းတွင် ရေကန်များရှိပြီး ရေတံခွန်၏အမြင့် စုစုပေါင်း မီတာ ၂၀၀ ရှိသည်။

မိုးတွင်းကာလများတွင် ရေတံခွန်ကြီးမှ ရေသံများကို ၁ ကီလိုမီတာ အကွာအဝေးမှပင် ကြားရနိုင်သည်။

ရေများသည် မိုးချုန်းသည့်သဖွယ် ချောက်ကြီးအတွင်းသို့ တဝုန်းဝုန်းကျဆင်းကာ အောက်ဘက်ဆီရှိ မြစ်အတွင်းသို့ စီးဝင်သည်။

သီလိုစုရေတံခွန်တွင် တစ်နှစ်ပတ်လုံး ရေစီးဆင်းသည်။

လန်းဆန်းစေမည့် ကြီးမားသော ရေကန်ကြီးများအတွင်း ရေကူးခြင်းမှာ ခြောက်သွေ့သော ရာသီကာလများတွင် လုပ်ဆောင်ရမည့်အရာတစ်ခုပင်။

(သီလိုစု၊ တကယ့်စွန့်စားခန်း)

သီလိုစု ရေတံခွန်ထိပ်ဆီသို့ တက်ကြည့်ခြင်းမှာလည်း လုပ်ဆောင်သင့်သည့်အရာတစ်ခုပင်။

ရေတံခွန်ထိပ်ဆီသို့ သွားရာလမ်းမှာ သင့်အား ထူးခြားသောရှုခင်းများ ပေးစွမ်းနိုင်သော စိတ်လှုပ်ရှားဖွယ်လမ်းတစ်ခု ဖြစ်၏။

ရေတံခွန်ထိပ်သို့ ရောက်ရန်အတွက် မြစ်၏အချို့နေရာများကို ဖြတ်သန်းခြင်း၊ ရေတံခွန်ငယ်များကို တွယ်တက်ခြင်းများပြုလုပ်ရမည်ဖြစ်ပြီး တချိန်လုံး ရေတံခွန်မှ ရေများဖြင့် ရွှဲရွှဲစိုနေမည် ဖြစ်သည်။

ရေတံခွန်ရှိရာသို့ သွားရသည်မှာ တကယ့်စွန့်စားခန်းတစ်ရပ်ဖြစ်ပြီး သင်၏စွန့်စားခန်းများမှ ဤမျှနှင့် မပြီးသေးပါ။

ရေတံခွန်နှင့် အနီးဆုံးမြို့ဖြစ်သော အုန်းဖန် (Umphang) မှာ ရေတံခွန်နှင့် ၂၈ ကီလိုမီတာ ဝေးပါသည်။

အုန်းဖန်မြို့မှ ရေတံခွန်ရှိရာသို့ မြေလမ်းသာရှိပြီး မိုးကာလများတွင် သွားလာရခက်ခဲသောကြောင့် ဒေသခံ အာဏာပိုင်တို့က လမ်းကို လုံးဝပိတ်ထားကြသည်။

ရေတံခွန်သို့သွားရန် အခြားလမ်းကြောင်းတစ်ခုမှ အုန်းဖန်မြို့မှတဆင့် တောထဲကို ခြေလျင်ဖြတ်ခြင်းဖြင့်လည်း ရောက်နိုင်သည်။

ထို့အပြင် မဲခေါင်မြစ်ကို ဖောင်ဖြင့်ဖြတ်ခြင်း၊ ခြေလျင်လျှောက်ခြင်းတို့ ပေါင်းစပ်ကာသွားခြင်းဖြင့်လည်း ရေတံခွန်သို့ ရောက်သည်။

ရေတံခွန်ကို ကြည့်နိုင်ရန် အုန်းဖန်မြို့မှစထွက်လျှင် ၃ ရက်၊ ၃ ည ကြာမြင့်မည့် ခရီးဖြစ်၏။

သင်၏ ခရီးစဉ်အတွင်း တောထဲတွင် ခြေလျင်လျှောက်ခြင်း၊ မြစ်အတွင်း ဖောင်စီးခြင်းနှင့် ဝေးလံခေါင်သီလှသော ကရင်ရွာလေးတစ်ခုတွင် ညအိပ်တည်းခိုခြင်းတို့ကဲ့သို့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများ ရရှိမည် ဖြစ်သည်။

(အုန်းဖန် တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တော)

သီလိုစု ရေတံခွန်ကြီးသည် အုန်းဖန် တောရိုင်း တိရ စ္ဆာန်ဘေးမဲ့တောကြီး (Umphang Wildlife Sanctuary) အတွင်း တည်ရှိသည်။

ဘေးမဲ့တောကြီးကို ယူနက်စကို (UNESCO) က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားပြီး သဘာဝအတိုင်းမပျက်မစီးရှိသေးသည့် မိုးသစ်တောများ ကြီးမားစွာပါဝင်သောဒေသဖြစ်သည်။

တာ့ခ်ပြည်နယ်အပြင် ကပ်လျက်ရှိသော မယ်ဟောင်ဆောင်၊ ကန်ချနပူရီနှင့် ကမ်ဖန်ပက်တို့သည် ထိုင်းနိုင်ငံ၏ သားရဲအစုံလင်ဆုံး ဒေသကြီးဖြစ်သည်။

တောဆင်ရိုင်းများသည် လွတ်လပ်စွာကျင်လည်ကျက်စားလျက်ရှိကြပြီး ကျားများကိုလည်း သစ်တောစောင့်များက မကြာခဏတွေ့ရှိကာ ဓာတ်ပုံရိုက်ကူးထားမှုများရှိသည်။ အုန်းဖန်း တောရိုင်းတိရ စ္ဆာန်ဘေးမဲ့တောကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၂၆၀၀ ရှိသည်။

သီလိုစုရေတံခွန်ကြီးသို့ သွားရောက်လည်ပတ်သင့်သည့် အခြားအကြောင်းရင်းများစွာလည်း ရှိသေးသည်။

အုန်းဖန်မြို့မှ သီလိုစုရေတံခွန်ကြားရှိ မဲခေါင်မြစ်တစ်လျှောက်မှာ လွန်စွာသာယာလှပသည်။

မြစ်ဘေးတွင် ကြီးမားသည့်ထုံးကျောက် ချောက်ကမ်းပါးကြီးများက တံတိုင်းသဖွယ်ကာရံထားကာ အချို့နေရာများတွင် ချောက်ကမ်းပါးကြီးများက မြစ်ကို အုပ်မိုးထားရာ ထိုအောက်မှ ဖောင်စီးရသည်မှာလည်း စိတ်လှုပ်ရှားဖွယ်အတိပင်။

ရေတံခွန်များစွာသည် မဲခေါင်မြစ်ထဲသို့ တိုက်ရိုက်စီးဝင်သည်။

သဘာဝတရားကို မြတ်နိုးသူများအတွက် မဲခေါင်မြစ်တစ်လျှောက် ဖောင်စီးရခြင်းမှာ အံ့သြပျော်ရွှင်ဖွယ် အတွေ့အကြုံပင်။

မြစ်မှာ ရေစီးမကြမ်း။ အေးအေးငြိမ့်ငြိမ့်သာ စီးဆင်းသည်။

Pha Lueat သစ်တောစောင့် ဘူတာသို့ ရောက်ရန် ၃ နာရီကြာသည်။ ယင်းမှတဆင့် တောကိုဖြတ်ကာ သီလိုစု ရေတံခွန်ကြီးသို့ နောက်ထပ် ၃ နာရီကြာအောင် ခြေလျင်ခရီးသွားရ၏။

(သီလိုစု ရေတံခွန်ကြီးနှင့် အချိန်အခါ)

စွတ်စိုသည့် လများဖြစ်သော ဇွန်လမှ အောက်တိုဘာလကြား ကာလသည် သီလိုစုရေတံခွန်ကြီးအတွက် ကြီးကျယ်ခမ်းနားသော ကာလများ ဖြစ်၏။

ရေတို့သည် ချောက်ကမ်းပါးများအောက် အရှိန်ပြင်းစွာ စီးဆင်းကျရောက်လေ့ရှိကာ ၁ ကီလိုမီတာ အကွာကပင်လျှင် ရေသံကို ကြားရသည်။ သဘာဝကို ချစ်မြတ်နိုးသူများအတွက် သီလိုစုမှ မြင်ကွင်းများနှင့် အသံများမှာ တစ်သက်သာ မမေ့နိုင်ဖွယ်များပင်။

မိုးကာလများတွင် ဘေးကင်းသည့်နေရာများတွင်သာ ရေကူးခွင့်ပေးထားသည်။ သို့သော် ရေတံခွန်ထိပ်သို့ တက်ကြည့်ရန် ဖြစ်နိုင်ပါသေးသည်။

မိုးကာလများတွင် ကြီးမားသည့်အန္တရာယ်များ ရှိခြင်းကြောင့် ဒေသဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန် အရေးကြီးပါသည်။

နိုဝင်ဘာလမှ မေလအကြား ခြောက်သွေ့သော ရာသီဥတုကာလများတွင်ကား မိုးတွင်းနှင့် မတူကွဲပြားသော အတွေ့အကြုံ ရရှိမည် ဖြစ်သည်။

ခြောက်သွေ့သော လရာသီများတွင် ရေတံခွန်ထိပ်နှင့် ရေတံခွန်အောက်ရှိ ရေကန်ကြီး ၂ ခုတွင် ရေကူးနိုင်သည်။

ပိုမိုစွန့်စားလိုသူများအတွက်ဆိုလျှင် ရေတံခွန်တစ်ခုထိပ်မှ အောက်ဘက်ရေတံခွန်တစ်ခုဆီသို့ တိုက်ရိုက်ခုန်ချခြင်းမျိုး ပြုလုပ်နိုင်သေးသည်။

ခြောက်သွေ့သော ကာလများတွင် လာရောက်လည်ပတ်သူများ ပိုမိုများပြားသည်။

ခရစ္စမတ်ချိန်ခါသမယဆိုလျှင် သီလိုစုရေတံခွန်ကြီးတွင် ထိုင်းခရီးသွားများဖြင့် ပြည့်နှက်နေလေ့ရှိသည်။

(သီလိုစု ရေတံခွန် ဝန်ဆောင်မှုများ)

သီလိုစု ရေတံခွန်မှ ၁ ကီလိုမီတာအကွာခန့်တွင် အခြေခံအဆောက်အအုံ အနည်းငယ်ရှိသည်။

အိမ်သာများ၊ ရေချိုးခန်းများ၊ စခန်းချရာနေရာနှင့် ဈေးဆိုင်ငယ်လေးတစ်ခု ရှိသည်။ စခန်းချရာကွင်းသို့ ရေတံခွန်မှ ၁၅ မိနစ်ခန့် လမ်းလျှောက်လျှင် ရောက်နိုင်ပြီး တောတွင်းကွန်ကရစ်လမ်း ကလေးဖြင့် ဆက်သွယ်ပေးထားသည်။

(တည်နေရာ)

သီလိုစု ရေတံခွန်ကြီးသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ တာ့ခ်ပြည်နယ်၊ အုန်းဖန်ခရိုင်၊ အုန်းဖန်တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တောကြီးအတွင်းတည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်အနီး ဖြစ်သည်။

အနီးဆုံးမြို့ကြီးမှာ မဲဆောက်ဖြစ်၏။

မဲဆောက်နှင့် အုန်းဖန်ကြားအကွာအဝေးမှာ ၁၇၀ ကီလိုမီတာ ဖြစ်သည်။ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်မှ မဲဆောက်သို့ Nok Air လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ် နေ့စဉ်ရှိသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thi Lo Su Waterfall (umphangadventures)

 

 

 

[Zawgyi]

ထိုင္း-ျမန္မာနယ္စပ္ရွိ ထိုင္းႏိုင္ငံ၏ အၾကီးမားဆံုးႏွင့္ အလွပဆံုးေရတံခြန္ၾကီး သီလိုစု

 

(Thi Lo Su Waterfall)

 

သီလိုစု ေရတံခြန္ၾကီးသည္ ထိုင္းႏိုင္ငံ၏ အံမခန္းဖြယ္အရွိဆံုး ေရတံခြန္ၾကီးျဖစ္ျပီး တီေလာစုဟုလည္း ေခၚၾကသည္။

ထိုင္းႏိုင္ငံ၏ အလြန္အစြန္အဖ်ားက်သည့္ေဒသ၊ လူသူအေရာက္နည္းသည့္ေနရာတစ္ခုျဖစ္ေသာ အုန္းဖန္ (Umphang) သဘာဝေဘးမဲ့ေတာၾကီးအလယ္တြင္ တည္ရွိသည္။

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ တာ့ခ္ျပည္နယ္မွ ျမန္မာႏိုင္ငံႏွင့္ နီးကပ္စြာတည္ရွိေသာ နယ္စပ္ေဒသရွိ ထံုးေက်ာက္ ေခ်ာက္ကမ္းပါးၾကီးမ်ားအတြင္းသို႔ ေရတံခြန္မွာ စီးျဖာက်သည္။

သီလိုစု ေရတံခြန္ၾကီးသို႔ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔ကမွ လူသူေပါက္ေရာက္ခဲ့ျခင္းျဖစ္ျပီး ယင္းမတိုင္မီကမူ ေဒသခံတိုင္းရင္းသား ရြာသားတုိ႔သာသိေသာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုသဖြယ္သာ ရွိခဲ့သည္။

သီလိုဆု ေရတံခြန္ၾကီး၏ ရွည္လ်ားမႈမွာ မီတာ ၃၀၀ ခန္႔ရွိျပီး မတ္ေစာက္လွေသာ ထံုးေက်ာက္ ေခ်ာက္ကမ္းပါးၾကီးအတြင္း စီးျဖာက်သည္။

ေရတံခြန္ၾကီးမွာ အဆင့္ဆင့္ အထပ္ထပ္ စီးျဖာက်ျခင္းျဖစ္ျပီး အဆင့္တိုင္းတြင္ ေရကန္မ်ားရွိျပီး ေရတံခြန္၏အျမင့္ စုစုေပါင္း မီတာ ၂၀၀ ရွိသည္။

မိုးတြင္းကာလမ်ားတြင္ ေရတံခြန္ၾကီးမွ ေရသံမ်ားကို ၁ ကီလိုမီတာ အကြာအေဝးမွပင္ ၾကားရႏိုင္သည္။

ေရမ်ားသည္ မိုးခ်ဳန္းသည့္သဖြယ္ ေခ်ာက္ၾကီးအတြင္းသို႔ တဝုန္းဝုန္းက်ဆင္းကာ ေအာက္ဘက္ဆီရွိ ျမစ္အတြင္းသို႔ စီးဝင္သည္။

သီလိုစုေရတံခြန္တြင္ တစ္ႏွစ္ပတ္လံုး ေရစီးဆင္းသည္။

လန္းဆန္းေစမည့္ ၾကီးမားေသာ ေရကန္ၾကီးမ်ားအတြင္း ေရကူးျခင္းမွာ ေျခာက္ေသြ႔ေသာ ရာသီကာလမ်ားတြင္ လုပ္ေဆာင္ရမည့္အရာတစ္ခုပင္။

(သီလိုစု၊ တကယ့္စြန္႔စားခန္း)

သီလိုစု ေရတံခြန္ထိပ္ဆီသို႔ တက္ၾကည့္ျခင္းမွာလည္း လုပ္ေဆာင္သင့္သည့္အရာတစ္ခုပင္။

ေရတံခြန္ထိပ္ဆီသို႔ သြားရာလမ္းမွာ သင့္အား ထူးျခားေသာရႈခင္းမ်ား ေပးစြမ္းႏိုင္ေသာ စိတ္လႈပ္ရွားဖြယ္လမ္းတစ္ခု ျဖစ္၏။

ေရတံခြန္ထိပ္သို႔ ေရာက္ရန္အတြက္ ျမစ္၏အခ်ဳိ႕ေနရာမ်ားကို ျဖတ္သန္းျခင္း၊ ေရတံခြန္ငယ္မ်ားကို တြယ္တက္ျခင္းမ်ားျပဳလုပ္ရမည္ျဖစ္ျပီး တခ်ိန္လံုး ေရတံခြန္မွ ေရမ်ားျဖင့္ ရႊဲရႊဲစိုေနမည္ ျဖစ္သည္။

ေရတံခြန္ရွိရာသို႔ သြားရသည္မွာ တကယ့္စြန္႔စားခန္းတစ္ရပ္ျဖစ္ျပီး သင္၏စြန္႔စားခန္းမ်ားမွ ဤမွ်ႏွင့္ မျပီးေသးပါ။

ေရတံခြန္ႏွင့္ အနီးဆံုးျမိဳ႕ျဖစ္ေသာ အုန္းဖန္ (Umphang) မွာ ေရတံခြန္ႏွင့္ ၂၈ ကီလိုမီတာ ေဝးပါသည္။

အုန္းဖန္ျမိဳ႕မွ ေရတံခြန္ရွိရာသို႔ ေျမလမ္းသာရွိျပီး မိုးကာလမ်ားတြင္ သြားလာရခက္ခဲေသာေၾကာင့္ ေဒသခံ အာဏာပိုင္တို႔က လမ္းကို လံုးဝပိတ္ထားၾကသည္။

ေရတံခြန္သို႔သြားရန္ အျခားလမ္းေၾကာင္းတစ္ခုမွ အုန္းဖန္ျမိဳ႕မွတဆင့္ ေတာထဲကို ေျခလ်င္ျဖတ္ျခင္းျဖင့္လည္း ေရာက္ႏိုင္သည္။

ထို႔အျပင္ မဲေခါင္ျမစ္ကို ေဖာင္ျဖင့္ျဖတ္ျခင္း၊ ေျခလ်င္ေလွ်ာက္ျခင္းတို႔ ေပါင္းစပ္ကာသြားျခင္းျဖင့္လည္း ေရတံခြန္သို႔ ေရာက္သည္။

ေရတံခြန္ကို ၾကည့္ႏိုင္ရန္ အုန္းဖန္ျမိဳ႕မွစထြက္လွ်င္ ၃ ရက္၊ ၃ ည ၾကာျမင့္မည့္ ခရီးျဖစ္၏။

သင္၏ ခရီးစဥ္အတြင္း ေတာထဲတြင္ ေျခလ်င္ေလွ်ာက္ျခင္း၊ ျမစ္အတြင္း ေဖာင္စီးျခင္းႏွင့္ ေဝးလံေခါင္သီလွေသာ ကရင္ရြာေလးတစ္ခုတြင္ ညအိပ္တည္းခိုျခင္းတို႔ကဲ့သို႔ စိတ္လႈပ္ရွားဖြယ္ အေတြ႔အၾကံဳမ်ား ရရွိမည္ ျဖစ္သည္။

(အုန္းဖန္ ေတာရိုင္းတိရ စၦာန္ ေဘးမဲ့ေတာ)

သီလိုစု ေရတံခြန္ၾကီးသည္ အုန္းဖန္ ေတာရိုင္း တိရ စၦာန္ေဘးမဲ့ေတာၾကီး (Umphang Wildlife Sanctuary) အတြင္း တည္ရွိသည္။

ေဘးမဲ့ေတာၾကီးကို ယူနက္စကို (UNESCO) က ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ထားျပီး သဘာဝအတိုင္းမပ်က္မစီးရွိေသးသည့္ မိုးသစ္ေတာမ်ား ၾကီးမားစြာပါဝင္ေသာေဒသျဖစ္သည္။

တာ့ခ္ျပည္နယ္အျပင္ ကပ္လ်က္ရွိေသာ မယ္ေဟာင္ေဆာင္၊ ကန္ခ်နပူရီႏွင့္ ကမ္ဖန္ပက္တို႔သည္ ထုိင္းႏိုင္ငံ၏ သားရဲအစံုလင္ဆံုး ေဒသၾကီးျဖစ္သည္။

ေတာဆင္ရိုင္းမ်ားသည္ လြတ္လပ္စြာက်င္လည္က်က္စားလ်က္ရွိၾကျပီး က်ားမ်ားကိုလည္း သစ္ေတာေစာင့္မ်ားက မၾကာခဏေတြ႔ရွိကာ ဓာတ္ပံုရိုက္ကူးထားမႈမ်ားရွိသည္။ အုန္းဖန္း ေတာရိုင္းတိရ စၦာန္ေဘးမဲ့ေတာကို ၁၉၈၉ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျပီး အက်ယ္အဝန္းအားျဖင့္ စတုရန္းကီလိုမီတာ ၂၆၀၀ ရွိသည္။

သီလိုစုေရတံခြန္ၾကီးသို႔ သြားေရာက္လည္ပတ္သင့္သည့္ အျခားအေၾကာင္းရင္းမ်ားစြာလည္း ရွိေသးသည္။

အုန္းဖန္ျမိဳ႕မွ သီလိုစုေရတံခြန္ၾကားရွိ မဲေခါင္ျမစ္တစ္ေလွ်ာက္မွာ လြန္စြာသာယာလွပသည္။

ျမစ္ေဘးတြင္ ၾကီးမားသည့္ထံုးေက်ာက္ ေခ်ာက္ကမ္းပါးၾကီးမ်ားက တံတုိင္းသဖြယ္ကာရံထားကာ အခ်ဳိ႕ေနရာမ်ားတြင္ ေခ်ာက္ကမ္းပါးၾကီးမ်ားက ျမစ္ကို အုပ္မိုးထားရာ ထိုေအာက္မွ ေဖာင္စီးရသည္မွာလည္း စိတ္လႈပ္ရွားဖြယ္အတိပင္။

ေရတံခြန္မ်ားစြာသည္ မဲေခါင္ျမစ္ထဲသို႔ တိုက္ရိုက္စီးဝင္သည္။

သဘာဝတရားကို ျမတ္ႏိုးသူမ်ားအတြက္ မဲေခါင္ျမစ္တစ္ေလွ်ာက္ ေဖာင္စီးရျခင္းမွာ အံ့ၾသေပ်ာ္ရႊင္ဖြယ္ အေတြ႔အၾကံဳပင္။

ျမစ္မွာ ေရစီးမၾကမ္း။ ေအးေအးျငိမ့္ျငိမ့္သာ စီးဆင္းသည္။

Pha Lueat သစ္ေတာေစာင့္ ဘူတာသို႔ ေရာက္ရန္ ၃ နာရီၾကာသည္။ ယင္းမွတဆင့္ ေတာကိုျဖတ္ကာ သီလိုစု ေရတံခြန္ၾကီးသို႔ ေနာက္ထပ္ ၃ နာရီၾကာေအာင္ ေျခလ်င္ခရီးသြားရ၏။

(သီလိုစု ေရတံခြန္ၾကီးႏွင့္ အခ်ိန္အခါ)

စြတ္စိုသည့္ လမ်ားျဖစ္ေသာ ဇြန္လမွ ေအာက္တိုဘာလၾကား ကာလသည္ သီလိုစုေရတံခြန္ၾကီးအတြက္ ၾကီးက်ယ္ခမ္းနားေသာ ကာလမ်ား ျဖစ္၏။

ေရတို႔သည္ ေခ်ာက္ကမ္းပါးမ်ားေအာက္ အရွိန္ျပင္းစြာ စီးဆင္းက်ေရာက္ေလ့ရွိကာ ၁ ကီလိုမီတာ အကြာကပင္လွ်င္ ေရသံကို ၾကားရသည္။ သဘာဝကို ခ်စ္ျမတ္ႏိုးသူမ်ားအတြက္ သီလိုစုမွ ျမင္ကြင္းမ်ားႏွင့္ အသံမ်ားမွာ တစ္သက္သာ မေမ့ႏိုင္ဖြယ္မ်ားပင္။

မိုးကာလမ်ားတြင္ ေဘးကင္းသည့္ေနရာမ်ားတြင္သာ ေရကူးခြင့္ေပးထားသည္။ သို႔ေသာ္ ေရတံခြန္ထိပ္သို႔ တက္ၾကည့္ရန္ ျဖစ္ႏိုင္ပါေသးသည္။

မိုးကာလမ်ားတြင္ ၾကီးမားသည့္အႏၱရာယ္မ်ား ရွိျခင္းေၾကာင့္ ေဒသဆိုင္ရာ လမ္းညႊန္ခ်က္မ်ားကို လိုက္နာရန္ အေရးၾကီးပါသည္။

ႏိုဝင္ဘာလမွ ေမလအၾကား ေျခာက္ေသြ႔ေသာ ရာသီဥတုကာလမ်ားတြင္ကား မိုးတြင္းႏွင့္ မတူကြဲျပားေသာ အေတြ႔အၾကံဳ ရရွိမည္ ျဖစ္သည္။

ေျခာက္ေသြ႔ေသာ လရာသီမ်ားတြင္ ေရတံခြန္ထိပ္ႏွင့္ ေရတံခြန္ေအာက္ရွိ ေရကန္ၾကီး ၂ ခုတြင္ ေရကူးႏိုင္သည္။

ပိုမိုစြန္႔စားလိုသူမ်ားအတြက္ဆိုလွ်င္ ေရတံခြန္တစ္ခုထိပ္မွ ေအာက္ဘက္ေရတံခြန္တစ္ခုဆီသို႔ တိုက္ရိုက္ခုန္ခ်ျခင္းမ်ဳိး ျပဳလုပ္ႏိုင္ေသးသည္။

ေျခာက္ေသြ႔ေသာ ကာလမ်ားတြင္ လာေရာက္လည္ပတ္သူမ်ား ပိုမိုမ်ားျပားသည္။

ခရစၥမတ္ခ်ိန္ခါသမယဆိုလွ်င္ သီလိုစုေရတံခြန္ၾကီးတြင္ ထိုင္းခရီးသြားမ်ားျဖင့္ ျပည့္ႏွက္ေနေလ့ရွိသည္။

(သီလိုစု ေရတံခြန္ ဝန္ေဆာင္မႈမ်ား)

သီလိုစု ေရတံခြန္မွ ၁ ကီလိုမီတာအကြာခန္႔တြင္ အေျခခံအေဆာက္အအံု အနည္းငယ္ရွိသည္။

အိမ္သာမ်ား၊ ေရခ်ဳိးခန္းမ်ား၊ စခန္းခ်ရာေနရာႏွင့္ ေစ်းဆိုင္ငယ္ေလးတစ္ခု ရွိသည္။ စခန္းခ်ရာကြင္းသို႔ ေရတံခြန္မွ ၁၅ မိနစ္ခန္႔ လမ္းေလွ်ာက္လွ်င္ ေရာက္ႏိုင္ျပီး ေတာတြင္းကြန္ကရစ္လမ္း ကေလးျဖင့္ ဆက္သြယ္ေပးထားသည္။

(တည္ေနရာ)

သီလိုစု ေရတံခြန္ၾကီးသည္ ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ တာ့ခ္ျပည္နယ္၊ အုန္းဖန္ခရိုင္၊ အုန္းဖန္ေတာရိုင္းတိရ စၦာန္ ေဘးမဲ့ေတာၾကီးအတြင္းတည္ရွိျပီး ထိုင္း-ျမန္မာနယ္စပ္အနီး ျဖစ္သည္။

အနီးဆံုးျမိဳ႕ၾကီးမွာ မဲေဆာက္ျဖစ္၏။

မဲေဆာက္ႏွင့္ အုန္းဖန္ၾကားအကြာအေဝးမွာ ၁၇၀ ကီလိုမီတာ ျဖစ္သည္။ ဘန္ေကာက္ျမိဳ႕ရွိ ဒြန္ေမာင္းေလဆိပ္မွ မဲေဆာက္သို႔ Nok Air ေလေၾကာင္းလိုင္းမွ ေလယာဥ္ခရီးစဥ္ ေန႔စဥ္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Thi Lo Su Waterfall (umphangadventures)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
taunggyi-garden-city
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service