ပတ်ဝန်းကျင်

ပတ်ဝန်းကျင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2022 10:01 am တွင် တင်ခဲ့သည်
267 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော် (iMyanmarHouse.com)

[Unicode]

ပတ်ဝန်းကျင်ဆိုတာက ကျွန်တော်တို့ကို တနည်းမဟုတ်တစ်နည်း သင်ယူစရာတွေကို အမြဲပေးနေတတ်သည်။

ငယ်စဉ်က ယခုအရွယ်အထိ ပတ်ဝန်းကျင်၏သင်ကြားမှုနှင့် လူအတော်များများကြီးပြင်းခဲ့ကြရသည်။ ကောင်းတာလည်းအတုယူပြီး သင်ယူခဲ့ကြသည်။ဆိုးတာတွေလည်း သင်ယူခဲ့ကြရသည်။

တစ်ချို့သောပတ်ဝန်းကျင်က မသိမသာမဟုတ်ဘဲ သိသိသာသာ တခုတ်တရကြီးကို မကောင်းသည့်စကားများ၊ အမူအကျင့်များကို သင်ပေးတတ်သည်။မိဘတွေရဲ့ အထိန်းအသိမ်းကောင်းမှုကြောင့်သာ ဆိုးရွားသော သင်ကြားခံရမှုတို့သည် ရပ်တန့်သွားကြရသည်။

တစ်ချို့သောသူများက ကလေးများကို ဆဲနည်းမျိုးစုံ သင်ပေးကြသည်။က‌လေးအသံလေးနှင့် မပီကလာ ပီကလာဆဲတာကို ချစ်လို့သင်ပေးရင်နဲ့ ကလေးဟာ ဆဲဆိုခြင်းကိုနှစ်သက်သွားတတ်ပါတယ်။

တစ်ခါတစ်ရံ မသင်ပေးဘဲနှင့် တစ်ပါးသူများပြောသည့် စကားကိုကြားလာပြီး အဲဒီစကားကိုပြန်သုံးစွဲတတ်သည်။ ဒီလိုအတုခိုးသုံးစွဲခြင်းကို မိဘတို့က မသိလိုက် မသိဘာသာနေလိုက်ရင် သူ့ကိုပြောခွင့်ပြုလိုက်သည်အထင်နှင့် ထပ်ပြီးပြောတော့သည်။

ကျွန်တော်တွင်သမီးလေးရှိသည်။သူ့အဒေါ်အဖွားများရှိရာရွာသို့ အလည်သွားခဲ့ကြသည်။ သူ့အဒေါ်အဖွား တစ်ယောက်သည် သူ့သမီးများကို စိတ်တိုင်မကျ၍ပြောဆိုရာတွင် ဖေနှင့်ကိုင်တုတ်ပြီးဆဲတတ်သည်။ သမီးရှေ့တွင် နှစ်ခါသုံးခါလောက် ထိုစကားလုံးကိုသုံးလိုက်သည်သို ကျွန်တော်သတိထားခဲ့မိသည်။

မကြာပါ သမီးက အဆိုပါစကားကိုလိုက်သုံးတော့သည်။ကျွန်တော်လည်း သမီးကိုတုတ်နှင့် ခတ်စပ်စပ်လေး တစ်ချက်ရိုက်ပြီး မပြောအောင်သတိပေးလိုက်ရာ နောက်များထိုသို့သော ဆဲသံတို့ ထွက်မလာတော့ပေ။

ပတ်ဝန်းကျင်သည် အကောင်းကြီးမလာနိုင်ပါဘူး။ အနှောင့်အယှက်ပေးသော ပတ်ဝန်းကျင်တို့လည်း ရှိတတ်သည်။ အေးချမ်းသောပတ်ဝန်းကျင်တို့လည်းရှိတတ်သည်။

ကျွန်တော်တို့အိမ်အနီးတွင်မိသားစုတစ်စုရှိသည်။ထိုမိသားစုတွင် အမေဖြစ်သူသည် နှုတ်ကြမ်းလျှာကြမ်း ရှိလှသည်။ညနေပိုင်း သူတို့ဘော်ဒါတွေဆုံလျှင် အရက်ဘီယာတို့ သောက်ကြသည်။ထိုအရှိန်လေး ကောင်းလာလျှင် စကားကိုရိုးရိုးမပြောတော့ သူ့ပစ္စည်းကိုတွင်တွင်သုံးပြီး ပြောတတ်သည်။

ဒီလိုယုတ်ရင်းကြမ်းတမ်းသောစကားတို့ကိုပြောရခြင်းအပေါ် ဂုဏ်တစ်ခုဟုယူဆပြီး တစ်ရက်ကွက်လုံး ကြားအောင်ပြောတတ်သည်။ ပြီးလျှင် အချင်းချင်းရန်ဖြစ်ကြသည်။သမီးကသူတို့၏ဆူညံသံကို ကြားလျှင် ဝရန်တာထွက်ပြီး သွားကြည့်တတ်သည်။ထိုအခါမျိုးတွင် သူတို့စိတ်ဝင်စားစေမည့် ကောင်းသည့်ကိစ္စတစ်ခုပေါ် အာရုံပြောင်းပေးရသည်။

ဒီလိုပါပဲ ကောင်းသောပတ်ဝန်းကျင်တို့ကို လည်းလူတိုင်းကြုံကြရမှာပဲဖြစ်သည်။ဒီလိုပတ်ဝန်းကျင်ကောင်းကို ကြုံခဲ့သူတွေက သူတို့ရဲ့ပတ်ဝန်းကျင်ကောင်းကို အမှတ်ရကြပါလိမ့်မည်။

ကျွန်တော်ငယ်စဉ်က ကျွန်တော့် အမေကြီး(အဖွား)ရှိသည့်ရွာသို့ နွေကျောင်းပိတ်ရက်တိုင်း သွားလည်တတ် သည်။အမေကြီးတို့အိမ်၏ အနောက်ဖက် ခြံခြင်းကပ်ရပ်အိမ်တွင် ကိုမောင်တုတ်ဆိုသူရှိသည်။ အသားညိုပြီး အရပ်ပုသော်လည်း မျက်လုံးမျက်ခုံးကောင်းပြီး နှစ်လိုဖွယ်ဥပတိရုပ်ရှိသည်။အမြဲပြုံးရွှင်နေတတ်သည်။ စကားအပြောအဆို ယဉ်ကျေးသည်။ကြီးသူကိုရိုသေသည်။ငယ်သူကို သနားသည်။

ဦးကြီးအရွယ်ကို ဦးကြီး၊အဒေါ်အရွယ်ကို အဒေါ်စသဖြင့် သူသွားရာ ပတ်ဝန်းကျင်က လူများကို တရိုတသေ နူတ်ဆက်စကားဆိုတတ်သည်။ဟုတ်ကဲ့ခင်ဗျ စသည်ဖြင့် ဖြေတတ်သည်။သူနှင့်စကားပြောသူတိုင်းကလည်း သူ့လိုပင် ပြန်ပြီး သူ့ကိုလေးလေးစားစား ပြန်ပြီးပြောဆိုတတ်ကြသည်။

ကျွန်တော်က သူနှင့်ရွယ်တူမဟုတ်သော်လည်း သူနှင့်ပေါင်းသည်။သူပြောသလို လိုက်ပြောခဲ့သည်။ရိုင်းသူ မယဉ်ကျေးသူကို လူတိုင်းလက်ခံနိုင်ဖို့ခက်သော်လည်း ယဉ်ကျေးသူကိုတော့ လူတိုင်းတလေးတစား ဆက်ဆံကြရသည်။

သူ့အငွေ့အသက်က ကျွန်တော်ထံကို ကူးစက်လာသည်။ထိုအချိန်က သူနှင့်ပေါင်းသင်းဆက်ဆံရခြင်းကို လူငယ်ဖြစ်သောကျွန်တော်က အတော်ပင်ကျေနပ်ဂုဏ်ယူခဲ့ရပါသည်။

ပတ်ဝန်းကျင်ဆိုသည်က ဘယ်သူမှ အကောင်းအဆိုးမျှော်မှန်းထားလို့ မရပါဘူး။ မိမိလက်ခံတဲ့စိတ်အပေါ်မှာ လည်း မူတည်ပါတယ်။မကောင်းရင် လက်မခံမိဖို့သာ မိမိစိတ်ကအရင်းခံဖြစ်ပါကြောင်း မေတ္တာစကားဆိုပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ပတ္ဝန္းက်င္

 

ပတ္ဝန္းက်င္ဆိုတာက ကၽြန္ေတာ္တို႔ကို တနည္းမဟုတ္တစ္နည္း သင္ယူစရာေတြကို အျမဲေပးေနတတ္သည္။

ငယ္စဥ္က ယခုအရြယ္အထိ ပတ္ဝန္းက်င္၏သင္ၾကားမႈႏွင့္ လူအေတာ္မ်ားမ်ားႀကီးျပင္းခဲ့ၾကရသည္။ ေကာင္းတာလည္းအတုယူၿပီး သင္ယူခဲ့ၾကသည္။ဆိုးတာေတြလည္း သင္ယူခဲ့ၾကရသည္။

တစ္ခ်ိဳ႕ေသာပတ္ဝန္းက်င္က မသိမသာမဟုတ္ဘဲ သိသိသာသာ တခုတ္တရႀကီးကို မေကာင္းသည့္စကားမ်ား၊ အမူအက်င့္မ်ားကို သင္ေပးတတ္သည္။မိဘေတြရဲ႕ အထိန္းအသိမ္းေကာင္းမႈေၾကာင့္သာ ဆိုးရြားေသာ သင္ၾကားခံရမႈတို႔သည္ ရပ္တန္႔သြားၾကရသည္။

တစ္ခ်ိဳ႕ေသာသူမ်ားက ကေလးမ်ားကို ဆဲနည္းမ်ိဳးစုံ သင္ေပးၾကသည္။က‌ေလးအသံေလးႏွင့္ မပီကလာ ပီကလာဆဲတာကို ခ်စ္လို႔သင္ေပးရင္နဲ႔ ကေလးဟာ ဆဲဆိုျခင္းကိုႏွစ္သက္သြားတတ္ပါတယ္။

တစ္ခါတစ္ရံ မသင္ေပးဘဲႏွင့္ တစ္ပါးသူမ်ားေျပာသည့္ စကားကိုၾကားလာၿပီး အဲဒီစကားကိုျပန္သုံးစြဲတတ္သည္။ ဒီလိုအတုခိုးသုံးစြဲျခင္းကို မိဘတို႔က မသိလိုက္ မသိဘာသာေနလိုက္ရင္ သူ႔ကိုေျပာခြင့္ျပဳလိုက္သည္အထင္ႏွင့္ ထပ္ၿပီးေျပာေတာ့သည္။

ကၽြန္ေတာ္တြင္သမီးေလးရွိသည္။သူ႔အေဒၚအဖြားမ်ားရွိရာရြာသို႔ အလည္သြားခဲ့ၾကသည္။ သူ႔အေဒၚအဖြား တစ္ေယာက္သည္ သူ႕သမီးမ်ားကို စိတ္တိုင္မက်၍ေျပာဆိုရာတြင္ ေဖႏွင့္ကိုင္တုတ္ၿပီးဆဲတတ္သည္။ သမီးေရွ႕တြင္ ႏွစ္ခါသုံးခါေလာက္ ထိုစကားလုံးကိုသုံးလိုက္သည္သို ကၽြန္ေတာ္သတိထားခဲ့မိသည္။

မၾကာပါ သမီးက အဆိုပါစကားကိုလိုက္သုံးေတာ့သည္။ကၽြန္ေတာ္လည္း သမီးကိုတုတ္ႏွင့္ ခတ္စပ္စပ္ေလး တစ္ခ်က္ရိုက္ၿပီး မေျပာေအာင္သတိေပးလိုက္ရာ ေနာက္မ်ားထိုသို႔ေသာ ဆဲသံတို႔ ထြက္မလာေတာ့ေပ။

ပတ္ဝန္းက်င္သည္ အေကာင္းႀကီးမလာႏိုင္ပါဘူး။ အေႏွာင့္အယွက္ေပးေသာ ပတ္ဝန္းက်င္တို႔လည္း ရွိတတ္သည္။ ေအးခ်မ္းေသာပတ္ဝန္းက်င္တို႔လည္းရွိတတ္သည္။

ကၽြန္ေတာ္တို႔အိမ္အနီးတြင္မိသားစုတစ္စုရွိသည္။ထိုမိသားစုတြင္ အေမျဖစ္သူသည္ ႏႈတ္ၾကမ္းလွ်ာၾကမ္း ရွိလွသည္။ညေနပိုင္း သူတို႔ေဘာ္ဒါေတြဆုံလွ်င္ အရက္ဘီယာတို႔ ေသာက္ၾကသည္။ထိုအရွိန္ေလး ေကာင္းလာလွ်င္ စကားကိုရိုးရိုးမေျပာေတာ့ သူ႕ပစၥည္းကိုတြင္တြင္သုံးၿပီး ေျပာတတ္သည္။

ဒီလိုယုတ္ရင္းၾကမ္းတမ္းေသာစကားတို႔ကိုေျပာရျခင္းအေပၚ ဂုဏ္တစ္ခုဟုယူဆၿပီး တစ္ရက္ကြက္လုံး ၾကားေအာင္ေျပာတတ္သည္။ ၿပီးလွ်င္ အခ်င္းခ်င္းရန္ျဖစ္ၾကသည္။သမီးကသူတို႔၏ဆူညံသံကို ၾကားလွ်င္ ဝရန္တာထြက္ၿပီး သြားၾကည့္တတ္သည္။ထိုအခါမ်ိဳးတြင္ သူတို႔စိတ္ဝင္စားေစမည့္ ေကာင္းသည့္ကိစၥတစ္ခုေပၚ အာရုံေျပာင္းေပးရသည္။

ဒီလိုပါပဲ ေကာင္းေသာပတ္ဝန္းက်င္တို႔ကို လည္းလူတိုင္းႀကဳံၾကရမွာပဲျဖစ္သည္။ဒီလိုပတ္ဝန္းက်င္ေကာင္းကို ႀကဳံခဲ့သူေတြက သူတို႔ရဲ႕ပတ္ဝန္းက်င္ေကာင္းကို အမွတ္ရၾကပါလိမ့္မည္။

ကၽြန္ေတာ္ငယ္စဥ္က ကၽြန္ေတာ့္ အေမႀကီး(အဖြား)ရွိသည့္ရြာသို႔ ေႏြေက်ာင္းပိတ္ရက္တိုင္း သြားလည္တတ္ သည္။အေမႀကီးတို႔အိမ္၏ အေနာက္ဖက္ ျခံျခင္းကပ္ရပ္အိမ္တြင္ ကိုေမာင္တုတ္ဆိုသူရွိသည္။ အသားညိဳၿပီး အရပ္ပုေသာ္လည္း မ်က္လုံးမ်က္ခုံးေကာင္းၿပီး ႏွစ္လိုဖြယ္ဥပတိရုပ္ရွိသည္။အျမဲျပဳံးရႊင္ေနတတ္သည္။ စကားအေျပာအဆို ယဥ္ေက်းသည္။ႀကီးသူကိုရိုေသသည္။ငယ္သူကို သနားသည္။

ဦးႀကီးအရြယ္ကို ဦးႀကီး၊အေဒၚအရြယ္ကို အေဒၚစသျဖင့္ သူသြားရာ ပတ္ဝန္းက်င္က လူမ်ားကို တရိုတေသ ႏူတ္ဆက္စကားဆိုတတ္သည္။ဟုတ္ကဲ့ခင္ဗ် စသည္ျဖင့္ ေျဖတတ္သည္။သူႏွင့္စကားေျပာသူတိုင္းကလည္း သူ႔လိုပင္ ျပန္ၿပီး သူ႔ကိုေလးေလးစားစား ျပန္ၿပီးေျပာဆိုတတ္ၾကသည္။

ကၽြန္ေတာ္က သူႏွင့္ရြယ္တူမဟုတ္ေသာ္လည္း သူႏွင့္ေပါင္းသည္။သူေျပာသလုိ လိုက္ေျပာခဲ့သည္။ရိုင္းသူ မယဥ္ေက်းသူကို လူတိုင္းလက္ခံႏိုင္ဖို႔ခက္ေသာ္လည္း ယဥ္ေက်းသူကိုေတာ့ လူတိုင္းတေလးတစား ဆက္ဆံၾကရသည္။

သူ႔အေငြ႔အသက္က ကၽြန္ေတာ္ထံကို ကူးစက္လာသည္။ထိုအခ်ိန္က သူႏွင့္ေပါင္းသင္းဆက္ဆံရျခင္းကို လူငယ္ျဖစ္ေသာကၽြန္ေတာ္က အေတာ္ပင္ေက်နပ္ဂုဏ္ယူခဲ့ရပါသည္။

ပတ္ဝန္းက်င္ဆိုသည္က ဘယ္သူမွ အေကာင္းအဆိုးေမွ်ာ္မွန္းထားလို႔ မရပါဘူး။ မိမိလက္ခံတဲ့စိတ္အေပၚမွာ လည္း မူတည္ပါတယ္။မေကာင္းရင္ လက္မခံမိဖို႔သာ မိမိစိတ္ကအရင္းခံျဖစ္ပါေၾကာင္း ေမတၱာစကားဆိုပါရေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၂)
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
လွမ်းလှပါသည် အလှပေါင်းစုံတဲ့ ခရီးသွားရာသီ
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
သွေးပေါင်ချိန်တက်ခြင်းအား ဆေးဝါးမပါဘဲ ထိန်းချုပ်ရန် နည်းလမ်း ၁၀ ခု - အပိုင်း (၁)
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
အိမ်ရှင်အိမ်ငှား သူ့ဘက်ကိုယ့်ဘက် ထည့်စဉ်းစား
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
သန့်ရှင်းကျန်းမာတဲ့ အိမ်ကလေးတစ်လုံး ဖြစ်ဖို့အတွက်...
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
ကျောက်ကျောရည် ကြိုက်သူတွေအတွက် သတင်းကောင်း
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
စနစ်တကျနဲ့ လက်တွေ့အသုံးပြုရတာအဆင်ပြေစေမယ့် Entrance Cabinet Ideas
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရတဲ့ အင်္ဂါအစိတ်အပိုင်းများ.....
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
ကွန်ဒိုအိမ်ခန်းပိုင်ဆိုင်သူ၏ လိုက်နာရမည့် တာဝန်များဖော်ပြခြင်း......
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”
" သမိုင်းကြောင်းနဲ့ဖြစ်တည်လာ တို့ဘိုးဘွားအိမ်ပါ ”

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

K-POP အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lee Ji-hye က သူ၏ ရေချိုးခန်းကို ပရိသတ်များအား ချပြ
K-POP အဆိုတော်၊ ရုပ်ရှင်မင်းသမီး Lee Ji-hye က သူ၏ ရေချိုးခန်းကို ပရိသတ်များအား ချပြ
သိပ္ပံပညာရှင်များပင် တုန်လှုပ်ခဲ့ကြသော အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ကျေးရွာ
သိပ္ပံပညာရှင်များပင် တုန်လှုပ်ခဲ့ကြသော အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ကျေးရွာ
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ
ရင်သပ်ရှုမောဖွယ် နောင်ချိုမြို့ တိမ်ပင်လယ်အလှ
ရင်သပ်ရှုမောဖွယ် နောင်ချိုမြို့ တိမ်ပင်လယ်အလှ
အမေရိကန်က နှစ်ပေါင်း ၅၀ ကျော် မီးမငြိမ်းဘဲ ယနေ့တိုင် မီးလောင်နေပြီး နောင်နှစ်ပေါင်း ၁၀၀ ကျော်ဆက်လက်လောင်ကျွမ်းနေဦးမည့် မ
အမေရိကန်က နှစ်ပေါင်း ၅၀ ကျော် မီးမငြိမ်းဘဲ ယနေ့တိုင် မီးလောင်နေပြီး နောင်နှစ်ပေါင်း ၁၀၀ ကျော်ဆက်လက်လောင်ကျွမ်းနေဦးမည့် မ
ကြောက်မက်ဖွယ်ပူပြင်းသော ကွန်တိန်နာပုံးလူနေခန်းများ၊ ရေချိုးခန်းထဲမှ ညိုညစ်ညစ်ရေများဖြင့် ကမ္ဘာ့ဖလားပရိသတ်များ တည်းခိုနေထ
ကြောက်မက်ဖွယ်ပူပြင်းသော ကွန်တိန်နာပုံးလူနေခန်းများ၊ ရေချိုးခန်းထဲမှ ညိုညစ်ညစ်ရေများဖြင့် ကမ္ဘာ့ဖလားပရိသတ်များ တည်းခိုနေထ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အံ့သြစရာကောင်းလောက်တဲ့ Vaseline ရဲ့ အသုံးဝင်ပုံများ
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
အင်္ဂလန်တွင် ၂ နှစ်ကြာအိမ်ငှားခမပေးသည့် မိသားစု နေအိမ်အတွင်း မစင်ပုံများ၊ ကျင်ငယ်စွန့်ထားသည့် ဘူးပေါင်းများစွာဖြင့် အော်
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နံပါတ် ၁ နေရာမှ ရေပန်းစားနေသော မက်ဆီ၏ အာဂျင်တီးနားအသင်း တည်းခို နေထိုင်သည့် ကာတာတက္ကသိုလ်အဆော
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန
သမီး၏ မင်္ဂလာဆောင်အတွက်သုံးရန် ရည်ရွယ်ထားသောငွေဖြင့် ဆင်းရဲသားများအတွက် အိမ်အလုံး ၉၀ ဆောက်လုပ်လှူဒါန်းခဲ့သည့် အိန္ဒိယကုန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

hill-garden-tbc
taunggyi-gardencity

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store