မိုးရေတွင် သောက်သုံးရန်မသင့်သောဓာတုပစ္စည်းများပါဝင်ကြောင်း ဆွီဒင်သိပ္ပံပညာရှင်များပြော

မိုးရေတွင် သောက်သုံးရန်မသင့်သောဓာတုပစ္စည်းများပါဝင်ကြောင်း ဆွီဒင်သိပ္ပံပညာရှင်များပြော - Property News in Myanmar from iMyanmarHouse.com
16 Aug 2022 10:20 am တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စတော့ဟုမ်း(ဆွီဒင်)- ကမ္ဘာပေါ်တွင် မည်သည့်အရပ်ဒေသမှ မိုးရေမဆို PFAS ဟုခေါ်သော အဆိပ်ရှိသည့် ဓာတ်ပစ္စည်းများ သတ်မှတ်စံညွှန်းထက် မြင့်မားစွာပါဝင်သောကြောင့် သောက်သုံးရန် ဘေးမကင်းကြောင်း စတော့ဟုမ်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တို့၏ လေ့လာချက်သစ်တစ်ရပ်အရ တွေ့ရှိခဲ့ကြသည်။

PFAS (per- and polyfluoroalkyl substances) ဟုအမည်ရသော ဓာတုပစ္စည်းများသည် ပြိုကွဲရန် အလွန်အမင်းနှေးကွေးလှသောကြောင့် ထာဝရဓာတုပစ္စည်းများဟု လူသိများသည်။

ယင်းတို့ကို အများအားဖြင့် ကုန်ပစ္စည်းထုတ်ပိုးမှု၊ ခေါင်းလျှော်ရည်နှင့် မိတ်ကပ်များတွင် တွေ့ရပြီး ယခုအခါ ရေထုနှင့် လေထုအပါအဝင် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်တို့ စမ်းသပ်ခဲ့တဲ့ တိုင်းတာချက်တွေအရ ကမ္ဘာပေါ်မှာ ဘယ်ဒေသက မိုးရေမဆို သောက်သုံးဖို့ရာ ဘေးမကင်းပါဘူး။”ဟု ယခုလေ့လာချက်ကို ဦးဆောင်ပြုလုပ်ခဲ့သူ ပါမောက္ခ ဒေါက်တာ Ian Cousins က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

၎င်းတို့အဖွဲ့၏ တွေ့ရှိချက်ကို သဘာဝဝန်းကျင်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ (Environmental Science and Technology) တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

သူ၏အဖွဲ့ ၂၀၁၀ ပြည့်နှစ်မှစတင်လေ့လာစုဆောင်းခဲ့သော အချက်အလက်များစွာအရ “အန္တာတိကတိုက်နဲ့ တိဗက်ကုန်းပြင်မြင့်လိုမျိုး ဒေသတွေမှာတောင် မိုးရေထဲမှာပါတဲ့ ဒီဓာတ်ပစ္စည်းပမာဏဟာ အမေရိကန် သဘာဝဝန်းကျင်ကာကွယ်ရေးအေဂျင်စီ US EPA က သတ်မှတ်ထားတဲ့ သောက်ရေစံညွှန်းတွေထက် ကျော်လွန်နေပါတယ်”ဟု ပါမောက္ခ Cousins က ပြောသည်။

သဘာဝတရားကြီး မပျက်စီးသေးဘဲရှိသေးသည်ဟု ယူဆထားကြသည့် အထက်ပါနေရာ ၂ ခုရှိ မိုးရေများ၏ PFAS ပမာဏမှာ အမေရိကန်သောက်ရေစံညွှန်းများထက် ၁၄ ဆ ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။

ယင်းဓာတုပစ္စည်းများသည် ကလေးငယ်များအတွက် ကာကွယ်ဆေးများကို ကိုယ်ခံအားမှ တုံ့ပြန်မှုအပေါ် ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလာပြီးနောက် အမေရိကန် EPA က ၎င်းတို့၏ သတ်မှတ်စံညွှန်းကို ထပ်မံ၍ပင် နှိမ့်ချခဲ့သေးသည်။

PFAS တို့သည် သောက်သုံးမိသည်နှင့် ခန္ဓာကိုယ်မှ ပြန်မထွက်သွားဘဲ ကိုယ်တွင်းတွင် စုပုံများပြားလာသည်။

လေ့လာချက်များအရ ယင်းဓာတ်ပစ္စည်းများနှင့် ထိတွေ့မိပါက မျိုးပွားမှုဆိုင်ရာ ပြဿနာများ ကြုံရခြင်း၊ ကလေးများ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အဝလွန်မှုအန္တရာယ် ပိုမိုများပြားလာစေခြင်း၊ အမျိုးသားများ သုတ်ရည်လွှတ်ဂလင်း၊ ကျောက်ကပ်နှင့် ကပ္ပာယ်အိတ်ကင်ဆာရောဂါများ ဖြစ်စေနိုင်ခြင်းတို့အပြင် ကိုလက်စထရောမြင့်တက်လာစေနိုင်သည်ဟု ဆိုသည်။

(မူလအတိုင်း ပြန်မဖြစ်နိုင်အောင် အဆိပ်သင့်နေသည့် ကမ္ဘာကြီး)

ပါမောက္ခ Cousins က ပြောသည်မှာ PFAS များမှာ ယခုအခါ ဆက်တိုက်တိုးပွားလာနေပြီး နေရာတိုင်းတွင် တွေ့ရကာ ကမ္ဘာမြေပေါ်မှ မည်သည့်အခါမျှ ပျောက်ကွယ်သွားတော့မည်မဟုတ်ကြောင်း ပြောကြားသည်။

“ကမ္ဘာကြီးကို လူသားတွေနေထိုင်ဖို့ မသင့်တဲ့နေရာဖြစ်အောင် အဆိပ်သင့်ကမ္ဘာဖြစ်အောင် လူသားတွေ လုပ်ခဲ့ကြပြီးပြီ။ အခုဆိုရင် ဘယ်အရာမှ မသန့်ရှင်း၊ ဘေးမကင်းတော့ပါဘူး။ မြေကမ္ဘာစည်းကို ကျွန်တော်တို့ ကျော်ခဲ့ကြပြီ” (လူသားတို့ကြောင့် ထိခိုက်မှုများကို ကုစားနိုင်သည့် ကမ္ဘာ၏ သဘာဝစွမ်းအားစံကို ၎င်းက ရည်ညွှန်းခြင်း ဖြစ်သည်)

“တောင်ပေါ်မှာဖြစ်စေ၊ စမ်းရေဖြစ်စေ၊ အစားအသောက်တွေမှာဖြစ်စေ ဒီဓာတ်ပစ္စည်းတွေနဲ့ နေ့တိုင်း ထိတွေ့နေရတဲ့အပေါ် ကျွန်တော့်အနေနဲ့တော့ သိပ်ပြီး သောကမဖြစ်တော့ပါဘူး။ ဒါကို ကျွန်တော်တို့ ရှောင်လွှဲလို့မှ မရတော့တာ။ ဒါတွေနဲ့ အတူနေသွားကြရဖို့ပဲ ရှိတော့တယ်။ ဒါတွေကြားမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ လေ့လာကြရမှာပဲဖြစ်ပါတယ်”

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rainwater unsafe to drink due to chemicals: Study (todayonline)

 

 

 

[Zawgyi]

မိုးေရတြင္ ေသာက္သံုးရန္မသင့္ေသာဓာတုပစၥည္းမ်ားပါဝင္ေၾကာင္း ဆြီဒင္သိပၸံပညာရွင္မ်ားေျပာ

 

စေတာ့ဟုမ္း(ဆြီဒင္)- ကမၻာေပၚတြင္ မည္သည့္အရပ္ေဒသမွ မိုးေရမဆို PFAS ဟုေခၚေသာ အဆိပ္ရွိသည့္ ဓာတ္ပစၥည္းမ်ား သတ္မွတ္စံညႊန္းထက္ ျမင့္မားစြာပါဝင္ေသာေၾကာင့္ ေသာက္သံုးရန္ ေဘးမကင္းေၾကာင္း စေတာ့ဟုမ္းတကၠသိုလ္မွ သိပၸံပညာရွင္တို႔၏ ေလ့လာခ်က္သစ္တစ္ရပ္အရ ေတြ႔ရွိခဲ့ၾကသည္။

PFAS (per- and polyfluoroalkyl substances) ဟုအမည္ရေသာ ဓာတုပစၥည္းမ်ားသည္ ျပိဳကြဲရန္ အလြန္အမင္းေႏွးေကြးလွေသာေၾကာင့္ ထာဝရဓာတုပစၥည္းမ်ားဟု လူသိမ်ားသည္။

ယင္းတို႔ကို အမ်ားအားျဖင့္ ကုန္ပစၥည္းထုတ္ပိုးမႈ၊ ေခါင္းေလွ်ာ္ရည္ႏွင့္ မိတ္ကပ္မ်ားတြင္ ေတြ႔ရျပီး ယခုအခါ ေရထုႏွင့္ ေလထုအပါအဝင္ ကၽြႏု္ပ္တို႔၏ သဘာဝပတ္ဝန္းက်င္တစ္ခုလံုးတြင္ ပ်ံ႕ႏွ႔ံေနခဲ့ျပီ ျဖစ္သည္။

“ကၽြန္ေတာ္တို႔ စမ္းသပ္ခဲ့တဲ့ တိုင္းတာခ်က္ေတြအရ ကမၻာေပၚမွာ ဘယ္ေဒသက မိုးေရမဆို ေသာက္သံုးဖို႔ရာ ေဘးမကင္းပါဘူး။”ဟု ယခုေလ့လာခ်က္ကို ဦးေဆာင္ျပဳလုပ္ခဲ့သူ ပါေမာကၡ ေဒါက္တာ Ian Cousins က ေအအက္ဖ္ပီ သတင္းဌာနသို႔ ေျပာသည္။

၎တို႔အဖြဲ႔၏ ေတြ႔ရွိခ်က္ကို သဘာဝဝန္းက်င္ဆိုင္ရာ သိပၸံႏွင့္နည္းပညာ (Environmental Science and Technology) တြင္ ေဖာ္ျပခဲ့ျပီး ျဖစ္သည္။

သူ၏အဖြဲ႔ ၂၀၁၀ ျပည့္ႏွစ္မွစတင္ေလ့လာစုေဆာင္းခဲ့ေသာ အခ်က္အလက္မ်ားစြာအရ “အႏၱာတိကတိုက္နဲ႔ တိဗက္ကုန္းျပင္ျမင့္လိုမ်ဳိး ေဒသေတြမွာေတာင္ မိုးေရထဲမွာပါတဲ့ ဒီဓာတ္ပစၥည္းပမာဏဟာ အေမရိကန္ သဘာဝဝန္းက်င္ကာကြယ္ေရးေအဂ်င္စီ US EPA က သတ္မွတ္ထားတဲ့ ေသာက္ေရစံညႊန္းေတြထက္ ေက်ာ္လြန္ေနပါတယ္”ဟု ပါေမာကၡ Cousins က ေျပာသည္။

သဘာဝတရားၾကီး မပ်က္စီးေသးဘဲရွိေသးသည္ဟု ယူဆထားၾကသည့္ အထက္ပါေနရာ ၂ ခုရွိ မိုးေရမ်ား၏ PFAS ပမာဏမွာ အေမရိကန္ေသာက္ေရစံညႊန္းမ်ားထက္ ၁၄ ဆ ပိုမိုျမင့္မားေနျခင္း ျဖစ္သည္။

ယင္းဓာတုပစၥည္းမ်ားသည္ ကေလးငယ္မ်ားအတြက္ ကာကြယ္ေဆးမ်ားကို ကိုယ္ခံအားမွ တံု႔ျပန္မႈအေပၚ ထိခိုက္ေစႏိုင္ေၾကာင္း ေတြ႔ရွိလာျပီးေနာက္ အေမရိကန္ EPA က ၎တို႔၏ သတ္မွတ္စံညႊန္းကို ထပ္မံ၍ပင္ ႏွိမ့္ခ်ခဲ့ေသးသည္။

PFAS တို႔သည္ ေသာက္သံုးမိသည္ႏွင့္ ခႏၶာကိုယ္မွ ျပန္မထြက္သြားဘဲ ကိုယ္တြင္းတြင္ စုပံုမ်ားျပားလာသည္။

ေလ့လာခ်က္မ်ားအရ ယင္းဓာတ္ပစၥည္းမ်ားႏွင့္ ထိေတြ႔မိပါက မ်ဳိးပြားမႈဆိုင္ရာ ျပႆနာမ်ား ၾကံဳရျခင္း၊ ကေလးမ်ား ဖြံ႔ျဖဳိးမႈ ေႏွးေကြးျခင္း၊ အဝလြန္မႈအႏၱရာယ္ ပိုမိုမ်ားျပားလာေစျခင္း၊ အမ်ဳိးသားမ်ား သုတ္ရည္လႊတ္ဂလင္း၊ ေက်ာက္ကပ္ႏွင့္ ကပၸာယ္အိတ္ကင္ဆာေရာဂါမ်ား ျဖစ္ေစႏိုင္ျခင္းတို႔အျပင္ ကိုလက္စထေရာျမင့္တက္လာေစႏိုင္သည္ဟု ဆုိသည္။

(မူလအတိုင္း ျပန္မျဖစ္ႏိုင္ေအာင္ အဆိပ္သင့္ေနသည့္ ကမၻာၾကီး)

ပါေမာကၡ Cousins က ေျပာသည္မွာ PFAS မ်ားမွာ ယခုအခါ ဆက္တိုက္တိုးပြားလာေနျပီး ေနရာတိုင္းတြင္ ေတြ႔ရကာ ကမၻာေျမေပၚမွ မည္သည့္အခါမွ် ေပ်ာက္ကြယ္သြားေတာ့မည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

“ကမၻာၾကီးကို လူသားေတြေနထိုင္ဖုိ႔ မသင့္တဲ့ေနရာျဖစ္ေအာင္ အဆိပ္သင့္ကမၻာျဖစ္ေအာင္ လူသားေတြ လုပ္ခဲ့ၾကျပီးျပီ။ အခုဆိုရင္ ဘယ္အရာမွ မသန္႔ရွင္း၊ ေဘးမကင္းေတာ့ပါဘူး။ ေျမကမၻာစည္းကို ကၽြန္ေတာ္တို႔ ေက်ာ္ခဲ့ၾကျပီ” (လူသားတို႔ေၾကာင့္ ထိခိုက္မႈမ်ားကို ကုစားႏိုင္သည့္ ကမၻာ၏ သဘာဝစြမ္းအားစံကို ၎က ရည္ညႊန္းျခင္း ျဖစ္သည္)

“ေတာင္ေပၚမွာျဖစ္ေစ၊ စမ္းေရျဖစ္ေစ၊ အစားအေသာက္ေတြမွာျဖစ္ေစ ဒီဓာတ္ပစၥည္းေတြနဲ႔ ေန႔တိုင္း ထိေတြ႔ေနရတဲ့အေပၚ ကၽြန္ေတာ့္အေနနဲ႔ေတာ့ သိပ္ျပီး ေသာကမျဖစ္ေတာ့ပါဘူး။ ဒါကို ကၽြန္ေတာ္တို႔ ေရွာင္လႊဲလို႔မွ မရေတာ့တာ။ ဒါေတြနဲ႔ အတူေနသြားၾကရဖုိ႔ပဲ ရွိေတာ့တယ္။ ဒါေတြၾကားမွာ ဘယ္လိုေနထုိင္ရမလဲဆိုတာ ေလ့လာၾကရမွာပဲျဖစ္ပါတယ္”

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rainwater unsafe to drink due to chemicals: Study (todayonline)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service