Pink Floyd ၏ ဂစ်တာသမား ဗြိတိန်မှ စံအိမ်ကို ပေါင် ၁၅ သန်းဖြင့် ရောင်းမည်

Pink Floyd ၏ ဂစ်တာသမား ဗြိတိန်မှ စံအိမ်ကို ပေါင် ၁၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
15 Aug 2022 10:31 am တွင် တင်ခဲ့သည်
481 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Pink Floyd ၏ လိဒ်ဂစ်တာသမား ဒေးဗစ် ဂဲလ်မော်ရ်နှင့်သူ၏ဇနီး စာရေးဆရာမ ပေါ်လီဆမ်းဆန်တို့သည် အင်္ဂလန်နိုင်ငံ၊ အရှေ့ဆပ်ဆက်စ် ပြည်နယ်၊ Hove ပင်လယ်ကမ်းခြေအပန်းဖြေမြို့ကလေးတွင်ရှိသော စံအိမ်ကို ပေါင် ၁၅ သန်း (ကန်ဒေါ်လာ ၁၈ ဒသမ ၃၃ သန်း) ဖြင့်ရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။

စံအိမ်အကျယ်မှာ စတုရန်းပေ ၈၀၀၀ နီးပါးရှိပြီး ကမ်းခြေအနီးတွင် တည်ရှိကာ လှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကြောင်း လန်ဒန်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံ ကုမ္ပဏီ Pereds တည်ထောင်သူ Perry Press ကပြောသည်။ စံအိမ်အတွင်း အသံဖမ်း စတူဒီယိုနှင့် ကားရပ်နားရန် နေရာများစွာ ပါဝင်သည်။

လာမည့်သတင်းပတ်တွင် အရောင်းဈေးကွက်သို့ဝင်ရောက်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ဤကမ်းခြေစံအိမ်မှတစ်ဆင့် အင်္ဂလိပ်ရေလက်ကြား၏ ပင်လယ်ရှုခင်းများကို တမျှော်တခေါ်တွေ့မြင်နိုင်သည်။

“တစ်ခါတစ်လေမှာ ငါးမျှားတံတွေယူပြီး ကမ်းခြေကို သွားကြတယ် ပြီးရင် ပြန်လာပြီး ခြံထဲကဟင်းခတ်အမွှေးအကြိုင်တွေကိုခူးတယ်။ ပင်လယ်စာတွေ ပါးစပ်ထဲရောက်လာဖို့ ငါးမိနစ်ပဲ ကြာပါတယ်” ဟု အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော မစ္စတာ ဂဲလ်မော်ရ် နှင့် အသက် ၆၀ ရှိပြီ ဖြစ်သော ဇနီးဖြစ်သူ ပေါ်လီတို့ကပြောသည်။

မစ္စတာဂဲလ်မော်ရ်သည် Pink Floyd အဖွဲ့ကြီးသို့ ၁၉၆၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး “The Dark Side of the Moon” (1973) နှင့် “The Wall” (1979) တို့ကဲ့သို့ တေးအယ်လ်ဘမ်များ တီးခတ်ခဲ့သည်။

သူ၏ဇနီး ပေါ်လီသည်လည်း Pink Floyd အဖွဲ့ကြီး၏ သီချင်းအများအပြားကို ပူးပေါင်းရေးသားပေးခဲ့ဖူးသည်။

ပေါ်လီ၏ ၂၀၂၀ ပြည့်နှစ်က ထွက်ရှိခဲ့သော “A Theatre for Dreamers” အမည်ရှိ ဝတ္ထုမှာ Sunday Times ၏ အရောင်းရဆုံးစာအုပ်များစာရင်းတွင် ဖော်ပြခံရသည်။ ၎င်းတို့နှစ်ဦး ၁၉၉၄ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

သတင်းများအရ ယခုစံအိမ်သည် ၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေ developer ဖြစ်သူ Sirus Taghan က ၎င်းတို့ ဇနီးမောင်နှံအား ပေးခဲ့သောနေရာဖြစ်သည်ဟု ဆိုသည်။

(စံအိမ်၏ အခန်းများစွာမှတဆင့် အင်္ဂလိပ်ရေလက်ကြား၏ ရှုမျှော်ခင်းများကို တွေ့မြင်နိုင်သည်။)

ယခင်က စံအိမ်နေရာတွင် ၁၉ ရာစုလှေအိမ်တစ်ခုရှိခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တွင် ဖြိုချဖျက်သိမ်းခဲ့သည်။

ယင်းနောက် ယခုစံအိမ်ကို ဒီဇိုင်းဆွဲရန် ဗိသုကာအဖွဲ့တစ်ခုဖြစ်သော Pilbrow & Partners မှ တည်ထောင်သူ Keb Garavito Bruhn အား အပ်နှံခဲ့သည်။

၎င်းတို့အဖွဲ့က မူလရှိခဲ့သော လှေအိမ်ဒီဇိုင်းမှ စိတ်ကူးစိတ်သန်းရယူကာ ကျီးကန်းပုံ မြင့်မိုရ်ပိတ်၊ လဆန်းအသွင် ပြတင်းတို့ ပုံဖော်ခဲ့သည်။

ခြံဝန်းတွင်း မြေယာအလှပြုပြင်မှုအတွက်မူ အင်္ဂလိပ်လူမျိုး ပန်းဥယျာဉ်ဒီဇိုင်းပညာရှင် Arabella Lennox-Boyd က တာဝန်ယူပြုလုပ်ပေးခဲ့သည်။

အခန်းဖွင့် ဖွဲ့စည်းပုံဖြင့် ဆောက်လုပ်ထားပြီး ခြံဝန်းဆီသို့ တိုက်ရိုက်ပေါက်သော တံခါးများတပ်ဆင်ထားသည်။

“ပင်မအိပ်ခန်းရဲ့ မျက်နှာစာအားလုံးကနေ ပင်လယ်ရှုခင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ပင်လယ်ရဲ့ နေဝင်၊ နေထွက် ဆည်းဆာတွေကို စောင့်ကြည့်ဖို့ အကောင်းဆုံးနေရာပါပဲ။ မနက်ခင်းနိုးထလာချိန်မျိုးဆို အိပ်ခန်းထဲကနေ တွေ့လိုက်ရမယ့် ရှုမျှော်ခင်းက အံ့အားသင့်စရာပါ။ ပင်လယ်နဲ့ ကောင်းကင်ရှုခင်းတွေက တသမတ်ထဲ ဘယ်တော့မှမရှိဘူး။ ညဘက်မှာဆိုရင် ရေပြင်မှာ လရိပ် ရောင်ပြန်ဟပ်နေတာကို ကြည့်ရတာဟာ တိမ်းညွှတ်ယစ်မှုးစေပါတယ်”ဟု ဂဲလ်မော်ရ်တို့ ဇနီးမောင်နှံက ပြောသည်။

ကြမ်းခင်းမှာ သစ်မာသားကြမ်းခင်းဖြစ်ပြီး ကြမ်းခင်းအောက်အပူပေးစနစ်၊ အရောင်တင်ထားသော အင်္ဂတေနံရံများ၊ ထင်းသုံး၊ ဓာတ်ငွေ့သုံးမီးဖိုများ၊ အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်နိုင်သော လက်ဗွေစနစ်သုံး တံခါးစနစ်တို့လည်း ပါဝင်သည်။

ခြံဝန်းအတွင်း ဧည့်ဂေဟာတစ်လုံးနှင့် နည်းပညာမြင့် အသံဖမ်းစတူဒီယိုတစ်ခုတို့လည်း ရှိသေးသည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Pink Floyd အဖွဲ့ကြီး၏ တေးသီချင်းအချို့ကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုကြဖူးရာ Two Suns In The Sunset သီချင်းကို ကျော်ဟိန်းက စိတ်တစ်ခု ဖွားမြင်ခြင်း၊ Eclipse ကို Big Bag က Roses are red ဟူ၍လည်းကောင်း ပြန်လည်သီဆိုခဲ့ကြဖူးသည်။

ထို့အပြင် ကျော်ဟိန်း၏ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်မည် ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်တေးအားလုံးသည် Pink Floyd ၏ သီချင်းများချည်းဖြစ်သည်။

ကျော်ဟိန်း၊ လေးဖြူ၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်တို့က သီဆိုခဲ့ကြပြီး တီးခတ်သည့်အဖွဲ့မှာ ဂီတမှူး ဇော်မျိုးထွဋ်နှင့်အဖွဲ့ဖြစ်ကာ Studio D တွင် အသံဖမ်းခဲ့ကြခြင်း ဖြစ်သည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Pink Floyd Guitarist David Gilmour and Writer Polly Samson Set to List U.K. Mansion for £15 Million (mansionglobal)

[Zawgyi]

Pink Floyd ၏ ဂစ္တာသမား ျဗိတိန္မွ စံအိမ္ကို ေပါင္ ၁၅ သန္းျဖင့္ ေရာင္းမည္

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ ့ၾကီး Pink Floyd ၏ လိဒ္ဂစ္တာသမား ေဒးဗစ္ ဂဲလ္ေမာ္ရ္ႏွင့္သူ၏ဇနီး စာေရးဆရာမ ေပၚလီဆမ္းဆန္တုိ႔သည္ အဂၤလန္ႏိုင္ငံ၊ အေရွ ့ဆပ္ဆက္စ္ ျပည္နယ္၊ Hove ပင္လယ္ကမ္းေျခအပန္းေျဖျမဳ ိ ့ကေလးတြင္ရွိေသာ စံအိမ္ကို ေပါင္ ၁၅ သန္း (ကန္ေဒၚလာ ၁၈ ဒသမ ၃၃ သန္း) ျဖင့္ေရာင္းခ်ရန္ ဆံုးျဖတ္လုိက္ၾကသည္။

စံအိမ္အက်ယ္မွာ စတုရန္းေပ ၈၀၀၀ နီးပါးရွိျပီး ကမ္းေျခအနီးတြင္ တည္ရွိကာ လွပေသာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း လန္ဒန္အေျခစိုက္ အိမ္ျခံေျမအတိုင္ပင္ခံ ကုမၸဏီ Pereds တည္ေထာင္သူ Perry Press ကေျပာသည္။ စံအိမ္အတြင္း အသံဖမ္း စတူဒီယိုႏွင့္ ကားရပ္နားရန္ ေနရာမ်ားစြာ ပါဝင္သည္။

လာမည့္သတင္းပတ္တြင္ အေရာင္းေစ်းကြက္သို ့ဝင္ေရာက္ဖြယ္ရွိေၾကာင္းလည္း ၎က ေျပာသည္။

ဤကမ္းေျခစံအိမ္မွတစ္ဆင့္ အဂၤလိပ္ေရလက္ၾကား၏ ပင္လယ္ရႈခင္းမ်ားကို တေမွ်ာ္တေခၚေတြ ့ျမင္ႏိုင္သည္။

“တစ္ခါတစ္ေလမွာ ငါးမွ်ားတံေတြယူျပီး ကမ္းေျခကို သြားၾကတယ္ ျပီးရင္ ျပန္လာျပီး ျခံထဲကဟင္းခတ္အေမႊးအၾကိဳင္ေတြကိုခူးတယ္။ ပင္လယ္စာေတြ ပါးစပ္ထဲေရာက္လာဖို ့ ငါးမိနစ္ပဲ ၾကာပါတယ္” ဟု အသက္ ၇၆ ႏွစ္ရွိျပီ ျဖစ္ေသာ မစၥတာ ဂဲလ္ေမာ္ရ္ ႏွင့္ အသက္ ၆၀ ရွိျပီ ျဖစ္ေသာ ဇနီးျဖစ္သူ ေပၚလီတို ့ကေျပာသည္။

မစၥတာဂဲလ္ေမာ္ရ္သည္ Pink Floyd အဖြဲ ့ၾကီးသို ့ ၁၉၆၇ ခုႏွစ္တြင္ ဝင္ေရာက္ခဲ့ျပီး “The Dark Side of the Moon” (1973) ႏွင့္ “The Wall” (1979) တို႔ကဲ့သို႔ ေတးအယ္လ္ဘမ္မ်ား တီးခတ္ခဲ့သည္။

သူ၏ဇနီး ေပၚလီသည္လည္း Pink Floyd အဖြဲ႔ၾကီး၏ သီခ်င္းအမ်ားအျပားကို ပူးေပါင္းေရးသားေပးခဲ့ဖူးသည္။

ေပၚလီ၏ ၂၀၂၀ ျပည့္ႏွစ္က ထြက္ရွိခဲ့ေသာ “A Theatre for Dreamers” အမည္ရွိ ဝတၳဳမွာ Sunday Times ၏ အေရာင္းရဆံုးစာအုပ္မ်ားစာရင္းတြင္ ေဖာ္ျပခံရသည္။ ၎တို႔ႏွစ္ဦး ၁၉၉၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကျခင္း ျဖစ္သည္။

သတင္းမ်ားအရ ယခုစံအိမ္သည္ ၂၀၁၅ ခုႏွစ္အတြင္း အိမ္ျခံေျမ developer ျဖစ္သူ Sirus Taghan က ၎တို႔ ဇနီးေမာင္ႏွံအား ေပးခဲ့ေသာေနရာျဖစ္သည္ဟု ဆိုသည္။

(စံအိမ္၏ အခန္းမ်ားစြာမွတဆင့္ အဂၤလိပ္ေရလက္ၾကား၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ႏိုင္သည္။)

ယခင္က စံအိမ္ေနရာတြင္ ၁၉ ရာစုေလွအိမ္တစ္ခုရွိခဲ့ဖူးျပီး ၂၀၁၈ ခုႏွစ္တြင္ ျဖိဳခ်ဖ်က္သိမ္းခဲ့သည္။

ယင္းေနာက္ ယခုစံအိမ္ကို ဒီဇိုင္းဆြဲရန္ ဗိသုကာအဖြဲ႔တစ္ခုျဖစ္ေသာ Pilbrow & Partners မွ တည္ေထာင္သူ Keb Garavito Bruhn အား အပ္ႏွံခဲ့သည္။

၎တို႔အဖြဲ႔က မူလရွိခဲ့ေသာ ေလွအိမ္ဒီဇိုင္းမွ စိတ္ကူးစိတ္သန္းရယူကာ က်ီးကန္းပံု ျမင့္မိုရ္ပိတ္၊ လဆန္းအသြင္ ျပတင္းတို႔ ပံုေဖာ္ခဲ့သည္။

ျခံဝန္းတြင္း ေျမယာအလွျပဳျပင္မႈအတြက္မူ အဂၤလိပ္လူမ်ဳိး ပန္းဥယ်ာဥ္ဒီဇိုင္းပညာရွင္ Arabella Lennox-Boyd က တာဝန္ယူျပဳလုပ္ေပးခဲ့သည္။

အခန္းဖြင့္ ဖြဲ႔စည္းပံုျဖင့္ ေဆာက္လုပ္ထားျပီး ျခံဝန္းဆီသို႔ တိုက္ရိုက္ေပါက္ေသာ တံခါးမ်ားတပ္ဆင္ထားသည္။

“ပင္မအိပ္ခန္းရဲ႕ မ်က္ႏွာစာအားလံုးကေန ပင္လယ္ရႈခင္းေတြ ပိုင္ဆိုင္ထားတာေၾကာင့္ ပင္လယ္ရဲ႕ ေနဝင္၊ ေနထြက္ ဆည္းဆာေတြကို ေစာင့္ၾကည့္ဖုိ႔ အေကာင္းဆံုးေနရာပါပဲ။ မနက္ခင္းႏိုးထလာခ်ိန္မ်ဳိးဆို အိပ္ခန္းထဲကေန ေတြ႔လုိက္ရမယ့္ ရႈေမွ်ာ္ခင္းက အံ့အားသင့္စရာပါ။ ပင္လယ္နဲ႔ ေကာင္းကင္ရႈခင္းေတြက တသမတ္ထဲ ဘယ္ေတာ့မွမရွိဘူး။ ညဘက္မွာဆိုရင္ ေရျပင္မွာ လရိပ္ ေရာင္ျပန္ဟပ္ေနတာကို ၾကည့္ရတာဟာ တိမ္းညႊတ္ယစ္မႈးေစပါတယ္”ဟု ဂဲလ္ေမာ္ရ္တို႔ ဇနီးေမာင္ႏွံက ေျပာသည္။

ၾကမ္းခင္းမွာ သစ္မာသားၾကမ္းခင္းျဖစ္ျပီး ၾကမ္းခင္းေအာက္အပူေပးစနစ္၊ အေရာင္တင္ထားေသာ အဂၤေတနံရံမ်ား၊ ထင္းသံုး၊ ဓာတ္ေငြ႔သံုးမီးဖိုမ်ား၊ အေဝးထိန္းခလုတ္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ေသာ လက္ေဗြစနစ္သံုး တံခါးစနစ္တို႔လည္း ပါဝင္သည္။

ျခံဝန္းအတြင္း ဧည့္ေဂဟာတစ္လံုးႏွင့္ နည္းပညာျမင့္ အသံဖမ္းစတူဒီယိုတစ္ခုတို႔လည္း ရွိေသးသည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Pink Floyd အဖြဲ႔ၾကီး၏ ေတးသီခ်င္းအခ်ဳိ႕ကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုၾကဖူးရာ Two Suns In The Sunset သီခ်င္းကို ေက်ာ္ဟိန္းက စိတ္တစ္ခု ဖြားျမင္ျခင္း၊ Eclipse ကို Big Bag က Roses are red ဟူ၍လည္းေကာင္း ျပန္လည္သီဆိုခဲ့ၾကဖူးသည္။

ထို႔အျပင္ ေက်ာ္ဟိန္း၏ ဓားေတာင္ကိုေက်ာ္ျပီး မီးပင္လယ္ကိုျဖတ္မည္ ရုပ္ရွင္ဇာတ္ကား၏ ဇာတ္ဝင္ေတးအားလံုးသည္ Pink Floyd ၏ သီခ်င္းမ်ားခ်ည္းျဖစ္သည္။

ေက်ာ္ဟိန္း၊ ေလးျဖဴ၊ ေဇာ္ဝင္းထြဋ္၊ ထူးအိမ္သင္တို႔က သီဆိုခဲ့ၾကျပီး တီးခတ္သည့္အဖြဲ႔မွာ ဂီတမွဴး ေဇာ္မ်ဳိးထြဋ္ႏွင့္အဖြဲ႔ျဖစ္ကာ Studio D တြင္ အသံဖမ္းခဲ့ၾကျခင္း ျဖစ္သည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Pink Floyd Guitarist David Gilmour and Writer Polly Samson Set to List U.K. Mansion for £15 Million (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service