နိုင်ငံခြားခရီးသွားဧည့်သည်များအား စီးပွားရေးပြန်လည်နာလန်ထူရေး အဓိကပံ့ပိုးသူများအဖြစ် ထိုင်းယူဆ
နိုင်ငံခြားခရီးသွားဧည့်သည်များအား စီးပွားရေးပြန်လည်နာလန်ထူရေး အဓိကပံ့ပိုးသူများအဖြစ် ထိုင်းယူဆ - Property News in Myanmar from iMyanmarHouse.com
24 Jun 2022 12:30 pm တွင် တင်ခဲ့သည်
1143 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ထိုင်းစီးပွားရေးသည် ယခုနှစ် ပထမသုံးလပတ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသည် ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်၏ ဖွံ့ဖြိုးနှုန်း ၁ ဒသမ ၈ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ပေသည်။ Reuters သတင်းဌာနမှ စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးပညာရှင် ၁၅ ဦး၏ ယခုနှစ် ပထမသုံးလပတ်အတွက် ခန့်မှန်းချက် ၂ ဒသမ ၁ ရာခိုင်နှုန်းထက်လည်း များခဲ့ပေသည်။
ပြီးခဲ့သည့်နိုဝင်ဘာမှ စတင်ကာ ထိုင်းတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသော နိုင်ငံတကာခရီးသွားများအား ဆိုက်‌ရောက်ချိန် ကွာရန်တင်း (quarantine) ဝင်စရာမလိုဘဲ စတင်ဝင်ခွင့်ပြုခဲ့သည်။ ထိုစဉ်ကတည်းက ထိုင်းအစိုးရ၏နည်းလမ်းမှာ ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန်ဖြစ်လာခဲ့သည်။
ထိုင်းဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ ထိုင်းစီးပွားရေးသည် ယခုနှစ်ဧပြီလတွင် တိုးတက်ခဲ့သည်။ အထူးသဖြင့် ထိုင်းခရီးသွားလုပ်ငန်းကဏ္ဍသည် ထိုင်းအစိုးရ၏ COVID-19 ရောဂါထိန်းချုပ်ရေးကြိုးပမ်းချက်များ ဖြေလျှော့မှုနှင့် နယ်စပ်ထိန်းချုပ်တင်းကျပ်မှုများ လျော့လာခြင်းတို့နှင့်အတူ ပြည်တွင်းပြည်ပခရီးသွားများကြောင့် သိသိသာသာတိုးတက်လာပါသည်။
ထိုင်းသို့ ဧပြီလတွင် နိုင်ငံတကာမှ အမျိုးမျိုးသော နိုင်ငံခြားသားခရီးသွားများရောက်ရှိမှုအရေအတွက်သည် ၂၉၃,၃၅၀ ဦး ရှိခဲ့ကြောင်း၊ မတ်လက ၂၁၀,၈၃၆ ဦးမှ သိသိသာသာမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။
ရုရှားနှင့် အရှေ့ဥ‌ရောပတို့မှ နိုင်ငံတကာခရီးသွားများမှာမူ ယူကရိန်းသို့ ရုရှား၏ကျူးကျော်မှုကြောင့် လျော့နည်းသွားကြောင်း ထိုင်းဗဟိုဘဏ်၏ ကော်ပိုရိတ်ဆက်သွယ်ရေးအကြီးတန်းဒါရိုက်တာ Chayawadee Chai-Anant ၏ ပြောကြားချက်အရ သိရသည်။
ယခုနှစ်ပထမသုံးလပတ်အတွင်း နိုင်ငံခြားသားခရီးသွားရောက်ရှိမှုသည် ၁ သန်းနီးပါးရှိခဲ့သည်။ ထိုင်းအစိုးရက ခရီးသွားလာခြင်းဆိုင်ရာ စစ်ဆေးရေးလိုအပ်ချက်အားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ရာ အဆိုပါ ၁ သန်းနီးပါးမှသည် မေလတွင် ၁ သန်းကျော်မည်ဟု ခန့်မှန်းထားကြသည်။
အစုရှယ်ယာလက်မှတ်အကျိုးဆောင်လုပ်ငန်း Asia Plus Securities ၏ ဒုတိယဥက္ကဋ္ဌ Terdsak Taweethirantham က "နည်းနည်းတော့ အံ့အားသင့်စရာပါ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဖွံ့ဖြိုးမှုက ခန့်မှန်းထားတာထက် ပိုမိုကောင်းမွန်စွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတာကြောင့်ပဲဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူဖို့ ခန့်မှန်းရတာကြောင့် ယခုနှစ်ဒုတိယနှစ်ဝက်မှာ ပိုမိုအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးဖို့ ခန့်မှန်းရပါတယ်" ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Thailand deems foreign tourists as key contributors to economic recovery (propertyreport)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service