စုပေါင်းပိုင်အဆောက်အအုံ (Condo) တိုင်းသည် စုပေါင်းပိုင်အဆောက်အအုံ (Condo) အစစ်ဖြစ်သလား။

စုပေါင်းပိုင်အဆောက်အအုံ (Condo) တိုင်းသည် စုပေါင်းပိုင်အဆောက်အအုံ (Condo) အစစ်ဖြစ်သလား။ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jun 2022 2:01 pm တွင် တင်ခဲ့သည်
1082 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

စုပေါင်းပိုင်အဆောက်အအုံ (Condo) များသည် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ အရ သတ်မှတ်ထားသည့်အင်္ဂါရပ်များနှင့်အညီ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီတွင် မှတ်ပုံတင်ရမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ မြေပိုင်ဆိုင်ခွင့်အချိုးအစားသတ်မှတ်ချက်များအတွက် လုပ်ထုံးလုပ်နည်း မရှင်းလင်းသေးသည့်အတွက် စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်အရာရှိထံ တရားဝင်မှတ်ပုံတင် ဆောင်ရွက်လို့ မရရှိသေးပါဘူး။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ခန့်အပ်ထားသော စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိက ထုတ်ပေးထားသည့် စုပေါင်းပိုင်အဆောက်အဦပိုင်ဆိုင်ခွင့် မှတ်ပုံတင်စာအုပ်သည် ပိုင်ဆိုင်ခွင့်အထောက်အထားဖြစ်ပါသည်။ စုပေါင်းပိုင်အဆောက်အဦပိုင်ဆိုင်ခွင့် မှတ်ပုံတင်စာအုပ်ရှိမှသာ စုပေါင်းပိုင်အဆောက်အအုံ (Condo) ဖြစ်ပြီး အဆိုပါစာအုပ်ဖြင့်ပင် မှတ်ပုံတင်စာအုပ်ဖြင့် တည်ဆဲဥပဒေများနှင့်အညီ ဝယ်ခွန်များပေးဆောင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် အမည်ပြောင်းလဲခြင်းများ ဆောင်ရွက် ရမည်ဖြစ်ပါသည်။

ထို့ကြောင့် စုပေါင်းပိုင်အဆောက်အအုံ (Condo) ဝယ်ယူသူသည် အိမ်ခန်းတန်ဖိုးသိန်းထောင်ချီ နေသော်လည်း စုပေါင်းပိုင်အဆောက်အအုံ (Condo) ဟု ပြောတိုင်းလည်း ဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ (Condo) အဖြစ်မရောက်ရှိသေးခြင်း၊ ကွန်ဒိုအစစ်မဟုတ်ခြင်းများရှိပါသည်။ စုပေါင်းပိုင်အဆောက်အအုံ ဆိုင်ရာဥပဒေနှင့်အညီဆောက်လုပ်ထားသော အဆောက်အအုံများသည် နောက်ပိုင်းတွင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှ တရားဝင်မှတ်ပုံတင်ခွင့်ပြုသည့်အခါ မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေနှင့်မညီသော လိုအပ်ချက်ရှိသော ကွန်ဒိုများသည် တိုက်ခန်းအဖြစ်သာ ဆက်လက်တည်ရှိနေမှာဖြစ်ပါသည်။

စုပေါင်းပိုင်အဆောက်အဦပိုင်ဆိုင်ခွင့် မှတ်ပုံတင်စာအုပ် မရရှိသေးလျှင် မှတ်ပုံတင်အထောက်အထားမဲ့အိမ်ခန်းအဖြစ်သာရှိနေပြီး မိမိအမည်သို့ အမည်ပေါက်ပြောင်းလဲခြင်းများ ဆောင်ရွက်၍ရမည် မဟုတ် ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]











နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service