သရဲခြောက်သော ရှေးဟောင်းရွာတစ်ရွာကို ဒေါ်လာ ၁၇၃၀၀၀ ဖြင့် ရောင်းမည်

သရဲခြောက်သော ရှေးဟောင်းရွာတစ်ရွာကို ဒေါ်လာ ၁၇၃၀၀၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
17 Jun 2022 11:10 am တွင် တင်ခဲ့သည်
1291 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မကောင်းဆိုးရွားများ ခြောက်လှန့်သည်ဟု နာမည်ကြီးသော စကော့တလန်ရှေးဟောင်းရွာတစ်ရွာလုံးကို ကန်ဒေါ်လာ ၁၇၃၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့်အခွင့်အလမ်းတစ်ခု ရှိနေသည်။

တည်နေရာမှာ စကော့တလန်နိုင်ငံတွင် ကောင်စီဒေသကြီး ၃၂ ခုရှိသည့်အနက် တစ်ခုအပါအဝင်ဖြစ်သော Perth and Kinross တွင် တည်ရှိပြီး Loch Tay အမည်ရှိ အင်းကြီးတစ်ခု၏ ကမ်းခြေတွင် ဖြန့်ကျက်တည်ရှိ သည်။

၁၇ ရာစုက ဗေဒင်ဆရာမကြီးတစ်ဦးဖြစ်သော Lady of Lawers ဟု နာမည်ကျော်သူ တစ္ဆေဖြစ်ကာ ခြောက်လှန့်နေသည်ဟု နာမည်ကျော်သည့် ကျေးရွာဖြစ်သည်။

ရွာမြေအကျယ်အဝန်းမှာ ၃ ဒသမ ၃ ဧကရှိပြီး စကော့တလန်ကုန်းမြင့်ဒေသ၏ လှပသာယာသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။ ရှေးဟောင်းအပျက်အစီးများ တည်ရှိရာနေရာဖြစ်ပြီး အိမ်တစ်လုံး၊ ဘုရားကျောင်းနှင့် ကြိတ်ခွဲစက်ရုံတစ်ခုတို့ ပါဝင်သည်။

ရွာ၏ တစ္ဆေကြီးဖြစ်နေသော ဗေဒင်ဆရာမကြီးသည် သက်ရှိထင်ရှားရှိခဲ့ချိန်က ကြောက်စရာကောင်းအောင် မှန်ကန်သည့် ဟောကိန်းများ ထုတ်ခဲ့သည်ဟု ဆိုသည်။

ဥပမာတစ်ခုဆိုရလျှင် ဆရာမကြီးသည် ဘုရားကျောင်းတွင် သစ်ပင်တစ်ပင် စိုက်ပျိုးခဲ့ပြီးနောက်ပိုင်း ဟောကိန်းထုတ်ခဲ့သည်မှာ ထိုအပင်သည် ဘုရားကျောင်း ခေါင်ချွန်းအမြင့်သို့ ရောက်လျှင် ဘုရားကျောင်း ပြိုကျလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။

နောင်အခါတွင် ထိုဒေသ၌ မိုးကြိုးမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဘုရားကျောင်းမှာ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ရာ ဆရာမကြီးစိုက်ပျိုးခဲ့သော သစ်ပင်ကြီးလည်း မုန်တိုင်းအတွင်း လဲကျသေဆုံးသွားခဲ့သည်။

ယင်းနောက်ပိုင်း ဘုရားကျောင်းကို လုံးဝအသုံးမပြုကြတော့။

(စကော့တလန်တွင်တည်ရှိသော ကျေးရွာတည်နေရာပြ မြေပုံ)

 

(ရွာမြေအကျယ်မှာ ၃ ဧကကျော်ရှိသည်။)

 

(Loch Tay အင်းကြီး၏ ကမ်းစပ်တွင် တည်ရှိသော ရှေးဟောင်းရွာ)

 

(ထိုဒေသသည် တောင်တန်းများ၊ ဖုန်းဆိုးမြေ၊ ကိုင်းမြေ ၊ အင်းအိုင်များ ၊ ချောင်းမြောင်းများနှင့် သစ်တောများ တည်ရှိရာနေရာဖြစ်သည်။)

 

မီးခိုးငွေ့ဖြင့် မောင်းနှင်သော သင်္ဘောအကြောင်းကိုလည်း ရေနွေးငွေ့သုံး သင်္ဘောများ မပေါ်ပေါက်သေးမီခေတ် တွင် သူမက ဟောကိန်းထုတ်ခဲ့ဖူးကြောင်း ယခုကျေးရွာကို အရောင်းဈေးကွက်တင်သည့် Goldcrest Land and Forestry Group က ပြောသည်။

၁၈၄၁ ခုနှစ် သန်းခေါင်စာရင်းအရ ထိုကျေးရွာတွင် နေထိုင်သူ ၁၇ ဦးရှိခဲ့သည်ဟု ဆိုသည်။

၁၈၉၁ ခုနှစ်တွင်မူ နေထိုင်သူ ၇ ဦးသာရှိတော့သည်။ အဆိုပါ ၇ ဦးလုံးမှာ Pier Master စံအိမ်တွင် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

၁၉၂၆ ခုနှစ်တွင် ထိုစံအိမ်၌ လူသူနေထိုင်ခြင်း မရှိတော့ချေ။

(အနီးဝန်းကျင်တွင် အမဲလိုက်ခြင်း ပြုလုပ်နိုင်သည့်အပြင် Loch Tay, Loch Earn နှင့် Loch Tummel အင်းများတွင် ငါးဖမ်းခြင်းများ ပြုလုပ်နိုင်သည်။ Aberfeldy and Killin တွင် ဂေါက်ကွင်းတစ်ခုလည်း ရှိသည်)

 

(ဗေဒင်ဆရာမကြီး Lady of Lawers ပိုင်ဆိုင်သောအိမ်)

 

(၁၇ ရာစုက ရှေးဟောင်းအပျက်အစီး အကြွင်းအကျန်များနှင့်အတူ တွေ့ရသော သရဲခြောက်သည့် ကျေးရွာ)

 

ယခုကျေးရွာကို ၂၀၁၆ ခုနှစ်အတွင်းကလည်း အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်ကခေါ်ဈးမှာ ကန်ဒေါ်လာ ၁၁၈၀၀၀ ဖြစ်သည်။

(ကိုယ်ပိုင်သရဲပါ ပိုင်ဆိုင်ခွင့်ရမည့် ရှေးဟောင်းကျေးရွာ၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၇၃၀၀၀ ဖြစ်သည်)

 

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Haunted’ village on sale for $173K has private beach, 17th-century ruins (nypost)

 

[Zawgyi]

သရဲေျခာက္ေသာ ေရွးေဟာင္းရြာတစ္ရြာကို ေဒၚလာ ၁၇၃၀၀၀ ျဖင့္ ေရာင္းမည္

 

မေကာင္းဆိုးရြားမ်ား ေျခာက္လွန္႔သည္ဟု နာမည္ၾကီးေသာ စေကာ့တလန္ေရွးေဟာင္းရြာတစ္ရြာလံုးကို ကန္ေဒၚလာ ၁၇၃၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည့္အခြင့္အလမ္းတစ္ခု ရွိေနသည္။

တည္ေနရာမွာ စေကာ့တလန္ႏိုင္ငံတြင္ ေကာင္စီေဒသၾကီး ၃၂ ခုရွိသည့္အနက္ တစ္ခုအပါအဝင္ျဖစ္ေသာ Perth and Kinross တြင္ တည္ရွိျပီး Loch Tay အမည္ရွိ အင္းၾကီးတစ္ခု၏ ကမ္းေျခတြင္ ျဖန္႔က်က္တည္ရွိ သည္။

၁၇ ရာစုက ေဗဒင္ဆရာမၾကီးတစ္ဦးျဖစ္ေသာ Lady of Lawers ဟု နာမည္ေက်ာ္သူ တေစၦျဖစ္ကာ ေျခာက္လွန္႔ေနသည္ဟု နာမည္ေက်ာ္သည့္ ေက်းရြာျဖစ္သည္။

ရြာေျမအက်ယ္အဝန္းမွာ ၃ ဒသမ ၃ ဧကရွိျပီး စေကာ့တလန္ကုန္းျမင့္ေဒသ၏ လွပသာယာေသာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။ ေရွးေဟာင္းအပ်က္အစီးမ်ား တည္ရွိရာေနရာျဖစ္ျပီး အိမ္တစ္လံုး၊ ဘုရားေက်ာင္းႏွင့္ ၾကိတ္ခြဲစက္ရံုတစ္ခုတို႔ ပါဝင္သည္။

ရြာ၏ တေစၦၾကီးျဖစ္ေနေသာ ေဗဒင္ဆရာမၾကီးသည္ သက္ရွိထင္ရွားရွိခဲ့ခ်ိန္က ေၾကာက္စရာေကာင္းေအာင္ မွန္ကန္သည့္ ေဟာကိန္းမ်ား ထုတ္ခဲ့သည္ဟု ဆိုသည္။

ဥပမာတစ္ခုဆိုရလွ်င္ ဆရာမၾကီးသည္ ဘုရားေက်ာင္းတြင္ သစ္ပင္တစ္ပင္ စိုက္ပ်ဳိးခဲ့ျပီးေနာက္ပိုင္း ေဟာကိန္းထုတ္ခဲ့သည္မွာ ထိုအပင္သည္ ဘုရားေက်ာင္း ေခါင္ခၽြန္းအျမင့္သို႔ ေရာက္လွ်င္ ဘုရားေက်ာင္း ျပိဳက်လိမ့္မည္ဟု ေဟာကိန္းထုတ္ခဲ့သည္။

ေနာင္အခါတြင္ ထိုေဒသ၌ မိုးၾကိဳးမုန္တိုင္းၾကီး တိုက္ခတ္ခဲ့ရာ ဘုရားေက်ာင္းမွာ ဆိုးရြားစြာထိခိုက္ပ်က္စီးခဲ့ရာ ဆရာမၾကီးစိုက္ပ်ဳိးခဲ့ေသာ သစ္ပင္ၾကီးလည္း မုန္တိုင္းအတြင္း လဲက်ေသဆံုးသြားခဲ့သည္။

ယင္းေနာက္ပိုင္း ဘုရားေက်ာင္းကို လံုးဝအသံုးမျပဳၾကေတာ့။

(စေကာ့တလန္တြင္တည္ရွိေသာ ေက်းရြာတည္ေနရာျပ ေျမပံု)

(ရြာေျမအက်ယ္မွာ ၃ ဧကေက်ာ္ရွိသည္။)

(Loch Tay အင္းၾကီး၏ ကမ္းစပ္တြင္ တည္ရွိေသာ ေရွးေဟာင္းရြာ)

(ထိုေဒသသည္ ေတာင္တန္းမ်ား၊ ဖုန္းဆိုးေျမ၊ ကိုင္းေျမ ၊ အင္းအိုင္မ်ား ၊ ေခ်ာင္းေျမာင္းမ်ားႏွင့္ သစ္ေတာမ်ား တည္ရွိရာေနရာျဖစ္သည္။)

မီးခိုးေငြ႔ျဖင့္ ေမာင္းႏွင္ေသာ သေဘၤာအေၾကာင္းကိုလည္း ေရေႏြးေငြ႔သံုး သေဘၤာမ်ား မေပၚေပါက္ေသးမီေခတ္ တြင္ သူမက ေဟာကိန္းထုတ္ခဲ့ဖူးေၾကာင္း ယခုေက်းရြာကို အေရာင္းေစ်းကြက္တင္သည့္ Goldcrest Land and Forestry Group က ေျပာသည္။

၁၈၄၁ ခုႏွစ္ သန္းေခါင္စာရင္းအရ ထိုေက်းရြာတြင္ ေနထုိင္သူ ၁၇ ဦးရွိခဲ့သည္ဟု ဆိုသည္။

၁၈၉၁ ခုႏွစ္တြင္မူ ေနထိုင္သူ ၇ ဦးသာရွိေတာ့သည္။ အဆိုပါ ၇ ဦးလံုးမွာ Pier Master စံအိမ္တြင္ ေနထုိင္ခဲ့ၾကျခင္းျဖစ္သည္။

၁၉၂၆ ခုႏွစ္တြင္ ထိုစံအိမ္၌ လူသူေနထိုင္ျခင္း မရွိေတာ့ေခ်။

(အနီးဝန္းက်င္တြင္ အမဲလိုက္ျခင္း ျပဳလုပ္ႏိုင္သည့္အျပင္ Loch Tay, Loch Earn ႏွင့္ Loch Tummel အင္းမ်ားတြင္ ငါးဖမ္းျခင္းမ်ား ျပဳလုပ္ႏိုင္သည္။ Aberfeldy and Killin တြင္ ေဂါက္ကြင္းတစ္ခုလည္း ရွိသည္)

(ေဗဒင္ဆရာမၾကီး Lady of Lawers ပိုင္ဆိုင္ေသာအိမ္)

(၁၇ ရာစုက ေရွးေဟာင္းအပ်က္အစီး အၾကြင္းအက်န္မ်ားႏွင့္အတူ ေတြ႔ရေသာ သရဲေျခာက္သည့္ ေက်းရြာ)

ယခုေက်းရြာကို ၂၀၁၆ ခုႏွစ္အတြင္းကလည္း အေရာင္းေစ်းကြက္တင္ခဲ့ဖူးျပီး ထုိစဥ္ကေခၚစ်းမွာ ကန္ေဒၚလာ ၁၁၈၀၀၀ ျဖစ္သည္။

(ကိုယ္ပိုင္သရဲပါ ပိုင္ဆိုင္ခြင့္ရမည့္ ေရွးေဟာင္းေက်းရြာ၏ ေခၚေစ်းမွာ ကန္ေဒၚလာ ၁၇၃၀၀၀ ျဖစ္သည္)

 

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘Haunted’ village on sale for $173K has private beach, 17th-century ruins (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service