ဂျွန်နီဒက်ပ်က ဇနီးဟောင်းအား အမှုနိုင်ပြီးနောက် နှစ်ဦးအတူနေခဲ့သော Penthouse ခန်း အရောင်းဈေးကွက် တင်လာ
ဂျွန်နီဒက်ပ်က ဇနီးဟောင်းအား အမှုနိုင်ပြီးနောက် နှစ်ဦးအတူနေခဲ့သော Penthouse ခန်း အရောင်းဈေးကွက် တင်လာ - Property News in Myanmar from iMyanmarHouse.com
6 Jun 2022 11:20 am တွင် တင်ခဲ့သည်
2656 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Pirates of the Carribean သရုပ်ဆောင် ဂျွန်နီဒက်ပ်သည် ဇနီးဟောင်း Amber Heard အား တရားစွဲထား သည့် အသရေဖျက်မှုတွင် ပြီးခဲ့သောရက်ပိုင်းက အနိုင်ရလိုက်ပြီးနောက် တိုက်ဆိုင်စွာဖြင့်ပင် ၎င်းတို့နှစ်ဦး ၁၅ လခန့် အတူနေခဲ့သော လော့စ်အိန်ဂျလိမြို့မှ Penthouse ခန်းမှာ အရောင်းဈေးကွက်ဝင်လာ သည်။
လော့စ်အိန်ဂျလိမြို့လယ်၏ အထင်ကရဖြစ်သော Eastern Columbia အဆောက်အအုံကြီးတွင် အသက် ၅၈ နှစ်ရှိပြီဖြစ်သော ဂျွန်နီဒက်ပ်သည် တချိန်က Penthouse ခန်း ၅ ခန်းပိုင်ဆိုင်ခဲ့ရာ ယခုဈေးကွက်ဝင်လာသော အခန်းလည်း အပါအဝင် ဖြစ်သည်။
ယခု အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဇနီးဟောင်း Amber Heard နှင့် ၂၀၁၆ ခုနှစ်တွင် ကွာရှင်းပြတ်စဲပြီးနောက် ဂျွန်နီဒက်ပ်က Penthouse ခန်း ၅ ခန်းလုံးကို စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၂ ဒသမ ၇၈ သန်းဖြင့် ရောင်းထုတ်ခဲ့သည်။
ဂျွန်နီဒက်ပ်တို့ ဇနီးမောင်နှံနေထိုင်ခဲ့စဉ်က အဆိုပါအခန်းများကို အခန်းချင်းဆက်သွယ်ထားခဲ့သော်လည်း ရောင်းချပြီးနောက်ပိုင်းတွင်မူ အခန်းချင်းဆက်သွယ်ထားမှု ပြန်လည်ပိတ်ပင်လိုက်သည်။
ယခုဈေးကွက်ဝင်လာသည့် Penthouse ခန်းတွင် အိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါပြီး ကန်ဒေါ်လာ ၁ ဒသမ ၇၆ သန်းဈေးခေါ်ထားသည်။
အိမ်ခြံမြေမှတ်တမ်းများအရ ယခုအခန်းကို ဂျွန်နီဒက်ပ် ရောင်းချခဲ့ပြီးနောက်ပိုင်း နောက်ဆုံး လက်ပြောင်းလက်လွှဲ ထပ်မံဖြစ်ပေါ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄၂ သန်းဖြင့် လက်ပြောင်းလက်လွှဲဖြစ်ပေါ်ခဲ့သည့်အပြင် တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀ ဖြင့် အငှားဈေးကွက်တင်ခဲ့ဖူးသေးသည်။
ဂျွန်နီဒက်ပ် အမှုအနိုင်ရခြင်းနှင့် ယခုအခန်းဈေးကွက်တင်ခြင်းမှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ဈေးကွက်တင် ပေးသည့် Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Ernie Carswell က ပြောသည်။
(ယခုအခန်းသည် အိပ်ခန်း ၁ ခန်းပါ အခန်းဖြစ်သည်)
(ဧည့်ခန်းနေရာ)
(ဂျွန်နီဒက်ပ်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း သူ၏ ရောင်စုံမွမ်းမံလေ့ရှိသော ဒီဇိုင်းများကို ပြန်လည်ပြောင်းလဲခဲ့သည်)
(ယခုအခန်းသည် ဤအဆောက်အအုံကြီးရှိ ဂျွန်နီဒက်ပ်ပိုင်ဆိုင်ခဲ့ဖူးသော အခန်း ၅ ခန်းတွင် တစ်ခုအပါအဝင် ဖြစ်သည်)
(ဤအဆောက်အအုံကြီးသည် လော့စ်အိန်ဂျလိ၏ အထင်ရှားဆုံးအဆောက်အအုံများတွင် ပါဝင်ပြီး မြို့လယ် Broadway စင်္ကြန်ကို စီးမိုးထားသည်)
(ယခုဈေးကွက်ဝင်လာသည့်အခန်းမှာ အမိုးပေါ်ရေကူးကန်သို့ တိုက်ရိုက်ပေါက်သည်)
ဂျွန်နီဒက်ပ်ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ယခုအခန်းကို ကပ်လျက်အခန်းနှင့် ခွဲထုတ်ခဲ့သည်။
ဂျွန်နီဒက်ပ်စိတ်ကြိုက် မွမ်းမံထားသော ဘိုဟီးမီးယန်းဟန်ကိုလည်း ပြန်လည်ပြောင်းလဲခဲ့သည်။
ယခုအခန်းသည် Amber Heard ၏ ညီမ နေထိုင်ခွင့်ရခဲ့ဖူးသည့် အခန်းဖြစ်သလော (သို့မဟုတ်) Amber Heard က ဂျွန်နီဒက်ပ်အား ရိုက်နှက်ခဲ့သည့်အခန်းဖြစ်သလောဟူသည်ကိုမူ အကျိုးဆောင် Ernie Carswell က အတည်မပြုနိုင်ချေ။
သို့သော် အိပ်ခန်းမှာ လွန်စွာကြီးမားပြီး အရှေ့အရပ်သို့ မြင်ရသည့်ရှုခင်းများ ပိုင်ဆိုင်ထားကာ ဂျွန်နီဒက်ပ်၏ အကြိုက်ဆုံးနေရာများတွင် တစ်ခုဖြစ်ခဲ့ကြောင်း၊ ဂျွန်နီဒက်ပ်နှင့် Amber Heard တို့ ထိုနေရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့ဖူးကြောင်း အကျိုးဆောင် Ernie Carswell က ပြောသည်။
အခြားကပ်လျက် Penthouse ခန်းများ မပါဘဲ ယခုအခန်း PH4 တစ်ခန်းတည်းပင်လျှင် အလွန်ကျယ်ဝန်းလှပြီး မြင့်မားသည့်မျက်နှာကြက်များရှိသည်။ အိမ်ရှေ့သို့ ထွက်သွားရုံဖြင့် အဆောက်အအုံကြီး၏ အမိုးပေါ်ရေကူးကန်သို့ ရောက်ရှိမည် ဖြစ်သည်။
(ဂျွန်နီဒက်ပ်နေထိုင်ခဲ့စဉ်က ပိုင်ဆိုင်ခဲ့ဖူးသော Penthouse ခန်း ၅ ခန်းမှ တစ်ခု)
အရောင်အသွေးစုံလင်ပြီး ဗိသုကာပိုင်းအရ ရင်သပ်ရှုမောဖွယ်ဖြစ်သော ယခုအဆောက်အအုံကြီးတွင် ရုပ်ရှင်ဇာတ်ကားများစွာ လာရောက်ရိုက်ကူးခဲ့ကြဖူးသည်။
အဆောက်အအုံကြီးတွင် Spa၊ အားကစားလေ့ကျင့်ခန်းမ၊ Zen ဥယျာဉ်၊ ၂၄ နာရီ အစောင့်အကူ ဝန်ဆောင်မှု၊ အမိုးပေါ်ရေကူးကန်တို့ ပါသည်။
“ဒီအဆောက်အအုံကလူတွေက ရေကူးကန်ကို အသုံးနည်းပါတယ်။ ဒါပေမယ့် ဂျွန်နီဒက်ပ်နဲ့ Amber ကတော့ ဒါကို နှစ်သက်တယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု Ernie Carswell က ပြောသည်။ ယခုအဆောက်အအုံကြီးကို သမိုင်းကြောင်းအရ အကာအကွယ်ပေးထားပြီး Mills Act အမည်ရှိ အက်ဥပဒေဖြင့် အကာအကွယ်ပေးထားကာ ပိုင်ရှင်များအား ကြီးမားသည့်အခွန်လျှော့ပေါ့မှု မက်လုံးပေးထားသည်။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Penthouse where Johnny Depp, Amber Heard lived listing for $1.76M after trial (nypost)
[Zawgyi]
(ဧည့်ခန်းနေရာ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
Emerald Bay Condo
ERC Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service