Mr.Bean သို့မဟုတ် ရိုဝမ် အက်ကင်ဆန် ပြောင်းရွှေ့နေထိုင်သော စံအိမ်သစ်

Mr.Bean သို့မဟုတ် ရိုဝမ် အက်ကင်ဆန် ပြောင်းရွှေ့နေထိုင်သော စံအိမ်သစ် - Property News in Myanmar from iMyanmarHouse.com
23 May 2022 10:32 am တွင် တင်ခဲ့သည်
4681 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mr.Bean အဖြစ် ကမ္ဘာကျော်သူ အင်္ဂလန်သရုပ်ဆောင် ရိုဝမ် အက်ကင်ဆန်သည် အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်ရှိုင်းယားအရပ်မှ သူ၏နေအိမ်ဒီဇိုင်းသစ်ကို လက်မခံကြသော ဒေသခံများနှင့် နှစ်အတန်ကြာ အငြင်းပွားမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုအခါ အဆိုပါစံအိမ်သို့ ပြောင်းရွှေ့အခြေချလိုက်ပြီ ဖြစ်သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော ရိုဝမ်အက်ကင်ဆန်သည် Handsmooth House ဟု အမည်ရသည့် ၁၉၃၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်တစ်လုံးနှင့် ပူးတွဲပါ မြေ ၁၆ ဧကကို ၂၀၀၆ ခုနှစ်အတွင်း ပေါင် ၂ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဝယ်ယူစဉ်က သူ၏ ဇနီး Sunetra Sastry နှင့် အတူ ဝယ်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကွာရှင်းခဲ့ကြသည်။

ဆိတ်ငြိမ်အေးချမ်းကာ ၇ ရာစုကတည်းက တည်ရှိခဲ့သော Ipsden ရွာကလေးတွင် ရိုဝမ် အက်ကင်ဆန်က ရှေးဟောင်းစံအိမ်ကို ဖြိုဖျက်ကာ စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံးကို မှန်၊ စတီးတို့ဖြင့် ဆောက်လုပ်ခဲ့ရာ ဒေသခံတို့ များစွာတုန်လှုပ်ခဲ့ကြသည်။

ထိုစံအိမ်သစ်ကို အမေရိကန်မှ ထိပ်တန်းဗိသုကာပညာရှင် Richard Meier က ဒီဇိုင်းဆွဲပေးခဲ့ခြင်း ဖြစ်သည်။

(ရွာခံများနှင့် နှစ်ပေါင်းအတန်ကြာ အငြင်းပွားမှုများဖြစ်ခဲ့ရသည့် စံအိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်)

ရွာခံတို့က ရိုဝမ် အက်ကင်ဆန်၏ စံအိမ်သစ်ကို “အာကာသခေတ် ဓာတ်ဆီဆိုင်”ဟု အမည်ပေးထားသည်။

ရွာခံအချို့က ပြောရာတွင် ရိုဝမ် အက်ကင်ဆန်၏ စံအိမ်သစ်ဒီဇိုင်းမှာ ကျေးရွာအတွင်းရှိပြီးဖြစ်သော နေအိမ်များနှင့် သဟဇာတမဖြစ်ကြောင်းပြောကြသည်။

သို့သော် အောက်စ်ဖို့ရှိုင်းယားတောင်ပိုင်းကောင်စီက နေအိမ်ပုံစံသစ်ဆောက်လုပ်ရန် လျှောက်ထားမှုကို ခွင့်ပြုလိုက်ပြီးနောက်ပိုင်း Mr.Bean သရုပ်ဆောင်က ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိသည့် စံအိမ်သစ် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။

ဒေသခံများနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အငြင်းပွားခဲ့ရပြီး ရိုဝမ်အက်ကင်ဆန်က စံအိမ်သစ်ကို ပေါင် ၅ သန်း အကုန်အကျခံဆောက်လုပ်ကာ နောက်ဆုံးတွင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီလည်း ဖြစ်သည်။

လက်ရှိအားဖြင့် ရိုဝမ် အက်ကင်ဆန်သည် ဇနီးဖြစ်သူ Louise Ford (၄၁ နှစ်) နှင့်အတူ နေထိုင်လျက်ရှိသည်။

Louise Ford သည် The Windsors အမည်ရှိ ဟာသအော်ပရာတွင် ကိတ် မစ်ဒယ်လ်တန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိကြသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ၎င်းတို့ဇနီးမောင်နှံတွင် ISLA အမည်ရှိ ပထမဆုံးရင်သွေး ထွန်းကားခဲ့သည်။

(HANDSMOOTH HOUSE အမည်ရှိ စံအိမ်ကို ၂၀၀၆ ခုနှစ်အတွင်းက ဝယ်ယူခဲ့ပြီး လက်ရှိတွင် ဇနီးဖြစ်သူ LOUISE FORD နှင့်အတူ နေထိုင်လျက်

ရှိ- ၂၀၁၅ ခုနှစ်အတွင်းက ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်)

(ရွာခံများကမူ ရိုဝမ်အက်ကင်ဆန်သည် ပုံတွင်တွေ့ရသည့် Handsmooth House စံအိမ်ကို ဆက်လက်ထိန်းသိမ်းလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ရိုဝမ်အက်ကင်ဆန်က စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသည့် စံအိမ်သစ် ဆောက်လုပ်ခဲ့သည်။)

ရိုဝမ် အက်ကင်ဆန်က နေအိမ်သစ်ဆောက်လုပ်ရေး လျှောက်ထားရာတွင် ရှိရင်းစွဲအဆောက်အအုံကို ဖြိုချရန်၊ ဧည့်ဂေဟာတစ်လုံးနှင့် တင်းနစ်ကွင်းတစ်ခုပါသော စံအိမ်သစ်ဆောက်လုပ်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါစံအိမ်ဝန်းအတွင်း မူလက ပါဝင်ခဲ့သည်မှာ ပင်မစံအိမ်တစ်လုံး၊ ဂိုဒေါင်၊ တင်းနစ်ကွင်းနှင့် အခြားအဆောက်အအုံများ ပါဝင်သည်။

အဆောက်အအုံသစ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် မြို့ကောင်စီက ရိုဝမ်အက်ကင်ဆန်၏ စံအိမ်သည် အခြားအိမ်များနှင့် လိုက်လျောညီထွေမရှိဘဲ ခွဲထွက်နေရန်သာ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ရိုဝမ်အက်ကင်ဆန်သည် အဆိုပါဒေသတွင် ၂၈ နှစ်ကြာနေထိုင်ခဲ့သူလည်း ဖြစ်သည်။

ဗိသုကာလက်ရာကောင်းတို့မှာ မည်သို့ရှိသည်ကို ပြသလိုခြင်းသာဖြစ်ကြောင်း ရိုဝမ်အက်ကင်ဆန်က ဆိုသည်။

နေအိမ်အရောင်နှင့် ပတ်သက်ပြီး ၎င်းက ပြောသည်မှာ အဖြူရောင်မှာ မသင့်တော်စရာ ဘာမှမရှိကြောင်း၊ မူလနေအိမ်မှာလည်း အဖြူရောင်ဖြစ်ကြောင်း ထောက်ပြသည်။

(ရိုဝမ်အက်ကင်ဆန်၏ စံအိမ်သစ်သည် ကျေးရွာနှင့် သဟဇာတမဖြစ်သော်လည်း သူ၏လျှောက်ထားမှုမှာ ခွင့်ပြုချက်ရရှိခဲ့သည်)

(ရိုဝမ်အက်ကင်ဆန်က နေအိမ်ဟောင်းကို ဖြိုချကာ အသစ်ဆောက်လုပ်ရန်နှင့် ဧည့်ဂေဟာအိမ်၊ တင်းနစ်ကွင်းတို့ပါ ထည့်သွင်းဆောက်လုပ်ရန် လျှောက်ထားခဲ့သည်။ မူလစံအိမ်တွင်လည်း တင်းနစ်ကွင်းတစ်ခု ပါဝင်ပြီး ဖြစ်သည်)

(ပင်မစံအိမ်တွင်း ဂျပန်ပန်းဥယျာဉ်တစ်ခုအပြင် ကိုယ်ပိုင်တောအုပ်တစ်ခုလည်း ပါဝင်သည်)

ရိုဝမ်အက်ကင်ဆန်၏ စီမံကိန်းအတိုင်ပင်ခံပုဂ္ဂိုလ် Haydn Morris က ပြောသည်မှာ ယခုစံအိမ်သည် ဗြိတိန်တွင် ကမ္ဘာ့ထိပ်တန်း အမေရိကန်ဗိသုကာပညာရှင် Richard Meier ဒီဇိုင်းဆွဲပေးသည့် ပထမဆုံးစံအိမ်ဖြစ်ကြောင်း ပြောကြားသည်။

ဒေသခံတစ်ဦးက ပြောသည်မှာ “ငွေနဲ့ ကျော်ကြားမှုကိုသုံးပြီး လမ်းဖောက်သွားတာပါပဲ။ ဒီစက်ဆုပ်စရာ စံအိမ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က လက်မခံနိုင်စရာတစ်ခုဖြစ်ပြီး အလွန်အန္တရာယ်ကြီးတဲ့ ဖြတ်ထုံးတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အချို့သော ဒေသခံတို့ကမူ ရိုဝမ်အက်ကင်ဆန်၏ စံအိမ်ဒီဇိုင်းကို ထောက်ခံကြပြီး ဗိသုကာပညာရှင်အချို့ ကလည်း Mr Meier ၏ လက်ရာကို ကောင်းချီးပြုကြသည်။

(ရိုဝမ်အက်ကင်ဆန်သည် ဇနီးဟောင်း Sunetra Sastry နှင့်အတူ ယခုစံအိမ်နေရာကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံမှာ ၂၀၀၀ ပြည့်နှစ်အတွင်းက ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mr Bean star Rowan Atkinson finally moves into £5m 'space age petrol station' mansion following decade-long planning row - 16 years after buying land for £2.6m (dailymail)

[Zawgyi]

Mr.Bean သို႔မဟုတ္ ရိုဝမ္ အက္ကင္ဆန္ ေျပာင္းေရႊ႕ေနထိုင္ေသာ စံအိမ္သစ္

Mr.Bean အျဖစ္ ကမၻာေက်ာ္သူ အဂၤလန္သရုပ္ေဆာင္ ရိုဝမ္ အက္ကင္ဆန္သည္ အဂၤလန္ႏိုင္ငံ၊ ေအာက္စ္ဖို႔ဒ္ရႈိင္းယားအရပ္မွ သူ၏ေနအိမ္ဒီဇိုင္းသစ္ကို လက္မခံၾကေသာ ေဒသခံမ်ားႏွင့္ ႏွစ္အတန္ၾကာ အျငင္းပြားမႈမ်ား ျဖစ္ခဲ့ျပီးေနာက္ပိုင္း ယခုအခါ အဆိုပါစံအိမ္သို႔ ေျပာင္းေရႊ႕အေျခခ်လိုက္ျပီ ျဖစ္သည္။

အသက္ ၆၇ ႏွစ္ရွိျပီျဖစ္ေသာ ရိုဝမ္အက္ကင္ဆန္သည္ Handsmooth House ဟု အမည္ရသည့္ ၁၉၃၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ စံအိမ္တစ္လံုးႏွင့္ ပူးတြဲပါ ေျမ ၁၆ ဧကကို ၂၀၀၆ ခုႏွစ္အတြင္း ေပါင္ ၂ ဒသမ ၆ သန္းျဖင့္ ဝယ္ယူခဲ့သည္။

ဝယ္ယူစဥ္က သူ၏ ဇနီး Sunetra Sastry ႏွင့္ အတူ ဝယ္ခဲ့ျခင္းျဖစ္ေသာ္လည္း ၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ကြာရွင္းခဲ့ၾကသည္။

ဆိတ္ျငိမ္ေအးခ်မ္းကာ ၇ ရာစုကတည္းက တည္ရွိခဲ့ေသာ Ipsden ရြာကေလးတြင္ ရိုဝမ္ အက္ကင္ဆန္က ေရွးေဟာင္းစံအိမ္ကို ျဖိဳဖ်က္ကာ စတုရန္းေပ ၈၀၀၀ က်ယ္ဝန္းသည့္ စံအိမ္ၾကီးတစ္လံုးကို မွန္၊ စတီးတို႔ျဖင့္ ေဆာက္လုပ္ခဲ့ရာ ေဒသခံတို႔ မ်ားစြာတုန္လႈပ္ခဲ့ၾကသည္။

ထိုစံအိမ္သစ္ကို အေမရိကန္မွ ထိပ္တန္းဗိသုကာပညာရွင္ Richard Meier က ဒီဇိုင္းဆြဲေပးခဲ့ျခင္း ျဖစ္သည္။

(ရြာခံမ်ားႏွင့္ ႏွစ္ေပါင္းအတန္ၾကာ အျငင္းပြားမႈမ်ားျဖစ္ခဲ့ရသည့္ စံအိမ္သစ္သို႔ ေျပာင္းေရႊ႕ေနထုိင္)

ရြာခံတို႔က ရိုဝမ္ အက္ကင္ဆန္၏ စံအိမ္သစ္ကို “အာကာသေခတ္ ဓာတ္ဆီဆိုင္”ဟု အမည္ေပးထားသည္။

ရြာခံအခ်ဳိ႕က ေျပာရာတြင္ ရိုဝမ္ အက္ကင္ဆန္၏ စံအိမ္သစ္ဒီဇိုင္းမွာ ေက်းရြာအတြင္းရွိျပီးျဖစ္ေသာ ေနအိမ္မ်ားႏွင့္ သဟဇာတမျဖစ္ေၾကာင္းေျပာၾကသည္။

သို႔ေသာ္ ေအာက္စ္ဖို႔ရႈိင္းယားေတာင္ပိုင္းေကာင္စီက ေနအိမ္ပံုစံသစ္ေဆာက္လုပ္ရန္ ေလွ်ာက္ထားမႈကို ခြင့္ျပဳလုိက္ျပီးေနာက္ပိုင္း Mr.Bean သရုပ္ေဆာင္က ေပါင္သန္းေပါင္းမ်ားစြာ တန္ေၾကးရွိသည့္ စံအိမ္သစ္ စီမံကိန္းကို ဆက္လက္အေကာင္အထည္ေဖာ္ခဲ့သည္။

ေဒသခံမ်ားႏွင့္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ အျငင္းပြားခဲ့ရျပီး ရိုဝမ္အက္ကင္ဆန္က စံအိမ္သစ္ကို ေပါင္ ၅ သန္း အကုန္အက်ခံေဆာက္လုပ္ကာ ေနာက္ဆံုးတြင္ ေျပာင္းေရႊ႕ေနထုိင္ခဲ့ျပီလည္း ျဖစ္သည္။

လက္ရွိအားျဖင့္ ရိုဝမ္ အက္ကင္ဆန္သည္ ဇနီးျဖစ္သူ Louise Ford (၄၁ ႏွစ္) ႏွင့္အတူ ေနထိုင္လ်က္ရွိသည္။

Louise Ford သည္ The Windsors အမည္ရွိ ဟာသေအာ္ပရာတြင္ ကိတ္ မစ္ဒယ္လ္တန္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ လူသိၾကသည္။

၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလက ၎တို႔ဇနီးေမာင္ႏွံတြင္ ISLA အမည္ရွိ ပထမဆံုးရင္ေသြး ထြန္းကားခဲ့သည္။

(HANDSMOOTH HOUSE အမည္ရွိ စံအိမ္ကို ၂၀၀၆ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ျပီး လက္ရွိတြင္ ဇနီးျဖစ္သူ LOUISE FORD ႏွင့္အတူ ေနထိုင္လ်က္ရွိ- ၂၀၁၅ ခုႏွစ္အတြင္းက ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္)

(ရြာခံမ်ားကမူ ရိုဝမ္အက္ကင္ဆန္သည္ ပံုတြင္ေတြ႔ရသည့္ Handsmooth House စံအိမ္ကို ဆက္လက္ထိန္းသိမ္းလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့ၾကသည္။ သို႔ေသာ္ ရိုဝမ္အက္ကင္ဆန္က စတုရန္းေပ ၈၀၀၀ က်ယ္ဝန္းသည့္ စံအိမ္သစ္ ေဆာက္လုပ္ခဲ့သည္။)

ရိုဝမ္ အက္ကင္ဆန္က ေနအိမ္သစ္ေဆာက္လုပ္ေရး ေလွ်ာက္ထားရာတြင္ ရွိရင္းစြဲအေဆာက္အအံုကို ျဖိဳခ်ရန္၊ ဧည့္ေဂဟာတစ္လံုးႏွင့္ တင္းနစ္ကြင္းတစ္ခုပါေသာ စံအိမ္သစ္ေဆာက္လုပ္ရန္ တင္ျပခဲ့ျခင္း ျဖစ္သည္။

အဆိုပါစံအိမ္ဝန္းအတြင္း မူလက ပါဝင္ခဲ့သည္မွာ ပင္မစံအိမ္တစ္လံုး၊ ဂိုေဒါင္၊ တင္းနစ္ကြင္းႏွင့္ အျခားအေဆာက္အအံုမ်ား ပါဝင္သည္။

အေဆာက္အအံုသစ္ႏွင့္ ပတ္သက္၍ ေဆြးေႏြးပြဲျပဳလုပ္ခဲ့ရာတြင္ ျမိဳ႕ေကာင္စီက ရိုဝမ္အက္ကင္ဆန္၏ စံအိမ္သည္ အျခားအိမ္မ်ားႏွင့္ လိုက္ေလ်ာညီေထြမရွိဘဲ ခြဲထြက္ေနရန္သာ ဆံုးျဖတ္ခ်က္ခ်ခဲ့ၾကသည္။

ရိုဝမ္အက္ကင္ဆန္သည္ အဆိုပါေဒသတြင္ ၂၈ ႏွစ္ၾကာေနထိုင္ခဲ့သူလည္း ျဖစ္သည္။

ဗိသုကာလက္ရာေကာင္းတုိ႔မွာ မည္သို႔ရွိသည္ကို ျပသလိုျခင္းသာျဖစ္ေၾကာင္း ရိုဝမ္အက္ကင္ဆန္က ဆိုသည္။

ေနအိမ္အေရာင္ႏွင့္ ပတ္သက္ျပီး ၎က ေျပာသည္မွာ အျဖဴေရာင္မွာ မသင့္ေတာ္စရာ ဘာမွမရွိေၾကာင္း၊ မူလေနအိမ္မွာလည္း အျဖဴေရာင္ျဖစ္ေၾကာင္း ေထာက္ျပသည္။

(ရိုဝမ္အက္ကင္ဆန္၏ စံအိမ္သစ္သည္ ေက်းရြာႏွင့္ သဟဇာတမျဖစ္ေသာ္လည္း သူ၏ေလွ်ာက္ထားမႈမွာ ခြင့္ျပဳခ်က္ရရွိခဲ့သည္)

(ရိုဝမ္အက္ကင္ဆန္က ေနအိမ္ေဟာင္းကို ျဖိဳခ်ကာ အသစ္ေဆာက္လုပ္ရန္ႏွင့္ ဧည့္ေဂဟာအိမ္၊ တင္းနစ္ကြင္းတို႔ပါ ထည့္သြင္းေဆာက္လုပ္ရန္ ေလွ်ာက္ထားခဲ့သည္။ မူလစံအိမ္တြင္လည္း တင္းနစ္ကြင္းတစ္ခု ပါဝင္ျပီး ျဖစ္သည္)

(ပင္မစံအိမ္တြင္း ဂ်ပန္ပန္းဥယ်ာဥ္တစ္ခုအျပင္ ကိုယ္ပိုင္ေတာအုပ္တစ္ခုလည္း ပါဝင္သည္)

ရိုဝမ္အက္ကင္ဆန္၏ စီမံကိန္းအတိုင္ပင္ခံပုဂၢိဳလ္ Haydn Morris က ေျပာသည္မွာ ယခုစံအိမ္သည္ ျဗိတိန္တြင္ ကမၻာ့ထိပ္တန္း အေမရိကန္ဗိသုကာပညာရွင္ Richard Meier ဒီဇိုင္းဆြဲေပးသည့္ ပထမဆံုးစံအိမ္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေဒသခံတစ္ဦးက ေျပာသည္မွာ “ေငြနဲ႔ ေက်ာ္ၾကားမႈကိုသံုးျပီး လမ္းေဖာက္သြားတာပါပဲ။ ဒီစက္ဆုပ္စရာ စံအိမ္နဲ႔ ပတ္သက္တဲ့ ဆံုးျဖတ္ခ်က္က လက္မခံႏိုင္စရာတစ္ခုျဖစ္ျပီး အလြန္အႏၱရာယ္ၾကီးတဲ့ ျဖတ္ထံုးတစ္ခုလည္း ျဖစ္ပါတယ္” ဟု ဆိုသည္။

အခ်ဳိ႕ေသာ ေဒသခံတို႔ကမူ ရိုဝမ္အက္ကင္ဆန္၏ စံအိမ္ဒီဇိုင္းကို ေထာက္ခံၾကျပီး ဗိသုကာပညာရွင္အခ်ဳိ႕ ကလည္း Mr Meier ၏ လက္ရာကို ေကာင္းခ်ီးျပဳၾကသည္။

(ရိုဝမ္အက္ကင္ဆန္သည္ ဇနီးေဟာင္း Sunetra Sastry ႏွင့္အတူ ယခုစံအိမ္ေနရာကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံုမွာ ၂၀၀၀ ျပည့္ႏွစ္အတြင္းက ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္သည္။)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mr Bean star Rowan Atkinson finally moves into £5m 'space age petrol station' mansion following decade-long planning row - 16 years after buying land for £2.6m (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service