ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းများ များပြားလာသည့်အတွက် အဆောက်အအုံတည်ဆောက်ပြီးစီးပါက မည်သည့်စာရွက်စာတမ်းများ သိမ်းဆည်းရန်လိုအပ်သလဲ။
ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းများ များပြားလာသည့်အတွက် အဆောက်အအုံတည်ဆောက်ပြီးစီးပါက မည်သည့်စာရွက်စာတမ်းများ သိမ်းဆည်းရန်လိုအပ်သလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
13 May 2022 12:11 pm တွင် တင်ခဲ့သည်
1638 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များများတွင် မြေရှင်နှင့် ကန်ထရိုက်တာတို့ အကျိုးတူပူးပေါင်းပြီး အဆောက်အအုံ ဆောက်လုပ်ခြင်း များ များပြားလာပါသည်။ ထိုသို့ အကျိုးတူပူးပေါင်းဆောက်လုပ်ပြီးနောက် ကန်ထရိုက်တာထံမှ စာရွက်စာတမ်းများ တောင်းယူရန်လိုအပ်ပါသည်။ အချို့မြေရှင်များက နားမလည်၍ မတောင်းကျသလို ကန်ထရိုက်တာများကလည်း အခွင့်အရေးကို အရယူကာ ပေးအပ်ရမည့် စာရွက်စာတမ်းများ မပေးအပ်ကြတာကို ကြားနေမြင်နေရပါသည်။ ထို့ကြောင့် ဘာတွေ မဖြစ်မနေတောင်းရမလဲဆိုတာ ဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။
အဆောက်အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများဖြစ်သော “ ဆောက်လုပ် ခွင့်ပြုမိန့်” ၊ အဆောက်အဦပြီးစီးကြောင်းလက်မှတ် အဆောက်အအုံပြီးစီးကြောင်းလက်မှတ် (BCC)၊ မီးသတ် ဦးစီးဌာန၏ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်၊ ရေသုံးစွဲမှုဆိုင်ရာခွင့်ပြုမိန့် စသည့်စာရွက်စာတမ်း မူရင်း များသည် အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများအားလုံးပြီးစီးပါက ကန်ထရိုက်တာသည် မြေရှင် လက်ဝယ်သို့ ပေးအပ်ရမည်ဖြစ်ပြီး တိုက်ခန်း တစ်ခန်းခြင်းအလိုက် မီတာလျှောက်ထားတပ်ဆင်ခြင်းအတွက် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ ထုတ်ပေးသည့် ပြေစာမူရင်းများကိုလည်း တိုက်ခန်းပိုင်ရှင်တစ်ဦး ချင်းစီသို့ ပေးအပ်ရမည်ဖြစ်သည်။ သို့သော် အချို့သော ကန်ထရိုက်တာများသည် မြေရှင်သို့ မပေးဘဲ ၎င်း၏ လက်ဝယ်တွင် သိမ်းဆည်းခြင်းထားပြီး ကြည့်ချင်လျှင် ၎င်းထံလာရောက်ကြည့်ရှုစေခြင်းများ ပြုလုပ်ကြသည်။
ထိုသို့ပြုလုပ်ခြင်း၏ အကျိုးဆက်မှာ အဆောက်အဦနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာဖြစ်ပွား၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ လာရောက်စစ်ဆေးသည့်အခါတွင် စာရွက်စာတမ်းမူရင်းများ မပြသနိုင်ခြင်း၊ တိုက်ခန်း တစ်ခန်းအရောင်းအဝယ်ပြုလုပ်ပါကလည်း ဝယ်ယူသူအား စာရွက်စာတမ်းမူရင်းများ မပြသနိုင်ခြင်း၊ ကန်ထရိုက်တာလက်ဝယ်တွင် အခြားစာရွက်စာတမ်းအမြောက်အများလဲ ရှိနေမည်ဖြစ်ရာ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးပျက်ဆီးသွားပါကလည်း မိတ္တူမှန်ပြန်လည်လျှောက်ထားရန်မှာလည်း မြေရှင်၏ တာဝန်သာဖြစ်ခြင်း၊ ကန်ထရိုက်တာထံသွားရောက် ကြည့်ရှုရန်ဆိုသည့် ကိစ္စမှာလည်း လက်တွေ့့မှာ မလွယ်ကူနိုင်ပေ။ ကန်ထရိုက်၏ မူလရည်ရွယ်ချက်ကိုလည်း မသိနိုင်သည့်အနေအထားတွင် မြေရှင်သည် တိုက်ခန်းတစ်ခန်း အရောင်းအဝယ်ပြုလုပ်တိုင်း ထိုပြဿနာကို ဖြေရှင်းနေရမည်ဖြစ်သည်။
တိုက်ခန်းအရောင်း အဝယ်အတွက် မြေရှင်အကျိုးခံစားခွင့်ရသည့်ငွေကြေးအနက်မှ ခွဲဝေပေးရခြင်းများလဲဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် အဆောက်အအုံတည်ဆောက်ပြီးစီးပါက မြေရှင်သည် အထက်ပါစာရွက်စာတမ်းများကို ကန်ထရိုက်တာထံမှ မဖြစ်မနေတောင်းယူရန်လိုအပ်သည့်အတွက် အကျိုးတူစာချုပ်စတင်ချုပ်ဆိုစဉ်ကတည်းက စာချုပ်တွင် တစ်ခါတည်း ထည့်သွင်းချုပ်ဆိုထားရန် လိုအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service