၆ နှစ်သမီးလေး မောင်နှမ ၃ ဦး မုန့်ဖိုးစုကာ ဒေါ်လာ ၆ သိန်းကျော်တန်အိမ် အရစ်ကျဝယ်ယူ

၆ နှစ်သမီးလေး မောင်နှမ ၃ ဦး မုန့်ဖိုးစုကာ ဒေါ်လာ ၆ သိန်းကျော်တန်အိမ် အရစ်ကျဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 May 2022 10:39 am တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သြစတေးလျတွင် ၆ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနှင့် မောင်နှမများသည် ဒေါ်လာ ၆ သိန်းကျော် တန်ကြေးရှိသည့် နေအိမ်တစ်လုံးကို မုန့်ဖိုးများစုကာ ဝယ်ယူလိုက်ကြသည်။

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှ ရူဘီ၊ ဂတ်စ်နှင့် လူစီ မက္ကလင်းအမည်ရှိ မောင်နှမ ၃ ဦးက မုန့်ဖိုးများစုကာ ၎င်းတို့၏ ကိုယ်ပိုင်အိမ်ကို ဝယ်ယူခဲ့ကြခြင်း ဖြစ်၏။

(၆ နှစ်သမီးလေး ရူဘီနှင့် မောင်လေး Gus ၊ ညီမလေး လူစီတို့က ၎င်းတို့၏ ပထမဆုံးကိုယ်ပိုင်အိမ်ကို အတူဝယ်ယူခဲ့ကြ)

(မဲလ်ဘုန်းမြို့အနီး Clyde ဆင်ခြေဖုံးအရပ်တွင် တည်ရှိပြီး ဒေါ်လာ ၆ သိန်းကျော် တန်ကြေးရှိသည်)

ဝယ်ယူလိုက်သော နေအိမ်နှင့် မြေနေရာမှာ မဲလ်ဘုန်းမြို့၏ အရှေ့တောင်ဘက် Clyde အမည်ရှိ ကျေးလက် ဆင်ခြေဖုံးဒေသတွင် တည်ရှိကာ တန်ကြေးမှာ ကန်ဒေါ်လာ ၆၇၁၀၀၀ ရှိသည်။ ကလေးများ၏ ဖခင် ကမ် မက္ကလင်းမှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ရာ သူ၏ကလေးငယ်များ နေအိမ်ဝယ်ယူရာတွင် အခရာကျခဲ့ကြောင်း 7news သတင်းဌာနက ဖော်ပြသည်။

ကမ် မက္ကလင်းက ပြောသည်မှာ ကလေးများကို ကိုယ်ပိုင်အိမ်ဝယ်ယူရန် အားပေးတိုက်တွန်းခဲ့ကြောင်း၊ လက်ငင်းပေးချေရမည့်ငွေအတွက် ၎င်းတို့ တတ်နိုင်သည့်အိမ်အလုပ်ကလေးများ လုပ်စေကာ ငွေစုစေခဲ့ကြောင်း ပြောကြားသည်။

အသက် ၃၆ နှစ်အရွယ်ရှိ ကမ်မက္ကလင်းက “သူတို့ တစ်ဦးစီကို ဒေါ်လာ ၂၀၀၀ စီ စုနိုင်ခဲ့ကြပါတယ်”ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုများ မည်သို့လုပ်ဆောင်ရမည်ကို ဖခင်၏ သင်ကြားပေးမှုများ မှတ်သားကာ မောင်နှမ ၃ ဦးသည် အိမ်မှုဝေယျာဝစ္စများ ကူညီရင်း မုန့်ဖိုးများ စုဆောင်းခဲ့ကြခြင်းဖြစ်သည်။

ကမ် မက္ကလင်းက သူ၏ကလေးများအတွက် ရည်ရွယ်ကာ “ကျွန်တော့်ရဲ့ ၄ နှစ်သမီး၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ” အမည်ရှိ စာအုပ်တစ်အုပ်ကို ပြီးခဲ့သော နိုဝင်ဘာလက ရေးသားထုတ်ဝေခဲ့ရာ အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့သည်။

“ဒီစာအုပ်က ကျွန်တော့်ကလေးတွေ ကောင်းကောင်းအရွယ်ရောက်လာတဲ့အခါ အသုံးပြုနိုင်ဖို့ ရေးသားခဲ့တာပါ။ ဒီစာအုပ်ထဲမှာ အိမ်ခြံမြေတွေ ပိုင်ဆိုင်ရင်းနှီးမြှုပ်နှံရာမှာ လုပ်ဆောင်ရမယ့်အဆင့်အားလုံးကို ရေးသားထားပါတယ်”

ကလေးများသည် ဝယ်ယူလိုက်သည့်အိမ်အတွက် လက်ငင်းပေးချေရမည့်ငွေကို ၎င်းတို့၏ ကိုယ်ပိုင်ဘဏ်အကောင်မှ ပေးခဲ့သလော (သို့မဟုတ်) ဖခင်၏ အမည်ဖြင့် ဝယ်ယူခဲ့သလောဟူသည်ကိုမူ မသိရချေ။

ဗြိတိန်တွင်ဆိုလျှင် အသက် ၁၈ နှစ်အောက် ကလေးငယ်များမှာ မြေ (သို့မဟုတ်) အိမ်များ တရားဝင် ပိုင်ဆိုင်ခွင့် မရှိချေ။

ယခုဝယ်ယူလိုက်သောအိမ်သည် ဆယ်စုနှစ်တစ်ခုကြာလျှင် ဒေါ်လာ ၁၃၄၂၀၀၀ ခန့်အထိ ၂ ဆခန့် ဈေးတက်သွားလိမ့်မည်ဖြစ်ကြောင်း ကလေးတို့၏ ဖခင်က ခန့်မှန်းထားသည်။

ကလေးများသည် အဆိုပါအိမ်ကို ဆယ်စုနှစ်တစ်ခုကြာ ထိန်းသိမ်းထားမည်ဖြစ်ကာ ၂၀၃၂ ခုနှစ်သို့ရောက်လျှင် ရောင်းထုတ်ပြီး အမြတ်အစွန်းများကို ခွဲဝေရယူကြမည် ဖြစ်သည်။

မကြာသေးမီ ကာလများအတွင်း သြစတေးလျ၏ အိမ်ခြံမြေဈေးနှုန်းများ ခေါင်ခိုက်လာရာ မိမိတို့၏ ကလေးငယ်များ ကိုယ်ပိုင်နေအိမ် မဝယ်နိုင်ကြတော့မည်ကို မိဘများက ရတက်မအေး ဖြစ်လာကြသည်။

ဗြိတိန်တွင်ဆိုလျှင် ဝင်ငွေနည်းသူများ ပထမဆုံးအကြိမ်နေအိမ်ဝယ်မည်ဆိုလျှင် ဈေးနှုန်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ပေးသည့် အစီအစ

ဉ်တစ်ခုရှိသည်။ အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

(ကလေးများအတွက် ဂုဏ်ယူနေသူ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ ကမ် မက္ကလင်းနှင့် ကလေးများ)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Girl, 6, and her siblings buy £386,000 HOME and it could be worth double by the time she’s 16… here’s how they did it (thesun)

[Zawgyi]

၆ ႏွစ္သမီးေလး ေမာင္ႏွမ ၃ ဦး မုန္႔ဖိုးစုကာ ေဒၚလာ ၆ သိန္းေက်ာ္တန္အိမ္ အရစ္က်ဝယ္ယူ

ၾသစေတးလ်တြင္ ၆ ႏွစ္အရြယ္မိန္းကေလးငယ္တစ္ဦးႏွင့္ ေမာင္ႏွမမ်ားသည္ ေဒၚလာ ၆ သိန္းေက်ာ္ တန္ေၾကးရွိသည့္ ေနအိမ္တစ္လံုးကို မုန္႔ဖိုးမ်ားစုကာ ဝယ္ယူလိုက္ၾကသည္။

ၾသစေတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းျမိဳ႕မွ ရူဘီ၊ ဂတ္စ္ႏွင့္ လူစီ မကၠလင္းအမည္ရွိ ေမာင္ႏွမ ၃ ဦးက မုန္႔ဖုိးမ်ားစုကာ ၎တို႔၏ ကိုယ္ပိုင္အိမ္ကို ဝယ္ယူခဲ့ၾကျခင္း ျဖစ္၏။

(၆ ႏွစ္သမီးေလး ရူဘီႏွင့္ ေမာင္ေလး Gus ၊ ညီမေလး လူစီတို႔က ၎တို႔၏ ပထမဆံုးကိုယ္ပိုင္အိမ္ကို အတူဝယ္ယူခဲ့ၾက)

(မဲလ္ဘုန္းျမဳိ႕အနီး Clyde ဆင္ေျခဖံုးအရပ္တြင္ တည္ရွိျပီး ေဒၚလာ ၆ သိန္းေက်ာ္ တန္ေၾကးရွိသည္)

ဝယ္ယူလိုက္ေသာ ေနအိမ္ႏွင့္ ေျမေနရာမွာ မဲလ္ဘုန္းျမိဳ႕၏ အေရွ႕ေတာင္ဘက္ Clyde အမည္ရွိ ေက်းလက္ ဆင္ေျခဖံုးေဒသတြင္ တည္ရွိကာ တန္ေၾကးမွာ ကန္ေဒၚလာ ၆၇၁၀၀၀ ရွိသည္။ ကေလးမ်ား၏ ဖခင္ ကမ္ မကၠလင္းမွာ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံေရးကၽြမ္းက်င္ပညာရွင္တစ္ဦးျဖစ္ရာ သူ၏ကေလးငယ္မ်ား ေနအိမ္ဝယ္ယူရာတြင္ အခရာက်ခဲ့ေၾကာင္း 7news သတင္းဌာနက ေဖာ္ျပသည္။

ကမ္ မကၠလင္းက ေျပာသည္မွာ ကေလးမ်ားကို ကိုယ္ပိုင္အိမ္ဝယ္ယူရန္ အားေပးတိုက္တြန္းခဲ့ေၾကာင္း၊ လက္ငင္းေပးေခ်ရမည့္ေငြအတြက္ ၎တို႔ တတ္ႏိုင္သည့္အိမ္အလုပ္ကေလးမ်ား လုပ္ေစကာ ေငြစုေစခဲ့ေၾကာင္း ေျပာၾကားသည္။

အသက္ ၃၆ ႏွစ္အရြယ္ရွိ ကမ္မကၠလင္းက “သူတို႔ တစ္ဦးစီကို ေဒၚလာ ၂၀၀၀ စီ စုႏိုင္ခဲ့ၾကပါတယ္”ဟု ဆိုသည္။

ရင္းႏွီးျမွဳပ္ႏွံမႈမ်ား မည္သို႔လုပ္ေဆာင္ရမည္ကို ဖခင္၏ သင္ၾကားေပးမႈမ်ား မွတ္သားကာ ေမာင္ႏွမ ၃ ဦးသည္ အိမ္မႈေဝယ်ာဝစၥမ်ား ကူညီရင္း မုန္႔ဖိုးမ်ား စုေဆာင္းခဲ့ၾကျခင္းျဖစ္သည္။

ကမ္ မကၠလင္းက သူ၏ကေလးမ်ားအတြက္ ရည္ရြယ္ကာ “ကၽြန္ေတာ့္ရဲ႕ ၄ ႏွစ္သမီး၊ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူ” အမည္ရွိ စာအုပ္တစ္အုပ္ကို ျပီးခဲ့ေသာ ႏိုဝင္ဘာလက ေရးသားထုတ္ေဝခဲ့ရာ အေရာင္းရဆံုး စာအုပ္တစ္အုပ္ ျဖစ္ခဲ့သည္။

“ဒီစာအုပ္က ကၽြန္ေတာ့္ကေလးေတြ ေကာင္းေကာင္းအရြယ္ေရာက္လာတဲ့အခါ အသံုးျပဳႏိုင္ဖုိ႔ ေရးသားခဲ့တာပါ။ ဒီစာအုပ္ထဲမွာ အိမ္ျခံေျမေတြ ပိုင္ဆိုင္ရင္းႏွီးျမွဳပ္ႏွံရာမွာ လုပ္ေဆာင္ရမယ့္အဆင့္အားလံုးကို ေရးသားထားပါတယ္”

ကေလးမ်ားသည္ ဝယ္ယူလိုက္သည့္အိမ္အတြက္ လက္ငင္းေပးေခ်ရမည့္ေငြကို ၎တို႔၏ ကိုယ္ပိုင္ဘဏ္အေကာင္မွ ေပးခဲ့သေလာ (သို႔မဟုတ္) ဖခင္၏ အမည္ျဖင့္ ဝယ္ယူခဲ့သေလာဟူသည္ကိုမူ မသိရေခ်။

ျဗိတိန္တြင္ဆိုလွ်င္ အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္မ်ားမွာ ေျမ (သို႔မဟုတ္) အိမ္မ်ား တရားဝင္ ပိုင္ဆိုင္ခြင့္ မရွိေခ်။

ယခုဝယ္ယူလိုက္ေသာအိမ္သည္ ဆယ္စုႏွစ္တစ္ခုၾကာလွ်င္ ေဒၚလာ ၁၃၄၂၀၀၀ ခန္႔အထိ ၂ ဆခန္႔ ေစ်းတက္သြားလိမ့္မည္ျဖစ္ေၾကာင္း ကေလးတို႔၏ ဖခင္က ခန္႔မွန္းထားသည္။

ကေလးမ်ားသည္ အဆိုပါအိမ္ကို ဆယ္စုႏွစ္တစ္ခုၾကာ ထိန္းသိမ္းထားမည္ျဖစ္ကာ ၂၀၃၂ ခုႏွစ္သို႔ေရာက္လွ်င္ ေရာင္းထုတ္ျပီး အျမတ္အစြန္းမ်ားကို ခြဲေဝရယူၾကမည္ ျဖစ္သည္။

မၾကာေသးမီ ကာလမ်ားအတြင္း ၾသစေတးလ်၏ အိမ္ျခံေျမေစ်းႏႈန္းမ်ား ေခါင္ခိုက္လာရာ မိမိတို႔၏ ကေလးငယ္မ်ား ကိုယ္ပိုင္ေနအိမ္ မဝယ္ႏိုင္ၾကေတာ့မည္ကို မိဘမ်ားက ရတက္မေအး ျဖစ္လာၾကသည္။

ျဗိတိန္တြင္ဆိုလွ်င္ ဝင္ေငြနည္းသူမ်ား ပထမဆံုးအၾကိမ္ေနအိမ္ဝယ္မည္ဆိုလွ်င္ ေစ်းႏႈန္း ၃၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ေပးသည့္ အစီအစဥ္တစ္ခုရွိသည္။ အဆိုပါအစီအစဥ္ကို ၂၀၂၁ ခုႏွစ္က စတင္ခဲ့ျခင္း ျဖစ္သည္။

(ကေလးမ်ားအတြက္ ဂုဏ္ယူေနသူ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံသူ ကမ္ မကၠလင္းႏွင့္ ကေလးမ်ား)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Girl, 6, and her siblings buy £386,000 HOME and it could be worth double by the time she’s 16… here’s how they did it (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service