တိုက်ဂါးရှော့၏ချစ်သူ ရုပ်ရှင်မင်းသမီး ဒီးရှား ပတာနီ၏ မွန်ဘိုင်းတိုက်ခန်း

တိုက်ဂါးရှော့၏ချစ်သူ ရုပ်ရှင်မင်းသမီး ဒီးရှား ပတာနီ၏ မွန်ဘိုင်းတိုက်ခန်း - Property News in Myanmar from iMyanmarHouse.com
27 Apr 2022 11:25 am တွင် တင်ခဲ့သည်
4752 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယရုပ်ရှင် ဘောလိဝုဒ်၏ အက်ရှင်ကြယ်ပွင့် တိုက်ဂါးရှော့၏ ချစ်သူ ရုပ်ရှင်မင်းသမီး ဒီးရှား ပတာနီ နေထိုင်သည့်နေရာမှာ မွမ်ဘိုင်းမြို့၏ လှပသည့် ကမ်းခြေဒေသဖြစ်သော Bandra West မှ လူနေခန်းတစ်ခု ဖြစ်သည်။

Sexy Actress ဒီးရှား ပတာနီ၏နေအိမ်သည် အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့် သဟဇာတဖြစ်သောအိမ်မျိုး ဖြစ်ပြီး အိမ်ထောင် ပရိဘောဂများမှသည် ကြမ်းခင်းနှင့် လိုက်ကာများအထိ အဖြူရောင်ကို အဓိက သုံးစွဲထား သည်။

ဒီးရှား ပတာနီသည် ၂၀၁၅ ခုနှစ်က ရုံတင်ခဲ့သော တလဂူရုပ်ရှင် Loafer ဖြင့် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့ရာမှ နာမည်ကျော် ဘောလိဝုဒ်ရုပ်ရှင်မင်းသမီးဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဒီးရှား ပတာနီကို ကျော်ကြားစေခဲ့သည်မှာ ၂၀၁၆ ခုနှစ်က ရုံတင်ခဲ့သော အားကစားအတ္ထုပ္ပတ္တိ အခြေပြု ဟင်ဒီရုပ်ရှင်ဇာတ်ကားဖြစ်သော ‘M.S. Dhoni: The untold story ဖြင့် နာမည်ကျော်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်က ရုံတင်ခဲ့သော တရုတ်အက်ရှင်ဟာသကား ‘Kung Fu Yoga’ တွင် ဒီးရှား ပတာနီ ပါဝင်သရုပ်ဆောင်ခဲ့သည်။

အဆိုပါဇာတ်ကားသည် သမိုင်းတလျှောက် ဝင်ငွေအများဆုံး တရုတ်ရုပ်ရှင်များထဲတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။

ဒီးရှား ပတာနီသည် ဘောလိဝုဒ်တွင် ထင်ရှားသည့်ကြယ်ပွင့်ဖြစ်ရုံမျှမက ကမ္ဘာကျော်အမှတ်တံဆိပ်များစွာနှင့် လက်တွဲလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း Calvin Klein ၏ brand ambassador ဖြစ်လာခြင်းလည်း ပါဝင်သည်။

မဟာရပ်ရှ်တရာပြည်နယ်တွင် တံဆိပ်ခေါင်းခွန် လျှော့ပေါ့ပေးသည့် အားသာချက်ကိုယူကာ ဒီးရှား ပတာနီက Khar west ရှိ လူနေခန်းတစ်ခန်းကို ဝယ်ယူခဲ့သည်။

၁၆ ထပ်မြောက်တွင် တည်ရှိပြီး ကြမ်းခင်းဧရိယာ ၁၁၁၈ ဒသမ ၅၉ စတုရန်းပေရှိကာ ကား ၂ စင်းရပ်နားရန် ကားပါကင်နေရာ ပါဝင်သည်။ တန်ကြေးမှာ ရူပီး ၅၉၅ သိန်း ဖြစ်သည်။

ဒီးရှား ပတာနီသည် ထိုအခန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်တွင် မှတ်ပုံတင်ခဲ့ပြီး တံဆိပ်ခေါင်းခွန်ကြေး ရူပီး ၁၇ သိန်းပေးခဲ့ရသည်။

မဟာရပ်ရှ်တရာပြည်နယ်အစိုးရက တံဆိပ်ခေါင်းခွန်ကြေး မူလက ၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည့် သတ်မှတ်ကာလ၏ နောက်ဆုံးရက်ဖြစ်သော ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ဒီးရှား ပတာနီက ယခုအခန်းကို အပြီးသတ်ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ဒီးရှား ပတာနီသည် လူမှုကွန်ရက်မှတဆင့် ပရိသတ်များနှင့် အမြဲတစေ ထိတွေ့နိုင်ရန် ကြိုးစားလေ့ရှိသည်။

ဒီးရှား ပတာနီက သူ၏အခန်းအတွင်း ဓာတ်ပုံများစွာရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်လေ့ရှိရာ သက်တောင့်သက်သာဖြစ်မှုနှင့် အံ့ဖွယ်ရာ မြင်ကွင်းများ တွေ့မြင်ရသည်။

(ဒီးရှား ပတာနီ၏ နေအိမ် အဓိကအချက်အလက်များ)

တိုက်ခန်းတည်ရှိရာမှာ မွန်ဘိုင်းမြို့၊ Bandra ကမ်းခြေမှ Little Hut အမည်ရှိ အဆောက်အအုံတွင်ဖြစ်သည်။

ဧည့်ခန်းနှင့် ဆက်သွယ်ထားသည့် လသာဆောင်မှတဆင့် ရင်သပ်ရှုမောဖွယ် ပင်လယ်ရှုခင်းများ တွေ့မြင်ရသည်။

ဧည့်ခန်းတွင် ရုပ်မြင်သံကြားစက်တစ်လုံးနှင့် သက်တောင့်သက်သာရှိသည့် ခုံတန်းအချို့ ရှိသည်။ အခန်းအတွင်း အပင်ငယ်အချို့လည်း ထားရှိထားသည်။

ဒီးရှား ပတာနီ၏ အိပ်ခန်းတွင် နူးညံ့သောအိပ်ယာတစ်ခုရှိပြီး ထိုနေရာမှာ သူ၏ အိမ်မွေးတိရ စ္ဆာန်ကလေးများ၏ ကစားကွင်းလည်း ဖြစ်၏။

အိပ်ခန်း၏ အဖြူရောင်နံရံတွင် လှပသော လိပ်ပြာစတစ်ကာလေးများ ကပ်ထားသည်။

ပြတင်းပေါက်များကိုမူ မီးခိုးရောင်လိုက်ကာများဖြင့် ကာရံထား၏။ ညစာစားခန်း၏ အလယ်ဗဟိုတွင် အဖြူရောင်စားပွဲတစ်လုံး ထားရှိသည်။ ဤအခန်းကို လှပသောအဖြူရောင်လိုက်ကာများဖြင့် ကာရံထားသည်။

(ဒီးရှား ပတာနီဘာလဲ)

ဒီးရှား ပတာနီ (မွေး-၁၉၉၃) သည် အိန္ဒိယရုပ်ရှင်မင်းသမီးဖြစ်ပြီး ဟင်ဒီဇာတ်ကားများတွင် အများဆုံးသရုပ်ဆောင်သည်။

ပွဲဦးထွက်ဇာတ်ကားမှာမူ တလဂူရုပ်ရှင် ဖြစ်သည်။ ဟင်ဒီရုပ်ရှင် M.S Dhoni:The Untold Story (၂၀၁၆) ဇာတ်ကားဖြင့် လူသိများလာသည်။ ဖခင်မှာ ရဲအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ ကျန်းမာရေးဌာနမှ ဖြစ်သည်။ Amity တက္ကသိုလ်တွင် အင်ဂျင်နီယာပညာ သင်ယူခဲ့သည်။

(ဒီးရှား ပတာနီ အချစ်ရေး)

ဒီးရှား ပတာနီသည် ဘောလိဝုဒ်အက်ရှင်ကြယ်ပွင့် တိုက်ဂါးရှော့နှင့် ချစ်ကြိုက်နေသည်ဟူသော သတင်းများရှိသည်။

၎င်းတို့ ၂ ဦးတွဲကနေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် ပေါ်ထွက်ခဲ့ဖူးသည်။

ရုပ်ရှင်ဇာတ်ကားတစ်ခု၏ စာနယ်ဇင်းမိတ်ဆက်ပွဲတွင်လည်း သူတို့နှစ်ဦး အတူပွဲတက်လာသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်အတွင်း ၎င်းတို့ ၂ ဦး ပူးတွဲသရုပ်ဆောင်ထားသည့် Bade Miyan Chote Miyan အမည်ရှိ ရုပ်ရှင်ဇာတ်ကား ထွက်ရှိလာဖွယ်ရှိရာ ပရိသတ်များက စိတ်ဝင်စားစွာ မျှော်လင့်လျက်ရှိကြသည်။

အဆိုပါဇာတ်ကားသည် ၁၉၉၈ ခုနှစ်က အမီတာဘဂျမ်း ပါဝင်သရုပ်ဆောင်ခဲ့သောဇာတ်ကားဖြစ်ပြီး ယခုအခါ အက်ရှေးကူးမား၊ တိုက်ဂါးရှော့၊ ဒီးရှား ပတာနီတို့ဖြင့် ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သည်။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A virtual tour of Disha Patani’s beautiful Bandra apartment (housing)

 

 

 

[Zawgyi]

တိုက္ဂါးေရွာ့၏ခ်စ္သူ ရုပ္ရွင္မင္းသမီး ဒီးရွား ပတာနီ၏ မြန္ဘိုင္းတိုက္ခန္း

 

အိႏိၵယရုပ္ရွင္ ေဘာလိဝုဒ္၏ အက္ရွင္ၾကယ္ပြင့္ တိုက္ဂါးေရွာ့၏ ခ်စ္သူ ရုပ္ရွင္မင္းသမီး ဒီးရွား ပတာနီ ေနထိုင္သည့္ေနရာမွာ မြမ္ဘိုင္းျမိဳ႕၏ လွပသည့္ ကမ္းေျခေဒသျဖစ္ေသာ Bandra West မွ လူေနခန္းတစ္ခု ျဖစ္သည္။

Sexy Actress ဒီးရွား ပတာနီ၏ေနအိမ္သည္ အိမ္ေမြးတိရ စၦာန္ကေလးမ်ားႏွင့္ သဟဇာတျဖစ္ေသာအိမ္မ်ဳိး ျဖစ္ျပီး အိမ္ေထာင္ ပရိေဘာဂမ်ားမွသည္ ၾကမ္းခင္းႏွင့္ လိုက္ကာမ်ားအထိ အျဖဴေရာင္ကို အဓိက သံုးစြဲထား သည္။

ဒီးရွား ပတာနီသည္ ၂၀၁၅ ခုႏွစ္က ရံုတင္ခဲ့ေသာ တလဂူရုပ္ရွင္ Loafer ျဖင့္ သရုပ္ေဆာင္ေလာကသို႔ စတင္ဝင္ေရာက္ခဲ့ရာမွ နာမည္ေက်ာ္ ေဘာလိဝုဒ္ရုပ္ရွင္မင္းသမီးဘဝသို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

ဒီးရွား ပတာနီကို ေက်ာ္ၾကားေစခဲ့သည္မွာ ၂၀၁၆ ခုႏွစ္က ရံုတင္ခဲ့ေသာ အားကစားအတၳဳပၸတိၱ အေျချပဳ ဟင္ဒီရုပ္ရွင္ဇာတ္ကားျဖစ္ေသာ ‘M.S. Dhoni: The untold story ျဖင့္ နာမည္ေက်ာ္ခဲ့ျခင္း ျဖစ္သည္။

၂၀၁၇ ခုႏွစ္က ရံုတင္ခဲ့ေသာ တရုတ္အက္ရွင္ဟာသကား ‘Kung Fu Yoga’ တြင္ ဒီးရွား ပတာနီ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

အဆိုပါဇာတ္ကားသည္ သမိုင္းတေလွ်ာက္ ဝင္ေငြအမ်ားဆံုး တရုတ္ရုပ္ရွင္မ်ားထဲတြင္ တစ္ခု အပါအဝင္ ျဖစ္ခဲ့သည္။

ဒီးရွား ပတာနီသည္ ေဘာလိဝုဒ္တြင္ ထင္ရွားသည့္ၾကယ္ပြင့္ျဖစ္ရံုမွ်မက ကမၻာေက်ာ္အမွတ္တံဆိပ္မ်ားစြာႏွင့္ လက္တြဲလ်က္ရွိရာ ၂၀၂၁ ခုႏွစ္အတြင္း Calvin Klein ၏ brand ambassador ျဖစ္လာျခင္းလည္း ပါဝင္သည္။

မဟာရပ္ရွ္တရာျပည္နယ္တြင္ တံဆိပ္ေခါင္းခြန္ ေလွ်ာ့ေပါ့ေပးသည့္ အားသာခ်က္ကိုယူကာ ဒီးရွား ပတာနီက Khar west ရွိ လူေနခန္းတစ္ခန္းကို ဝယ္ယူခဲ့သည္။

၁၆ ထပ္ေျမာက္တြင္ တည္ရွိျပီး ၾကမ္းခင္းဧရိယာ ၁၁၁၈ ဒသမ ၅၉ စတုရန္းေပရွိကာ ကား ၂ စင္းရပ္နားရန္ ကားပါကင္ေနရာ ပါဝင္သည္။ တန္ေၾကးမွာ ရူပီး ၅၉၅ သိန္း ျဖစ္သည္။

ဒီးရွား ပတာနီသည္ ထိုအခန္းကို ၂၀၂၁ ခုႏွစ္၊ ဇြန္လ ၁၆ ရက္တြင္ မွတ္ပံုတင္ခဲ့ျပီး တံဆိပ္ေခါင္းခြန္ေၾကး ရူပီး ၁၇ သိန္းေပးခဲ့ရသည္။

မဟာရပ္ရွ္တရာျပည္နယ္အစိုးရက တံဆိပ္ေခါင္းခြန္ေၾကး မူလက ၅ ရာခိုင္ႏႈန္း ေကာက္ခံခဲ့ရာမွ ၃ ရာခိုင္ႏႈန္းသာ ေကာက္ခံမည္ျဖစ္ေၾကာင္း ေၾကညာထားသည့္ သတ္မွတ္ကာလ၏ ေနာက္ဆံုးရက္ျဖစ္ေသာ ၂၀၂၁ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္ ဒီးရွား ပတာနီက ယခုအခန္းကို အျပီးသတ္ဝယ္ယူလိုက္ျခင္းလည္း ျဖစ္သည္။

ဒီးရွား ပတာနီသည္ လူမႈကြန္ရက္မွတဆင့္ ပရိသတ္မ်ားႏွင့္ အျမဲတေစ ထိေတြ႔ႏိုင္ရန္ ၾကိဳးစားေလ့ရွိသည္။

ဒီးရွား ပတာနီက သူ၏အခန္းအတြင္း ဓာတ္ပံုမ်ားစြာရိုက္ကူးကာ လူမႈကြန္ရက္တြင္ တင္ေလ့ရွိရာ သက္ေတာင့္သက္သာျဖစ္မႈႏွင့္ အံ့ဖြယ္ရာ ျမင္ကြင္းမ်ား ေတြ႔ျမင္ရသည္။

(ဒီးရွား ပတာနီ၏ ေနအိမ္ အဓိကအခ်က္အလက္မ်ား)

တိုက္ခန္းတည္ရွိရာမွာ မြန္ဘိုင္းျမိဳ႕၊ Bandra ကမ္းေျခမွ Little Hut အမည္ရွိ အေဆာက္အအံုတြင္ျဖစ္သည္။

ဧည့္ခန္းႏွင့္ ဆက္သြယ္ထားသည့္ လသာေဆာင္မွတဆင့္ ရင္သပ္ရႈေမာဖြယ္ ပင္လယ္ရႈခင္းမ်ား ေတြ႔ျမင္ရသည္။

ဧည့္ခန္းတြင္ ရုပ္ျမင္သံၾကားစက္တစ္လံုးႏွင့္ သက္ေတာင့္သက္သာရွိသည့္ ခံုတန္းအခ်ဳိ႕ ရွိသည္။ အခန္းအတြင္း အပင္ငယ္အခ်ဳိ႕လည္း ထားရွိထားသည္။

ဒီးရွား ပတာနီ၏ အိပ္ခန္းတြင္ ႏူးညံ့ေသာအိပ္ယာတစ္ခုရွိျပီး ထိုေနရာမွာ သူ၏ အိမ္ေမြးတိရ စၦာန္ကေလးမ်ား၏ ကစားကြင္းလည္း ျဖစ္၏။ အိပ္ခန္း၏ အျဖဴေရာင္နံရံတြင္ လွပေသာ လိပ္ျပာစတစ္ကာေလးမ်ား ကပ္ထားသည္။

ျပတင္းေပါက္မ်ားကိုမူ မီးခိုးေရာင္လုိက္ကာမ်ားျဖင့္ ကာရံထား၏။ ညစာစားခန္း၏ အလယ္ဗဟိုတြင္ အျဖဴေရာင္စားပြဲတစ္လံုး ထားရွိသည္။ ဤအခန္းကို လွပေသာအျဖဴေရာင္လိုက္ကာမ်ားျဖင့္ ကာရံထားသည္။

(ဒီးရွား ပတာနီဘာလဲ)

ဒီးရွား ပတာနီ (ေမြး-၁၉၉၃) သည္ အိႏိၵယရုပ္ရွင္မင္းသမီးျဖစ္ျပီး ဟင္ဒီဇာတ္ကားမ်ားတြင္ အမ်ားဆံုးသရုပ္ေဆာင္သည္။

ပြဲဦးထြက္ဇာတ္ကားမွာမူ တလဂူရုပ္ရွင္ ျဖစ္သည္။ ဟင္ဒီရုပ္ရွင္ M.S Dhoni:The Untold Story (၂၀၁၆) ဇာတ္ကားျဖင့္ လူသိမ်ားလာသည္။ ဖခင္မွာ ရဲအရာရွိတစ္ဦးျဖစ္ျပီး မိခင္မွာ က်န္းမာေရးဌာနမွ ျဖစ္သည္။ Amity တကၠသိုလ္တြင္ အင္ဂ်င္နီယာပညာ သင္ယူခဲ့သည္။

(ဒီးရွား ပတာနီ အခ်စ္ေရး)

ဒီးရွား ပတာနီသည္ ေဘာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ တိုက္ဂါးေရွာ့ႏွင့္ ခ်စ္ၾကိဳက္ေနသည္ဟူေသာ သတင္းမ်ားရွိသည္။

၎တို႔ ၂ ဦးတြဲကေနသည့္ ဓာတ္ပံုမ်ားလည္း လူမႈကြန္ရက္တြင္ ေပၚထြက္ခဲ့ဖူးသည္။

ရုပ္ရွင္ဇာတ္ကားတစ္ခု၏ စာနယ္ဇင္းမိတ္ဆက္ပြဲတြင္လည္း သူတို႔ႏွစ္ဦး အတူပြဲတက္လာသည္ကို ေတြ႔ရသည္။

၂၀၂၂ ခုႏွစ္အတြင္း ၎တို႔ ၂ ဦး ပူးတြဲသရုပ္ေဆာင္ထားသည့္ Bade Miyan Chote Miyan အမည္ရွိ ရုပ္ရွင္ဇာတ္ကား ထြက္ရွိလာဖြယ္ရွိရာ ပရိသတ္မ်ားက စိတ္ဝင္စားစြာ ေမွ်ာ္လင့္လ်က္ရွိၾကသည္။

အဆိုပါဇာတ္ကားသည္ ၁၉၉၈ ခုႏွစ္က အမီတာဘဂ်မ္း ပါဝင္သရုပ္ေဆာင္ခဲ့ေသာဇာတ္ကားျဖစ္ျပီး ယခုအခါ အက္ေရွးကူးမား၊ တိုက္ဂါးေရွာ့၊ ဒီးရွား ပတာနီတို႔ျဖင့္ ျပန္လည္ဆန္းသစ္ထားျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A virtual tour of Disha Patani’s beautiful Bandra apartment (housing)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service