စလင်းဒီယွန်း၏ ဖလော်ရီဒါစံအိမ်၊ ကနေဒါမှကျွန်းနှင့် လာ့စ်ဗီးဂပ်စံအိမ်များ

စလင်းဒီယွန်း၏ ဖလော်ရီဒါစံအိမ်၊ ကနေဒါမှကျွန်းနှင့် လာ့စ်ဗီးဂပ်စံအိမ်များ - Property News in Myanmar from iMyanmarHouse.com
27 Apr 2022 10:54 am တွင် တင်ခဲ့သည်
807 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စလင်းဒီယွန်းသည် မိတ်ဆက်ပေးစရာမလိုသူတစ်ဦး ဖြစ်သည်။ သို့သော် သူနှင့်ပတ်သက်သည့် အံ့မခန်း အချက်အလက်များကိုကား ကောက်နှုတ်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

စလင်းဒီယွန်းပိုင်ဆိုင်သော အိမ်ခြံမြေများအကြောင်း ပြောရမည်ဆိုလျှင် ဖလော်ရီဒါရှိ ဂျူပီတာ စံအိမ်၊ လာ့စ်ဗီးဂပ်စ်စံအိမ်မှစကာ ကနေဒါနိုင်ငံ၊ Quebec ရှိ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းအထိ ပါဝင်မည် ဖြစ်သည်။

(စလင်းဒီယွန်း၏ ဖလော်ရီဒါစံအိမ်)

အကယ်၍ သင်သာ ကမ္ဘာ့သမိုင်းတလျှောက် တေးအယ်လ်ဘမ်အရောင်းရဆုံး အဆိုတော်များတွင် တစ်ဦးအပါအဝင်ဖြစ်မည် ဆိုပါက မည်သို့နေထိုင်မည်ကို တွေးတောစိတ်ကူးမိပါသလား။

သင်မည်သို့ စိတ်ကူးအိပ်မက်သည်ဖြစ်စေ စလင်းဒီယွန်း၏ အံ့မခန်းလှပသော ဖလော်ရီဒါစံအိမ်ကို ယှဉ်နိုင်ဦးမည် မဟုတ်ချေ။

စလင်းဒီယွန်း၏ ဖလော်ရီဒါစံအိမ်မှာ သူ၏အသံနည်းတူ အပြစ်ကင်းကာ ချစ်စရာကောင်းလှသည်။

စလင်းဒီယွန်း၏ စံအိမ်အတွင်း အိပ်ခန်း ၁၃ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်းပါဝင်ကာ စံအိမ်အကျယ် ၁၈၈၀၀ စတုရန်းပေရှိရာ မိသားစုတစ်စုနေထိုင်သည့်အိမ်ဟူသည်ထက် ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံးနှင့် သဏ္ဍာန်တူနေသည်။

ကြီးမားလှသော ပင်မစံအိမ်အပြင် ဧည့်ဂေဟာအိမ် ၁ လုံးအပါအဝင် အခြား အဆောက်အအုံ ၅ လုံးပါဝင်သေးသည်။

ဧည့်ဂေဟာအိမ်မှာ လူ ၈ ဦးသက်တောင့်သက်သာ အိပ်စက်နိုင်သည့် စံအိမ်ဖြစ်သည်။

စလင်းဒီယွန်းနှင့် ကွယ်လွန်သွားပြီဖြစ်သော ခင်ပွန်း René Angélil တို့က ယခုစံအိမ်နေရာကို ၂၀၀၅ နှင့် ၂၀၀၈ ခုနှစ်များတွင် ၂ ရစ်ခွဲပေးကာ ကန်ဒေါ်လာ ၁၉ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျသင့်ငွေတွင် အဆောက်အအုံဆောက်လုပ်သည့် ကုန်ကျစရိတ် မပါဝင်သေးချေ။

စံအိမ်မှာ စလင်းဒီယွန်တို့ စုံတွဲ ၂၀၁၀ ပြည့်နှစ်တွင် စိတ်ကြိုက်ဆောက်လုပ်ထားခြင်းဖြစ်သည်။

ခြံအကျယ် ၅ ဒသမ ၇ ဧကရှိကာ ပင်လယ်မျက်နှာစာ ပေ ၄၀၀ ကျော် ရှိသည်။

စံမှီ တင်းနစ်ကွင်းဆီပေါက်သော တင်းနစ်အိမ်တစ်လုံး၊ ဂေါက်ကွင်းတုတစ်ခု၊ မီးဖိုဆောင်နှင့် အကင်နေရာပါသော ရေကူးကန်ဘေးအိမ်တို့ ပါဝင်သည်။

ထို့အပြင် ထပ်ခိုးနှင့် အနှိပ်ခန်းပါသော ကမ်းခြေအိမ်တစ်လုံးလည်း ရှိသေးသည်။

စလင်းဒီယွန်း၏ မျက်စိပသာဒရှိလှသော စံအိမ်ဝန်းအတွင်း အလွန်တရာကျယ်ပြောလှသော ရေကူးကန်ကြီး ၃ ဆင့် တည်ရှိသည်။

တစ်ခုမှာ ခြံနောက်ဘက်တွင်ဖြစ်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို စီးမိုးတွေ့မြင်နေရကာ ခြံရှေ့ရှိ ရေကူးကန် ၂ ခုနှင့် ဆက်သွယ်ထားရာ မယုံနိုင်အောင်လှပသည့် ကိုယ်ပိုင် Water Park တစ်ခုကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။

အဆိုပါရေကူးကန်များထဲတွင် ရေဂါလံ ၅၀၀၀၀၀ အထိ အသုံးပြုထားရသည်ဟု ဆိုသည်။

ခြံတွင်းခြံပြင် အိုအေစစ်များအနေဖြင့် တငြိမ့်ငြိမ့်စီးဆင်းနေသောမြစ်တစ်ခု၊ ရေမှုတ်ထုတ်ပေးသည့်စက်များ၊ ခရုပတ် ဆလိုက်လျှောများနှင့် သစ်ပင်အိမ်တစ်လုံးတို့လည်း ရှိသေးသည်။

ခြံထဲတွင် ကိုယ်ပိုင် Water Park တစ်ခုရှိနေသော စံအိမ်တစ်လုံးကို မည်သူမလိုချင် ရှိပါမည်နည်။

ယင်းသို့ ကျောမခိုင်းနိုင်ဖွယ် အချက်များစွာရှိသည့်တိုင် စလင်းဒီယွန်းက အဆိုပါစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇၂ သန်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းထွက်သွားရာ ခေါ်ဈေး၏ ထက်ဝက်ပင်မရှိချေ။

ပရိဘောဂအပြည့်အစုံဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စလင်းဒီယွန်ဘာလို့ ရောင်းခဲ့လဲ)

စလင်းဒီယွန်၏ ခင်ပွန်း René သည် ယခုစံအိမ်တွင် နေထိုင်ရင်း ကျန်းမာရေးယိုယွင်းလာသည်။

၂၀၁၆ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသောအခါ စလင်းဒီယွန်းမှာ ခင်ပွန်းဖြစ်သူမရှိတော့သည့် စံအိမ်ကြီးတွင် မနေလိုတော့။

ဤစံအိမ်တွင် ခင်ပွန်းနှင့် အမှတ်တရများစွာရှိခဲ့သည် မဟုတ်ပါလော။

(စလင်းဒီယွန်း၏ လာ့စ်ဗီးဂပ် စံအိမ်)

စလင်းဒီယွန်းသည် ဒုစရိုက်မြို့တော်ဟု လူသိများသော လာ့စ်ဗီးဂပ်တွင် ကာလအတန်ကြာအောင် နေခဲ့သူ ဖြစ်သည်။

လာ့စ်ဗီးဂပ်တွင် စလင်းဒီယွန်း ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သည်မှာ ၁၆ နှစ်ရှိခဲ့သည်။ သို့အတွက် လာ့စ်ဗီးဂပ်ကို ရောက်လျှင် စလင်းဒီယွန်းအတွက် အိမ်သို့ ပြန်ရောက်သည့်သဖွယ်ပင်။

စလင်းဒီယွန်းသည် နီဗားဒါးပြည်နယ်၊ Henderson မြို့အနီးတွင်လည်း စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Summerlin တွင် မိမိနှင့် ကလေးများအတွက် စံအိမ်သစ်အဖြစ် ရည်ရွယ်ကာ ၂၀၁၈ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းစံအိမ်တွင် အိပ်ခန်း ၈ ခန်း၊ ကားအစီး ၂၀ ဆန့် မြေအောက်ဂိုဒေါင်၊ စလင်းဒီယွန်း၏ မိခင် Thérèse အတွက် သီးခြား ဧည့်ခန်းတို့ ပါဝင်သည်။

(စလင်းဒီယွန်း၏ ကိုယ်ပိုင်ကျွန်း)

စလင်းဒီယွန်းသည် ကနေဒါနိုင်ငံ၊ Quebec တွင် ကျွန်းတစ်ကျွန်းပိုင်ဆိုင်ထားပြီး အဆိုပါကျွန်းပေါ်ရှိ ရဲတိုက်ကြီးတွင် တချိန်က နေထိုင်ခဲ့ဖူးသည်။ ဝိတိုရိယခေတ်အဆောက်အအုံဟန်ပန်မျိုး ဖြစ်သည်။ စလင်းဒီယွန်းတို့ မိသားစုအတွက် စိတ်ကြိုက်ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်၏။

အဆောက်အအုံအကျယ်အဝန်းမှာ ၂၄၀၀၀ စတုရန်းပေအထိပင်ရှိသည်။ ကျောက်တုံးများဖြင့် ဆောက်လုပ်ပြီး သင်ပုန်းကျောက်မိုးထားကာ စတုရန်းပေပေါင်း ၈၃၀၀၀၀ ကျယ်ဝန်းသည့် ကိုယ်ပိုင်ကျွန်းပေါ်တွင် တည်ရှိသည်။

စလင်းဒီယွန်း၏ စံအိမ်သို့ သွားမည်ဆိုလျှင် ဂိတ်တံခါးတပ်ထားသော တံတားတစ်စင်းမှတစ်ဆင်း ကျွန်းသို့ ဝင်ရောက်ရမည်ဖြစ်ရာ အကောင်းဆုံးတကိုယ်ရည်လုံခြုံမှုကို ရရှိနိုင်မည့် နေရာလည်း ဖြစ်သည်။

(စလင်းဒီယွန်း၏ ကြွယ်ဝမှု)

စလင်းဒီယွန်းသည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၅၀ ကျော် ရောင်းချထားရပြီးဖြစ်ရာ ကမ္ဘာ့သမိုင်းတစ်လျှောက် အရောင်းရဆုံးအဆိုတော်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံရသည်။

၂၀၁၉ ခုနှစ် အချက်အလက်များအရ စလင်းဒီယွန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

အဓိကဝင်ငွေရရှိသည်မှာ စင်မြင့်ဖျော်ဖြေပွဲများမှဖြစ်ပြီး လာ့စ်ဗီးဂပ်မြို့မှ ဖျော်ဖြေပွဲများဖြင့်ပင်လျှင် သူ၏ ဝင်ငွေမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိခဲ့သည်။

A New Day အမည်ဖြင့် ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ နယ်လှည့်ဖျော်ဖြေပွဲများနှင့် Celine အမည်ဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နယ်လှည့်ဖျော်ဖြေပွဲများတွင် စုစုပေါင်းလက်မှတ်စောင်ရေ ၄၅၅၅၇၅၂ စောင် ရောင်းချခဲ့ရကာ ဝင်ငွေ ကန်ဒေါ်လာ ၆၈၁ ဒသမ ၃ သန်းရှိခဲ့သည်။

စလင်းဒီယွန်းသည် တစ်နှစ်လျှင် ဂီတဖျော်ဖြေပွဲပေါင်း ၇၀ ခန့် သီဆိုဖျော်ဖြေလေ့ရှိရာ တစ်ပွဲလျှင် ကန်ဒေါ်လာ ၅၀၀၀၀၀ ဖြစ်ရာ သူ၏ဝင်ငွေကို မှန်းဆကြည့်နိုင်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Celine Dion House: A Florida Water Park, A Private Island in Quebec & Mansions in Las Vegas (velvetropes)

[Zawgyi]

စလင္းဒီယြန္း၏ ဖေလာ္ရီဒါစံအိမ္၊ ကေနဒါမွကၽြန္းႏွင့္ လာ့စ္ဗီးဂပ္စံအိမ္မ်ား

စလင္းဒီယြန္းသည္ မိတ္ဆက္ေပးစရာမလိုသူတစ္ဦး ျဖစ္သည္။ သို႔ေသာ္ သူႏွင့္ပတ္သက္သည့္ အံ့မခန္း အခ်က္အလက္မ်ားကိုကား ေကာက္ႏႈတ္ေဖာ္ျပေပးသြားမည္ ျဖစ္ပါသည္။

စလင္းဒီယြန္းပိုင္ဆိုင္ေသာ အိမ္ျခံေျမမ်ားအေၾကာင္း ေျပာရမည္ဆိုလွ်င္ ဖေလာ္ရီဒါရွိ ဂ်ဴပီတာ စံအိမ္၊ လာ့စ္ဗီးဂပ္စ္စံအိမ္မွစကာ ကေနဒါႏိုင္ငံ၊ Quebec ရွိ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္းအထိ ပါဝင္မည္ ျဖစ္သည္။

(စလင္းဒီယြန္း၏ ဖေလာ္ရီဒါစံအိမ္)

အကယ္၍ သင္သာ ကမၻာ့သမိုင္းတေလွ်ာက္ ေတးအယ္လ္ဘမ္အေရာင္းရဆံုး အဆိုေတာ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္မည္ ဆိုပါက မည္သို႔ေနထိုင္မည္ကို ေတြးေတာစိတ္ကူးမိပါသလား။

သင္မည္သုိ႔ စိတ္ကူးအိပ္မက္သည္ျဖစ္ေစ စလင္းဒီယြန္း၏ အံ့မခန္းလွပေသာ ဖေလာ္ရီဒါစံအိမ္ကို ယွဥ္ႏိုင္ဦးမည္ မဟုတ္ေခ်။

စလင္းဒီယြန္း၏ ဖေလာ္ရီဒါစံအိမ္မွာ သူ၏အသံနည္းတူ အျပစ္ကင္းကာ ခ်စ္စရာေကာင္းလွသည္။

စလင္းဒီယြန္း၏ စံအိမ္အတြင္း အိပ္ခန္း ၁၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၁၄ ခန္းပါဝင္ကာ စံအိမ္အက်ယ္ ၁၈၈၀၀ စတုရႏ္းေပရွိရာ မိသားစုတစ္စုေနထိုင္သည့္အိမ္ဟူသည္ထက္ ၾကယ္ငါးပြင့္ဟိုတယ္ၾကီးတစ္လံုးႏွင့္ သ႑ာန္တူေနသည္။ ၾကီးမားလွေသာ ပင္မစံအိမ္အျပင္ ဧည့္ေဂဟာအိမ္ ၁ လံုးအပါအဝင္ အျခား အေဆာက္အအံု ၅ လံုးပါဝင္ေသးသည္။

ဧည့္ေဂဟာအိမ္မွာ လူ ၈ ဦးသက္ေတာင့္သက္သာ အိပ္စက္ႏိုင္သည့္ စံအိမ္ျဖစ္သည္။

စလင္းဒီယြန္းႏွင့္ ကြယ္လြန္သြားျပီျဖစ္ေသာ ခင္ပြန္း René Angélil တို႔က ယခုစံအိမ္ေနရာကို ၂၀၀၅ ႏွင့္ ၂၀၀၈ ခုႏွစ္မ်ားတြင္ ၂ ရစ္ခြဲေပးကာ ကန္ေဒၚလာ ၁၉ ဒသမ ၆၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အဆိုပါက်သင့္ေငြတြင္ အေဆာက္အအံုေဆာက္လုပ္သည့္ ကုန္က်စရိတ္ မပါဝင္ေသးေခ်။

စံအိမ္မွာ စလင္းဒီယြန္တို႔ စံုတြဲ ၂၀၁၀ ျပည့္ႏွစ္တြင္ စိတ္ၾကိဳက္ေဆာက္လုပ္ထားျခင္းျဖစ္သည္။

ျခံအက်ယ္ ၅ ဒသမ ၇ ဧကရွိကာ ပင္လယ္မ်က္ႏွာစာ ေပ ၄၀၀ ေက်ာ္ ရွိသည္။

စံမွီ တင္းနစ္ကြင္းဆီေပါက္ေသာ တင္းနစ္အိမ္တစ္လံုး၊ ေဂါက္ကြင္းတုတစ္ခု၊ မီးဖိုေဆာင္ႏွင့္ အကင္ေနရာပါေသာ ေရကူးကန္ေဘးအိမ္တို႔ ပါဝင္သည္။ ထို႔အျပင္ ထပ္ခိုးႏွင့္ အႏွိပ္ခန္းပါေသာ ကမ္းေျခအိမ္တစ္လံုးလည္း ရွိေသးသည္။

စလင္းဒီယြန္း၏ မ်က္စိပသာဒရွိလွေသာ စံအိမ္ဝန္းအတြင္း အလြန္တရာက်ယ္ေျပာလွေသာ ေရကူးကန္ၾကီး ၃ ဆင့္ တည္ရွိသည္။

တစ္ခုမွာ ျခံေနာက္ဘက္တြင္ျဖစ္ျပီး အတၱလႏၱိတ္သမုဒၵရာကို စီးမိုးေတြ႔ျမင္ေနရကာ ျခံေရွ႕ရွိ ေရကူးကန္ ၂ ခုႏွင့္ ဆက္သြယ္ထားရာ မယံုႏိုင္ေအာင္လွပသည့္ ကိုယ္ပိုင္ Water Park တစ္ခုကို ပိုင္ဆိုင္ထားျခင္းလည္း ျဖစ္သည္။

အဆိုပါေရကူးကန္မ်ားထဲတြင္ ေရဂါလံ ၅၀၀၀၀၀ အထိ အသံုးျပဳထားရသည္ဟု ဆိုသည္။

ျခံတြင္းျခံျပင္ အိုေအစစ္မ်ားအေနျဖင့္ တျငိမ့္ျငိမ့္စီးဆင္းေနေသာျမစ္တစ္ခု၊ ေရမႈတ္ထုတ္ေပးသည့္စက္မ်ား၊ ခရုပတ္ ဆလိုက္ေလွ်ာမ်ားႏွင့္ သစ္ပင္အိမ္တစ္လံုးတို႔လည္း ရွိေသးသည္။

ျခံထဲတြင္ ကိုယ္ပုိင္ Water Park တစ္ခုရွိေနေသာ စံအိမ္တစ္လံုးကို မည္သူမလိုခ်င္ ရွိပါမည္နည္။

ယင္းသို႔ ေက်ာမခိုင္းႏိုင္ဖြယ္ အခ်က္မ်ားစြာရွိသည့္တိုင္ စလင္းဒီယြန္းက အဆိုပါစံအိမ္ကို ၂၀၁၃ ခုႏွစ္အတြင္း အေရာင္းေစ်းကြက္တင္ခဲ့ျပီး ထိုစဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ ၇၂ သန္းျဖစ္သည္။

၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၂၈ သန္းျဖင့္ ေရာင္းထြက္သြားရာ ေခၚေစ်း၏ ထက္ဝက္ပင္မရွိေခ်။

ပရိေဘာဂအျပည့္အစံုျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

(စလင္းဒီယြန္ဘာလို႔ ေရာင္းခဲ့လဲ)

စလင္းဒီယြန္၏ ခင္ပြန္း René သည္ ယခုစံအိမ္တြင္ ေနထိုင္ရင္း က်န္းမာေရးယိုယြင္းလာသည္။

၂၀၁၆ ခုႏွစ္တြင္ ခင္ပြန္းျဖစ္သူ ကြယ္လြန္သြားေသာအခါ စလင္းဒီယြန္းမွာ ခင္ပြန္းျဖစ္သူမရွိေတာ့သည့္ စံအိမ္ၾကီးတြင္ မေနလိုေတာ့။

ဤစံအိမ္တြင္ ခင္ပြန္းႏွင့္ အမွတ္တရမ်ားစြာရွိခဲ့သည္ မဟုတ္ပါေလာ။

(စလင္းဒီယြန္း၏ လာ့စ္ဗီးဂပ္ စံအိမ္)

စလင္းဒီယြန္းသည္ ဒုစရိုက္ျမိဳ႕ေတာ္ဟု လူသိမ်ားေသာ လာ့စ္ဗီးဂပ္တြင္ ကာလအတန္ၾကာေအာင္ ေနခဲ့သူ ျဖစ္သည္။

လာ့စ္ဗီးဂပ္တြင္ စလင္းဒီယြန္း ေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္ခဲ့သည္မွာ ၁၆ ႏွစ္ရွိခဲ့သည္။ သို႔အတြက္ လာ့စ္ဗီးဂပ္ကို ေရာက္လွ်င္ စလင္းဒီယြန္းအတြက္ အိမ္သို႔ ျပန္ေရာက္သည့္သဖြယ္ပင္။

စလင္းဒီယြန္းသည္ နီဗားဒါးျပည္နယ္၊ Henderson ျမိဳ႕အနီးတြင္လည္း စံအိမ္တစ္လံုး ပိုင္ဆိုင္ထားေသးသည္။

လူကံုထံရပ္ကြက္တစ္ခုျဖစ္ေသာ Summerlin တြင္ မိမိႏွင့္ ကေလးမ်ားအတြက္ စံအိမ္သစ္အျဖစ္ ရည္ရြယ္ကာ ၂၀၁၈ ခုႏွစ္အတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

ယင္းစံအိမ္တြင္ အိပ္ခန္း ၈ ခန္း၊ ကားအစီး ၂၀ ဆန္႔ ေျမေအာက္ဂိုေဒါင္၊ စလင္းဒီယြန္း၏ မိခင္ Thérèse အတြက္ သီးျခား ဧည့္ခန္းတို႔ ပါဝင္သည္။

(စလင္းဒီယြန္း၏ ကိုယ္ပိုင္ကၽြန္း)

စလင္းဒီယြန္းသည္ ကေနဒါႏိုင္ငံ၊ Quebec တြင္ ကၽြႏ္းတစ္ကၽြန္းပိုင္ဆိုင္ထားျပီး အဆိုပါကၽြန္းေပၚရွိ ရဲတိုက္ၾကီးတြင္ တခ်ိန္က ေနထိုင္ခဲ့ဖူးသည္။ ဝိတိုရိယေခတ္အေဆာက္အအံုဟန္ပန္မ်ိဳး ျဖစ္သည္။ စလင္းဒီယြန္းတို႔ မိသားစုအတြက္ စိတ္ၾကိဳက္ေဆာက္လုပ္ခဲ့ျခင္းလည္း ျဖစ္၏။

အေဆာက္အအံုအက်ယ္အဝန္းမွာ ၂၄၀၀၀ စတုရန္းေပအထိပင္ရွိသည္။ ေက်ာက္တံုးမ်ားျဖင့္ ေဆာက္လုပ္ျပီး သင္ပုန္းေက်ာက္မိုးထားကာ စတုရန္းေပေပါင္း ၈၃၀၀၀၀ က်ယ္ဝန္းသည့္ ကိုယ္ပိုင္ကၽြန္းေပၚတြင္ တည္ရွိသည္။ စလင္းဒီယြန္း၏ စံအိမ္သို႔ သြားမည္ဆိုလွ်င္ ဂိတ္တံခါးတပ္ထားေသာ တံတားတစ္စင္းမွတစ္ဆင္း ကၽြန္းသို႔ ဝင္ေရာက္ရမည္ျဖစ္ရာ အေကာင္းဆံုးတကိုယ္ရည္လံုျခံဳမႈကို ရရွိႏိုင္မည့္ ေနရာလည္း ျဖစ္သည္။

(စလင္းဒီယြန္း၏ ၾကြယ္ဝမႈ)

စလင္းဒီယြန္းသည္ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၅၀ ေက်ာ္ ေရာင္းခ်ထားရျပီးျဖစ္ရာ ကမၻာ့သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးအဆိုေတာ္မ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံရသည္။

၂၀၁၉ ခုႏွစ္ အခ်က္အလက္မ်ားအရ စလင္းဒီယြန္း၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၈၀၀ ရွိျပီး ကမၻာ့အခ်မ္းသာဆံုး အဆိုေတာ္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

အဓိကဝင္ေငြရရွိသည္မွာ စင္ျမင့္ေဖ်ာ္ေျဖပြဲမ်ားမွျဖစ္ျပီး လာ့စ္ဗီးဂပ္ျမိဳ႕မွ ေဖ်ာ္ေျဖပြဲမ်ားျဖင့္ပင္လွ်င္ သူ၏ ဝင္ေငြမွာ ကန္ေဒၚလာ ၁ ဒသမ ၄ ဘီလီယံရွိခဲ့သည္။

A New Day အမည္ျဖင့္ ၂၀၀၃ မွ ၂၀၀၇ ခုႏွစ္အထိ နယ္လွည့္ေဖ်ာ္ေျဖပြဲမ်ားႏွင့္ Celine အမည္ျဖင့္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အထိ နယ္လွည့္ေဖ်ာ္ေျဖပြဲမ်ားတြင္ စုစုေပါင္းလက္မွတ္ေစာင္ေရ ၄၅၅၅၇၅၂ ေစာင္ ေရာင္းခ်ခဲ့ရကာ ဝင္ေငြ ကန္ေဒၚလာ ၆၈၁ ဒသမ ၃ သန္းရွိခဲ့သည္။

စလင္းဒီယြန္းသည္ တစ္ႏွစ္လွ်င္ ဂီတေဖ်ာ္ေျဖပြဲေပါင္း ၇၀ ခန္႔ သီဆိုေဖ်ာ္ေျဖေလ့ရွိရာ တစ္ပြဲလွ်င္ ကန္ေဒၚလာ ၅၀၀၀၀၀ ျဖစ္ရာ သူ၏ဝင္ေငြကို မွန္းဆၾကည့္ႏိုင္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Celine Dion House: A Florida Water Park, A Private Island in Quebec & Mansions in Las Vegas (velvetropes)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service