အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု
အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2022 12:24 pm တွင် တင်ခဲ့သည်
3032 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု
အင်္ကျီမှာ ဆီစွန်းသွားတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ တချို့ ဆီစွန်းတွေက မပျောက်တာကြောင့် ကိုယ်ကြိုက်ရတဲ့ အဝတ်အစားတွေ အလကား ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားရင် အဝတ်အစား ဆီစွန်းလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။
၁။ ရှားစောင်းလက်ပက်ဂျယ်
ရေနွေးထဲမှာ ဆီစွန်းတဲ့ အဝတ်အစားကို ထည့်စိမ်လိုက်ပါ။ ရှားစောင်းလက်ပက်ဂျယ်ကို ဆီစွန်းနေရာမှာ သုတ်ပြီး ပွတ်တိုက်လိုက်ပါ။ ပြီးတော့ အဝတ်ကို ရေနွေးနဲ့ လျှော်ပါ။ နောက်ဆုံးမှာတော့ လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ။
၂။ ပြောင်းကော်မှုန့်
ပြောင်းကော်မှုန့် အနည်းငယ်နဲ့ ဆီစွန်းအဝတ်ကို မိနစ် ၃၀ ခန့် ရောစိမ်ထားပါ။ ပြီးရင် သွားတိုက်တံလေးနဲ့ ဆီစွန်းတဲ့ နေရာကို ပွတ်တိုက်ပါ။ နောက်ဆုံးမှာတော့ ရေအေးနဲ့ပြန်လျှော်ပါ။
၃။ သံပုရာရည်
အဝတ်အစားမှာ ဆီစွန်းသွားရင် ဆီစုပ်စက္ကူနဲ့ မြန်မြန် သုတ်လိုက်ပါ။ သံပုရာရည်ကို ဆီစွန်းတဲ့ နေရာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။ နောက်တစ်ဆင့်မှာတော့ ဆီစွန်းနေတဲ့ နေရာကို ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး လျှော်ပါ။
၄။ ပန်းကန်ဆေး ဆပ်ပြာရည်
ဆီစွန်းတဲ့ အဝတ်ကို ပန်းကန်ဆေး ဆပ်ပြာရည်နဲ့ ၁၀ မိနစ်ခန့် စိမ်ထားပါ။ အဝတ်အစားကို ရေနွေးနဲ့ ပြန်လျှော်ပါ။ ပြီးရင်တော့ ရေဆေးချပြီး အခြောက်ခံလိုက်လို့ ရပါပြီ။
၅။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည် အနည်းငယ်ကို ဆီစွန်းအဝတ်မှာ သုတ်လိမ်းပါ။ ပြီးရင် ချည်ပိတ်စလေးနဲ့ ပွတ်ပေးပြီး ၁၅ မိနစ်ကြာ ထားပါ။ နောက်ဆုံးမှာတော့ ပုံမှန် လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၆။ ဆားနှင့် အရက်ပြန်
ဆား စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရက်ပြန် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ ဆီစုပ်တဲ့ ချည်သားနဲ့ ဆီစွန်းတဲ့ အဝတ်ကို ပွတ်တိုက်ပါ။ နောက်တစ်ဆင့်မှာတော့ ဆားနဲ့အရက်ပြန် ရောထားတဲ့ အရည်ကို ချည်သားလေးနဲ့ တို့ပြီး ဆီစွန်းတဲ့ အဝတ်မှာ ပွတ်တိုက်ပါ။ ဒီနည်းလမ်းက ပြင်းထန်တာကြောင့် အခြား အဝတ်အစားမှာ အရင်ဆုံး စမ်းကြည့်စေချင်ပါတယ်။
၇။ သွားတိုက်ဆေး
သွားတိုက်ဆေး အနည်းငယ်ကို ဆီစွန်းနဲ့နေရာမှာ သုတ်လိမ်းပြီး သွားတိုက်တံနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းကတော့ သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီးရင် ရေအေးနဲ့ ဆေးချပေးလိုက်ပါ။
၈။ Carbonated water
Carbonated water ကို အစွန်းအထင်းတွေ ရှိတဲ့ နေရာကို လောင်းချပါ။ သေသေချာချာ ပွတ်တိုက်ပြီး လိုအပ်ရင် carbonated water ကို ထပ်လောင်းချပါ။ ပြီးရင်တော့ လျှော်နေကျအတိုင်း လျှော်လို့ ရပါပြီ။
၉။ Hair Spray
အစွန်းအထင်း ရှိတဲ့နေရာကို hair spray ဖျန်းပြီး ၃ နာရီခန့် ကြာအောင် ထားပါ။ နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျ ဆပ်ပြာနဲ့ လျှော်လို့ ရပါပြီ။
စာဖတ် ပရိတ်သတ်ကြီးများ အားလုံးပဲအဆင်ပြေကြပါစေ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: dmyay
[Zawgyi]
၂။ ပြောင်းကော်မှုန့်
၃။ သံပုရာရည်
၎။ ပန်းကန်ဆေး ဆပ်ပြာရည်
၅။ ပန်းသီးရှာလကာရည်
၆။ ဆားနှင့် အရက်ပြန်
၇။ သွားတိုက်ဆေး
၈။ Carbonated water
၉။ Hair Spray
Credit: dmyay
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service