ဘာဟုဘာလီမင်းသား ပရာဘာ့စ် ၏ ဟိုက်ဒရာဘက်ဒ်မြို့စံအိမ်ကြီး

ဘာဟုဘာလီမင်းသား ပရာဘာ့စ် ၏ ဟိုက်ဒရာဘက်ဒ်မြို့စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
24 Mar 2022 10:08 am တွင် တင်ခဲ့သည်
4981 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နာမည်ကြီး အိန္ဒိယသရုပ်ဆောင် ပရာဘာ့စ်သည် သူ၏ အနုပညာသက်တမ်းတစ်လျှောက် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများစွာရှိခဲ့ပြီး ယင်းအနက် ဘာဟုဘာလီလည်း အပါအဝင်ဖြစ်သည်။

ပရာဘာ့စ်၏ စံအိမ်တည်နေရာမှာ ဟိုက်ဒရာဘက်ဒ်မြို့၏ မြေဈေးအကြီးဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော ဂျူဗလီကုန်း (Jubilee Hills) တွင် တည်ရှိသည်။

ပရာဘာ့စ်၏ အမည်ရင်းမှာ ဗန်ကတ ဆတ်ယနာ ရာယန ပရာဘာ့စ် ရာဂျူး ဥပလပါ့တီး (Venkata Satyanarayana Prabhas Raju Uppalapati ) ဖြစ်ပြီး ပရာဘာ့စ်ဟုသာ လူသိများသည်။

ပရာဘာ့စ်သည် ရုပ်ရှင်နှင့် ကြော်ငြာရိုက်ကူးရန်အတွက် မွမ်ဘိုင်းမြို့သို့ မကြာခဏသွားရောက်လေ့ရှိသည်။ မကြာမီတွင် မွန်ဘိုင်းမြို့၌ နေအိမ်တစ်လုံး ဝယ်ယူသွားရန်လည်း စီစဉ်နေကြောင်း ပရာဘာ့စ်က ပြောသည်။

သို့သော် ဟိုက်ဒရာဘက်သည် သူ၏ အမြဲတမ်းနေအိမ်ဖြစ်ပြီး မွန်ဘိုင်းသို့ ပြောင်းရွှေ့နေထိုင်ရန် လတ်တလောတွင် အစီအစဉ်မရှိကြောင်း ပရာဘာ့စ်က အင်တာဗျူးများစွာတွင် ပြောခဲ့ဖူးသည်။

အောက်ဖော်ပြပါတို့မှာ ဟိုက်ဒရာဘက်ဒ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ပရာဘာ့စ်၏ စံအိမ်အကြောင်းနှင့် ပတ်သက်သည့် သင်သိလိုသမျှကို ဖော်ပြထားပါသည်။

(ပရာဘာ့စ်၏ ဟိုက်ဒရာဘက် စံအိမ်)

ဟိုက်ဒရာဘက်ဒ်မြို့၊ Jubilee Hils တွင် ပရာဘာ့စ်၏ ထည်ဝါလှသော ဘန်ဂလိုအိမ်ကြီး တည်ရှိသည်။ ကြီးမားသည့် မျက်နှာစာရှိပြီး ကျယ်ဝန်းသော ပန်းဥယျာဉ်တစ်ခုလည်း ပါဝင်သည်။

သတင်းမီဒီယာတို့တွင် ဖော်ပြချက်အရ ပရာဘာ့စ်၏ Jubilee Hills စံအိမ်အတွင်း အိမ်တွင်းရေကူးကန်၊ ဂရုတစိုက် ထိန်းသိမ်းမွမ်းမံထားသော ပန်းဥယျာဉ်၊ ပြည်ပမှတင်သွင်းလာသော ရူပီး ၁၅ သန်းတန်ကြေးရှိ အားကစားလေ့ကျင့်ပစ္စည်းများ ပါဝင်သော ထိပ်တန်းအားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။

ပရာဘာ့စ်သည် လက်တွေ့ဆန်သူတစ်ဦးဖြစ်ပြီး သိုသိုသိပ်သိပ်နေရခြင်းကို သဘောကျသည်။ နေအိမ်ဟူသည်ကို အခြားသူများအား ကြွားဝါပြသရန် နေရာမဟုတ်ဘဲ မိမိတစ်ကိုယ်ရည် အနားယူရာ နေရာမျိုးအဖြစ်သာ ပရာဘာ့စ်က သဘောထားသည်။

သတင်းအချို့တွင် ဖော်ပြချက်များအရ အိန္ဒိယနိုင်ငံ၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်၊ ဘီးမားဘရန် (Bhimavaram) မြို့တွင် ပရာဘာ့စ်က နေအိမ်တစ်လုံးဝယ်ယူထားသေးသည်ဟု ဆိုသည်။

အဆိုပါ စံအိမ်သည် ခြံအကျယ်အဝန်း ၈၄ ဧကကျော်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းအတန်ကြာက ဝယ်ယူခဲ့ခြင်းဖြစ်ကာ ရူပီး ၁၀၅ သိန်း ပေးခဲ့ရသည်။ ရေကူးကန်၊ ကစားကွင်းနှင့် အားကစားရုံရှိသော နေရာကို နောက်ပိုင်းတွင်မှ ဝယ်ယူကာ ပင်မစံအိမ်နေရာနှင့် ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်။

ပရာဘာ့စ်သည် ၂၀၀၂ ခုနှစ်တွင် Eeswar ရုပ်ရှင်မှ စတင်ကာ ရုပ်ရှင်လောကအတွင်း ဝင်ရောက်ခဲ့သည်။

ဘာဟုဘာလီ (Baahubali) နှင့် ဘာဟုဘာလီ -၂ (Baahubali 2: The Conclusion) ဇာတ်ကားများဖြင့် ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာခဲ့သည်။ ဘာဟုဘာလီ ရုပ်ရှင် ၂ ခုလုံးမှာ သမိုင်းတစ်လျှောက် အိန္ဒိယ၏ ဝင်ငွေအကောင်းဆုံး ထိပ်တန်း ရုပ်ရှင်ဇာတ်ကား ၅ ခုတွင် ပါဝင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။

ပရာဘာ့စ်၏ စံအိမ်တည်ရှိရာ ဂျူဗလီဟေးစ်သည် ဘောလိဝုဒ်၏ အကြီးမားဆုံး ရုပ်ရှင်စတူဒီယိုကြီးများ ဖြစ်သော Ramanaidu စတူဒီယို၊ Padmalaya စတူဒီယိုနှင့် Annapurna စတူဒီယိုကြီးများ တည်ရှိရာဒေသ လည်း ဖြစ်သည်။

ဟိုက်ဒရာဘက်ဒ်မြို့၏ ဈေးအကြီးဆုံးလူနေရပ်ကွက်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံရေးသမားများ၊ စက်ရုံလုပ်ငန်းရှင်ကြီးများ၊ အားကစားကြယ်ပွင့်များနှင့် ရုပ်ရှင်မင်းသား၊ မင်းသမီးများ နေထိုင်ကြသော နေရာလည်း ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီး၏ အိန္ဒိယထိပ်တန်းအကျော်အမော် ၁၀၀ ဦးစာရင်းတွင် ပရာဘာ့စ်ကို ၂၀၁၇ ခုနှစ်အတွင်းက ထည့်သွင်းဖော်ပြခဲ့ဖူးသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Prabhas house in Hyderabad: Inside the Baahubali actor’s home (housing)

 

[Zawgyi]

ဘာဟုဘာလီမင္းသား ပရာဘာ့စ္ ၏ ဟိုက္ဒရာဘက္ဒ္ျမိဳ႕စံအိမ္ၾကီး

နာမည္ၾကီး အိႏိၵယသ႐ုပ္ေဆာင္ ပရာဘာ့စ္သည္ သူ၏ အႏုပညာသက္တမ္းတစ္ေလွ်ာက္ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့သည့္ ရုပ္ရွင္ဇာတ္ကားမ်ားစြာရွိခဲ့ျပီး ယင္းအနက္ ဘာဟုဘာလီလည္း အပါအဝင္ျဖစ္သည္။

ပရာဘာ့စ္၏ စံအိမ္တည္ေနရာမွာ ဟိုက္ဒရာဘက္ဒ္ျမိဳ႕၏ ေျမေစ်းအၾကီးဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ဂ်ဴဗလီကုန္း (Jubilee Hills) တြင္ တည္ရွိသည္။

ပရာဘာ့စ္၏ အမည္ရင္းမွာ ဗန္ကတ ဆတ္ယနာ ရာယန ပရာဘာ့စ္ ရာဂ်ဴး ဥပလပါ့တီး (Venkata Satyanarayana Prabhas Raju Uppalapati ) ျဖစ္ျပီး ပရာဘာ့စ္ဟုသာ လူသိမ်ားသည္။

ပရာဘာ့စ္သည္ ႐ုပ္႐ွင္ႏွင့္ ေၾကာ္ျငာ႐ိုက္ကူးရန္အတြက္ မြမ္ဘိုင္းၿမိဳ႕သို႔ မၾကာခဏသြားေရာက္ေလ့႐ွိသည္။ မၾကာမီတြင္ မြန္ဘိုင္းၿမိဳ႕၌ ေနအိမ္တစ္လုံး ဝယ္ယူသြားရန္လည္း စီစဥ္ေနေၾကာင္း ပရာဘာ့စ္က ေျပာသည္။

သို႔ေသာ္ ဟိုက္ဒရာဘက္သည္ သူ၏ အျမဲတမ္းေနအိမ္ျဖစ္ျပီး မြန္ဘိုင္းသို႔ ေျပာင္းေရႊ႕ေနထိုင္ရန္ လတ္တေလာတြင္ အစီအစဥ္မရွိေၾကာင္း ပရာဘာ့စ္က အင္တာဗ်ဴးမ်ားစြာတြင္ ေျပာခဲ့ဖူးသည္။

ေအာက္ေဖာ္ျပပါတို႔မွာ ဟိုက္ဒရာဘက္ဒ္ျမိဳ႕၏ အထင္ကရတစ္ခုျဖစ္ေသာ ပရာဘာ့စ္၏ စံအိမ္အေၾကာင္းႏွင့္ ပတ္သက္သည့္ သင္သိလိုသမွ်ကို ေဖာ္ျပထားပါသည္။

(ပရာဘာ့စ္၏ ဟိုက္ဒရာဘက္ စံအိမ္)

ဟိုက္ဒရာဘက္ဒ္ျမိဳ႕၊ Jubilee Hils တြင္ ပရာဘာ့စ္၏ ထည္ဝါလွေသာ ဘန္ဂလိုအိမ္ၾကီး တည္ရွိသည္။ ၾကီးမားသည့္ မ်က္ႏွာစာရွိျပီး က်ယ္ဝန္းေသာ ပန္းဥယ်ာဥ္တစ္ခုလည္း ပါဝင္သည္။

သတင္းမီဒီယာတို႔တြင္ ေဖာ္ျပခ်က္အရ ပရာဘာ့စ္၏ Jubilee Hills စံအိမ္အတြင္း အိမ္တြင္းေရကူးကန္၊ ဂရုတစိုက္ ထိန္းသိမ္းမြမ္းမံထားေသာ ပန္းဥယ်ာဥ္၊ ျပည္ပမွတင္သြင္းလာေသာ ရူပီး ၁၅ သန္းတန္ေၾကးရွိ အားကစားေလ့က်င့္ပစၥည္းမ်ား ပါဝင္ေသာ ထိပ္တန္းအားကစားေလ့က်င့္ခန္းမတို႔ ပါဝင္သည္။

ပရာဘာ့စ္သည္ လက္ေတြ႔ဆန္သူတစ္ဦးျဖစ္ျပီး သိုသိုသိပ္သိပ္ေနရျခင္းကို သေဘာက်သည္။ ေနအိမ္ဟူသည္ကို အျခားသူမ်ားအား ၾကြားဝါျပသရန္ ေနရာမဟုတ္ဘဲ မိမိတစ္ကိုယ္ရည္ အနားယူရာ ေနရာမ်ဳိးအျဖစ္သာ ပရာဘာ့စ္က သေဘာထားသည္။

သတင္းအခ်ဳိ႕တြင္ ေဖာ္ျပခ်က္မ်ားအရ အိႏိၵယႏိုင္ငံ၊ အန္ဒရာ ပရာဒက္ရွ္ျပည္နယ္၊ ဘီးမားဘရန္ (Bhimavaram) ျမိဳ႕တြင္ ပရာဘာ့စ္က ေနအိမ္တစ္လံုးဝယ္ယူထားေသးသည္ဟု ဆိုသည္။

အဆိုပါ စံအိမ္သည္ ျခံအက်ယ္အဝန္း ၈၄ ဧကေက်ာ္ရွိျပီး လြန္ခဲ့ေသာ ႏွစ္ေပါင္းအတန္ၾကာက ဝယ္ယူခဲ့ျခင္းျဖစ္ကာ ရူပီး ၁၀၅ သိန္း ေပးခဲ့ရသည္။ ေရကူးကန္၊ ကစားကြင္းႏွင့္ အားကစားရံုရွိေသာ ေနရာကို ေနာက္ပိုင္းတြင္မွ ဝယ္ယူကာ ပင္မစံအိမ္ေနရာႏွင့္ ေပါင္းစည္းခဲ့ျခင္း ျဖစ္သည္။

ပရာဘာ့စ္သည္ ၂၀၀၂ ခုႏွစ္တြင္ Eeswar ရုပ္ရွင္မွ စတင္ကာ ရုပ္ရွင္ေလာကအတြင္း ဝင္ေရာက္ခဲ့သည္။

ဘာဟုဘာလီ (Baahubali) ႏွင့္ ဘာဟုဘာလီ -၂ (Baahubali 2: The Conclusion) ဇာတ္ကားမ်ားျဖင့္ ကမၻာေက်ာ္သရုပ္ေဆာင္ျဖစ္လာခဲ့သည္။ ဘာဟုဘာလီ ရုပ္ရွင္ ၂ ခုလံုးမွာ သမိုင္းတစ္ေလွ်ာက္ အိႏိၵယ၏ ဝင္ေငြအေကာင္းဆံုး ထိပ္တန္း ရုပ္ရွင္ဇာတ္ကား ၅ ခုတြင္ ပါဝင္ခဲ့သည္အထိ ေအာင္ျမင္ခဲ့သည္။

ပရာဘာ့စ္၏ စံအိမ္တည္ရွိရာ ဂ်ဴဗလီေဟးစ္သည္ ေဘာလိဝုဒ္၏ အၾကီးမားဆံုး ရုပ္ရွင္စတူဒီယိုၾကီးမ်ား ျဖစ္ေသာ Ramanaidu စတူဒီယို၊ Padmalaya စတူဒီယိုႏွင့္ Annapurna စတူဒီယိုၾကီးမ်ား တည္ရွိရာေဒသ လည္း ျဖစ္သည္။

ဟိုက္ဒရာဘက္ဒ္ျမိဳ႕၏ ေစ်းအၾကီးဆံုးလူေနရပ္ကြက္မ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ျပီး ႏိုင္ငံေရးသမားမ်ား၊ စက္ရံုလုပ္ငန္းရွင္ၾကီးမ်ား၊ အားကစားၾကယ္ပြင့္မ်ားႏွင့္ ရုပ္ရွင္မင္းသား၊ မင္းသမီးမ်ား ေနထုိင္ၾကေသာ ေနရာလည္း ျဖစ္သည္။

ေဖာ့ဘ္မဂၢဇင္းၾကီး၏ အိႏိၵယထိပ္တန္းအေက်ာ္အေမာ္ ၁၀၀ ဦးစာရင္းတြင္ ပရာဘာ့စ္ကို ၂၀၁၇ ခုႏွစ္အတြင္းက ထည့္သြင္းေဖာ္ျပခဲ့ဖူးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Prabhas house in Hyderabad: Inside the Baahubali actor’s home (housing)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service