ခြင်္သေ့၊ ကျားသစ်တို့ပါဝင်သော ဧက ၄၀၀၀၀ ဘေးမဲ့တောကို ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းမည်

ခြင်္သေ့၊ ကျားသစ်တို့ပါဝင်သော ဧက ၄၀၀၀၀ ဘေးမဲ့တောကို ဒေါ်လာ ၃၆ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
23 Mar 2022 10:51 am တွင် တင်ခဲ့သည်
769 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်အာဖရိကနိုင်ငံ၊ Western Cape ပြည်နယ်၊ ကာရူးအရပ်တွင် ဧကပေါင်း ၄၀၀၀၀ ကျယ်ဝန်းကာ ခြင်္သေ့၊ ကြံ့၊ ကျားသစ်၊ ကျွဲရိုင်းတို့ ပါဝင်သော ဘေးမဲ့တောကြီးတစ်ခု ကန်ဒေါ်လာ ၃၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

အဆိုပါ ဘေးမဲ့တောကြီးအတွင်း ယာတောအိမ် ၅ လုံးလည်း ပါဝင်သည်။ Sotheby’s International Realty မှ အရောင်းဈေးကွက်တင်ခဲ့ဖူးသော တောင်အာဖရိကနိုင်ငံမှ အိမ်ခြံမြေများတွင် ဈေးအကြီးဆုံးအဖြစ် အရောင်းဈေးကွက်ဝင်လာခြင်းဖြစ်ကြောင်း Sotheby’s International ၏ အကျိုးဆောင် ကင်မ် ကူးပါး (Kim Cooper) က ပြောသည်။

အရောင်းဈေးကွက်တင်လာသည်မှာ တောင်အာဖရိက ရန်းစ်ငွေဖြင့် မဟုတ်ဘဲ အမေရိကန်ဒေါ်လာဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

“ဈေးကြီးရတဲ့အကြောင်းရင်းက ရနိုင်ခဲတဲ့ တည်နေရာအနေအထား၊ အကျယ်အဝန်းတို့အပြင် ကာရူးဒေသရဲ့ သူမတူတဲ့ လက္ခဏာတို့ကြောင့်ဖြစ်ပါတယ်” ဟု အကျိုးဆောင် မစ္စ ကူးပါးက ပြောသည်။

ကာရူးဒေသသည် တောင်အာဖရိက၏ မြို့တော် ကိတ်ပ်တောင်းမှ ရဟတ်ယာဉ်ဖြင့် မိနစ် ၉၀ ခရီးခန့် ကွာဝေးပြီး မိုးနည်းသော တောင်ပေါ်ကျေးလက်ဒေသဖြစ်ပြီး တောင်အာဖရိကတိုက်တွင် အထူးခြားဆုံး ပန်းမာန်များ ပွင့်လန်းရာ၊ ဒေသတိရ စ္ဆာန်များ ကျက်စားရာ ဒေသဖြစ်ကြောင်းလည်း မစ္စ ကူးပါးက ပြောသည်။

“ကာရူးဒေသဟာ မိုးကုတ်စက်ဝိုင်းအထိ တမျှော်တခေါ်တွေ့မြင်နေရတဲ့ ရှုမျှော်ခင်းကို ပိုင်ဆိုင်ထားပြီး တချို့ ကမ္ဘာ့နေရာများမှာ မတွေ့မြင်နိုင်တဲ့ ကြည်လင်တဲ့မိုးသားပြာ ကောင်းကင်ကြီးကို တွေ့မြင်ရမှာပါ။ ဒီနေရာဟာ စိတ်ဝိဉာဉ်နဲ့ မိုးကောင်းကင်ဆက်သွယ်ရာနေရာအဖြစ် ရာစုနှစ်များစွာ ထင်ရှားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တောင်အာဖရိကရဲ့ မူရင်းဒေသခံတွေဖြစ်ပြီး ရေကြည်ရာမြက်နုရာ လှည့်လည်သွားတတ်ကြတဲ့ Khoisan လူမျိုးတွေနဲ့လည်း ဆက်နွှယ်မှုကြီးကြီးမားမားရှိပါတယ်” ဟု သူမက ဆက်လက်ပြောကြားသည်။

ထို့အပြင် ဤနေရာဒေသသည် ကြီး ၅ ကြီး သားကောင်များဟု လူသိများသော ခြင်္သေ့၊ ကျားသစ်၊ ကြံ့နက်၊ အာဖရိကဆင်နှင့် အာဖရိကကျွဲတို့ ကျက်စားရာလည်း ဖြစ်သည်။

ယင်းအပြင် မီရီနို သိုး၊ အင်ဂိုရာ ဆိတ်နှင့် နို့စားနွားများလည်း ရှိသည်။ ယာတောအိမ် ၅ လုံးတွင် အိပ်ခန်းပေါင်း ၂၈ ခန်းအထိ ပါဝင်ကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ယခုဘေးမဲ့တောခြံကြီးကို ယခင်က ပုဂ္ဂလိက သီးသန့်အပန်းဖြေနေရာအဖြစ်သာ အသုံးပြုခဲ့သော်လည်း ပိုင်ရှင်သစ်အနေဖြင့် ခရီးသွားလုပ်ငန်းအတွက် ပြောင်းလဲအသုံးပြုနိုင်ကြောင်း အကျိုးဆောင်က ပြောသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၉၈၀ မီတာ (၃၂၁၅ ပေ) အမြင့်တွင် တည်ရှိသော ယခုနေရာသည် အာဖရိကတိုက်တစ်ခုလုံး၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်ဟု မစ္စ ကူးပါးက ပြောသည်။

ယခုခြံဝန်းကြီးအတွက် အထူးမက်လုံးတစ်ခုမှာ အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြစ်သည်။

တောင်အာရိက အစိုးရက သဘောတူညီထားသော ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောတူညီချက်များအရ ဝယ်ယူငွေအားလုံးနီးပါးအတွက် အခွန်ကင်းလွတ်ခွင့်ကို နှစ် ၂၀ ကျော်ကာလအတွက် ရရှိမည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: US$36 Million South African Reserve Has 40,000 Acres—Plus Lions and Rhinos (mansionglobal)

 

 

[Zawgyi]

ျခေသၤ့၊ က်ားသစ္တို႔ပါဝင္ေသာ ဧက ၄၀၀၀၀ ေဘးမဲ့ေတာကို ေဒၚလာ ၃၆ သန္းျဖင့္ ေရာင္းမည္

ေတာင္အာဖရိကႏိုင္ငံ၊ Western Cape ျပည္နယ္၊ ကာရူးအရပ္တြင္ ဧကေပါင္း ၄၀၀၀၀ က်ယ္ဝန္းကာ ျခေသၤ့၊ ၾကံ့၊ က်ားသစ္၊ ကၽြဲရိုင္းတို႔ ပါဝင္ေသာ ေဘးမဲ့ေတာၾကီးတစ္ခု ကန္ေဒၚလာ ၃၆ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။

အဆိုပါ ေဘးမဲ့ေတာၾကီးအတြင္း ယာေတာအိမ္ ၅ လံုးလည္း ပါဝင္သည္။ Sotheby’s International Realty မွ အေရာင္းေစ်းကြက္တင္ခဲ့ဖူးေသာ ေတာင္အာဖရိကႏိုင္ငံမွ အိမ္ျခံေျမမ်ားတြင္ ေစ်းအၾကီးဆံုးအျဖစ္ အေရာင္းေစ်းကြက္ဝင္လာျခင္းျဖစ္ေၾကာင္း Sotheby’s International ၏ အက်ဳိးေဆာင္ ကင္မ္ ကူးပါး (Kim Cooper) က ေျပာသည္။

အေရာင္းေစ်းကြက္တင္လာသည္မွာ ေတာင္အာဖရိက ရန္းစ္ေငြျဖင့္ မဟုတ္ဘဲ အေမရိကန္ေဒၚလာျဖင့္ ေစ်းကြက္တင္လာျခင္း ျဖစ္သည္။

“ေစ်းၾကီးရတဲ့အေၾကာင္းရင္းက ရႏိုင္ခဲတဲ့ တည္ေနရာအေနအထား၊ အက်ယ္အဝန္းတို႔အျပင္ ကာရူးေဒသရဲ႕ သူမတူတဲ့ လကၡဏာတို႔ေၾကာင့္ျဖစ္ပါတယ္” ဟု အက်ဳိးေဆာင္ မစၥ ကူးပါးက ေျပာသည္။

ကာရူးေဒသသည္ ေတာင္အာဖရိက၏ ျမိဳ႕ေတာ္ ကိတ္ပ္ေတာင္းမွ ရဟတ္ယာဥ္ျဖင့္ မိနစ္ ၉၀ ခရီးခန္႔ ကြာေဝးျပီး မိုးနည္းေသာ ေတာင္ေပၚေက်းလက္ေဒသျဖစ္ျပီး ေတာင္အာဖရိကတိုက္တြင္ အထူးျခားဆံုး ပန္းမာန္မ်ား ပြင့္လန္းရာ၊ ေဒသတိရ စၦာန္မ်ား က်က္စားရာ ေဒသျဖစ္ေၾကာင္းလည္း မစၥ ကူးပါးက ေျပာသည္။

“ကာရူးေဒသဟာ မိုးကုတ္စက္ဝိုင္းအထိ တေမွ်ာ္တေခၚေတြ႔ျမင္ေနရတဲ့ ရႈေမွ်ာ္ခင္းကို ပိုင္ဆိုင္ထားျပီး တခ်ဳိ႕ ကမၻာ့ေနရာမ်ားမွာ မေတြ႔ျမင္ႏိုင္တဲ့ ၾကည္လင္တဲ့မိုးသားျပာ ေကာင္းကင္ၾကီးကို ေတြ႔ျမင္ရမွာပါ။ ဒီေနရာဟာ စိတ္ဝိဥာဥ္နဲ႔ မိုးေကာင္းကင္ဆက္သြယ္ရာေနရာအျဖစ္ ရာစုႏွစ္မ်ားစြာ ထင္ရွားခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေတာင္အာဖရိကရဲ႕ မူရင္းေဒသခံေတြျဖစ္ျပီး ေရၾကည္ရာျမက္ႏုရာ လွည့္လည္သြားတတ္ၾကတဲ့ Khoisan လူမ်ဳိးေတြနဲ႔လည္း ဆက္ႏႊယ္မႈၾကီးၾကီးမားမားရွိပါတယ္” ဟု သူမက ဆက္လက္ေျပာၾကားသည္။

ထို႔အျပင္ ဤေနရာေဒသသည္ ၾကီး ၅ ၾကီး သားေကာင္မ်ားဟု လူသိမ်ားေသာ ျခေသၤ့၊ က်ားသစ္၊ ၾကံ့နက္၊ အာဖရိကဆင္ႏွင့္ အာဖရိကကၽြဲတို႔ က်က္စားရာလည္း ျဖစ္သည္။

ယင္းအျပင္ မီရီႏို သိုး၊ အင္ဂိုရာ ဆိတ္ႏွင့္ ႏို႔စားႏြားမ်ားလည္း ရွိသည္။ ယာေတာအိမ္ ၅ လံုးတြင္ အိပ္ခန္းေပါင္း ၂၈ ခန္းအထိ ပါဝင္ေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ယခုေဘးမဲ့ေတာျခံၾကီးကို ယခင္က ပုဂၢလိက သီးသန္႔အပန္းေျဖေနရာအျဖစ္သာ အသံုးျပဳခဲ့ေသာ္လည္း ပိုင္ရွင္သစ္အေနျဖင့္ ခရီးသြားလုပ္ငန္းအတြက္ ေျပာင္းလဲအသံုးျပဳႏိုင္ေၾကာင္း အက်ဳိးေဆာင္က ေျပာသည္။

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၉၈၀ မီတာ (၃၂၁၅ ေပ) အျမင့္တြင္ တည္ရွိေသာ ယခုေနရာသည္ အာဖရိကတိုက္တစ္ခုလံုး၏ ရင္သပ္ရႈေမာဖြယ္အေကာင္းဆံုးေနရာမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္ဟု မစၥ ကူးပါးက ေျပာသည္။

ယခုျခံဝန္းၾကီးအတြက္ အထူးမက္လံုးတစ္ခုမွာ အေကာက္ခြန္ ကင္းလြတ္သက္သာခြင့္ျဖစ္သည္။

ေတာင္အာရိက အစိုးရက သေဘာတူညီထားေသာ ကုလသမဂၢ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး သေဘာတူညီခ်က္မ်ားအရ ဝယ္ယူေငြအားလံုးနီးပါးအတြက္ အခြန္ကင္းလြတ္ခြင့္ကို ႏွစ္ ၂၀ ေက်ာ္ကာလအတြက္ ရရွိမည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: US$36 Million South African Reserve Has 40,000 Acres—Plus Lions and Rhinos (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service