လီမင်ဟို (ဂူဂျွန်ဖြိုး) နှင့် ဟွမ်ဘင်းတို့ နေထိုင်သော ဆိုးလ်မြို့တော်မှ ကွန်ဒို
လီမင်ဟို (ဂူဂျွန်ဖြိုး) နှင့် ဟွမ်ဘင်းတို့ နေထိုင်သော ဆိုးလ်မြို့တော်မှ ကွန်ဒို - Property News in Myanmar from iMyanmarHouse.com
8 Mar 2022 10:10 am တွင် တင်ခဲ့သည်
3421 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြန်မာပရိသတ်တို့အကြား ဂူဂျွန်ဖြိုးဟူ လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသား လီမင်ဟိုနှင့် ကိုရီးယား ရုပ်ရှင်၏ ထိပ်တန်းကြယ်ပွင့် ဟွမ်ဘင်းတို့မှာ အိမ်နီးချင်းများဖြစ်သည်ဟူသော သတင်းများထွက်ပေါ်လာသည်။
လီမင်ဟို နေထိုင်လျက်ရှိသည်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၊ Heukseok-dong အရပ်ရှိ အဆင့်မြင့် ထိပ်တန်းကွန်ဒိုဖြစ်သော Mark Hills တွင် ဖြစ်သည်။
ကိုရီးယားထိပ်တန်းရုပ်ရှင်ကြယ်ပွင့်ဖြစ်သူ ဟွမ်ဘင်းသည်လည်း လီမင်ဟိုနေထိုင်သည့် Mark Hills တွင် နေထိုင်လျက်ရှိကြောင်း သတင်းများပြန့်နှံ့လာသည်။
ကိုရီးယားသတင်းဌာနဖြစ်သော TMI News က ဟွမ်ဘင်း၏ ကွန်ဒိုခန်းကို ပရိသတ်များကြည့်ရှုခွင့်ရစေရန် တင်ဆက်ပေးခဲ့ရာ ဟွမ်ဘင်းနေထိုင်သည့်နေရာမှာ လီမင်ဟိုနေထိုင်သည့် ကွန်ဒိုတွင်ပင်ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။
Mark Hills ကွန်ဒိုသည် ဆိုးလ်မြို့တော်၏ လှပသော ကောင်းကင်မြင်ကွင်းကို ပိုင်ဆိုင်ထားပြီး ဟွမ်ဘင်း၏ Master Bedroom ၊ ဧည့်ခန်းနှင့် မီးဖိုဆောင်တို့မှတဆင့် ဆိုးလ်မြို့တော်ကြီး တခွင်တပြင်ကို တွေ့မြင်နေရပြီး နံနက်စာစားရင်း Namsan တာဝါကို လှမ်းမျှော်ကြည့်ရှုကာ အတွေးနယ်ချဲ့နိုင်မည် ဖြစ်သည်။
Mark Hills သည် ချမ်းသာကြွယ်ဝသူများနှင့် အကျော်အမော်တို့အကြား ရေပန်းစားကာ ဝယ်လိုအားမြင့်သော ကွန်ဒိုဖြစ်သည်။
လီမင်ဟိုနှင့် ဟွမ်ဘင်းတို့အပြင် ရုပ်ရှင်မင်းသား ချန်ဒုန်းကွမ် (Jang Dong Gun) နှင့် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး Ko So Young တို့လည်း Mark Hills တွင် နေထိုင်လျက်ရှိသည်။
၂၀၁၀ ပြည့်နှစ်အတွင်း လက်ထပ်ပြီးနောက်ပိုင်း Mark Hills သို့ ပြောင်းရွှေ့ခဲ့ကြခြင်း ဖြစ်သည်။
Mark Hills တွင် နေထိုင်လျက်ရှိသော အခြားအကျော်အမော်များမှာ မိန်းကလေး ဂီတအဖွဲ့ F(X)မှ Krystal နှင့် သူမ၏ ညီမ Jessica Jung၊ လူငယ်ဂီတအဖွဲ့ Big Bang မှ Daesung တို့လည်း နေထိုင်လျက်ရှိသည်။
Mark Hills ကွန်ဒိုအပြင် ဆိုးလ်မြို့တော်၊ Seongdong ခရိုင်ရှိ Seoul Forest Galleria Foret မှာလည်း ထိပ်တန်းကြယ်ပွင့်တို့ နှစ်သက်သည့်နေရာ ဖြစ်သည်။
အဆိုပါ တန်ဖိုးကြီးအိမ်ရာစီမံကိန်းတွင် Namsan တာဝါနှင့် Lotte တာဝါဟူသော ၄၅ ထပ်စီမြင့်မားသော အဆောက်အအုံ ၂ လုံး ပါဝင်ပြီး ဟန်မြစ်ကို စီးမိုးတွေ့မြင်နေရသည်။
Kim Soo Hyun သည် အဆိုပါ အိမ်ရာတွင် နေထိုင်ပြီး သူ၏ အခန်းမှာ ကိုရီးယားဝမ်ငွေ ၄ ဒသမ ၀၂ ဘီလီယံ (စင်္ကာပူဒေါ်လာ ၄ ဒသမ ၈ သန်း) ပေးခဲ့ရသည်။
Kim Soo Hyun သည် Big Bang အဖွဲ့ဝင် G-Dragon နှင့် ယခင်က အိမ်နီးချင်းဖြစ်ခဲ့ဖူးသည်။ G-Dragon သည် အဆိုပါအိမ်ရာတွင် ဝမ်ငွေ ၃ ဒသမ ၃ ဘီလီယံ (စင်္ကာပူဒေါ်လာ ၃ ဒသမ ၈ သန်း) ဖြင့် အခန်းဝယ်ယူနေထိုင်ခဲ့ဖူးသည်။
သို့သော် G-Dragon သည် နောက်ပိုင်းတွင် စင်္ကာပူဒေါ်လာ ၁၀ ဒသမ ၄ သန်းတန် Penthouse ခန်းသစ်သို့ ပြောင်းရွှေ့သွားခဲ့သည်။
Galleria Foret မှ လူနေခန်းများမှာ ဈေးမကြီးလှသော်လည်း လစဉ်ထိန်းသိမ်းစရိတ် စင်္ကာပူဒေါ်လာ ၂၃၀၀ ခန့် ပေးဆောင်ရသည်ဟု ဆိုသည်။
သို့သော် ထိုငွေပမာဏကို ကိုရီးယားကြယ်ပွင့်တို့ မတတ်နိုင်စရာ အကြောင်းမရှိချေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Lee Min Ho And Hyun Bin Are Reportedly Neighbours In This High-End Apartment Building In Seoul ( todayonline)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
INNO CITY Luxury Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service