ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် သိသားသင့်သည့်အချက်အလက်များ။

ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် သိသားသင့်သည့်အချက်အလက်များ။ - Property Knowledge in Myanmar from iMyanmarHouse.com
11 Feb 2022 11:27 am တွင် တင်ခဲ့သည်
723 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျူးကျော်နေထိုင်သူရှိသည့် မြေကွက်တစ်ကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေပေးချခြင်းမပြုမီ ရောင်းသူနှင့် ဝယ်ယူသူတို့ အသေးစိတ်ညှိနှိုင်းသဘောတူညီချက်ရယူရန် အရေးကြီးပါသည်။ မြေကွက်ဝယ်ယူ မည်ဆိုလျှင် အကောင်းဆုံးကတော့ ကျူးကျော်သူမရှိတာကို ဝယ်ယူလျှင် စိတ်ချရဆုံးပါ။ သို့သော် ဝယ်ယူသူများသည် လိုချင်သောမြေကွက်သည် နေရာကောင်းဖြစ်နေခြင်း၊ လိုချင်သည့်မြေအကျယ်အဝန်း ရှိနေခြင်း၊ ဈေးနှုန်းအားဖြင့်သက်သာနေခြင်းတို့ကြောင့် ကျူးကျော်နေထိုင်သူရှိနေပါလျက်နှင့် ဝယ်ယူကျတာကို တွေ့ရပါတယ်။ 

ထိုသို့ ကျူးကျော်နေထိုင်သူရှိသည့်မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေမပေးခင်ညှိနှိုင်းသည့် အဆင့်မှာကတည်းက ကျွမ်းကျင်သူဥပဒေပညာရှင်ကိုညှိနှိုင်းပြီး စရန်စာချုပ်ရေးသားချုပ်ဆိုခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ သို့သော် ဝယ်ယူသူများ သိထားသင့်သည့်အချက်အလက်များကို ဗဟုသုတရရှိစေရန် ရေးသားဖော်ပြပေး ပါမည်။

ကျူးကျော်နေထိုင်သူဆိုတဲ့နေရာမှာ နှစ်မျိုးရှိပါသည်။ မြေကွက်အတွင်း ကျူးကျော်နေထိုင်ခြင်းနှင့် မြေကွက်ရှေ့ဘက်မျက်နှာစာများတွင် ကျူးကျော်နေထိုင်ခြင်းပါ။ ရောင်းသူမှ တာဝန်ယူဆောင်ရွက်ပြီး ဝယ်ယူမည့်မြေကွက်မှ ကျူးကျော်နေထိုင်သူများ ဖယ်ရှားရှင်းလင်းပေးရန် ညှိနှိုင်းရာတွင် မြေကွက်အတွင်း၊ အပြင် အားလုံး၏ ကျူးကျော်နေထိုင်သူများကို ရှင်းလင်းပေးရန် သဘောတူညီချက်ရယူပြီး စရန်စာချုပ်တွင် အသေးစိတ်ထည့်သွင်းချုုပ်ဆိုရန် လိုအပ်မည်ဖြစ်ပါသည်။

အကယ်၍ ထိုကဲ့သို့ ရှင်းရှင်းလင်းလင်း သဘောတူညီချက်ရယူပြီး စာချုပ်တွင်ထည့်သွင်းချုပ်ဆိုမထားလျှင် ရောင်းသူအများစုသည် မြေကွက်အတွင်းမှ ကျူးကျော်နေထိုင်သူများသာ ဖယ်ရှားပေးရန် တာဝန်ယူပြီး မြေကွက်အပြင်ဘက် မျက်နှာစာရှိ ကျူးကျော်နေထိုင်သူများကို ဖယ်ရှားပေးရန် ငြင်းဆိုကျခြင်းကို လက်တွေ့မှာ မြင်တွေ့နေရပါသည်။

ဝယ်ယူသူမှ မြေကွက်အပြင်ဘက်ရှိ ကျူးကျော်သူများကို ဖယ်ရှားရမည်ဆိုလျှင် ရှိနေသည့် ကျူးကျော် နေထိုင်သည့် အိမ်ခြေပေါ်မူတည်ပြီး ညှိနှိုင်းကာလျော်ကြေးပေးရပါက ဖြေရှင်းညှိနှိုင်းရန်ခက်ခဲသည့်အလုပ်ကို လုပ်ရမည့်အပြင် မြေကွက်အတွက် ကုန်ကျစရိတ်သည်လည်း ပိုမိုကုန်ကျမှာပါ။ ကျူးကျော်အိမ်သည် အရည်အတွက်နည်းလျှင် ပေးရတာ သက်သာမည်ဆိုသော်လည်း မြေကွက်ကြီးလျှင် ကြီးသလို တစ်ချို့နေရာများတွင် အိမ်ခြေ(၃၀)လောက်အထိ ရှိတတ်ပါသည်။

ကျူးကျော်အိမ်များကို ဖယ်ရှားရာတွင် တစ်ချို့က ညှိနှိုင်းရခက်ခဲတာတွေရှိပါသည်။ ဥပမာ- မြေကွက်မှ ဖယ်ရှားပေးရန်အတွက် လျော်ကြေးငွေမတန်တစ်ဆ တောင်းခံခြင်းမျိုးကြုံရတတ်ပါသည်။ အကယ်၍ ဝယ်ယူသူသည် ကျူးကျော်နေထိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်လို့မရလျှင် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှုပ်ထွေးလာနိုင်ပါသည်။ တရားစွဲဆို၍ ကျူးကျော်နှင်ထုတ်ရသည့်အခါ အချိန်၊ ငွေကြေးများစွာကုန်ကျနိုင်ပါသည်။

ထို့ကြောင့် ကျူးကျော်နေထိုင်သူရှိနေသည့် မြေကွက်ကို ဝယ်ယူမည်ဆိုလျှင် စရန်ငွေပေးချေသည့် စာချုပ်တွင် အသေးစိတ်ထည့်သွင်းချုပ်ဆိုရန် လိုအပ်ပြီး ရောင်းဖိုးငွေအပြေအကြေပေးချေခြင်းမပြုမီ ရောင်းသူ၏တာဝန်ဖြင့် ကျူးကျော်အိမ်များ ဖယ်ရှားရှင်းလင်းပေးရန်နှင့် ကျူးကျော်နေအိမ်များ ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိပါက ရောင်းသူ၏ပျက်ကွက်မှုဖြစ်ပြီး စာချုပ်ပါစည်းကမ်းချက်များအတိုင်း လျော်ကြေးပေးချေရန် သဘောတူညီချက်များရယူပြီး စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားမှသာ ဝယ်ယူသူတွင် ဆုံးရှုံးမှုမဖြစ်ပွားအောင် ကာကွယ်နိုင်မှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်ဴးေက်ာ္ေနထိုင္သူရွိသည့္ ေျမကြက္ကို ဝယ္ယူမည္ဆိုလွ်င္ သိသားသင့္သည့္အခ်က္အလက္မ်ား။

က်ဴးေက်ာ္ေနထိုင္သူရွိသည့္ ေျမကြက္တစ္ကြက္ကို ဝယ္ယူမည္ဆိုလွ်င္ စရန္ေငြေပးခ်ျခင္းမျပဳမီ ေရာင္းသူႏွင့္ ဝယ္ယူသူတို႔ အေသးစိတ္ညွိႏိႈင္းသေဘာတူညီခ်က္ရယူရန္ အေရးႀကီးပါသည္။ ေျမကြက္ဝယ္ယူ မည္ဆိုလွ်င္ အေကာင္းဆံုးကေတာ့ က်ဴးေက်ာ္သူမရွိတာကို ဝယ္ယူလွ်င္ စိတ္ခ်ရဆံုးပါ။ သုိ႔ေသာ္ ဝယ္ယူသူမ်ားသည္ လိုခ်င္ေသာေျမကြက္သည္ ေနရာေကာင္းျဖစ္ေနျခင္း၊ လိုခ်င္သည့္ေျမအက်ယ္အဝန္း ရွိေနျခင္း၊ ေစ်းႏႈန္းအားျဖင့္သက္သာေနျခင္းတို႔ေၾကာင့္ က်ဴးေက်ာ္ေနထိုင္သူရွိေနပါလ်က္ႏွင့္ ဝယ္ယူက်တာကို ေတြ႕ရပါတယ္။ 

ထိုသုိ႔ က်ဴးေက်ာ္ေနထိုုင္သူရွိသည့္ေျမကြက္ကို ဝယ္ယူမည္ဆိုလွ်င္ စရန္ေငြမေပးခင္ညွိႏိႈင္းသည့္ အဆင့္မွာကတည္းက ကၽြမ္းက်င္သူဥပေဒပညာရွင္ကိုညွိႏႈိင္းၿပီး စရန္စာခ်ဳပ္ေရးသားခ်ဳပ္ဆိုျခင္းသည္ အေကာင္းဆံုးနည္းလမ္းျဖစ္ပါသည္။ သို႔ေသာ္ ဝယ္ယူသူမ်ား သိထားသင့္သည့္အခ်က္အလက္မ်ားကို ဗဟုသုတရရွိေစရန္ ေရးသားေဖာ္ျပေပး ပါမည္။

က်ဴးေက်ာ္ေနထိုင္သူဆိုတဲ့ေနရာမွာ ႏွစ္မ်ိဳးရွိပါသည္။ ေျမကြက္အတြင္း က်ဴးေက်ာ္ေနထိုင္ျခင္းႏွင့္ ေျမကြက္ေရွ႕ဘက္မ်က္ႏွာစာမ်ားတြင္ က်ဴးေက်ာ္ေနထိုင္ျခင္းပါ။ ေရာင္းသူမွ တာဝန္ယူေဆာင္ရြက္ၿပီး ဝယ္ယူမည့္ေျမကြက္မွ က်ဴးေက်ာ္ေနထိုင္သူမ်ား ဖယ္ရွားရွင္းလင္းေပးရန္ ညွိႏိႈင္းရာတြင္ ေျမကြက္အတြင္း၊ အျပင္ အားလံုး၏ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ရွင္းလင္းေပးရန္ သေဘာတူညီခ်က္ရယူၿပီး စရန္စာခ်ဳပ္တြင္ အေသးစိတ္ထည့္သြင္းခ်ုဳပ္ဆိုရန္ လိုအပ္မည္ျဖစ္ပါသည္။

အကယ္၍ ထိုကဲ့သုိ႔ ရွင္းရွင္းလင္းလင္း သေဘာတူညီခ်က္ရယူၿပီး စာခ်ဳပ္တြင္ထည့္သြင္းခ်ဳပ္ဆိုမထားလွ်င္ ေရာင္းသူအမ်ားစုသည္ ေျမကြက္အတြင္းမွ က်ဴးေက်ာ္ေနထိုင္သူမ်ားသာ ဖယ္ရွားေပးရန္ တာဝန္ယူၿပီး ေျမကြက္အျပင္ဘက္ မ်က္ႏွာစာရွိ က်ဴးေက်ာ္ေနထိုင္သူမ်ားကို ဖယ္ရွားေပးရန္ ျငင္းဆိုက်ျခင္းကို လက္ေတြ႕မွာ ျမင္ေတြ႕ေနရပါသည္။

ဝယ္ယူသူမွ ေျမကြက္အျပင္ဘက္ရွိ က်ဴးေက်ာ္သူမ်ားကို ဖယ္ရွားရမည္ဆိုလွ်င္ ရွိေနသည့္ က်ဴးေက်ာ္ ေနထိုင္သည့္ အိမ္ေျခေပၚမူတည္ၿပီး ညွိႏႈိင္းကာေလ်ာ္ေၾကးေပးရပါက ေျဖရွင္းညွိႏႈိင္းရန္ခက္ခဲသည့္အလုပ္ကို လုပ္ရမည့္အျပင္ ေျမကြက္အတြက္ ကုန္က်စရိတ္သည္လည္း ပိုမိုကုန္က်မွာပါ။ က်ဴးေက်ာ္အိမ္သည္ အရည္အတြက္နည္းလွ်င္ ေပးရတာ သက္သာမည္ဆိုေသာ္လည္း ေျမကြက္ႀကီးလွ်င္ ႀကီးသလို တစ္ခ်ိဳ႕ေနရာမ်ားတြင္ အိမ္ေျခ(၃၀)ေလာက္အထိ ရွိတတ္ပါသည္။

က်ဴးေက်ာ္အိမ္မ်ားကို ဖယ္ရွားရာတြင္ တစ္ခ်ိဳ႕က ညွိႏႈိင္းရခက္္ခဲတာေတြရွိပါသည္။ ဥပမာ- ေျမကြက္မွ ဖယ္ရွားေပးရန္အတြက္ ေလ်ာ္ေၾကးေငြမတန္တစ္ဆ ေတာင္းခံျခင္းမ်ိဳးၾကံဳရတတ္ပါသည္။ အကယ္၍ ဝယ္ယူသူသည္ က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ ညွိႏႈိင္းေဆာင္ရြက္လို႔မရလွ်င္ ေရွ႕ဆက္လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ား ရႈပ္ေထြးလာႏိုင္ပါသည္။ တရားစြဲဆို၍ က်ဴးေက်ာ္ႏွင္ထုတ္ရသည့္အခါ အခ်ိန္၊ ေငြေၾကးမ်ားစြာကုန္က်ႏိုင္ပါသည္။

ထုိ႔ေၾကာင့္ က်ဴးေက်ာ္ေနထုိင္သူရွိေနသည့္ ေျမကြက္ကို ဝယ္ယူမည္ဆိုလွ်င္ စရန္ေငြေပးေခ်သည့္ စာခ်ဳပ္တြင္ အေသးစိတ္ထည့္သြင္းခ်ဳပ္ဆိုရန္ လိုအပ္ၿပီး ေရာင္းဖိုးေငြအေျပအေၾကေပးေခ်ျခင္းမျပဳမီ ေရာင္းသူ၏တာဝန္ျဖင့္ က်ဴးေက်ာ္အိမ္မ်ား ဖယ္ရွားရွင္းလင္းေပးရန္ႏွင့္ က်ဴးေက်ာ္ေနအိမ္မ်ား ဖယ္ရွားရွင္းလင္းႏုိင္ျခင္း မရွိပါက ေရာင္းသူ၏ပ်က္ကြက္မႈျဖစ္ၿပီး စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားအတိုင္း ေလ်ာ္ေၾကးေပးေခ်ရန္ သေဘာတူညီခ်က္မ်ားရယူၿပီး စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုထားမွသာ ဝယ္ယူသူတြင္ ဆံုးရံႈးမႈမျဖစ္ပြားေအာင္ ကာကြယ္ႏိုင္မွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service