ဆန်ဖရန်စစ္စကိုမြို့ထက် ၂ ဆကျယ်ဝန်းသော မွေးမြူရေးခြံ ဒေါ်လာ သန်း ၁၇၀ ဖြင့် ရောင်းမည်

ဆန်ဖရန်စစ္စကိုမြို့ထက် ၂ ဆကျယ်ဝန်းသော မွေးမြူရေးခြံ ဒေါ်လာ သန်း ၁၇၀ ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
9 Feb 2022 10:48 am တွင် တင်ခဲ့သည်
991 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် ဧကပေါင်း ၆၅၀၀၀ ကျယ်ဝန်းကာ ဆန်ဖရန်စစ္စကိုမြို့ထက် ၂ ဆကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ သန်း ၁၇၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ခြံကြီးအတွင်း နေအိမ်များစွာအပြင် လေယာဉ်ကွင်းတစ်ခုလည်း ပါဝင်ကာ ကွယ်လွန်သွားပြီဖြစ်သော ရေနံသူကြွယ်ကြီး တီ-ဘုန်း ပစ်ကန်းစ်က ပိုင်ဆိုင်သောခြံကြီးဖြစ်သည်။

အကျယ်အဝန်းနှင့် ဈေးနှုန်း အလွန်မြင့်မားလှသော ဧကပေါင်း ၆၄၆၇၂ ကျယ်ဝန်းသည့် ခြံကြီးကို ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ပထမဆုံးအရောင်းတင်ခဲ့ပြီး ယင်းနောက် သန်း ၈၀ ဈေးလျှော့ပေးကာ သန်း ၂၂၀ ဖြင့် ဈေးကွက်တင်ပြန်သည်။

ယခုရက်သတ္တပတ်တွင်မူ ကန်ဒေါ်လာ သန်း ၅၀ ထပ်မံလျှော့ချပေးလိုက်ကာ သန်း ၁၇၀ ဖြင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

မီဆာ ဗစ္စတာ မွေးမြူရေးခြံဟု အမည်ပေးထားသော ခြံကြီးသည် တက္ကဆပ်ပြည်နယ်၊ Amarillo မြို့၏ အရှေ့မြောက်ဘက် ၈၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး တက္ကဆပ်၏ အကောင်းဆုံးမြေမျက်နှာ တခွင်တပြင်တွင် သိုင်းခြုံတည်ရှိသည်။

တီ-ဘုန်း ပစ်ကန်းစ်သည် အသက် ၉၁ နှစ်အရွယ် ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

သူသည် ၁၉၇၁ ခုနှစ်မှ စတင်ပြီး ရောဘတ်စ်ခရိုင်၊ Canadian မြစ်၏ တောင်ဘက်ခြမ်းတွင် မြေဧကပေါင်း ၃၀၀၀ နီးပါး စတင်ဝယ်ယူကာ အိမ်ခြံမြေဝယ်ယူစုဆောင်းမှု စတင်ခဲ့သည်။

ယင်းနောက်ပိုင်းနှစ်များတွင် ပစ်ကန်းစ်သည် ကပ်လျက်ထိစပ်နေသော မြေနေရာများကိုလည်း ဆက်လက်ဝယ်ယူခဲ့ပြန်သည်။

“ကျွန်တော်တို့ သိထားသလောက်တော့ မီဆာ ဗစ္စတာမွေးမြူရေးခြံကြီးနှင့် ထပ်တူညီတဲ့ခြံမျိုး မရှိနိုင်ပါဘူး” ဟု မွန်တီ လိုင်ယွန်းစ်က ပြောသည်။

မွန်တီလိုင်ယွန်းစ်သည် Hall and Hall ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သည်။ ယခုခြံကြီးကို ရောင်းချရေးအတွက် Hall and Hall နှင့် တက္ကဆပ်အခြေစိုက်ကုမ္ပဏီ Chas. S. Middleton and Son တို့ ပူးတွဲကိုင်တွယ် ဈေးကွက်တင်ခဲ့ကြခြင်း ဖြစ်သည်။

ခြံကြီးအတွင်းရှိ ပင်မယာတောအိမ်မှာ အကျယ်အဝန်း စတုန်းပေ ၂၅၀၀၀ ကျော်ရှိပြီး ဆင်ဝင်များနှင့် နားနေဆောင်နေရာများ၏ အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ ခန့် ပါဝင်သေးသည်။

ခြံကြီးအတွင်း တင်းနစ်ကွင်းနှင့် ဂေါက်ကွင်းငယ်တစ်ခုတို့လည်း ပါဝင်သည်။

ထို့အပြင် စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသော နေအိမ်၊ ခြံဝရှိ နှစ်ထပ်အိမ်တစ်လုံး၊ ဂိမ်းကစားခန်းပါသော အရက်ဘားတစ်ခု၊ အမဲလိုက်ရန်အတွက် သေနတ်များထားသိုသည့် အခန်းတစ်ခန်းနှင့် ဘုရားဝတ်ပြုရာနေရာတို့ ပါဝင်သည်။

ရေကန်ဘေးရှိ အိမ်တစ်လုံးမှာ စတုရန်းပေ ၁၁၅၀၀ ခန့်ကျယ်ဝန်းသည်။

အခြားအရာများအနေဖြင့် ပေ ၆၀၀၀ ရှည်လျားသည့် ပြေးလမ်းပါသော လေယာဉ်ကွင်းတစ်ခု၊ စတုရန်းပေ ၂၅၀၀၀ ကျယ်ဝန်းသည့် လေယာဉ်သိုလှောင်ရုံ၊ စတုရန်းပေ ၁၁၀၀၀ ကျယ်ဝန်းသော ခွေးလှောင်အိမ်နှင့် တိရ စ္ဆာန် ဓာတ်ခွဲခန်းတစ်ခုတို့လည်း ပါဝင်သည်။

“တီ ဘုန်း ပစ်ကန်းစ်ဟာ ဒီခြံကြီးကို ဘေးမဲ့တောကြီးတစ်ခုအသွင်ဖြစ်လာအောင် နှစ်ပေါင်း ၅၀ နီးပါးအချိန်ယူ ပျိုးထောင်ထားခဲ့တာဖြစ်ပါတယ်”ဟု မစ္စတာ လိုင်ယွန်းစ်က ပြောသည်။

သမင်၊ တောဆိတ်၊ ငုံး၊ ကြက်ဆင်၊ ရစ်၊ အာဖရိကသိုး အစရှိသော တိရ စ္ဆာန်များကို မွေးမြူထားခဲ့သည်။

ယခုခြံကြီးကို တစ်ခြံလုံး ဝယ်ယူနိုင်သကဲ့သို့ အရှေ့ဘက်ခြမ်းရှိ ဧက ၁၅၇၀၀ ရှိသော နေရာကိုခွဲခြမ်း၍လည်း ဝယ်ယူနိုင်ကာ အဆိုပါနေရာအတွက် ကန်ဒေါ်လာ သန်း ၂၀ ဈေးခေါ်ထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Texas Ranch Twice the Size of San Francisco Now Asking $170 Million (mansionglobal)

[Zawgyi]

ဆန္ဖရန္စစၥကိုျမိဳ႕ထက္ ၂ ဆက်ယ္ဝန္းေသာ ေမြးျမဴေရးျခံ ေဒၚလာ သန္း ၁၇၀ ျဖင့္ ေရာင္းမည္

အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္တြင္ ဧကေပါင္း ၆၅၀၀၀ က်ယ္ဝန္းကာ ဆန္ဖရန္စစၥကိုျမိဳ႕ထက္ ၂ ဆက်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ သန္း ၁၇၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ျခံၾကီးအတြင္း ေနအိမ္မ်ားစြာအျပင္ ေလယာဥ္ကြင္းတစ္ခုလည္း ပါဝင္ကာ ကြယ္လြန္သြားျပီျဖစ္ေသာ ေရနံသူၾကြယ္ၾကီး တီ-ဘုန္း ပစ္ကန္းစ္က ပိုင္ဆိုင္ေသာျခံၾကီးျဖစ္သည္။

အက်ယ္အဝန္းႏွင့္ ေစ်းႏႈန္း အလြန္ျမင့္မားလွေသာ ဧကေပါင္း ၆၄၆၇၂ က်ယ္ဝန္းသည့္ ျခံၾကီးကို ၂၀၁၇ ခုႏွစ္အတြင္း ကန္ေဒၚလာ သန္း ၂၅၀ ျဖင့္ ပထမဆံုးအေရာင္းတင္ခဲ့ျပီး ယင္းေနာက္ သန္း ၈၀ ေစ်းေလွ်ာ့ေပးကာ သန္း ၂၂၀ ျဖင့္ ေစ်းကြက္တင္ျပန္သည္။

ယခုရက္သတၱပတ္တြင္မူ ကန္ေဒၚလာ သန္း ၅၀ ထပ္မံေလွ်ာ့ခ်ေပးလိုက္ကာ သန္း ၁၇၀ ျဖင့္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

မီဆာ ဗစၥတာ ေမြးျမဴေရးျခံဟု အမည္ေပးထားေသာ ျခံၾကီးသည္ တကၠဆပ္ျပည္နယ္၊ Amarillo ျမိဳ႕၏ အေရွ႕ေျမာက္ဘက္ ၈၅ မိုင္ခန္႔အကြာတြင္ တည္ရွိျပီး တကၠဆပ္၏ အေကာင္းဆံုးေျမမ်က္ႏွာ တခြင္တျပင္တြင္ သိုင္းျခံဳတည္ရွိသည္။

တီ-ဘုန္း ပစ္ကန္းစ္သည္ အသက္ ၉၁ ႏွစ္အရြယ္ ၂၀၁၉ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

သူသည္ ၁၉၇၁ ခုႏွစ္မွ စတင္ျပီး ေရာဘတ္စ္ခရိုင္၊ Canadian ျမစ္၏ ေတာင္ဘက္ျခမ္းတြင္ ေျမဧကေပါင္း ၃၀၀၀ နီးပါး စတင္ဝယ္ယူကာ အိမ္ျခံေျမဝယ္ယူစုေဆာင္းမႈ စတင္ခဲ့သည္။

ယင္းေနာက္ပိုင္းႏွစ္မ်ားတြင္ ပစ္ကန္းစ္သည္ ကပ္လ်က္ထိစပ္ေနေသာ ေျမေနရာမ်ားကိုလည္း ဆက္လက္ဝယ္ယူခဲ့ျပန္သည္။

“ကၽြန္ေတာ္တို႔ သိထားသေလာက္ေတာ့ မီဆာ ဗစၥတာေမြးျမဴေရးျခံၾကီးႏွင့္ ထပ္တူညီတဲ့ျခံမ်ဳိး မရွိႏိုင္ပါဘူး” ဟု မြန္တီ လိုင္ယြန္းစ္က ေျပာသည္။

မြန္တီလိုင္ယြန္းစ္သည္ Hall and Hall ကုမၸဏီ၏ မန္ေနးဂ်င္းဒါရိုက္တာျဖစ္သည္။ ယခုျခံၾကီးကို ေရာင္းခ်ေရးအတြက္ Hall and Hall ႏွင့္ တကၠဆပ္အေျခစိုက္ကုမၸဏီ Chas. S. Middleton and Son တို႔ ပူးတြဲကိုင္တြယ္ ေစ်းကြက္တင္ခဲ့ၾကျခင္း ျဖစ္သည္။

ျခံၾကီးအတြင္းရွိ ပင္မယာေတာအိမ္မွာ အက်ယ္အဝန္း စတုန္းေပ ၂၅၀၀၀ ေက်ာ္ရွိျပီး ဆင္ဝင္မ်ားႏွင့္ နားေနေဆာင္ေနရာမ်ား၏ အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀၀ ခန္႔ ပါဝင္ေသးသည္။

ျခံၾကီးအတြင္း တင္းနစ္ကြင္းႏွင့္ ေဂါက္ကြင္းငယ္တစ္ခုတို႔လည္း ပါဝင္သည္။

ထို႔အျပင္ စတုရန္းေပ ၆၀၀၀ က်ယ္ဝန္းေသာ ေနအိမ္၊ ျခံဝရွိ ႏွစ္ထပ္အိမ္တစ္လံုး၊ ဂိမ္းကစားခန္းပါေသာ အရက္ဘားတစ္ခု၊ အမဲလိုက္ရန္အတြက္ ေသနတ္မ်ားထားသိုသည့္ အခန္းတစ္ခန္းႏွင့္ ဘုရားဝတ္ျပဳရာေနရာတို႔ ပါဝင္သည္။

ေရကန္ေဘးရွိ အိမ္တစ္လံုးမွာ စတုရန္းေပ ၁၁၅၀၀ ခန္႔က်ယ္ဝန္းသည္။

အျခားအရာမ်ားအေနျဖင့္ ေပ ၆၀၀၀ ရွည္လ်ားသည့္ ေျပးလမ္းပါေသာ ေလယာဥ္ကြင္းတစ္ခု၊ စတုရန္းေပ ၂၅၀၀၀ က်ယ္ဝန္းသည့္ ေလယာဥ္သိုေလွာင္ရံု၊ စတုရန္းေပ ၁၁၀၀၀ က်ယ္ဝန္းေသာ ေခြးေလွာင္အိမ္ႏွင့္ တိရ စၦာန္ ဓာတ္ခြဲခန္းတစ္ခုတုိ႔လည္း ပါဝင္သည္။

“တီ ဘုန္း ပစ္ကန္းစ္ဟာ ဒီျခံၾကီးကို ေဘးမဲ့ေတာၾကီးတစ္ခုအသြင္ျဖစ္လာေအာင္ ႏွစ္ေပါင္း ၅၀ နီးပါးအခ်ိန္ယူ ပ်ဳိးေထာင္ထားခဲ့တာျဖစ္ပါတယ္”ဟု မစၥတာ လိုင္ယြန္းစ္က ေျပာသည္။

သမင္၊ ေတာဆိတ္၊ ငံုး၊ ၾကက္ဆင္၊ ရစ္၊ အာဖရိကသိုး အစရွိေသာ တိရ စၦာန္မ်ားကို ေမြးျမဴထားခဲ့သည္။

ယခုျခံၾကီးကို တစ္ျခံလံုး ဝယ္ယူႏိုင္သကဲ့သို႔ အေရွ႕ဘက္ျခမ္းရွိ ဧက ၁၅၇၀၀ ရွိေသာ ေနရာကိုခြဲျခမ္း၍လည္း ဝယ္ယူႏိုင္ကာ အဆိုပါေနရာအတြက္ ကန္ေဒၚလာ သန္း ၂၀ ေစ်းေခၚထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Texas Ranch Twice the Size of San Francisco Now Asking $170 Million (mansionglobal)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service