မိုင် ၄၀၀ အကွာရှိ မြို့ငယ်လေးတွင် ခွေးမစင် မကျုံးခဲ့ခြင်းအတွက် အမျိုးသမီးတစ်ဦး ဒဏ်တပ်ခံရ

မိုင် ၄၀၀ အကွာရှိ မြို့ငယ်လေးတွင် ခွေးမစင် မကျုံးခဲ့ခြင်းအတွက် အမျိုးသမီးတစ်ဦး ဒဏ်တပ်ခံရ - Property News in Myanmar from iMyanmarHouse.com
8 Feb 2022 11:47 am တွင် တင်ခဲ့သည်
1678 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စပိန်အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့်ခြောက်လက သူသွားရောက်လည်ပတ်ခဲ့သည့် မြို့ငယ်တစ်မြို့ထံမှ ဒေါ်လာ ၅၇၀ ဒဏ်တပ်ခံခဲ့ရလိုက်ရပြီဖြစ်သည်။ ဒဏ်တပ်ခံရသည့်အကြောင်းရင်းမှာ လမ်းဘေးစင်္ကြန်တစ်ခုမှ သူ့ခွေး၏ မစင်ကို ကျုံးရန် ပျက်ကွက်ခဲ့မှုအတွက်ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ၎င်းအမျိုးသမီး၏ဘဝတွင် အံ့အားသင့်စရာဖြစ်ခဲ့ရပေပြီ။

စပိန်နိုင်ငံ Valencia ဒေသ Paterna မြို့မှ အမည်မသိအမျိုးသမီးတစ်ဦးသည် သူ့မြို့နှင့် မိုင် ၄၀၀ အကွာရှိ Benalmadena မြို့လေးတွင် ပြီးခဲ့သည့် သြဂုတ်လက အပန်းဖြေအနားယူနေစဥ်အတောအတွင်း သူ၏ ဘူးလ်တယ်ရီယာခွေး၏ မစင်အား မကျုံးခဲ့မိမှုအတွက် ပြီးခဲ့သည့်လက ဒဏ်တပ်ခံခဲ့ရသည့်အခါ သူသည် ထိုသို့မစင်မကျုံးခဲ့မိခြင်းနှင့်ပတ်သက်၍ မေ့လုနီးနီးပင်ဖြစ်နေခဲ့ပြီဖြစ်သည်။

သို့ဆိုလျှင် ကီလိုမီတာအားဖြင့် ၆၅၀ ကီလိုမီတာအကွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေမြို့လေးမှ အာဏာပိုင်များက ထိုသို့အချိန်ကြာပြီးမှ ယင်းအကြောင်းအရာအား သိရှိခဲ့ကြပေသနည်း? ၎င်းအမျိုးသမီးလက်ခံရရှိသည့် သတိပေးစာက သူ့ခွေးမစင်အား တွေ့ရှိသည့်လမ်းအမည် (Navarra) နှင့် နေ့ရက် (သြဂုတ် ၂၆) တို့ကို အတိအကျဖော်ပြထားသည်ဖြစ်ရာ အာဏာပိုင်များက ယင်းမစင်သည် သူ့ခွေး၏မစင်မှန်း ရှင်းလင်းတိကျစွာသိကြသည်မှာ ထင်ရှားပေသည်။ ထိုသို့သိရှိခဲ့ကြရခြင်းမှာ အဆင့်မြင့်မျိုးဗီဇသရုပ်ခွဲမှုကြောင့် ဖြစ်သည်။

စပိန်နိုင်ငံတစ်ဝန်း အရပ်ဒေသများမှ ခွေးမျိုးဗီဇ စု‌ဆောင်းထိန်းသိမ်းရေး အထူးဆောင်ရွက်သော စပိန်ကုမ္ပဏီတစ်ခုဖြစ်သည့် ADN Canino သည် ထိုသို့စုဆောင်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်ကတည်းက ဒေသခံအာဏာပိုင်များနှင့် အတူလက်တွဲဆောင်ရွက်လာခဲ့သည်။ ကုမ္ပဏီ၏ အဓိကပန်းတိုင်မှာ အိမ်မွေးတိရစ္ဆာန် စွန့်ပစ်မှုနှင့် အလွဲသုံးစားမှု တားဆီးကာကွယ်ရန် မျိုးဗီဇနမူနာများအား အသုံးချရန် ဖြစ်သည်။ သို့သော်လည်း ထိုနည်းပညာကို ကိုယ့်ခွေးမစင်ကို မကျုံးသည့် ပြစ်မှုကျူးလွန်သူများအား ရှာဖွေရန်လည်း အသုံးပြုနိုင်ပါသည်။

“ခွေးမျိုးဗီဇအချက်အလက်စာရင်းဟာ လိုအပ်တဲ့ မိုက်ခရိုချစ်ပ်မှတ်ပုံတင်မှုကို ပြည့်စုံစေပြီး ခွေးလေးတွေ ဘယ်မြို့ဘယ်အရပ်ဒေသကပဲလာလာ ခွေးတွေကို နိုင်ငံအဆင့် ပိုပြီးတော့ ကောင်းကောင်းထိန်းချုပ်နိုင်စေပါတယ်” ဟု ADN Canino ၏ စီးအီးအို ခေါ် အမှုဆောင်အရာရှိချုပ် Enrique Periguell က စပိန်သတင်းဌာန EFE သို့ ပြောကြားခဲ့သည်။

ယခုအမှုတွင် ကံမကောင်းစွာ ဒဏ်တပ်ခံရသူအမျိုးသမီးနေထိုင်ရာ Paterna မြို့တွင် ခွေးမျိုးဗီဇစနစ်ကို ပြီးခဲ့သည့်စက်တင်ဘာ၌ အကောင်အထည်ဖော်ခဲ့ပြီး သူကလည်း သူ့ခွေးပျောက်ခဲ့သည့်ရှိသော် ရှာတွေ့နိုင်ရန်အတွက် သူ့ခွေး၏မျိုးဗီဇကို အလျင်အမြန်မှတ်ပုံတင်ခဲ့သည်။ သို့သော် ထိုစာရင်းသွင်းမှုက နောက်ခြောက်လအကြာတွင် သူ့အား ပြန်လည်ဒုက္ခရောက်စေလိမ့်မည်ဟု သူတစ်ခါမျှ တွေးမိခဲ့လိမ့်မည်မဟုတ်ပေ။

သူ့ခွေးမစင်စွန့်ခဲ့သည့် Benalmadena မြို့လေး၏ အာဏာပိုင်များက သြဂုတ် ၂၆ က Navarra လမ်းပေါ်တွင် ထိုအမျိုးသမီး မကျုံးပဲ ပစ်ထားခဲ့သည့် ၎င်းခွေးမစင်၏နမူနာအား ယူဆောင်ကာ ADN Canino ရှိ မျိုးဗီဇအချက်အလက်များနှင့်ကိုက်မကိုက် စောင့်ကြည့်စစ်ဆေးရန် ခိုင်းစေခဲ့သည်မှာ ထင်ရှားသည်။ အမျိုးသမီးက သူ့ခွေး၏မျိုးဗီဇကို ADN Canino ၌ စက်တင်ဘာတွင် မှတ်ပုံတင်လာတင်သည့်အခါ ကိုက်ညီကြောင်း တွေ့ရှိပြီး သူ့အား ဒဏ်တပ်ခဲ့ခြင်းဖြစ်သည်။

ADN Canino ၏ အဓိကရည်ရွယ်ချက်မှာ အိမ်မွေးတရိစ္ဆာန်များအား စွန့်ပစ်မှုနဲ့ အလွဲသုံးစားမှုမှ တားဆီးကာကွယ်ရန်ဖြစ်သော်လည်း ယခုသတင်းကဲ့သို့သော သတင်းအကြောင်းအရာများက မိမိခွေး၏ မစင်အား မကျုံးဘဲ ပစ်ထားခဲ့သည့် ခွေးပိုင်ရှင်များသည် လနှင့်ချီကြာပြီးသည့်တိုင် ခွေးမစင်မကျုံးမှု၏ အကျိုးဆက်ကို ရင်ဆိုင်ရနိုင်ကြောင်း ခွေးပိုင်ရှင်များအား သတိပေးလိုက်ခြင်းပင်ဖြစ်ကြောင်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Woman Fined for Not Picking Up Dog Poop in Town 400 Miles Away (odditycentral)

 

[Zawgyi]

မိုင္ ၄၀၀ အကြာ႐ွိ ၿမိဳ႕ငယ္ေလးတြင္ ေခြးမစင္ မက်ံဳးခဲ့ျခင္းအတြက္ အမ်ိဳးသမီးတစ္ဦး ဒဏ္တပ္ခံရ

စပိန္အမ်ိဳးသမီးတစ္ဦးသည္ ၿပီးခဲ့သည့္ေျခာက္လက သူသြားေရာက္လည္ပတ္ခဲ့သည့္ ၿမိဳ႕ငယ္တစ္ၿမိဳ႕ထံမွ ေဒၚလာ ၅၇၀ ဒဏ္တပ္ခံခဲ့ရလိုက္ရၿပီျဖစ္သည္။ ဒဏ္တပ္ခံရသည့္အေၾကာင္းရင္းမွာ လမ္းေဘးစႀကၤန္တစ္ခုမွ သူ႕ေခြး၏ မစင္ကို က်ံဳးရန္ ပ်က္ကြက္ခဲ့မႈအတြက္ျဖစ္သည္။ ထိုျဖစ္ရပ္ေၾကာင့္ ၎အမ်ိဳးသမီး၏ဘဝတြင္ အံ့အားသင့္စရာျဖစ္ခဲ့ရေပၿပီ။

စပိန္ႏိုင္ငံ Valencia ေဒသ Paterna ၿမိဳ႕မွ အမည္မသိအမ်ိဳးသမီးတစ္ဦးသည္ သူ႕ၿမိဳ႕ႏွင့္ မိုင္ ၄၀၀ အကြာ႐ွိ Benalmadena ၿမိဳ႕ေလးတြင္ ၿပီးခဲ့သည့္ ၾသဂုတ္လက အပန္းေျဖအနားယူေနစဥ္အေတာအတြင္း သူ၏ ဘူးလ္တယ္ရီယာေခြး၏ မစင္အား မက်ံဳးခဲ့မိမႈအတြက္ ၿပီးခဲ့သည့္လက ဒဏ္တပ္ခံခဲ့ရသည့္အခါ သူသည္ ထိုသို႔မစင္မက်ံဳးခဲ့မိျခင္းႏွင့္ပတ္သက္၍ ေမ့လုနီးနီးပင္ျဖစ္ေနခဲ့ၿပီျဖစ္သည္။

သို႔ဆိုလွ်င္ ကီလိုမီတာအားျဖင့္ ၆၅၀ ကီလိုမီတာအကြာတြင္ တည္႐ွိသည့္ ပင္လယ္ကမ္းေျခၿမိဳ႕ေလးမွ အာဏာပိုင္မ်ားက ထိုသို႔အခ်ိန္ၾကာၿပီးမွ ယင္းအေၾကာင္းအရာအား သိ႐ွိခဲ့ၾကေပသနည္း? ၎အမ်ိဳးသမီးလက္ခံရ႐ွိသည့္ သတိေပးစာက သူ႕ေခြးမစင္အား ေတြ႕႐ွိသည့္လမ္းအမည္ (Navarra) ႏွင့္ ေန႔ရက္ (ၾသဂုတ္ ၂၆) တို႔ကို အတိအက်ေဖာ္ျပထားသည္ျဖစ္ရာ အာဏာပိုင္မ်ားက ယင္းမစင္သည္ သူ႕ေခြး၏မစင္မွန္း ႐ွင္းလင္းတိက်စြာသိၾကသည္မွာ ထင္႐ွားေပသည္။ ထိုသို႔သိ႐ွိခဲ့ၾကရျခင္းမွာ အဆင့္ျမင့္မ်ိဳးဗီဇသ႐ုပ္ခြဲမႈေၾကာင့္ ျဖစ္သည္။

စပိန္ႏိုင္ငံတစ္ဝန္း အရပ္ေဒသမ်ားမွ ေခြးမ်ိဳးဗီဇ စု‌ေဆာင္းထိန္းသိမ္းေရး အထူးေဆာင္႐ြက္ေသာ စပိန္ကုမၸဏီတစ္ခုျဖစ္သည့္ ADN Canino သည္ ထိုသို႔စုေဆာင္းထိန္းသိမ္းေရးႏွင့္ပတ္သက္၍ ၂၀၁၄ ခုႏွစ္ကတည္းက ေဒသခံအာဏာပိုင္မ်ားႏွင့္ အတူလက္တြဲေဆာင္႐ြက္လာခဲ့သည္။ ကုမၸဏီ၏ အဓိကပန္းတိုင္မွာ အိမ္ေမြးတိရစၧာန္ စြန္႔ပစ္မႈႏွင့္ အလြဲသုံးစားမႈ တားဆီးကာကြယ္ရန္ မ်ိဳးဗီဇနမူနာမ်ားအား အသုံးခ်ရန္ ျဖစ္သည္။ သို႔ေသာ္လည္း ထိုနည္းပညာကို ကိုယ့္ေခြးမစင္ကို မက်ံဳးသည့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ႐ွာေဖြရန္လည္း အသုံးျပဳႏိုင္ပါသည္။

“ေခြးမ်ိဳးဗီဇအခ်က္အလက္စာရင္းဟာ လိုအပ္တဲ့ မိုက္ခ႐ိုခ်စ္ပ္မွတ္ပုံတင္မႈကို ျပည့္စုံေစၿပီး ေခြးေလးေတြ ဘယ္ၿမိဳ႕ဘယ္အရပ္ေဒသကပဲလာလာ ေခြးေတြကို ႏိုင္ငံအဆင့္ ပိုၿပီးေတာ့ ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ေစပါတယ္” ဟု ADN Canino ၏ စီးအီးအို ေခၚ အမႈေဆာင္အရာ႐ွိခ်ဳပ္ Enrique Periguell က စပိန္သတင္းဌာန EFE သို႔ ေျပာၾကားခဲ့သည္။

ယခုအမႈတြင္ ကံမေကာင္းစြာ ဒဏ္တပ္ခံရသူအမ်ိဳးသမီးေနထိုင္ရာ Paterna ၿမိဳ႕တြင္ ေခြးမ်ိဳးဗီဇစနစ္ကို ၿပီးခဲ့သည့္စက္တင္ဘာ၌ အေကာင္အထည္ေဖာ္ခဲ့ၿပီး သူကလည္း သူ႕ေခြးေပ်ာက္ခဲ့သည့္႐ွိေသာ္ ႐ွာေတြ႕ႏိုင္ရန္အတြက္ သူ႕ေခြး၏မ်ိဳးဗီဇကို အလ်င္အျမန္မွတ္ပုံတင္ခဲ့သည္။ သို႔ေသာ္ ထိုစာရင္းသြင္းမႈက ေနာက္ေျခာက္လအၾကာတြင္ သူ႕အား ျပန္လည္ဒုကၡေရာက္ေစလိမ့္မည္ဟု သူတစ္ခါမွ် ေတြးမိခဲ့လိမ့္မည္မဟုတ္ေပ။

သူ႕ေခြးမစင္စြန္႔ခဲ့သည့္ Benalmadena ၿမိဳ႕ေလး၏ အာဏာပိုင္မ်ားက ၾသဂုတ္ ၂၆ က Navarra လမ္းေပၚတြင္ ထိုအမ်ိဳးသမီး မက်ံဳးပဲ ပစ္ထားခဲ့သည့္ ၎ေခြးမစင္၏နမူနာအား ယူေဆာင္ကာ ADN Canino ႐ွိ မ်ိဳးဗီဇအခ်က္အလက္မ်ားႏွင့္ကိုက္မကိုက္ ေစာင့္ၾကည့္စစ္ေဆးရန္ ခိုင္းေစခဲ့သည္မွာ ထင္႐ွားသည္။ အမ်ိဳးသမီးက သူ႕ေခြး၏မ်ိဳးဗီဇကို ADN Canino ၌ စက္တင္ဘာတြင္ မွတ္ပုံတင္လာတင္သည့္အခါ ကိုက္ညီေၾကာင္း ေတြ႕႐ွိၿပီး သူ႕အား ဒဏ္တပ္ခဲ့ျခင္းျဖစ္သည္။

ADN Canino ၏ အဓိကရည္႐ြယ္ခ်က္မွာ အိမ္ေမြးတရိစၧာန္မ်ားအား စြန္႔ပစ္မႈနဲ႔ အလြဲသုံးစားမႈမွ တားဆီးကာကြယ္ရန္ျဖစ္ေသာ္လည္း ယခုသတင္းကဲ့သို႔ေသာ သတင္းအေၾကာင္းအရာမ်ားက မိမိေခြး၏ မစင္အား မက်ံဳးဘဲ ပစ္ထားခဲ့သည့္ ေခြးပိုင္႐ွင္မ်ားသည္ လႏွင့္ခ်ီၾကာၿပီးသည့္တိုင္ ေခြးမစင္မက်ံဳးမႈ၏ အက်ိဳးဆက္ကို ရင္ဆိုင္ရႏိုင္ေၾကာင္း ေခြးပိုင္႐ွင္မ်ားအား သတိေပးလိုက္ျခင္းပင္ျဖစ္ေၾကာင္း သိရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Woman Fined for Not Picking Up Dog Poop in Town 400 Miles Away (odditycentral)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service