Adele က စတားလုံး၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူမည်

Adele က စတားလုံး၏ လော့စ်အိန်ဂျလိစံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူမည် - Property News in Myanmar from iMyanmarHouse.com
2 Feb 2022 11:10 am တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂရမ်မီဆုရှင် အဆိုတော် Adele သည် အက်ရှင်သရုပ်ဆောင် ဆီဗက်စတာ စတားလုံး၏ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ နန်းတော်တမျှ စံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်။

နှစ်သစ်ကို ငွေအလုံးအရင်းဝယ်ယူမှုတစ်ခုနှစ် စတင်လိုက်ခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိတွင် သူမ ပိုင်ဆိုင်ထားသော အိမ်ခြံမြေစာရင်းတွင် နန်းတော်တမျှ စံအိမ်ကြီးတစ်လုံး ထပ်မံဖြည့်တင်းရန် စီစဉ်နေခြင်းလည်းဖြစ်ကာ ယခုစံအိမ်မှာမူ ထိပ်သီးအကျော်အမော်တစ်ဦးနှင့် ဆက်နွှယ်နေခြင်း ဖြစ်သည်။

TMZ တွင် ဖော်ပြချက်အရ စတားလုံး၏ စံအိမ်ကို ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Adele သည် လက်ရှိတွင် လေ့လာသုံးသပ်နေဆဲအနေအထားတွင်ရှိပြီး ယခုလကုန်တွင် အရောင်းအဝယ် အထမြောက်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

အဒဲလ်သည် ခြံအကျယ် ၃ ဒသမ ၅ ဧကရှိသော ခြံဝန်းအတွက် ကန်ဒေါ်လာ ၅၈ သန်းအထိ ပုံအောသုံးစွဲမည်ဟု ဆိုသည်။

စင်စစ်ကား ထိုပမာဏမှာ မူလခေါ်ဈေး ကန်ဒေါ်လာ သန်း ၈၀ မှ များစွာလျှော့ချပေးထားသော ဈေးဖြစ်၏။

စတားလုံးက ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလတွင် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၂ ခန်း ပါဝင်သော စံအိမ်ကြီးကို ပထမဆုံး အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၁၁၀ အထိ ဈေးခေါ်ခဲ့ခြင်း ဖြစ်သည်။

စတားလုံးသည် ယခုစံအိမ်ကို ၁၉၉၀ ပြည့်လွန် အလယ်ပိုင်းကာလများကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

စံအိမ်အကျယ် ၁၈၅၈၇ စတုရန်းပေရှိကာ မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။

စံအိမ်ဝန်း၏ လုံခြုံမှုအဆင့် ထိပ်တန်းရှိပြီး သီးသန့်ဂိတ်တံခါးများနောက်တွင် တည်ရှိကာ အစောင့်အကြပ်များ ချထားသော ဂိတ်ဝန်းအတွင်း တည်ရှိခြင်း ဖြစ်သည်။

ခန့်ညားထည်ဝါသော နှစ်ထပ်ဖြန့်ကျက်ထားသည့် အဝင်ခန်းမက စံအိမ်အတွင်း ခေါ်ဆောင်သွားမည် ဖြစ်သည်။

မီးဖိုဆောင်ကို ကြီးမားသော စကျင်ကျောက်ပြားခင်း မီးဖိုခုံ၊ ကောင်တာထိုင်ခုံ၊ ပြင်သစ်တံခါးများအနီးရှိ မနက်စာစားရန်နေရာ အစရှိသည်တို့ဖြင့် တန်ဆာဆင် ထားသည်။

ပြင်သစ်တံခါးများမှတဆင့် နောက်ဖေးခြံကွက်နေရာသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ညစာစားခန်း၊ မီးလင်းဖိုတစ်ခုပါသော ဧည့်ခန်း၊ သက်တောင့်သက်သာရှိသော မိသားစုနားနေခန်းတို့လည်း ပါဝင်သေးသည်။

စံအိမ်အတွင်း အရက်ဘား၊ ဆေးလိပ်သောက်ရန် အခန်း၊ မီးလင်းဖိုတစ်ခုပါသော အိမ်တွင်းရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်ရာ ယခုစံအိမ်မှာ ဖျော်ဖြေဧည့်ခံမှုအတွက် ကောင်းမွန်သောနေရာတစ်ခု ဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Compass ကုမ္ပဏီမှ အကျိုးဆောင် တိုမာ ဖရိုင်းမန်းဖြစ်သည်။

ပင်မအခန်းတွင် ရေချိုးခန်း ၂ ခန်း၊ Sauna ၊ ရေနွေးငွေ့ခန်း၊ နားနေဆောင်ပါဝင်သည့် သီးသန့်ရုံးခန်းတစ်ခုတို့ ပါဝင်သည်။

ပင်မစံအိမ်အပြင် အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်းနှင့်၊ ညစာစားခန်းတို့ ပါဝင်သော ၂ ထပ် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

Adele သည် ဗြိတိန်မှ လော့စ်အိန်ဂျလိသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ရာ လော့စ်အိန်ဂျလိနှုင့် များစွာရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

ဘီဗာလီဟေးလ်တွင် အခြား စံအိမ် ၃ လုံးလည်း ပိုင်ဆိုင်ထားသေးသည်။

ယခုဝယ်ယူမည့် စတားလုံး၏ နေအိမ်မှာ Adele နှင့် တစ်လမ်းတည်းကားမဟုတ်။ Adele ၏ အခြားအိမ် ၃ လုံးနှင့်ဆိုလျှင် ၄ မိုင်နီးပါးကွာဝေးသောနေရာတွင် တည်ရှိသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adele Is Buying Sylvester Stallone’s Beverly Hills Mansion for $58 Million (observer)

 

[Zawgyi]

 

Adele က စတားလံုး၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေဒၚလာ ၅၈ သန္းျဖင့္ ဝယ္ယူမည္

ဂရမ္မီဆုရွင္ အဆိုေတာ္ Adele သည္ အက္ရွင္သရုပ္ေဆာင္ ဆီဗက္စတာ စတားလံုး၏ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးလ္အရပ္ရွိ နန္းေတာ္တမွ် စံအိမ္ၾကီးကို ဝယ္ယူရန္ စီစဥ္ေနသည္။

ႏွစ္သစ္ကို ေငြအလံုးအရင္းဝယ္ယူမႈတစ္ခုႏွစ္ စတင္လိုက္ျခင္းျဖစ္ျပီး ေလာ့စ္အိန္ဂ်လိတြင္ သူမ ပိုင္ဆိုင္ထားေသာ အိမ္ျခံေျမစာရင္းတြင္ နန္းေတာ္တမွ် စံအိမ္ၾကီးတစ္လံုး ထပ္မံျဖည့္တင္းရန္ စီစဥ္ေနျခင္းလည္းျဖစ္ကာ ယခုစံအိမ္မွာမူ ထိပ္သီးအေက်ာ္အေမာ္တစ္ဦးႏွင့္ ဆက္ႏႊယ္ေနျခင္း ျဖစ္သည္။

TMZ တြင္ ေဖာ္ျပခ်က္အရ စတားလံုး၏ စံအိမ္ကို ဝယ္ယူရန္ စီစဥ္ေနျခင္းျဖစ္သည္ဟု ေဖာ္ျပသည္။

Adele သည္ လက္ရွိတြင္ ေလ့လာသံုးသပ္ေနဆဲအေနအထားတြင္ရွိျပီး ယခုလကုန္တြင္ အေရာင္းအဝယ္ အထေျမာက္ဖြယ္ရွိသည္ဟု ခန္႔မွန္းရသည္။

အဒဲလ္သည္ ျခံအက်ယ္ ၃ ဒသမ ၅ ဧကရွိေသာ ျခံဝန္းအတြက္ ကန္ေဒၚလာ ၅၈ သန္းအထိ ပံုေအာသံုးစြဲမည္ဟု ဆိုသည္။

စင္စစ္ကား ထိုပမာဏမွာ မူလေခၚေစ်း ကန္ေဒၚလာ သန္း ၈၀ မွ မ်ားစြာေလွ်ာ့ခ်ေပးထားေသာ ေစ်းျဖစ္၏။

စတားလံုးက ၂၀၂၁ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ အိပ္ခန္း ၈ ခန္း၊ ေရခ်ဳိးခန္း ၁၂ ခန္း ပါဝင္ေသာ စံအိမ္ၾကီးကို ပထမဆံုး အေရာင္းေစ်းကြက္တင္ခဲ့စဥ္က ေခၚေစ်းမွာ ကန္ေဒၚလာ သန္း ၁၁၀ အထိ ေစ်းေခၚခဲ့ျခင္း ျဖစ္သည္။

စတားလံုးသည္ ယခုစံအိမ္ကို ၁၉၉၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားကတည္းက ပိုင္ဆိုင္ထားခဲ့ျခင္း ျဖစ္သည္။

စံအိမ္အက်ယ္ ၁၈၅၈၇ စတုရန္းေပရွိကာ ေျမထဲပင္လယ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားသည္။

စံအိမ္ဝန္း၏ လံုျခံဳမႈအဆင့္ ထိပ္တန္းရွိျပီး သီးသန္႔ဂိတ္တံခါးမ်ားေနာက္တြင္ တည္ရွိကာ အေစာင့္အၾကပ္မ်ား ခ်ထားေသာ ဂိတ္ဝန္းအတြင္း တည္ရွိျခင္း ျဖစ္သည္။

ခန္႔ညားထည္ဝါေသာ ႏွစ္ထပ္ျဖန္႔က်က္ထားသည့္ အဝင္ခန္းမက စံအိမ္အတြင္း ေခၚေဆာင္သြားမည္ ျဖစ္သည္။

မီးဖိုေဆာင္ကို ၾကီးမားေသာ စက်င္ေက်ာက္ျပားခင္း မီးဖိုခံု၊ ေကာင္တာထိုင္ခံု၊ ျပင္သစ္တံခါးမ်ားအနီးရွိ မနက္စာစားရန္ေနရာ အစရွိသည္တို႔ျဖင့္ တန္ဆာဆင္ ထားသည္။

ျပင္သစ္တံခါးမ်ားမွတဆင့္ ေနာက္ေဖးျခံကြက္ေနရာသို႔ ေရာက္ရွိႏိုင္မည္ ျဖစ္သည္။

ညစာစားခန္း၊ မီးလင္းဖိုတစ္ခုပါေသာ ဧည့္ခန္း၊ သက္ေတာင့္သက္သာရွိေသာ မိသားစုနားေနခန္းတို႔လည္း ပါဝင္ေသးသည္။

စံအိမ္အတြင္း အရက္ဘား၊ ေဆးလိပ္ေသာက္ရန္ အခန္း၊ မီးလင္းဖိုတစ္ခုပါေသာ အိမ္တြင္းရုပ္ရွင္ရံု၊ အားကစားေလ့က်င့္ေရးခန္းမတို႔လည္း ပါဝင္ရာ ယခုစံအိမ္မွာ ေဖ်ာ္ေျဖဧည့္ခံမႈအတြက္ ေကာင္းမြန္ေသာေနရာတစ္ခု ျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Compass ကုမၸဏီမွ အက်ဳိးေဆာင္ တိုမာ ဖရိုင္းမန္းျဖစ္သည္။

ပင္မအခန္းတြင္ ေရခ်ဳိးခန္း ၂ ခန္း၊ Sauna ၊ ေရေႏြးေငြ႔ခန္း၊ နားေနေဆာင္ပါဝင္သည့္ သီးသန္႔ရံုးခန္းတစ္ခုတုိ႔ ပါဝင္သည္။

ပင္မစံအိမ္အျပင္ အိပ္ခန္း ၂ ခန္း၊ ဧည့္ခန္းႏွင့္၊ ညစာစားခန္းတို႔ ပါဝင္ေသာ ၂ ထပ္ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္ေသးသည္။

Adele သည္ ျဗိတိန္မွ ေလာ့စ္အိန္ဂ်လိသုိ႔ လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက ေျပာင္းေရႊ႕ေနထိုင္ခဲ့သူျဖစ္ရာ ေလာ့စ္အိန္ဂ်လိႏွုင့္ မ်ားစြာရင္းႏွီးကၽြမ္းဝင္ေနျပီ ျဖစ္သည္။

ဘီဗာလီေဟးလ္တြင္ အျခား စံအိမ္ ၃ လံုးလည္း ပိုင္ဆိုင္ထားေသးသည္။

ယခုဝယ္ယူမည့္ စတားလံုး၏ ေနအိမ္မွာ Adele ႏွင့္ တစ္လမ္းတည္းကားမဟုတ္။ Adele ၏ အျခားအိမ္ ၃ လံုးႏွင့္ဆိုလွ်င္ ၄ မိုင္နီးပါးကြာေဝးေသာေနရာတြင္ တည္ရွိသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adele Is Buying Sylvester Stallone’s Beverly Hills Mansion for $58 Million (observer)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service