အာရှပစိဖိတ်၏ ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၁၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၂၀၀ ဘီလျံ ရှိမည်

အာရှပစိဖိတ်၏ ကုန်သွယ်ရေးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ၁၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၂၀၀ ဘီလျံ ရှိမည် - Property News in Myanmar from iMyanmarHouse.com
24 Jan 2022 10:15 am တွင် တင်ခဲ့သည်
670 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာရှပစိဖိတ်၏ ကုန်သွယ်ရေးအိမ်ခြံမြေဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုနှင့် အငှားလုပ်ငန်းများတွင် မြင့်တက်လာခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် တည်ငြိမ်မည်ဟု အမေရိကန်အခြေစိုက် ကမ္ဘာ့အိမ်ခြံမြေကုမ္ပဏီ JLL က ခန့်မှန်းလိုက်ပြီဖြစ်သည်။

JLL က ၂၀၂၂ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏများသည် ၂၀၂၁ ခုနှစ်၏ (ခန့်မှန်းခြေ) ရင်းနှီးမြှုပ်နှံမှုပမာဏများ၏ ၁၅ ရာခိုင်နှုန်း ပို၍ရှိလိမ့်မည် (တစ်နည်း) အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံဝန်းကျင် ရှိလိမ့်မည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ငှားရမ်းမှုပြန်လည်အားကောင်းစေရေး တွန်းအားပေးမည့်အချက်များတွင် (၁) ပိုမိုအားကောင်းသော ရုံးခန်းဈေးကွက်၊ (၂) ဒေတာစင်တာများနှင့် life sciences (ဘဝသိပ္ပံ) ကဲ့သို့ အခြားသောကဏ္ဍများ၏ ဆက်လက်ဖွံ့ဖြိုးလာမှုနှင့် ခေတ်မီထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံများ ဝယ်လိုအားမြင့်မားမှုတို့ ပါဝင်သည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံသူများက သူတို့၏ ရှယ်ယာဈေးတက်စေမှုကို ထိန်းထားကြကာ အငှားလုပ်ငန်းကလည်း ဆက်လက်ထပ်မံပြန်လည်ကောင်းမွန်နေသောကြောင့် အာရှပစိဖိတ်ရှိ အိမ်ခြံမြေဈေးကွက်များသည် ယင်းမတိုင်မီ တစ်နှစ်ကထက် ၂၀၂၂ ခုနှစ်ကို ချဥ်းနင်းဝင်ရောက်မည်ဖြစ်ကြောင်း JLL အာရှပစိဖိတ်ရုံးခွဲ၏ CEO (အမှုဆောင်အရာရှိချုပ်) Anthony Couse က ဆိုသည်။

ထို့အပြင် သာရာစီးသောရင်းနှီးမြှုပ်နှံမှုများအတွက် ဂျပန်နှင့် တရုတ်တို့မှ ငွေကြေးပိုရရှိခြင်းနှင့်အတူ အိမ်ခြံမြေကို ချိန်ရွယ်သည့် ရင်းနှီးငွေပမာဏသည် ၂၀၂၂ ခုနှစ်တစ်နှစ်လုံး ငြိမ်နေမည်ဖြစ်ကြောင်းလည်း JLL က ခန့်မှန်းထားသည်။

အာရှပစိဖိတ်၏ ရုံးခန်းဈေးကွက်သည် ‌ရောင်းလိုအားတွင် ၂၀၂၁ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်းတိုးလာမှုအဖြစ် စတုရန်းမီတာ ၆ ဒသမ ၉ သန်း တိုးလာမည်ဖြစ်ကြောင်းနှင့် net absorption (ကာလတစ်ခုအတွင်း သုံးစွဲခံလာရသော စတုရန်းမီတာအရေအတွက်နှင့် လစ်လပ်သွားသော စတုရန်းမီတာအရေအတွက်အကြား ခြားနားချက်) ပမာဏသည်လည်း လာမည့်နှစ်တွင် ၂၀ ရာခိုင်နှုန်းမြင့်တက်မည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်ထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံစုစုပေါင်းအရင်းအနှီးသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြား ၁၇ ရာခိုင်နှုန်း မြင့်တက်မည်ဟု မျှော်လင့်ရကာ ထောက်ပံ့ပို့ဆောင်ရေးရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၅ ခုနှစ်ထက်နောက်မကျဘဲ နှစ်စဥ် အမေရိကန်ဒေါ်လာ ၆၀ ရာခိုင်နှုန်း မြင့်တက်မည်ဟူသော ထင်မြင်ချက်ကို ဖြစ်ပေါ်စေသည်။

ထို့အပြင် ဟိုတယ်လုပ်ငန်းကဏ္ဍတွင် ယုံစားမှုသည်လည်း ကြီးထွားလာသည်ဖြစ်ရာ ဟိုတယ်ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၂၀၂၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ပြီး လာမည့်နှစ်တွင် စံအတိုင်းအတာပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၉ ဘီလျံကို ကျော်မည်ဟု ခန့်မှန်းထားသည်။

“၂၀၂၁ ခုနှစ်တုန်းက အာရှပစိဖိတ်အိမ်ခြံမြေဈေးကွက်ဟာ မကြုံစဖူးစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာလည်း အန္တရာယ်အချို့ ရှိမှာဖြစ်ပေမဲ့ ရေရှည်ကို ကြည့်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီဒေသမှာ ဝယ်လိုအားကို လှုံ့ဆော်ပေးမယ့် (မြို့ပြပုံစံသွင်းနေခြင်း၊ ကြီးထွားလာသော လူလတ်တန်းစားနှင့် ချမ်းသာကြွယ်ဝမှုတိုးလာခြင်း၊ နှင့် အွန်လိုင်းစီးပွားရေးစနစ်အရှိန်တိုးမြင့်လာခြင်း ဟူသည့်) လောကီကြောင်းအရ ဦးတည်ရာတွေကို ဆက်ယုံနေပါတယ်။ ဒါတွေအားလုံးက ရင်းနှီးမြှုပ်နှံသူတွေအတွက် အခွင့်အလမ်းတွေကို ညွှန်ပြနေပါတယ်။” ဟု JLL Asia Pacific ရှိ သုတေသနအရာရှိချုပ် Roddy Allan က ပြောကြားခဲ့ကြောင်းလည်း သိရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖောျပွသညျ။)

Credit: iMyanmarHouse.com

Ref: Asia Pacific’s commercial investment to increase 15% to $200B (property report)

 

[Zawgyi]











(iMyanmarHouse.com Team မှ ရေးသား ဖျောပွသညျ။)



နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service