ကယ်လီဖိုးနီးယားရှိ ၅၆၄ ဧကကျယ်ဝန်းကာ သစ်နီတောပါဝင်သော မွေးမြူရေးခြံကြီး ဒေါ်လာ ၂၂ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

ကယ်လီဖိုးနီးယားရှိ ၅၆၄ ဧကကျယ်ဝန်းကာ သစ်နီတောပါဝင်သော မွေးမြူရေးခြံကြီး ဒေါ်လာ ၂၂ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
20 Jan 2022 3:00 pm တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် သစ်နီ (Redwood- ကယ်လီဖိုးနီးယားတွင်သာ အများဆုံးတွေ့ရသည့် အနီရောင်သစ်တစ်မျိုး) တောအုပ်တစ်ခု ပါဝင်ကာ နေအိမ် ၆ လုံး ပါဝင်သည့် မွေးမြူရေး ခြံကြီးတစ်ခြံ ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း ခေါ်ဈေးဖြင့် အရောင်းဈေးကွက် ဝင်လာသည်။

အဆိုပါ ခြံကြီးကို မိသားစု တစ်ခုတည်းက နှစ်ပေါင်း ၁၀၀ ကျော် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းခေါ်ဈေးမှာ ပြီးခဲ့သော ရက်သတ္တပတ်ကမှ မူလခေါ်ဈေးအောက် ၂ ဒသမ ၅ သန်း ဈေးလျှော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ခြံကြီးကို Island Farm ဟု အမည်ပေးထားပြီး ကမ္ဘာကျော် Silicon Valley ၏ အပြင်ဘက် San Gregorio ကမ်းရိုးဒေသတွင် တည်ရှိသည်။

ပင်မ တဲအိမ်ဘေး ရေကန်မှသည် အလွန်ကျယ်ဝန်းလှသော ခြံကြီး၏ ကွဲပြားခြားနားသော မြေမျက်နှာပြင် အမျိုးအစားများအထိ သဘာဝအလှတရားတို့ ပေါကြွယ်ဝကြောင်း Sotheby’s International Realty မှ အကျိုးဆောင်များဖြစ်သော Cutty Smith နှင့် Dana Cappiello တို့က ပြောသည်။

“သစ်နီ ဧက ၈၀ ကျော်ထဲမှာ စမ်းချောင်းကလေးတစ်ခုကလည်း ဖြတ်သန်းစီးဆင်းနေပါတယ်။ အဲဒီနေက်မှာ တောင်ကုန်းတွေကို တွေ့ရမှာဖြစ်ပြီး ကျယ်ပြောတဲ့ ရှုမျှော်ခင်းတွေ ရှိပါတယ်။ ဆန် ဂရီဂိုရီယိုကမ်းခြေကို လာရောက် ရိုက်ပုတ်နေတဲ့ လှိုင်းလုံးတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်” ဟု မစ္စ Cutty Smith က ပြောသည်။ မွေးမြူရေးခြံကြီးအတွင်း အိမ် ၆ လုံးပါဝင်ရာ ၂ လုံးမှာ တောင်ကုန်း တောင်ကြောများပေါ်တွင် တည်ရှိသည်။

အဆိုပါအိမ်များသည် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း လတ်တလောချက်ချင်း အားဖြင့်မူ ကယ်လီဖိုးနီးယား၏ ဥပဒေအရ ပြန်လည်ပြုပြင်နိုင်ဦးမည် မဟုတ်ချေ။

မွေးမြူရေးခြံကြီး၏ စားကျက်များပေါ်လွှတ်ထားသော ကျွဲနွားများလည်းရှိပြီး မွေးမြူရေးခြံကြိး၏ တစိတ်တပိုင်း မှာ Williamson အက်ဥပဒေအရ နည်းပါးသည့် အိမ်ခြံမြေအခွန်နှုန်းထား ပေးဆောင်နိုင်သည့် စာရင်းတွင် အကျုံးဝင်နေသည်။

ထိုသို့ အခွန်နည်းပါးစွာ ပေးဆောင်နိုင်မှုအပေါ် အပြန်အလှန်အားဖြင့် ယင်းမြေယာပေါ်တွင် ၁၀ နှစ်အထိ ပြုပြင်မွမ်းမံမှုများ မပြုလုပ်ရန် ဥပဒေတွင် ပြဌာန်းထားသည်။

“ကိုဗစ်ကာလအတွင်း ကျွန်မတို့ တွေ့လာရတာက လူတွေဟာ လွတ်ရာကျွတ်ရာ နေရာတစ်ခု ရှာဖွေလာကြ တာပါ။ သူတို့ဟာ တမူထူးပြီး သီးသန့်ဆန် လှပတဲ့နေရာတွေ လိုချင်လာတယ်”ဟု သူမက ပြောကြားပြီး ကမ္ဘာကျော် Silicon Valley သို့ ကားမောင်းသွားလျှင် တစ်နာရီအောက်သာ ကြာမြင့်ကြောင်း သူမက ဖြည့်စွက် ပြောကြားသည်။

ပင်မအိမ်တွင် အမေရိကန်ပြည်၌ အရက်သောက်ခြင်းကို ဥပဒေအရ တားမြစ်ခဲ့သည့် ကာလများက ဖွင့်လှစ်ခဲ့သော အရက်ဘားများ ပါဝင်ပြီး ချားလ်စ် လင်းဘာ့ဂ်နှင့် ဂရီဂိုရီ ပက်ခ်တို့ လာရောက်လည်ပတ်ဖူး သည်။

ထို့အပြင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါ Cooks Cabin နှင့် ခြံကြီးအတွင်း အကြီးဆုံးအိမ်ဖြစ်သော Rose’s Cottage တို့ ပါဝင်ပြီး Rose’s Cottage တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။ နေအိမ်များတွင် ပရိဘောဂများ ပါဝင်ပြီးဖြစ်ကာ ခြံကြီးအတွင်းတွင်လည်း ကနူးလှေများနှင့် အခြားသော အပန်းဖြေပစ္စည်းများစွာ ပါဝင်သေးသည်။

ယခုခြံကြီးကို စောင့်ရှောက်ပေးနေသူ အဘိုးအိုမှာ အသက် ၈၀ ကျော်ပြီဖြစ်ပြီး ၃ နှစ်သား အရွယ်ကတည်းက ခြံကြီးအတွင်း နေထိုင်ခဲ့သူဖြစ်သည်။ ထိုအဘိုးအိုမှာ ခြံကြီး၏ နောက်ဆုံးသော အိမ်တစ်လုံးတွင် နေထိုင်ပြီး ခြံနှင့် ပတ်သက်သည့် ရာဇဝင်များ များစွာသိရှိထားကြောင်း မစ္စ Cappiello က ပြောသည်။

မကြာသေးမီနှစ်များအတွင်း အဆိုပါ ခြံကြီးတွင် မင်္ဂလာပွဲများ လက်ခံကျင်းပပေးခဲ့သည့်အပြင် ရုပ်ရှင်နှင့် ကြော်ငြာများအတွက် နောက်ခံအဖြစ် ပါဝင်ခဲ့ရာ ဝင်ငွေရလမ်းတစ်ခု ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။

ခြံဝန်းကြီးအတွင်း တစ်ခါက Southern Pacific မီးရထားကုမ္ပဏီ၏ လက်မှတ်ရုံကလေးတစ်ခုလည်း တည်ရှိပြီး ယခုမူ အရက်ဘားအဖြစ် အသုံးပြုထားသည်။

အိမ်ခြံမြေမှတ်တမ်းများအရ လွန်ခဲ့သော စက်တင်ဘာအတွင်း ကန်ဒေါ်လာ ၂၅ သန်းဖြင့် ပထမဆုံးဈေးကွက်တင်ခဲ့ကြောင်း သိရသည်။

ခြံကြီး၏ ဦးစွာပိုင်ဆိုင်ခဲ့သော ဘိုးဘွားတို့မှာ ၁၉၂၀ ပြည့်လွန်ကာလများအတွင်း မင်္ဂလာဦးလက်ဖွဲ့အဖြစ် ရရှိခဲ့ခြင်းဖြစ်ကြောင်း အကျိုးဆောင်တို့က ပြောပြသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

Ref: 564-acre California Ranch With a Redwood Forest and Six Homes Sweetens the Deal ( mansionglobal )

 

 

[Zawgyi]

ကယ္လီဖိုးနီးယားရွိ ၅၆၄ ဧကက်ယ္ဝန္းကာ သစ္နီေတာပါဝင္ေသာ ေမြးျမဴေရးျခံၾကီး ေဒၚလာ ၂၂ သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္တြင္ သစ္နီ (Redwood- ကယ္လီဖိုးနီးယားတြင္သာ အမ်ားဆံုးေတြ႔ရသည့္ အနီေရာင္သစ္တစ္မ်ိဳး) ေတာအုပ္တစ္ခု ပါဝင္ကာ ေနအိမ္ ၆ လံုး ပါဝင္သည့္ ေမြးျမဴေရး ျခံၾကီးတစ္ျခံ ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္း ေခၚေစ်းျဖင့္ အေရာင္းေစ်းကြက္ ဝင္လာသည္။

အဆိုပါ ျခံၾကီးကို မိသားစု တစ္ခုတည္းက ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ဘိုးဘြားစဥ္ဆက္ ပိုင္ဆိုင္ခဲ့ၾကျခင္း ျဖစ္သည္။

ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းေခၚေစ်းမွာ ျပီးခဲ့ေသာ ရက္သတၱပတ္ကမွ မူလေခၚေစ်းေအာက္ ၂ ဒသမ ၅ သန္း ေစ်းေလွ်ာ့ေပးလိုက္ျခင္းလည္း ျဖစ္သည္။

ျခံၾကီးကို Island Farm ဟု အမည္ေပးထားျပီး ကမၻာေက်ာ္ Silicon Valley ၏ အျပင္ဘက္ San Gregorio ကမ္းရိုးေဒသတြင္ တည္ရွိသည္။

ပင္မ တဲအိမ္ေဘး ေရကန္မွသည္ အလြန္က်ယ္ဝန္းလွေသာ ျခံၾကီး၏ ကြဲျပားျခားနားေသာ ေျမမ်က္ႏွာျပင္ အမ်ဳိးအစားမ်ားအထိ သဘာဝအလွတရားတို႔ ေပါၾကြယ္ဝေၾကာင္း Sotheby’s International Realty မွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ Cutty Smith ႏွင့္ Dana Cappiello တို႔က ေျပာသည္။

“သစ္နီ ဧက ၈၀ ေက်ာ္ထဲမွာ စမ္းေခ်ာင္းကေလးတစ္ခုကလည္း ျဖတ္သန္းစီးဆင္းေနပါတယ္။ အဲဒီေနက္မွာ ေတာင္ကုန္းေတြကို ေတြ႔ရမွာျဖစ္ျပီး က်ယ္ေျပာတဲ့ ရႈေမွ်ာ္ခင္းေတြ ရွိပါတယ္။ ဆန္ ဂရီဂိုရီယိုကမ္းေျခကို လာေရာက္ ရိုက္ပုတ္ေနတဲ့ လွိဳင္းလံုးေတြကိုလည္း ေတြ႔ျမင္ရမွာျဖစ္ပါတယ္” ဟု မစၥ Cutty Smith က ေျပာသည္။ ေမြးျမဴေရးျခံၾကီးအတြင္း အိမ္ ၆ လံုးပါဝင္ရာ ၂ လံုးမွာ ေတာင္ကုန္း ေတာင္ေၾကာမ်ားေပၚတြင္ တည္ရွိသည္။

အဆိုပါအိမ္မ်ားသည္ အဆင့္ျမွင့္တင္ မြမ္းမံမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေသာ္လည္း လတ္တေလာခ်က္ခ်င္း အားျဖင့္မူ ကယ္လီဖိုးနီးယား၏ ဥပေဒအရ ျပန္လည္ျပဳျပင္ႏိုင္ဦးမည္ မဟုတ္ေခ်။

ေမြးျမဴေရးျခံၾကီး၏ စားက်က္မ်ားေပၚလႊတ္ထားေသာ ကၽြဲႏြားမ်ားလည္းရွိျပီး ေမြးျမဴေရးျခံၾကိး၏ တစိတ္တပိုင္း မွာ Williamson အက္ဥပေဒအရ နည္းပါးသည့္ အိမ္ျခံေျမအခြန္ႏႈန္းထား ေပးေဆာင္ႏိုင္သည့္ စာရင္းတြင္ အက်ံဳးဝင္ေနသည္။

ထိုသို႔ အခြန္နည္းပါးစြာ ေပးေဆာင္ႏိုင္မႈအေပၚ အျပန္အလွန္အားျဖင့္ ယင္းေျမယာေပၚတြင္ ၁၀ ႏွစ္အထိ ျပဳျပင္မြမ္းမံမႈမ်ား မျပဳလုပ္ရန္ ဥပေဒတြင္ ျပဌာန္းထားသည္။

“ကိုဗစ္ကာလအတြင္း ကၽြန္မတို႔ ေတြ႔လာရတာက လူေတြဟာ လြတ္ရာကၽြတ္ရာ ေနရာတစ္ခု ရွာေဖြလာၾက တာပါ။ သူတို႔ဟာ တမူထူးျပီး သီးသန္႔ဆန္ လွပတဲ့ေနရာေတြ လိုခ်င္လာတယ္”ဟု သူမက ေျပာၾကားျပီး ကမၻာေက်ာ္ Silicon Valley သို႔ ကားေမာင္းသြားလွ်င္ တစ္နာရီေအာက္သာ ၾကာျမင့္ေၾကာင္း သူမက ျဖည့္စြက္ ေျပာၾကားသည္။

ပင္မအိမ္တြင္ အေမရိကန္ျပည္၌ အရက္ေသာက္ျခင္းကို ဥပေဒအရ တားျမစ္ခဲ့သည့္ ကာလမ်ားက ဖြင့္လွစ္ခဲ့ေသာ အရက္ဘားမ်ား ပါဝင္ျပီး ခ်ားလ္စ္ လင္းဘာ့ဂ္ႏွင့္ ဂရီဂိုရီ ပက္ခ္တို႔ လာေရာက္လည္ပတ္ဖူး သည္။

ထို႔အျပင္ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းပါ Cooks Cabin ႏွင့္ ျခံၾကီးအတြင္း အၾကီးဆံုးအိမ္ျဖစ္ေသာ Rose’s Cottage တို႔ ပါဝင္ျပီး Rose’s Cottage တြင္ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၄ ခန္း ပါဝင္သည္။ ေနအိမ္မ်ားတြင္ ပရိေဘာဂမ်ား ပါဝင္ျပီးျဖစ္ကာ ျခံၾကီးအတြင္းတြင္လည္း ကနူးေလွမ်ားႏွင့္ အျခားေသာ အပန္းေျဖပစၥည္းမ်ားစြာ ပါဝင္ေသးသည္။

ယခုျခံၾကီးကို ေစာင့္ေရွာက္ေပးေနသူ အဘိုးအိုမွာ အသက္ ၈၀ ေက်ာ္ျပီျဖစ္ျပီး ၃ ႏွစ္သား အရြယ္ကတည္းက ျခံၾကီးအတြင္း ေနထိုင္ခဲ့သူျဖစ္သည္။ ထိုအဘိုးအိုမွာ ျခံၾကီး၏ ေနာက္ဆံုးေသာ အိမ္တစ္လံုးတြင္ ေနထိုင္ျပီး ျခံႏွင့္ ပတ္သက္သည့္ ရာဇဝင္မ်ား မ်ားစြာသိရွိထားေၾကာင္း မစၥ Cappiello က ေျပာသည္။

မၾကာေသးမီႏွစ္မ်ားအတြင္း အဆိုပါ ျခံၾကီးတြင္ မဂၤလာပြဲမ်ား လက္ခံက်င္းပေပးခဲ့သည့္အျပင္ ရုပ္ရွင္ႏွင့္ ေၾကာ္ျငာမ်ားအတြက္ ေနာက္ခံအျဖစ္ ပါဝင္ခဲ့ရာ ဝင္ေငြရလမ္းတစ္ခု ရွိေနခဲ့ျခင္းလည္း ျဖစ္သည္။

ျခံဝန္းၾကီးအတြင္း တစ္ခါက Southern Pacific မီးရထားကုမၸဏီ၏ လက္မွတ္ရံုကေလးတစ္ခုလည္း တည္ရွိျပီး ယခုမူ အရက္ဘားအျဖစ္ အသံုးျပဳထားသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ လြန္ခဲ့ေသာ စက္တင္ဘာအတြင္း ကန္ေဒၚလာ ၂၅ သန္းျဖင့္ ပထမဆံုးေစ်းကြက္တင္ခဲ့ေၾကာင္း သိရသည္။

ျခံၾကီး၏ ဦးစြာပိုင္ဆိုင္ခဲ့ေသာ ဘိုးဘြားတို႔မွာ ၁၉၂၀ ျပည့္လြန္ကာလမ်ားအတြင္း မဂၤလာဦးလက္ဖြဲ႔အျဖစ္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း အက်ဳိးေဆာင္တို႔က ေျပာျပသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 564-acre California Ranch With a Redwood Forest and Six Homes Sweetens the Deal ( mansionglobal )

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service